HomeCharacterCheetah ရဲ့ဇာစ်မြစ်နဲ့ စိတ်ဝင်စားစရာအချက်များ

Cheetah ရဲ့ဇာစ်မြစ်နဲ့ စိတ်ဝင်စားစရာအချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Wonder Woman 1984 ဟာ မကြာသေးခင်ကပဲ ထွက်ရှိလာခဲ့ပြီး ကောမစ်ထဲက ဗီလိန်တွေနဲ့ Diana ရဲ့ စွမ်းရည်အသစ်တွေကိုလည်း ပြသသွားခဲ့ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Maxwell Lord ဟာ အဓိကဗီလိန် ဖြစ်နေပေမယ့် Cheetah ကလည်း ဒီရုပ်ရှင်ရဲ့ အဓိကကျတဲ့နေရာမှာ ပါဝင်ခဲ့ပါတယ်။ DC ကောမစ်ထဲမှာတော့ Cheetah နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေများစွာ ရှိပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ Cheetah ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အအကြောင်းအရာ အနည်းငယ်ကို ဖော်ပြပေးချင်ပါတယ်။

သူမရဲ့ origin
photo via cbr

Cheetah ရဲ့ နာမည်အရင်းကတော့ Barbara Ann Minerva ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားနေတဲ့ ရှေးဟောင်းသုတေသန ပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ Barbara ဟာ ရှေးဟောင်း အာဖရိကန်လူမျိူးစုတွေရဲ့ အကြွင်းအကျန်တွေကို ရှာဖွေဖို့ အာဖရိကတိုက်ကို ခရီးထွက်လာခဲ့ပါတယ်။ အဲ့ဒီမှာတော့ Barbara ဟာ ထူးဆန်းတဲ့ အာဖရိကန်လူမျိူးတစ်စုကို ရှာဖွေတွေ့ရှိသွားပါတယ်။ အဲ့ဒီလူမျိူးစုကို စောင့်ရှောက်ကြသူတွေဟာ ကျားသစ်တို့၊ ကျားတို့လိုမျိူး ကြောင်မျိူးနွယ် သတ္တဝါတွေရဲ့ စွမ်းအားကို ပိုင်ဆိုင်ကြပါတယ်။ အဲ့ဒီစွမ်းအားကတော့ ဒေသခံတွေ ကိုးကွယ်တဲ့ အပင်နတ်ဘုရားဖြစ်တဲ့ Urzkartaga ဆီက ဆင်းသက်လာတာ ဖြစ်ပါတယ်။

အဲ့ဒီနတ်ဘုရားဟာ Barbara ကိုလည်း အဲ့ဒီအစွမ်းတွေရအောင် ပြုလုပ်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပြီး သူမကလည်း လက်ခံခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီစွမ်းအားကို လက်ခံမယ့်သူက အပျိူ၊ လူပျိူဖြစ်နေရမှာ ဖြစ်ပြီး Barbara ကတော့ အပျိူမဟုတ်ခဲ့ပါဘူး။ အဲ့ဒါကြောင့်ပဲ Barbara ဟာ ကျိန်စာမိသလို ဖြစ်သွားပြီး Cheetah ပုံစံ ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ ဒါ့အပြင် Barbara ဟာ အမြဲတမ်းလည်း သွေးဆာနေတတ်တဲ့ မကောင်းဆိုးဝါးတစ်ယောက် ဖြစ်သွားပါတယ်။ Barbara ဟာ သူမရဲ့ပြင်ပပုံစံတစ်ခုတည်း ပြောင်းလဲသွားတာ မဟုတ်ဘဲ သူမရဲ့ခွန်အား၊ အာရုံခံနိုင်စွမ်းနဲ့ အလျင်တွေကလည်း အလွန်တိုးတက်သွားပါတယ်။ ဒါ့အပြင် Barbara ဟာ အလွန်လျင်မြန်တာကြောင့် Flash နဲ့တောင် လက်သီးချင်း ယှဉ်ထိုးနိုင်ပါတယ်။

Cheetah လေးယောက် ရှိခဲ့ဖူးပါတယ်။
photo via cbr

Barbara Ann Minerva ဟာ လူကြိုက်အများဆုံးနဲ့ အအောင်မြင်ဆုံး Cheetah ဖြစ်ပေမယ့်လည်း သူမဟာ ပထမဆုံး Cheetah ဖြစ်ခဲ့သူ မဟုတ်ပါဘူး။ Barbara အပါအဝင်ဆိုရင် Cheetah ဖြစ်ခဲ့ဖူးသူ စုစုပေါင်း လေးယောက်ရှိပြီး သူတို့တွေကတော့ Priscilla Rich ၊ Deborah Domaine နဲ့ Sebastian Ballesteros တို့ ဖြစ်ပါတယ်။

ပထမဆုံး Cheetah ဖြစ်ခဲ့သူကတော့ Priscilla Rich ဖြစ်ပြီး ၁၉၄၃ ခုနှစ်မှာ စတင်ပြီး ကောမစ်ထဲမှာ ပါဝင်ခဲ့ပါတယ်။ ဒုတိယမြောက်ကတော့ Deborah Domaine ဖြစ်ပြီး ၁၉၈၀ နောက်ပိုင်းမှ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ နာမည်အကြီးဆုံး Cheetah ဖြစ်တဲ့ Barbara Ann Minerva ကတော့ ၁၉၈၇ ခုနှစ်မှာ စတင်ပါဝင်ခဲ့ပါတယ်။ နောက်ဆုံးတစ်ယောက်ကတော့ Sebastian Ballesteros ဆိုတဲ့ ယောကျာ်းတစ်ယောက် ဖြစ်ပြီး သူကတော့ အချိန်ခဏတာပဲ Cheetah ဖြစ်ခဲ့ပါတယ်။

သူမရဲ့အစွယ်ဟာ Superman ရဲ့ အရေပြားကိုတောင် ပေါက်အောင် ကိုက်နိုင်ပါတယ်။
photo via cbr

Cheetah ဟာ လျင်မြန်ရုံ၊ အားသန်ရုံတင်မဟုတ်ဘဲ သူမရဲ့ အစွယ်တွေကလည်း ကြောက်ဖို့ကောင်းတဲ့ လက်နက်တစ်ခု ဖြစ်ပါတယ်။ အကယ်၍သာ Cheetah နဲ့ Diana တို့ တိုက်ခိုက်နေရင်း Cheetah သာ အခွင့်အရေးရမယ်ဆိုရင် Diana ကို လွယ်လွယ်လေး ကိုက်ပစ်လို့ရပါတယ်။

ဒါ့အပြင် New 52 ထဲက ကောမစ်တစ်ခုထဲမှာ Cheetah ဟာ Superman နဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရပါတယ်။ ပရိသတ်အများစုကတော့ Cheetah ဟာ Superman ကို ဘယ်လိုမှ နိုင်မှာမဟုတ်ဘူးလို့ ခန့်မှန်းခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီတိုက်ပွဲထဲမှာတော့ Cheetah ဟာ Superman ကို တကယ်ကိုက်ခဲ့ပြီး ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ပါတယ်။ Superman ရဲ့ အလွန်မာကြောတဲ့ အရေပြားကိုတောင် ပေါက်အောင် ကိုက်နိုင်တဲ့ အစွယ်တွေက သေချာပေါက် ကြောက်ဖို့ကောင်းတဲ့ လက်နက်တစ်ခုပါပဲ။

သူမရဲ့ လက်သည်းတွေဟာ အဆိပ်ရှိပါတယ်။
photo via cbr

သူမရဲ့ လက်သည်းဟာလည်း အစွယ်တွေလိုပဲ စွမ်းအားကြီးတဲ့ လက်နက်တစ်ခုလို့ ပြောလို့ရပါတယ်။ အကြောင်းကတော့ သူမရဲ့လက်သည်းတွေဟာ အဆိပ်ရှိလို့ပဲ ဖြစ်ပါတယ်။ New 52 ထဲမှာတော့ သူမဟာ Superman နဲ့ တိုက်ခိုက်ရင်း Superman ကို ကုတ်လိုက်နိုင်ပါတယ်။ အဲ့ဒီအချိန်မှာတော့ Superman ဟာ အဆိပ်မိသွားပြီး Barbara လိုပဲ လူစိတ်မရှိတော့တဲ့ Cheetah အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Superman ကို အသုံးပြုပြီးတော့ Justice League ကို တိုက်ခိုက်ခဲ့ပါတယ်။ Justice League: Doom ဆိုတဲ့ animation ထဲမှာလည်း သူမဟာ Diana ကို ကုတ်လိုက်နိုင်ပါသေးတယ်။ ဒီ animation ထဲမှာတော့ Diana ဟာ Cheetah အဖြစ် ပြောင်းလဲမသွားခဲ့ပါဘူး။ အဲ့ဒီအစား Diana ဟာ အဆိပ်မိပြီး တွေ့သမျှလူတွေကို Cheetah လို့ မြင်ကာ လိုက်လံတိုက်ခိုက်ခဲ့ပါတယ်။ အဆိပ်ရဲ့ သက်ရောက်တဲ့ ပုံစံချင်းမတူပေမယ့်လည်း နှစ်ခုလုံးကတော့ အန္တရာယ်များတဲ့ အဆိပ်တွေ ဖြစ်ကြပါတယ်။

အမဲလိုက်ခြင်းရဲ့ နတ်ဘုရားမ
photo via cbr

တစ်ခြား DC ကောမစ်ဇာတ်ကောင်တွေလိုပဲ New 52 ထဲမှာတော့ Cheetah ရဲ့ origin ဟာလည်း ပြောင်းလဲသွားပါတယ်။ မူလက ပထမဆုံး Cheetah ဟာ Barbara မဟုတ်ခဲ့ပေမယ့်လည်း New 52 ထဲမှာတော့ သူမဟာ ပထမဆုံး Cheetah ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် Barbara ဟာလည်း Diana လိုမျိူး အမျိူးသမီးတွေပဲ နေထိုင်ကြတဲ့ Amazonia ဆိုတဲ့ နေရာမှာ ကြီးပြင်းလာတာ ဖြစ်ပါတယ်။ New 52 ထဲမှာတော့ Barbara ဟာ အာဖရိကန်ကျိန်စာ မိသွားတာ မဟုတ်တော့ဘဲ ရှေးဟောင်းအမေဇုန်ဓားတိုနဲ့ ရှသွားခဲ့တာ ဖြစ်ပါတယ်။ ဒီမှာတင် အမဲလိုက်ခြင်းရဲ့ နတ်ဘုရားမက သူမကို ဝင်ပူးခဲ့ပြီး အကျိုးဆက်အနေနဲ့ Cheetah ဖြစ်လာခဲ့ပါတယ်။

Justice League of America ထဲက origin
photo via cbr

အပေါ်မှာ ဖော်ပြထားတဲ့ origin နှစ်ခုအပြင် JLA animation စီးရီးထဲမှာလည်း Cheetah ရဲ့ origin ဟာ ပြောင်းလဲသွားပြန်ပါတယ်။ ဒီ animation ထဲမှာတော့ သူမဟာ ရှေးဟောင်းသုတေသန ပညာရှင် မဟုတ်တော့ဘဲ မျိူးရိုးဗီဇ ပညာရှင် ဖြစ်ပါတယ်။ သူမရဲ့ စမ်းသပ်မှုတွေနဲ့ ပတ်သက်ပြီး ကြံရာမရ ဖြစ်လာတဲ့အချိန်မှာတော့ သူ့ကိုယ်သူ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီစမ်းသပ်မှုတွေကြောင့်ပဲ သူမဟာ Cheetah အဖြစ် ပြောင်းလဲသွားပါတယ်။

သူမဟာ Clark Kent နဲ့လည်း ချစ်ကြိုက်ခဲ့ဖူးပါတယ်။
photo via cbr

လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ အချစ်ရေးတွေဟာ အမြဲတမ်းလိုလို ရှုပ်ထွေးနေလေ့ရှိပြီး အထူးသဖြင့် ကောမစ်ဇာတ်ကောင်တွေဆိုရင် ပိုဆိုးပါတယ်။ Superman: America Alien ဆိုတဲ့ ကောမစ်ထဲမှာတော့ Superman ပရိသတ်တွေဟာ လုံးဝကို မထင်မှတ်ထားတဲ့ အဖြစ်အပျက်ကို တွေ့လိုက်ရပါတယ်။ အဲ့ဒီကောမစ်ထဲမှာတော့ Clark Kent ရဲ့ လူငယ်ဘဝကို ပုံဖော်ထားတာ ဖြစ်ပါတယ်။ ဇိမ်ခံရွက်လှေပေါ်မှာ ပြုလုပ်ခဲ့တဲ့ ပါတီပွဲတစ်ခုမှာတော့ Clark ဟာ ကောင်မလေးတစ်ယောက်ကို ချစ်ကြိုက်သွားခဲ့ပါတယ်။

ဒါပေမယ့်လည်း အဲ့ဒီကောင်မလေးဟာ Lois Lane မဟုတ်ခဲ့ဘဲ Barbara Ann Minerva ဖြစ်နေပါတယ်။ သူမကတော့ အဲ့ဒီအချိန်မှာ ရှေးဟောင်းသုတေသန ပညာရှင်တစ်ယောက် ဖြစ်လာဖို့ အိပ်မက်မက်နေသူ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ အကြောင်းအမျိူးမျိူးနဲ့ ချစ်ကြိုက်သွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကတော့ Clark ကလည်း Superman မဖြစ်ခင်အချိန်နဲ့ Barbara ကလည်း Cheetah ဖြစ်မလာခင်တုန်းက အဖြစ်အပျက် ဖြစ်ပါတယ်။

ဒါကတော့ Cheetah နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အကြောင်းအရာအချို့ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & See First လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Wonder Woman 1984 ဟာ မၾကာေသးခင္ကပဲ ထြက္ရွိလာခဲ့ၿပီး ေကာမစ္ထဲက ဗီလိန္ေတြနဲ႔ Diana ရဲ႕ စြမ္းရည္အသစ္ေတြကိုလည္း ျပသသြားခဲ့ပါတယ္။ ဒီဇာတ္လမ္းထဲမွာေတာ့ Maxwell Lord ဟာ အဓိကဗီလိန္ ျဖစ္ေနေပမယ့္ Cheetah ကလည္း ဒီ႐ုပ္ရွင္ရဲ႕ အဓိကက်တဲ့ေနရာမွာ ပါဝင္ခဲ့ပါတယ္။ DC ေကာမစ္ထဲမွာေတာ့ Cheetah နဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာေတြမ်ားစြာ ရွိပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ Cheetah ရဲ႕ စိတ္ဝင္စားဖို႔ေကာင္းတဲ့ အအေၾကာင္းအရာ အနည္းငယ္ကို ေဖာ္ျပေပးခ်င္ပါတယ္။

သူမရဲ႕ origin
photo via cbr

Cheetah ရဲ႕ နာမည္အရင္းကေတာ့ Barbara Ann Minerva ျဖစ္ၿပီး ကမာၻလွည့္ခရီးသြားေနတဲ့ ေရွးေဟာင္းသုေတသန ပညာရွင္တစ္ေယာက္ ျဖစ္ပါတယ္။ Barbara ဟာ ေရွးေဟာင္း အာဖရိကန္လူမ်ိဴးစုေတြရဲ႕ အႂကြင္းအက်န္ေတြကို ရွာေဖြဖို႔ အာဖရိကတိုက္ကို ခရီးထြက္လာခဲ့ပါတယ္။ အဲ့ဒီမွာေတာ့ Barbara ဟာ ထူးဆန္းတဲ့ အာဖရိကန္လူမ်ိဴးတစ္စုကို ရွာေဖြေတြ႕ရွိသြားပါတယ္။ အဲ့ဒီလူမ်ိဴးစုကို ေစာင့္ေရွာက္ၾကသူေတြဟာ က်ားသစ္တို႔၊ က်ားတို႔လိုမ်ိဴး ေၾကာင္မ်ိဴးႏြယ္ သတၱဝါေတြရဲ႕ စြမ္းအားကို ပိုင္ဆိုင္ၾကပါတယ္။ အဲ့ဒီစြမ္းအားကေတာ့ ေဒသခံေတြ ကိုးကြယ္တဲ့ အပင္နတ္ဘုရားျဖစ္တဲ့ Urzkartaga ဆီက ဆင္းသက္လာတာ ျဖစ္ပါတယ္။

အဲ့ဒီနတ္ဘုရားဟာ Barbara ကိုလည္း အဲ့ဒီအစြမ္းေတြရေအာင္ ျပဳလုပ္ေပးမယ္လို႔ ကမ္းလွမ္းခဲ့ၿပီး သူမကလည္း လက္ခံခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီစြမ္းအားကို လက္ခံမယ့္သူက အပ်ိဴ၊ လူပ်ိဴျဖစ္ေနရမွာ ျဖစ္ၿပီး Barbara ကေတာ့ အပ်ိဴမဟုတ္ခဲ့ပါဘူး။ အဲ့ဒါေၾကာင့္ပဲ Barbara ဟာ က်ိန္စာမိသလို ျဖစ္သြားၿပီး Cheetah ပုံစံ ေျပာင္းလဲသြားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ Barbara ဟာ အၿမဲတမ္းလည္း ေသြးဆာေနတတ္တဲ့ မေကာင္းဆိုးဝါးတစ္ေယာက္ ျဖစ္သြားပါတယ္။ Barbara ဟာ သူမရဲ႕ျပင္ပပုံစံတစ္ခုတည္း ေျပာင္းလဲသြားတာ မဟုတ္ဘဲ သူမရဲ႕ခြန္အား၊ အာ႐ုံခံႏိုင္စြမ္းနဲ႔ အလ်င္ေတြကလည္း အလြန္တိုးတက္သြားပါတယ္။ ဒါ့အျပင္ Barbara ဟာ အလြန္လ်င္ျမန္တာေၾကာင့္ Flash နဲ႔ေတာင္ လက္သီးခ်င္း ယွဥ္ထိုးႏိုင္ပါတယ္။

Cheetah ေလးေယာက္ ရွိခဲ့ဖူးပါတယ္။
photo via cbr

Barbara Ann Minerva ဟာ လူႀကိဳက္အမ်ားဆုံးနဲ႔ အေအာင္ျမင္ဆုံး Cheetah ျဖစ္ေပမယ့္လည္း သူမဟာ ပထမဆုံး Cheetah ျဖစ္ခဲ့သူ မဟုတ္ပါဘူး။ Barbara အပါအဝင္ဆိုရင္ Cheetah ျဖစ္ခဲ့ဖူးသူ စုစုေပါင္း ေလးေယာက္ရွိၿပီး သူတို႔ေတြကေတာ့ Priscilla Rich ၊ Deborah Domaine နဲ႔ Sebastian Ballesteros တို႔ ျဖစ္ပါတယ္။

ပထမဆုံး Cheetah ျဖစ္ခဲ့သူကေတာ့ Priscilla Rich ျဖစ္ၿပီး ၁၉၄၃ ခုႏွစ္မွာ စတင္ၿပီး ေကာမစ္ထဲမွာ ပါဝင္ခဲ့ပါတယ္။ ဒုတိယေျမာက္ကေတာ့ Deborah Domaine ျဖစ္ၿပီး ၁၉၈၀ ေနာက္ပိုင္းမွ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ နာမည္အႀကီးဆုံး Cheetah ျဖစ္တဲ့ Barbara Ann Minerva ကေတာ့ ၁၉၈၇ ခုႏွစ္မွာ စတင္ပါဝင္ခဲ့ပါတယ္။ ေနာက္ဆုံးတစ္ေယာက္ကေတာ့ Sebastian Ballesteros ဆိုတဲ့ ေယာက်ာ္းတစ္ေယာက္ ျဖစ္ၿပီး သူကေတာ့ အခ်ိန္ခဏတာပဲ Cheetah ျဖစ္ခဲ့ပါတယ္။

သူမရဲ႕အစြယ္ဟာ Superman ရဲ႕ အေရျပားကိုေတာင္ ေပါက္ေအာင္ ကိုက္ႏိုင္ပါတယ္။
photo via cbr

Cheetah ဟာ လ်င္ျမန္႐ုံ၊ အားသန္႐ုံတင္မဟုတ္ဘဲ သူမရဲ႕ အစြယ္ေတြကလည္း ေၾကာက္ဖို႔ေကာင္းတဲ့ လက္နက္တစ္ခု ျဖစ္ပါတယ္။ အကယ္၍သာ Cheetah နဲ႔ Diana တို႔ တိုက္ခိုက္ေနရင္း Cheetah သာ အခြင့္အေရးရမယ္ဆိုရင္ Diana ကို လြယ္လြယ္ေလး ကိုက္ပစ္လို႔ရပါတယ္။

ဒါ့အျပင္ New 52 ထဲက ေကာမစ္တစ္ခုထဲမွာ Cheetah ဟာ Superman နဲ႔ ထိပ္တိုက္ရင္ဆိုင္ခဲ့ရပါတယ္။ ပရိသတ္အမ်ားစုကေတာ့ Cheetah ဟာ Superman ကို ဘယ္လိုမွ ႏိုင္မွာမဟုတ္ဘူးလို႔ ခန႔္မွန္းခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီတိုက္ပြဲထဲမွာေတာ့ Cheetah ဟာ Superman ကို တကယ္ကိုက္ခဲ့ၿပီး ဒဏ္ရာရေအာင္ လုပ္ႏိုင္ခဲ့ပါတယ္။ Superman ရဲ႕ အလြန္မာေၾကာတဲ့ အေရျပားကိုေတာင္ ေပါက္ေအာင္ ကိုက္ႏိုင္တဲ့ အစြယ္ေတြက ေသခ်ာေပါက္ ေၾကာက္ဖို႔ေကာင္းတဲ့ လက္နက္တစ္ခုပါပဲ။

သူမရဲ႕ လက္သည္းေတြဟာ အဆိပ္ရွိပါတယ္။
photo via cbr

သူမရဲ႕ လက္သည္းဟာလည္း အစြယ္ေတြလိုပဲ စြမ္းအားႀကီးတဲ့ လက္နက္တစ္ခုလို႔ ေျပာလို႔ရပါတယ္။ အေၾကာင္းကေတာ့ သူမရဲ႕လက္သည္းေတြဟာ အဆိပ္ရွိလို႔ပဲ ျဖစ္ပါတယ္။ New 52 ထဲမွာေတာ့ သူမဟာ Superman နဲ႔ တိုက္ခိုက္ရင္း Superman ကို ကုတ္လိုက္ႏိုင္ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Superman ဟာ အဆိပ္မိသြားၿပီး Barbara လိုပဲ လူစိတ္မရွိေတာ့တဲ့ Cheetah အျဖစ္ ေျပာင္းလဲသြားခဲ့ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ Superman ကို အသုံးျပဳၿပီးေတာ့ Justice League ကို တိုက္ခိုက္ခဲ့ပါတယ္။ Justice League: Doom ဆိုတဲ့ animation ထဲမွာလည္း သူမဟာ Diana ကို ကုတ္လိုက္ႏိုင္ပါေသးတယ္။ ဒီ animation ထဲမွာေတာ့ Diana ဟာ Cheetah အျဖစ္ ေျပာင္းလဲမသြားခဲ့ပါဘူး။ အဲ့ဒီအစား Diana ဟာ အဆိပ္မိၿပီး ေတြ႕သမွ်လူေတြကို Cheetah လို႔ ျမင္ကာ လိုက္လံတိုက္ခိုက္ခဲ့ပါတယ္။ အဆိပ္ရဲ႕ သက္ေရာက္တဲ့ ပုံစံခ်င္းမတူေပမယ့္လည္း ႏွစ္ခုလုံးကေတာ့ အႏၲရာယ္မ်ားတဲ့ အဆိပ္ေတြ ျဖစ္ၾကပါတယ္။

အမဲလိုက္ျခင္းရဲ႕ နတ္ဘုရားမ
photo via cbr

တစ္ျခား DC ေကာမစ္ဇာတ္ေကာင္ေတြလိုပဲ New 52 ထဲမွာေတာ့ Cheetah ရဲ႕ origin ဟာလည္း ေျပာင္းလဲသြားပါတယ္။ မူလက ပထမဆုံး Cheetah ဟာ Barbara မဟုတ္ခဲ့ေပမယ့္လည္း New 52 ထဲမွာေတာ့ သူမဟာ ပထမဆုံး Cheetah ျဖစ္လာခဲ့ပါတယ္။ ဒါ့အျပင္ Barbara ဟာလည္း Diana လိုမ်ိဴး အမ်ိဴးသမီးေတြပဲ ေနထိုင္ၾကတဲ့ Amazonia ဆိုတဲ့ ေနရာမွာ ႀကီးျပင္းလာတာ ျဖစ္ပါတယ္။ New 52 ထဲမွာေတာ့ Barbara ဟာ အာဖရိကန္က်ိန္စာ မိသြားတာ မဟုတ္ေတာ့ဘဲ ေရွးေဟာင္းအေမဇုန္ဓားတိုနဲ႔ ရွသြားခဲ့တာ ျဖစ္ပါတယ္။ ဒီမွာတင္ အမဲလိုက္ျခင္းရဲ႕ နတ္ဘုရားမက သူမကို ဝင္ပူးခဲ့ၿပီး အက်ိဳးဆက္အေနနဲ႔ Cheetah ျဖစ္လာခဲ့ပါတယ္။

Justice League of America ထဲက origin
photo via cbr

အေပၚမွာ ေဖာ္ျပထားတဲ့ origin ႏွစ္ခုအျပင္ JLA animation စီးရီးထဲမွာလည္း Cheetah ရဲ႕ origin ဟာ ေျပာင္းလဲသြားျပန္ပါတယ္။ ဒီ animation ထဲမွာေတာ့ သူမဟာ ေရွးေဟာင္းသုေတသန ပညာရွင္ မဟုတ္ေတာ့ဘဲ မ်ိဴး႐ိုးဗီဇ ပညာရွင္ ျဖစ္ပါတယ္။ သူမရဲ႕ စမ္းသပ္မႈေတြနဲ႔ ပတ္သက္ၿပီး ႀကံရာမရ ျဖစ္လာတဲ့အခ်ိန္မွာေတာ့ သူ႔ကိုယ္သူ စမ္းသပ္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။ အဲ့ဒီစမ္းသပ္မႈေတြေၾကာင့္ပဲ သူမဟာ Cheetah အျဖစ္ ေျပာင္းလဲသြားပါတယ္။

သူမဟာ Clark Kent နဲ႔လည္း ခ်စ္ႀကိဳက္ခဲ့ဖူးပါတယ္။
photo via cbr

လူတစ္ေယာက္နဲ႔ တစ္ေယာက္ရဲ႕ အခ်စ္ေရးေတြဟာ အၿမဲတမ္းလိုလို ရႈပ္ေထြးေနေလ့ရွိၿပီး အထူးသျဖင့္ ေကာမစ္ဇာတ္ေကာင္ေတြဆိုရင္ ပိုဆိုးပါတယ္။ Superman: America Alien ဆိုတဲ့ ေကာမစ္ထဲမွာေတာ့ Superman ပရိသတ္ေတြဟာ လုံးဝကို မထင္မွတ္ထားတဲ့ အျဖစ္အပ်က္ကို ေတြ႕လိုက္ရပါတယ္။ အဲ့ဒီေကာမစ္ထဲမွာေတာ့ Clark Kent ရဲ႕ လူငယ္ဘဝကို ပုံေဖာ္ထားတာ ျဖစ္ပါတယ္။ ဇိမ္ခံ႐ြက္ေလွေပၚမွာ ျပဳလုပ္ခဲ့တဲ့ ပါတီပြဲတစ္ခုမွာေတာ့ Clark ဟာ ေကာင္မေလးတစ္ေယာက္ကို ခ်စ္ႀကိဳက္သြားခဲ့ပါတယ္။

ဒါေပမယ့္လည္း အဲ့ဒီေကာင္မေလးဟာ Lois Lane မဟုတ္ခဲ့ဘဲ Barbara Ann Minerva ျဖစ္ေနပါတယ္။ သူမကေတာ့ အဲ့ဒီအခ်ိန္မွာ ေရွးေဟာင္းသုေတသန ပညာရွင္တစ္ေယာက္ ျဖစ္လာဖို႔ အိပ္မက္မက္ေနသူ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ အေၾကာင္းအမ်ိဴးမ်ိဴးနဲ႔ ခ်စ္ႀကိဳက္သြားခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ကေတာ့ Clark ကလည္း Superman မျဖစ္ခင္အခ်ိန္နဲ႔ Barbara ကလည္း Cheetah ျဖစ္မလာခင္တုန္းက အျဖစ္အပ်က္ ျဖစ္ပါတယ္။

ဒါကေတာ့ Cheetah နဲ႔ ပတ္သက္တဲ့ စိတ္ဝင္စားစရာ အေၾကာင္းအရာအခ်ိဳ႕ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & See First လုပ္ထားေပးပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular