HomeEntertainmentFilmFast & Furious ဇာတ်ကောင်တွေရဲ့ ကင်မရာနောက်ကွယ်က အမှတ်တရဖြစ်ရပ်များ

Fast & Furious ဇာတ်ကောင်တွေရဲ့ ကင်မရာနောက်ကွယ်က အမှတ်တရဖြစ်ရပ်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Fast and Furious ရုပ်ရှင်ဇာတ်ကားဟာ ၂၀၀၁ ခုနှစ်ကတည်းက စတင်ထွက်ရှိခဲ့တာ ဖြစ်ပြီး တော်တော်လေးလည်း အောင်မြင်ခဲ့ပါတယ်။ အခုချိန်မှာတော့ အားလုံးပေါင်း(၉)ကား ထွက်ရှိထားပြီး နောက်ထပ်(၂)ကားထပ်ပြီး ထွက်လာဖို့လည်း ရှိပါတယ်။ ဆယ်စုနှစ် နှစ်ခုစာလောက် ကြာမြင့်လာခဲ့ပြီဖြစ်တဲ့ ဒီ franchise ဟာ ပရိသတ်လည်း အခိုင်အမာ ရရှိထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် Fast and Furious ဇာတ်ကားတွေထဲက သရုပ်ဆောင်တွေရဲ့ ကင်မရာနောက်ကွယ်က အမှတ်တရ ဖြစ်ရပ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Paul Walker ကို အစွဲပြုပြီး သမီးလေးကို အမည်ပေးခဲ့တဲ့ Vin Diesel
photo via screenrant

Vin Diesel နဲ့ Paul Walker တို့ဟာ နှစ်ပေါင်းများစွာ အတူတူ သရုပ်ဆောင်ခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက် အဖြစ်တင်မကဘဲ တကယ့် ညီအစ်ကိုအရင်းတွေလို သံယောဇဉ်ရှိကြသူတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Vin Diesel ဟာ သူ့ရဲ့သမီးလေးကို Paul Walker ရဲ့နာမည်ကို အစွဲပြုပြီးတော့ Pauline လို့ အမည်ပေးခဲ့တာ ဖြစ်ပါတယ်။ နာမည်ပေးဖြစ်ခဲ့ပုံကလည်း ထူးဆန်းပါတယ်။ သူ့သမီးလေးကို မွေးခန်းထဲမှာ မွေးနေတဲ့အချိန် Vin ဟာ သူ့အနားမှာ Paul ရှိနေတယ်လို့ ခံစားမိခဲ့တာကြောင့် သမီးလေးကို Paul ရဲ့အမည်ကို အစွဲပြုပြီး ပေးခဲ့တာ ဖြစ်ပါသတဲ့။

Vin ဟာ အင်တာဗျူးပေါင်း မြောက်များစွာမှာ Paul ကို သူ့ရဲ့တကယ့် ညီအစ်ကိုရင်းတစ်ယောက်လို သဘောထားကြောင်း မကြာခဏ ပြောခဲ့ဖူးပါတယ်။ “ခင်ဗျားတို့ ဖန်သားပြင်ပေါ်မှာ မြင်ရတဲ့ ရင်းနှီးမှုတွေ၊ သံယောဇဉ်တွေဟာ တကယ့်အစစ်အမှန်ပါ။ အပြင်ဘဝမှာလည်း သူဟာ ကျွန်တော့်ညီအစ်ကိုပါ။ သူ ရုတ်တရက် ထွက်သွားရတော့ ကျွန်တော့်ရဲ့ညီအစ်ကို၊ ကျွန်တော့်ရဲ့ အချစ်ဆုံး သူငယ်ချင်းကို ဆုံးရှုံးလိုက်ရတာပါ …  ” လို့ Vin က ကြေကွဲစွာ ဆိုခဲ့ဖူးပါတယ်။

Gal Gadot ဟာ Fast & Furious 6 ထဲက စတန့်တွေကို ကိုယ်တိုင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
photo via screenrant

Gal Gadot ဟာ Fast & Furious 4 ၊ 5 နဲ့ 6 တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ပရိသတ်တွေ တွေ့ခဲ့ကြတဲ့အတိုင်းပဲ Fast & Furious 4 နဲ့ 5 မှာ သူမရဲ့ဇာတ်ကောင်ဟာ အဲ့လောက်ထိ အရေးပါတဲ့သူတစ်ယောက် မဟုတ်တာကြောင့် လုပ်ကွက်သိပ်မရခဲ့ပါဘူး။ အဲ့ဒါကြောင့်ပဲ Fast & Furious 5 ကို ရိုက်ပြီးသွားတဲ့အချိန်မှာတော့ Gal ဟာ နောက်ထပ်ထွက်မယ့် ရုပ်ရှင်ထဲမှာ သူမရဲ့ဇာတ်ကောင်ကို ပိုပြီးတော့ အရေးပါတဲ့နေရာမှာ ပါစေချင်တယ်ဆိုပြီးတော့ ဒါရိုက်တာ Justin Lin ကို ပြောခဲ့ရတာ ဖြစ်ပါတယ်။

ဒီမှာတင် ဒါရိုက်တာ Justin ဟာ ရှေ့လာမယ့်ကားဟာ စတန့်ခန်းတွေ အများကြီး ပါဝင်တာမို့ Gal အနေနဲ့ ကိုယ်တိုင်လုပ်ဖို့ အဆင်ပြေပါ့မလား၊ ဒါမှမဟုတ် စတန့်သမားလိုမလားဆိုပြီး မေးမြန်းခဲ့ပါသတဲ့။ သူမရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ ဇာတ်ကောင်အပေါ်ထားတဲ့ စိတ်အားထက်သန်မှုကို ပြသချင်တဲ့ Gal ဟာ F6 ထဲမှာ စတန့်သမား မတောင်းခဲ့ဘဲ စတန့်ခန်းအားလုံးကို ကိုယ်တိုင်သရုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီ့ထက်ပိုပြီး အထင်ကြီး လေးစားစရာကောင်းတာကတော့ အဲ့ဒီ့အချိန်မှာ Gal ဟာ သူမရဲ့သားဦးကလေးကို မွေးဖွားပြီးကာစအချိန် ဖြစ်နေတာပါပဲ။

Fast & Furious franchise ကနေ အပြီးနှုတ်ထွက်သွားခဲ့တဲ့ Sung Kang
photo via screenrant

Sung Kang ဟာ Fast & Furious ထဲမှာ Han ဆိုတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ဇာတ်ကောင် Han ဟာ အဓိကဇာတ်ကောင်တစ်ယောက်လည်း မဟုတ်သလို ပါဝင်ရတဲ့အခန်းတွေကလည်း အများကြီးမဟုတ်ခဲ့ပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။

Sung Kang ဟာ Tokyo Drift ထဲမှာ စတင်ပါဝင်ခဲ့တာ ဖြစ်ပြီး အာရှဇာတ်ကောင်ကို အသုံးပြုခဲ့တဲ့အပေါ် ပရိသတ်တွေကလည်း အားပေးခဲ့ကြပါတယ်။ ဒါရိုက်တာ Justin Lin ရဲ့ ပဲ့ကိုင်မှုနဲ့ Fast & Furious ဇာတ်ကားတွေဟာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဝက်ဝက်ကွဲ အောင်မြင်လာခဲ့ပါတယ်။ Sung Kang ဟာ Tokyo Drift အပြင် နောက်ထပ် ရုပ်ရှင်သုံးကားမှာ သရုပ်ဆောင်ခဲ့ပါသေးတယ်။

Jason Statham စတင်ပါဝင်လာခဲ့တဲ့ ဇာတ်ကားမှာပဲ Sung Kang ရော ဒါရိုက်တာ Justin Lin ရော Fast & Furious franchise ကနေ နှုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ နှုတ်ထွက်ပြီးတဲ့နောက်မှာလည်း ပရိသတ်တွေနဲ့ မီဒီယာတွေဟာ Sung kang တစ်ယောက် ပြန်လာပြီး သရုပ်ဆောင်ဖို့ အစီအစဉ်ရှိမရှိကို မကြာခဏမေးမြန်းခဲ့ကြပါတယ်။ Sung Kang ကတော့ အဲ့ဒီဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့တဲ့အချိန်တွေကို တန်ဖိုးထားပေမယ့်လည်း ပြန်လည်သရုပ်ဆောင်ဖို့အတွက်တော့ အစီအစဉ်မရှိပါဘူးလို့ ပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်။

တစ်ခါတုန်းကဆိုရင် အကယ်၍ Han မှာ အမွှာညီအစ်ကိုတစ်ယောက် ရှိနေရင်ရော ပြန်ပြီးသရုပ်ဆောင်မှာလား ဆိုပြီး မေးခံခဲ့ရဖူးပါတယ်။ အဲ့ဒီမေးခွန်းကိုတော့ ” ကျွန်တော်ကတော့ အဲ့ဒီ့ဇာတ်ကားတွေမှာ ထပ်သရုပ်ဆောင်တော့မှာ မဟုတ်ပါဘူး။ သူတို့ပြောကြတာ ကျွန်တော်တို့အကုန်လုံးက ဆင်တူတွေချည်းပဲတဲ့ဗျ။ အဲ့တော့ အမွှာညီအစ်ကိုဆိုပြီး ပေါ်လာရင်တော့ သူတို့တစ်ခြားတစ်ယောက်ယောက်ကို ရှာပြီး ဆံပင်တုစွပ်ပေးလိုက်ရုံပဲပေါ့ဗျာ… ” လို့ Sung Kang က ဖြေဆိုခဲ့ဖူးပါတယ်။

Tyrese Gibson ဟာ နာမည်ကြီး စာရေးဆရာတစ်ယောက် ဖြစ်ပါတယ်။
photo via screenrant

Fast & Furious ပရိသတ်တွေအတွက်တော့ ဒီအချက်ဟာ နည်းနည်း ထူးဆန်းပြီး အံ့ဩစရာ ဖြစ်ရင်ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့်လည်း Tyrese Gibson ဟာ တကယ်ကို နာမည်ကြီး စာရေးဆရာတစ်ယောက် ဖြစ်ပါတယ်။ သူဟာ Fast & Furious ဒုတိယကားထဲမှာ စတင်ပါဝင်ခဲ့တာ ဖြစ်ပြီး အဲ့ဒါမတိုင်ခင်မှာတော့ သူဟာ အဆိုတော်နဲ့ မော်ဒယ်လ်တစ်ယောက်ပါ။

Tyrese Gibson နာမည်ကြီး စာအုပ်နှစ်အုပ်ကို ရေးထားပါတယ်။ ပထမတစ်အုပ်ကတော့ Manology: Secrets of Your Man’s Mind Revealed လို့ အမည်ရပါတယ်။ အဲ့ဒီစာအုပ်ဟာ ယောက်ျားတွေရဲ့အကြောင်းကို ရေးသားထားတာ ဖြစ်ပါတယ်။ မိန်းကလေးတွေအတွက် ယောက်ျားတွေရဲ့ စိတ်နေသဘောထားတွေ၊ အမူအကျင့်တွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ အရောင်းရဆုံး စာရင်းဝင်ခဲ့ပြီး Tyrese ကို နာမည်ကြီးစာရေးဆရာတစ်ယောက် ဖြစ်လာစေခဲ့ပါတယ်။ သူ့ရဲ့နောက်ထပ် စာအုပ်တစ်အုပ်ကတော့ How to Get Out of Your Own Way လို့ အမည်ရပြီး သူ့ရဲ့ပုဂ္ဂိုလ်ရေးဘဝကို ရေးသားထားတာ ဖြစ်ပါတယ်။ 

Paul Walker ရဲ့လူသိပ်မသိတဲ့ ပရဟိတအသင်း
photo via screenrant

Paul ရဲ့သေဆုံးမှုဟာ ပရိသတ်တွေကြားထဲမှာ အချိန်တော်တော်ကြာကြာ ဂယက်ရိုက်သွားခဲ့ပါတယ်။ သူသေဆုံးပြီးနောက်မှာ ထွက်ခဲ့တဲ့ရုပ်ရှင်ထဲမှာတော့ Universal စတူဒီယိုဟာ အဆိုပါရုပ်ရှင်ကနေ ရရှိလာတဲ့ အမြတ်ငွေတွေထဲက တစ်ချို့တစ်ဝက်ကို Paul Walker တည်ထောင်ခဲ့တဲ့ Reach Out Worldwide ဆိုတဲ့ ပရဟိတအသင်းကို လှူဒါန်းခဲ့ပါတယ်။ အဲ့ဒီ့တော့မှ လူတော်တော်များများဟာ Paul တစ်ယောက် ပရဟိတတွေ လုပ်ခဲ့မှန်း သတိထားမိခဲ့ကြပါတယ်။

အဲ့ဒီအဖွဲ့အစည်းကို Paul နဲ့ သူ့ရဲ့သူငယ်ချင်းတစ်ချို့ ပူးပေါင်း တည်ထောင်ခဲ့ကြတာဖြစ်ပြီး အကူအညီလိုအပ်နေတဲ့နေရာတွေမှာ သွားရောက်ကူညီ၊ လှူဒါန်းခဲ့ကြပါတယ်။ ဒါပေမယ့်လည်း Paul ဟာ ပြုလုပ်ခဲ့တဲ့ ပရဟိတလုပ်ငန်းတွေ တော်တော်များများကို လူမသိသူမသိ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ တစ်ခြားသူတွေရဲ့ အာရုံစိုက်တာကို မခံချင်ဘဲ သူ့ဘာသာ ပရဟိတလုပ်ငန်းတွေကို အေးအေးဆေးဆေး လုပ်ချင်ခဲ့တာ ဖြစ်ပါတယ်။

ဒါကတော့ Fast & Furious ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်တွေရဲ့ ကင်မရာနောက်ကွယ်က အမှတ်တရ ဖြစ်ရပ်တွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ အမှတ်တရ ရှိခဲ့တဲ့ ဇာတ်ဝင်ခန်းတွေ ရှိရင်လည်း ပြောပြခဲ့ပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Fast and Furious ႐ုပ္ရွင္ဇာတ္ကားဟာ ၂၀၀၁ ခုႏွစ္ကတည္းက စတင္ထြက္ရွိခဲ့တာ ျဖစ္ၿပီး ေတာ္ေတာ္ေလးလည္း ေအာင္ျမင္ခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ အားလုံးေပါင္း(၉)ကား ထြက္ရွိထားၿပီး ေနာက္ထပ္(၂)ကားထပ္ၿပီး ထြက္လာဖို႔လည္း ရွိပါတယ္။ ဆယ္စုႏွစ္ ႏွစ္ခုစာေလာက္ ၾကာျမင့္လာခဲ့ၿပီျဖစ္တဲ့ ဒီ franchise ဟာ ပရိသတ္လည္း အခိုင္အမာ ရရွိထားၿပီး ျဖစ္ပါတယ္။ ဒါေၾကာင့္ Fast and Furious ဇာတ္ကားေတြထဲက သ႐ုပ္ေဆာင္ေတြရဲ႕ ကင္မရာေနာက္ကြယ္က အမွတ္တရ ျဖစ္ရပ္အခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

Paul Walker ကို အစြဲျပဳၿပီး သမီးေလးကို အမည္ေပးခဲ့တဲ့ Vin Diesel
photo via screenrant

Vin Diesel နဲ႔ Paul Walker တို႔ဟာ ႏွစ္ေပါင္းမ်ားစြာ အတူတူ သ႐ုပ္ေဆာင္ခဲ့ၾကတဲ့ လုပ္ေဖာ္ကိုင္ဖက္ အျဖစ္တင္မကဘဲ တကယ့္ ညီအစ္ကိုအရင္းေတြလို သံေယာဇဥ္ရွိၾကသူေတြ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း Vin Diesel ဟာ သူ႔ရဲ႕သမီးေလးကို Paul Walker ရဲ႕နာမည္ကို အစြဲျပဳၿပီးေတာ့ Pauline လို႔ အမည္ေပးခဲ့တာ ျဖစ္ပါတယ္။ နာမည္ေပးျဖစ္ခဲ့ပုံကလည္း ထူးဆန္းပါတယ္။ သူ႔သမီးေလးကို ေမြးခန္းထဲမွာ ေမြးေနတဲ့အခ်ိန္ Vin ဟာ သူ႔အနားမွာ Paul ရွိေနတယ္လို႔ ခံစားမိခဲ့တာေၾကာင့္ သမီးေလးကို Paul ရဲ႕အမည္ကို အစြဲျပဳၿပီး ေပးခဲ့တာ ျဖစ္ပါသတဲ့။

Vin ဟာ အင္တာဗ်ဴးေပါင္း ေျမာက္မ်ားစြာမွာ Paul ကို သူ႔ရဲ႕တကယ့္ ညီအစ္ကိုရင္းတစ္ေယာက္လို သေဘာထားေၾကာင္း မၾကာခဏ ေျပာခဲ့ဖူးပါတယ္။ “ခင္ဗ်ားတို႔ ဖန္သားျပင္ေပၚမွာ ျမင္ရတဲ့ ရင္းႏွီးမႈေတြ၊ သံေယာဇဥ္ေတြဟာ တကယ့္အစစ္အမွန္ပါ။ အျပင္ဘဝမွာလည္း သူဟာ ကြၽန္ေတာ့္ညီအစ္ကိုပါ။ သူ ႐ုတ္တရက္ ထြက္သြားရေတာ့ ကြၽန္ေတာ့္ရဲ႕ညီအစ္ကို၊ ကြၽန္ေတာ့္ရဲ႕ အခ်စ္ဆုံး သူငယ္ခ်င္းကို ဆုံးရႈံးလိုက္ရတာပါ …  ” လို႔ Vin က ေၾကကြဲစြာ ဆိုခဲ့ဖူးပါတယ္။

Gal Gadot ဟာ Fast & Furious 6 ထဲက စတန႔္ေတြကို ကိုယ္တိုင္ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။
photo via screenrant

Gal Gadot ဟာ Fast & Furious 4 ၊ 5 နဲ႔ 6 တို႔မွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ဖူးပါတယ္။ ပရိသတ္ေတြ ေတြ႕ခဲ့ၾကတဲ့အတိုင္းပဲ Fast & Furious 4 နဲ႔ 5 မွာ သူမရဲ႕ဇာတ္ေကာင္ဟာ အဲ့ေလာက္ထိ အေရးပါတဲ့သူတစ္ေယာက္ မဟုတ္တာေၾကာင့္ လုပ္ကြက္သိပ္မရခဲ့ပါဘူး။ အဲ့ဒါေၾကာင့္ပဲ Fast & Furious 5 ကို ႐ိုက္ၿပီးသြားတဲ့အခ်ိန္မွာေတာ့ Gal ဟာ ေနာက္ထပ္ထြက္မယ့္ ႐ုပ္ရွင္ထဲမွာ သူမရဲ႕ဇာတ္ေကာင္ကို ပိုၿပီးေတာ့ အေရးပါတဲ့ေနရာမွာ ပါေစခ်င္တယ္ဆိုၿပီးေတာ့ ဒါ႐ိုက္တာ Justin Lin ကို ေျပာခဲ့ရတာ ျဖစ္ပါတယ္။

ဒီမွာတင္ ဒါ႐ိုက္တာ Justin ဟာ ေရွ႕လာမယ့္ကားဟာ စတန႔္ခန္းေတြ အမ်ားႀကီး ပါဝင္တာမို႔ Gal အေနနဲ႔ ကိုယ္တိုင္လုပ္ဖို႔ အဆင္ေျပပါ့မလား၊ ဒါမွမဟုတ္ စတန႔္သမားလိုမလားဆိုၿပီး ေမးျမန္းခဲ့ပါသတဲ့။ သူမရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္နဲ႔ ဇာတ္ေကာင္အေပၚထားတဲ့ စိတ္အားထက္သန္မႈကို ျပသခ်င္တဲ့ Gal ဟာ F6 ထဲမွာ စတန႔္သမား မေတာင္းခဲ့ဘဲ စတန႔္ခန္းအားလုံးကို ကိုယ္တိုင္သ႐ုပ္ေဆာင္ခဲ့တယ္လို႔ ဆိုပါတယ္။ ဒီ့ထက္ပိုၿပီး အထင္ႀကီး ေလးစားစရာေကာင္းတာကေတာ့ အဲ့ဒီ့အခ်ိန္မွာ Gal ဟာ သူမရဲ႕သားဦးကေလးကို ေမြးဖြားၿပီးကာစအခ်ိန္ ျဖစ္ေနတာပါပဲ။

Fast & Furious franchise ကေန အၿပီးႏႈတ္ထြက္သြားခဲ့တဲ့ Sung Kang
photo via screenrant

Sung Kang ဟာ Fast & Furious ထဲမွာ Han ဆိုတဲ့ ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ခဲ့သူ ျဖစ္ပါတယ္။ သူ႔ရဲ႕ဇာတ္ေကာင္ Han ဟာ အဓိကဇာတ္ေကာင္တစ္ေယာက္လည္း မဟုတ္သလို ပါဝင္ရတဲ့အခန္းေတြကလည္း အမ်ားႀကီးမဟုတ္ခဲ့ေပမယ့္ ပရိသတ္ေတြရဲ႕ အားေပးမႈကို ရရွိခဲ့ပါတယ္။

Sung Kang ဟာ Tokyo Drift ထဲမွာ စတင္ပါဝင္ခဲ့တာ ျဖစ္ၿပီး အာရွဇာတ္ေကာင္ကို အသုံးျပဳခဲ့တဲ့အေပၚ ပရိသတ္ေတြကလည္း အားေပးခဲ့ၾကပါတယ္။ ဒါ႐ိုက္တာ Justin Lin ရဲ႕ ပဲ့ကိုင္မႈနဲ႔ Fast & Furious ဇာတ္ကားေတြဟာ တစ္ကမာၻလုံး အတိုင္းအတာနဲ႔ ဝက္ဝက္ကြဲ ေအာင္ျမင္လာခဲ့ပါတယ္။ Sung Kang ဟာ Tokyo Drift အျပင္ ေနာက္ထပ္ ႐ုပ္ရွင္သုံးကားမွာ သ႐ုပ္ေဆာင္ခဲ့ပါေသးတယ္။

Jason Statham စတင္ပါဝင္လာခဲ့တဲ့ ဇာတ္ကားမွာပဲ Sung Kang ေရာ ဒါ႐ိုက္တာ Justin Lin ေရာ Fast & Furious franchise ကေန ႏႈတ္ထြက္သြားခဲ့တာ ျဖစ္ပါတယ္။ ႏႈတ္ထြက္ၿပီးတဲ့ေနာက္မွာလည္း ပရိသတ္ေတြနဲ႔ မီဒီယာေတြဟာ Sung kang တစ္ေယာက္ ျပန္လာၿပီး သ႐ုပ္ေဆာင္ဖို႔ အစီအစဥ္ရွိမရွိကို မၾကာခဏေမးျမန္းခဲ့ၾကပါတယ္။ Sung Kang ကေတာ့ အဲ့ဒီဇာတ္ကားေတြမွာ သ႐ုပ္ေဆာင္ခဲ့တဲ့အခ်ိန္ေတြကို တန္ဖိုးထားေပမယ့္လည္း ျပန္လည္သ႐ုပ္ေဆာင္ဖို႔အတြက္ေတာ့ အစီအစဥ္မရွိပါဘူးလို႔ ျပတ္ျပတ္သားသား ေျပာဆိုခဲ့ပါတယ္။

တစ္ခါတုန္းကဆိုရင္ အကယ္၍ Han မွာ အမႊာညီအစ္ကိုတစ္ေယာက္ ရွိေနရင္ေရာ ျပန္ၿပီးသ႐ုပ္ေဆာင္မွာလား ဆိုၿပီး ေမးခံခဲ့ရဖူးပါတယ္။ အဲ့ဒီေမးခြန္းကိုေတာ့ ” ကြၽန္ေတာ္ကေတာ့ အဲ့ဒီ့ဇာတ္ကားေတြမွာ ထပ္သ႐ုပ္ေဆာင္ေတာ့မွာ မဟုတ္ပါဘူး။ သူတို႔ေျပာၾကတာ ကြၽန္ေတာ္တို႔အကုန္လုံးက ဆင္တူေတြခ်ည္းပဲတဲ့ဗ်။ အဲ့ေတာ့ အမႊာညီအစ္ကိုဆိုၿပီး ေပၚလာရင္ေတာ့ သူတို႔တစ္ျခားတစ္ေယာက္ေယာက္ကို ရွာၿပီး ဆံပင္တုစြပ္ေပးလိုက္႐ုံပဲေပါ့ဗ်ာ… ” လို႔ Sung Kang က ေျဖဆိုခဲ့ဖူးပါတယ္။

Tyrese Gibson ဟာ နာမည္ႀကီး စာေရးဆရာတစ္ေယာက္ ျဖစ္ပါတယ္။
photo via screenrant

Fast & Furious ပရိသတ္ေတြအတြက္ေတာ့ ဒီအခ်က္ဟာ နည္းနည္း ထူးဆန္းၿပီး အံ့ဩစရာ ျဖစ္ရင္ျဖစ္ေနပါလိမ့္မယ္။ ဒါေပမယ့္လည္း Tyrese Gibson ဟာ တကယ္ကို နာမည္ႀကီး စာေရးဆရာတစ္ေယာက္ ျဖစ္ပါတယ္။ သူဟာ Fast & Furious ဒုတိယကားထဲမွာ စတင္ပါဝင္ခဲ့တာ ျဖစ္ၿပီး အဲ့ဒါမတိုင္ခင္မွာေတာ့ သူဟာ အဆိုေတာ္နဲ႔ ေမာ္ဒယ္လ္တစ္ေယာက္ပါ။

Tyrese Gibson နာမည္ႀကီး စာအုပ္ႏွစ္အုပ္ကို ေရးထားပါတယ္။ ပထမတစ္အုပ္ကေတာ့ Manology: Secrets of Your Man’s Mind Revealed လို႔ အမည္ရပါတယ္။ အဲ့ဒီစာအုပ္ဟာ ေယာက္်ားေတြရဲ႕အေၾကာင္းကို ေရးသားထားတာ ျဖစ္ပါတယ္။ မိန္းကေလးေတြအတြက္ ေယာက္်ားေတြရဲ႕ စိတ္ေနသေဘာထားေတြ၊ အမူအက်င့္ေတြကို ေဖာ္ျပထားတာ ျဖစ္ပါတယ္။ ဒီစာအုပ္ဟာ အေရာင္းရဆုံး စာရင္းဝင္ခဲ့ၿပီး Tyrese ကို နာမည္ႀကီးစာေရးဆရာတစ္ေယာက္ ျဖစ္လာေစခဲ့ပါတယ္။ သူ႔ရဲ႕ေနာက္ထပ္ စာအုပ္တစ္အုပ္ကေတာ့ How to Get Out of Your Own Way လို႔ အမည္ရၿပီး သူ႔ရဲ႕ပုဂၢိဳလ္ေရးဘဝကို ေရးသားထားတာ ျဖစ္ပါတယ္။

Paul Walker ရဲ႕လူသိပ္မသိတဲ့ ပရဟိတအသင္း
photo via screenrant

Paul ရဲ႕ေသဆုံးမႈဟာ ပရိသတ္ေတြၾကားထဲမွာ အခ်ိန္ေတာ္ေတာ္ၾကာၾကာ ဂယက္႐ိုက္သြားခဲ့ပါတယ္။ သူေသဆုံးၿပီးေနာက္မွာ ထြက္ခဲ့တဲ့႐ုပ္ရွင္ထဲမွာေတာ့ Universal စတူဒီယိုဟာ အဆိုပါ႐ုပ္ရွင္ကေန ရရွိလာတဲ့ အျမတ္ေငြေတြထဲက တစ္ခ်ိဳ႕တစ္ဝက္ကို Paul Walker တည္ေထာင္ခဲ့တဲ့ Reach Out Worldwide ဆိုတဲ့ ပရဟိတအသင္းကို လႉဒါန္းခဲ့ပါတယ္။ အဲ့ဒီ့ေတာ့မွ လူေတာ္ေတာ္မ်ားမ်ားဟာ Paul တစ္ေယာက္ ပရဟိတေတြ လုပ္ခဲ့မွန္း သတိထားမိခဲ့ၾကပါတယ္။

အဲ့ဒီအဖြဲ႕အစည္းကို Paul နဲ႔ သူ႔ရဲ႕သူငယ္ခ်င္းတစ္ခ်ိဳ႕ ပူးေပါင္း တည္ေထာင္ခဲ့ၾကတာျဖစ္ၿပီး အကူအညီလိုအပ္ေနတဲ့ေနရာေတြမွာ သြားေရာက္ကူညီ၊ လႉဒါန္းခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း Paul ဟာ ျပဳလုပ္ခဲ့တဲ့ ပရဟိတလုပ္ငန္းေတြ ေတာ္ေတာ္မ်ားမ်ားကို လူမသိသူမသိ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ သူဟာ တစ္ျခားသူေတြရဲ႕ အာ႐ုံစိုက္တာကို မခံခ်င္ဘဲ သူ႔ဘာသာ ပရဟိတလုပ္ငန္းေတြကို ေအးေအးေဆးေဆး လုပ္ခ်င္ခဲ့တာ ျဖစ္ပါတယ္။

ဒါကေတာ့ Fast & Furious ဇာတ္ကားေတြမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ ဇာတ္ေကာင္ေတြရဲ႕ ကင္မရာေနာက္ကြယ္က အမွတ္တရ ျဖစ္ရပ္ေတြပဲ ျဖစ္ပါတယ္။ စာဖတ္သူတို႔ အမွတ္တရ ရွိခဲ့တဲ့ ဇာတ္ဝင္ခန္းေတြ ရွိရင္လည္း ေျပာျပခဲ့ပါဦး။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular