HomeEntertainmentFilmAvatar ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်ရာအချက်များ 

Avatar ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်ရာအချက်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Avatar ရုပ်ရှင်ဇာတ်ကားဟာ ၂၀၀၉ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (7.8) ရရှိထားပါတယ်။ ဒီဇာတ်ကားဟာ အဲ့ဒီအချိန်တုန်းက အင်မတန် အောင်မြင်ခဲ့တာကြောင့် ဝင်ငွေအများဆုံး ရရှိထားတဲ့ ရုပ်ရှင်ကားတွေစာရင်းမှာ ဒေါ်လာ (၂.၇၉)ဘီလျံနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် Avatar 2 ဟာလည်း ထပ်မံထွက်ရှိလာမှာ ဖြစ်တာကြောင့် သေချာပေါက်ကို စောင့်ကြည့်ရမယ့် ဇာတ်ကားစာရင်းထဲမှာ ပါဝင်ပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ ပထမထွက်ထားတဲ့ Avatar ရုပ်ရှင်နဲ့ ပတ်သက်ပြီး သင်မသိလောက်သေးတဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

Na’vi အစစ်နဲ့ လူသားကို ခွဲခြားနည်း
photo via imdb

ဒီဇာတ်ကားထဲမှာ လူသားတွေနဲ့ ပုံစံဆင်တူပြီး အရပ်ကိုးပေလောက်ရှိတဲ့ အပြာရောင်ဂြိုဟ်သားတွေကိုတော့ Na’vi လို့ ခေါ်ပါတယ်။ ဒါ့အပြင် လူတွေဟာ စက်ပစ္စည်းတွေရဲ့ အကူအညီနဲ့ သူတို့ရဲ့အသိစိတ်ကို အဲ့ဒီဂြိုဟ်သားတွေရဲ့ ခန္ဓာကိုယ်ဆီကို လွှဲပြောင်းလို့ ရပါတယ်။ အဲ့ဒါကြောင့်ပဲ ရုတ်တရက်ကြည့်လိုက်ရင် တကယ့် Na’vi အစစ်နဲ့ လူသားတွေက ထိန်းချုပ်နေတဲ့ Na’vi ကို ခွဲခြားဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒါရိုက်တာ James Cameron ဟာ အဲ့ဒီအတွက်  ကွဲပြားတဲ့အချက်လေးတစ်ခုကို ထည့်သွင်းခဲ့ပါတယ်။

အဲ့ဒါကတော့ တကယ့် Na’vi အစစ်တွေရဲ့ လက်ချောင်းတွေဟာ လေးချောင်းပဲရှိပြီး လူသားတွေ ထိန်းချုပ်နေတဲ့ Na’vi တွေကတော့ လက်ချောင်း ငါးချောင်း ရှိပါတယ်။ ဒါ့အပြင် Na’vi အစစ်တွေရဲ့ မျက်ဆံတွေက လူသားတွေ ထိန်းချုပ်နေတဲ့ Na’vi တွေထက် ပိုပြီးတော့ ကြီးမားပါတယ်။ နောက်ထပ် မတူတဲ့အချက်တစ်ခုကတော့ တကယ့် Na’vi တွေရဲ့ ခြေထောက်မှာလည်း ခြေချောင်း လေးချောင်းပဲ ရှိပါတယ်။

ပထမဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ အောက်ပိုင်းသေနေတဲ့ စစ်သားနဲ့ Na’vi အကြီးအကဲရဲ့ သမီးဖြစ်သူတို့ဟာ Avatar 2 ထဲမှာ သမီးတစ်ယောက် မွေးဖွားလာမယ်လို့ သိရပါတယ်။ သူတို့နှစ်ယောက် ပေါင်းစပ်ထားတာကြောင့် သူတို့ရဲ့သမီးမှာတော့ လက်ချောင်းငါးချောင်းနဲ့ ခြေချောင်းလေးချောင်း ဖြစ်နေမယ်လို့လည်း သိရပါတယ်။

ဒါရိုက်တာ James Cameron ရဲ့ ထူးခြားတဲ့ cameo
photo via jamescameron/facebook

ဒါရိုက်တာအများစုဟာ သူတို့ရိုက်ကူးကြတဲ့ ဇာတ်လမ်းတွေမှာ cameo ပါဝင်လေ့ ရှိကြပေမယ့်လည်း ဒါရိုက်တာ James Cameron ကတော့ တစ်ခြားသူတွေနဲ့ အနည်းငယ်ကွဲပြားပါတယ်။ အကြောင်းကတော့ သူ့ရဲ့ cameo တွေမှာ လူကိုယ်တိုင် သိပ်ပြီးတော့ ပါဝင်လေ့မရှိဘဲ အသံပဲပါဝင်တာကြောင့် ဖြစ်ပါတယ်။ ဥပမာပြောရရင် ၁၉၉၇ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Titanic ဇာတ်ကားမှာဆိုရင် ပန်းချီဆွဲတဲ့အခန်းမှာ ပန်းချီဆွဲနေတဲ့လက်က သူ့ရဲ့လက်ဖြစ်ပါတယ်။ James Cameron ဟာ ဒီလိုမျိုး သိပ်ပြီးမသိသာတဲ့ cameo တွေမှာသာ ပါဝင်လေ့ရှိပါတယ်။

ဒါ့အပြင် ၁၉၈၆ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Aliens ဇာတ်ကားထဲမှာလည်း Alien Queen ရဲ့ ကြောက်ဖို့ကောင်းတဲ့ အော်သံနေရာမှာ ဘယ်လိုအသံကို ထည့်ရမလည်းဆိုပြီး ထုတ်လုပ်ရေးအဖွဲ့သားတွေဟာ အခက်တွေ့နေခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ ဒါရိုက်တာ James Cameron ဟာ အဲ့ဒီအော်သံကို သူကိုယ်တိုင်အော်ပြီးတော့ ထည့်သွင်းခဲ့ပါတယ်။ Terminator 2 ထဲက T-1000 ရဲ့ အရည်ပျော်ကျသွားတဲ့ အသံကလည်း သူ့ရဲ့အသံပဲ ဖြစ်ပါတယ်။ Avatar ထဲမှာတော့ Home Tree ကို လေယာဉ်တွေနဲ့ လာရောက်တိုက်ခိုက်တဲ့အချိန်မှာ အဲ့ဒီထဲက ယာဉ်မောင်းတစ်ယောက်ရဲ့အသံဟာ သူ့ရဲ့အသံ ဖြစ်ပါတယ်။

ဒီဇာတ်ကားထဲက Na’vi တွေရဲ့ ဘာသာစကားဟာ တကယ်တီထွင်ထားတာပါ။
photo via IMDb

ဂြိုဟ်သားတွေတောင်မှ အင်္ဂလိပ်စကားပဲ ပြောဆိုပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားပေါင်းများစွာကို ကြည့်ဖူးကြလိမ့်မယ် ထင်ပါတယ်။ ဒါရိုက်တာ James Cameron ကတော့ ပိုပြီးတော့ သဘာဝဆန်ဆန် ရိုက်ကူးချင်တာကြောင့် ဒီဇာတ်ကားထဲမှာ Na’vi တွေကို သူတို့ရဲ့ကိုယ်ပိုင်ဘာသာနဲ့ ပြောဆိုစေခဲ့ပါတယ်။

အဲ့ဒါကြောင့် Na’vi တွေအတွက် ဘာသာစကားအသစ်တစ်ခုကို ဘာသာဗေဒကျွမ်းကျင်သူ ဒေါက်တာ Paul R. Frommer က ဖန်တီးပေးခဲ့ရပါတယ်။ ဒီဘာသာစကားကို ဖန်တီးပြီးသွားတဲ့အချိန်မှာလည်း သရုပ်ဆောင်တွေဟာ အဲ့ဒီဘာသာစကားကို ခြောက်လလောက် လေ့လာခဲ့ရပြီး ဂြိုဟ်သားတွေရဲ့ ပြောဆိုပုံမျိုး ဖြစ်လာအောင် လေ့ကျင့်ခဲ့ရပါတယ်။ အဲ့ဒီဘာသာစကားကိုတော့ Na’vi ဘာသာစကားလို့ပဲ ခေါ်ပါတယ်။

ဒီဇာတ်ကားထဲက အကောင်တွေရဲ့ အော်သံဟာ Jurassic Park ထဲကအသံတွေ ဖြစ်ပါတယ်။
photo via IMDb

ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့အရာတွေ အကုန်လုံးနီးပါးဟာ ပရိသတ်တွေအတွက် အသစ်အဆန်း ဖြစ်နေပြီးတော့ ပတ်ဝန်းကျင်ပုံစံတွေကလည်း ဇာတ်ကားရဲ့ theme နဲ့ တော်တော်လေး လိုက်ဖက်တယ်လို့‌ ပြောလို့ရပါတယ်။ ဒါ့အပြင် အသံတွေကို ထည့်သွင်းတဲ့အချိန်မှာလည်း James ဟာ ရွေးချယ်မှု မှန်ကန်ခဲ့တယ်လို့ ပြောလို့ရပါတယ်။

ဒီဇာတ်လမ်းရဲ့အစပိုင်းမှာ Jake ဟာ တောထဲကို သွားနေရင်းနဲ့ ခြေလေးချောင်းရှိတဲ့ အကောင်ကြီးနဲ့ တွေ့ခဲ့တဲ့အခန်းကို မှတ်မိကြဦးမယ် ထင်ပါတယ်။ အဲ့ဒီအကောင်ကြီးရဲ့ ဒီဇိုင်းကိုတော့ James ဟာ သူကိုယ်တိုင် အသေးစိတ်ဖန်တီးခဲ့တာ ဖြစ်ပြီး အဲ့ဒီအကောင်ကြီးရဲ့ အော်သံကတော့ Jurassic Park ထဲက T-Rex ရဲ့ အော်သံကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ခြားသတ္တဝါတွေရဲ့ အော်သံတွေကိုလည်း Jurassic Park ထဲက အသံတွေနဲ့ ထည့်သွင်းအသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းကို ၁၉၉၅ခုနှစ်ကတည်းက ဖန်တီးထားခဲ့တာ ဖြစ်ပါတယ်။
photo via IMDb

ဒီဇာတ်လမ်းဟာ ၂၀၀၉ခုနှစ်မှာ ပရိသတ်တွေဆီကို ရောက်လာခဲ့ပေမယ့်လည်း ၂၀၀၂ခုနှစ်ကတည်းက ရိုက်ကူးရေးစဖို့အတွက် ပြင်ဆင်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဇာတ်လမ်းအရ အသုံးပြုရမယ့် နည်းပညာတွေဟာ သိပ်ပြီးတော့ မတိုးတက်သေးတာကြောင့် ၂၀၀၅ခုနှစ်လောက်အထိ စောင့်ဆိုင်းခဲ့ရပါတယ်။

ဒါ့အပြင် ဒီဇာတ်လမ်းကို Titanic ဇာတ်ကား မရိုက်ကူးခင် ၁၉၉၅ခုနှစ်ကတည်းက စတင်ပြီး ဖန်တီးထားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက ဒီလိုဇာတ်လမ်းမျိူးကို ဘယ်စတူဒီယိုကမှ ရိုက်ကူးဖို့ လက်မခံခဲ့ကြတဲ့အပြင် ဒီဇာတ်လမ်းကို ဖန်တီးဖို့ လိုအပ်တဲ့ နည်းပညာတွေကလည်း မရှိသေးပါဘူး။ အဲ့ဒါကြောင့်ပဲ ဒီဇာတ်လမ်းဟာ ပရိသတ်တွေဆီ ရောက်လာဖို့အတွက် (၁၄)နှစ်လောက် ကြာမြင့်ခဲ့ပါတယ်။

ဒါကတော့ Avatar ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာအချက်အချို့ပဲ ဖြစ်ပါတယ်။ ဖတ်ပြီးလို့ သဘောကျတယ်ဆိုရင် ဒီလိုစိတ်ဝင်စားဖွယ်ရာ ရုပ်ရှင်၊ အနုပညာဆောင်းပါးတွေကို ဖတ်ရှုနိုင်ဖို့ ဒီပေ့ချ်လေးကို Like & Follow လုပ်ထားပါလို့ တိုက်တွန်းလိုက်ပါရစေ။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Avatar ႐ုပ္ရွင္ဇာတ္ကားဟာ ၂၀၀၉ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီး IMDb (7.8) ရရွိထားပါတယ္။ ဒီဇာတ္ကားဟာ အဲ့ဒီအခ်ိန္တုန္းက အင္မတန္ ေအာင္ျမင္ခဲ့တာေၾကာင့္ ဝင္ေငြအမ်ားဆုံး ရရွိထားတဲ့ ႐ုပ္ရွင္ကားေတြစာရင္းမွာ ေဒၚလာ (၂.၇၉)ဘီလ်ံနဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။ ဒါ့အျပင္ Avatar 2 ဟာလည္း ထပ္မံထြက္ရွိလာမွာ ျဖစ္တာေၾကာင့္ ေသခ်ာေပါက္ကို ေစာင့္ၾကည့္ရမယ့္ ဇာတ္ကားစာရင္းထဲမွာ ပါဝင္ပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ ပထမထြက္ထားတဲ့ Avatar ႐ုပ္ရွင္နဲ႔ ပတ္သက္ၿပီး သင္မသိေလာက္ေသးတဲ့ အခ်က္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

Na’vi အစစ္နဲ႔ လူသားကို ခြဲျခားနည္း
photo via IMDb

ဒီဇာတ္ကားထဲမွာ လူသားေတြနဲ႔ ပုံစံဆင္တူၿပီး အရပ္ကိုးေပေလာက္ရွိတဲ့ အျပာေရာင္ၿဂိဳဟ္သားေတြကိုေတာ့ Na’vi လို႔ ေခၚပါတယ္။ ဒါ့အျပင္ လူေတြဟာ စက္ပစၥည္းေတြရဲ႕ အကူအညီနဲ႔ သူတို႔ရဲ႕အသိစိတ္ကို အဲ့ဒီၿဂိဳဟ္သားေတြရဲ႕ ခႏၶာကိုယ္ဆီကို လႊဲေျပာင္းလို႔ ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ ႐ုတ္တရက္ၾကည့္လိုက္ရင္ တကယ့္ Na’vi အစစ္နဲ႔ လူသားေတြက ထိန္းခ်ဳပ္ေနတဲ့ Na’vi ကို ခြဲျခားဖို႔ဆိုတာ မလြယ္ကူလွပါဘူး။ ဒါ႐ိုက္တာ James Cameron ဟာ အဲ့ဒီအတြက္  ကြဲျပားတဲ့အခ်က္ေလးတစ္ခုကို ထည့္သြင္းခဲ့ပါတယ္။

အဲ့ဒါကေတာ့ တကယ့္ Na’vi အစစ္ေတြရဲ႕ လက္ေခ်ာင္းေတြဟာ ေလးေခ်ာင္းပဲရွိၿပီး လူသားေတြ ထိန္းခ်ဳပ္ေနတဲ့ Na’vi ေတြကေတာ့ လက္ေခ်ာင္း ငါးေခ်ာင္း ရွိပါတယ္။ ဒါ့အျပင္ Na’vi အစစ္ေတြရဲ႕ မ်က္ဆံေတြက လူသားေတြ ထိန္းခ်ဳပ္ေနတဲ့ Na’vi ေတြထက္ ပိုၿပီးေတာ့ ႀကီးမားပါတယ္။ ေနာက္ထပ္ မတူတဲ့အခ်က္တစ္ခုကေတာ့ တကယ့္ Na’vi ေတြရဲ႕ ေျခေထာက္မွာလည္း ေျခေခ်ာင္း ေလးေခ်ာင္းပဲ ရွိပါတယ္။

ပထမဇာတ္ကားမွာ ပါဝင္ခဲ့တဲ့ ေအာက္ပိုင္းေသေနတဲ့ စစ္သားနဲ႔ Na’vi အႀကီးအကဲရဲ႕ သမီးျဖစ္သူတို႔ဟာ Avatar 2 ထဲမွာ သမီးတစ္ေယာက္ ေမြးဖြားလာမယ္လို႔ သိရပါတယ္။ သူတို႔ႏွစ္ေယာက္ ေပါင္းစပ္ထားတာေၾကာင့္ သူတို႔ရဲ႕သမီးမွာေတာ့ လက္ေခ်ာင္းငါးေခ်ာင္းနဲ႔ ေျခေခ်ာင္းေလးေခ်ာင္း ျဖစ္ေနမယ္လို႔လည္း သိရပါတယ္။

ဒါ႐ိုက္တာ James Cameron ရဲ႕ ထူးျခားတဲ့ cameo
photo via jamescameron/facebook

ဒါ႐ိုက္တာအမ်ားစုဟာ သူတို႔႐ိုက္ကူးၾကတဲ့ ဇာတ္လမ္းေတြမွာ cameo ပါဝင္ေလ့ ရွိၾကေပမယ့္လည္း ဒါ႐ိုက္တာ James Cameron ကေတာ့ တစ္ျခားသူေတြနဲ႔ အနည္းငယ္ကြဲျပားပါတယ္။ အေၾကာင္းကေတာ့ သူ႔ရဲ႕ cameo ေတြမွာ လူကိုယ္တိုင္ သိပ္ၿပီးေတာ့ ပါဝင္ေလ့မရွိဘဲ အသံပဲပါဝင္တာေၾကာင့္ ျဖစ္ပါတယ္။ ဥပမာေျပာရရင္ ၁၉၉၇ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Titanic ဇာတ္ကားမွာဆိုရင္ ပန္းခ်ီဆြဲတဲ့အခန္းမွာ ပန္းခ်ီဆြဲေနတဲ့လက္က သူ႔ရဲ႕လက္ျဖစ္ပါတယ္။ James Cameron ဟာ ဒီလိုမ်ိဳး သိပ္ၿပီးမသိသာတဲ့ cameo ေတြမွာသာ ပါဝင္ေလ့ရွိပါတယ္။

ဒါ့အျပင္ ၁၉၈၆ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Aliens ဇာတ္ကားထဲမွာလည္း Alien Queen ရဲ႕ ေၾကာက္ဖို႔ေကာင္းတဲ့ ေအာ္သံေနရာမွာ ဘယ္လိုအသံကို ထည့္ရမလည္းဆိုၿပီး ထုတ္လုပ္ေရးအဖြဲ႕သားေတြဟာ အခက္ေတြ႕ေနခဲ့ပါတယ္။ ဒါေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ ဒါ႐ိုက္တာ James Cameron ဟာ အဲ့ဒီေအာ္သံကို သူကိုယ္တိုင္ေအာ္ၿပီးေတာ့ ထည့္သြင္းခဲ့ပါတယ္။ Terminator 2 ထဲက T-1000 ရဲ႕ အရည္ေပ်ာ္က်သြားတဲ့ အသံကလည္း သူ႔ရဲ႕အသံပဲ ျဖစ္ပါတယ္။ Avatar ထဲမွာေတာ့ Home Tree ကို ေလယာဥ္ေတြနဲ႔ လာေရာက္တိုက္ခိုက္တဲ့အခ်ိန္မွာ အဲ့ဒီထဲက ယာဥ္ေမာင္းတစ္ေယာက္ရဲ႕အသံဟာ သူ႔ရဲ႕အသံ ျဖစ္ပါတယ္။

ဒီဇာတ္ကားထဲက Na’vi ေတြရဲ႕ ဘာသာစကားဟာ တကယ္တီထြင္ထားတာပါ။
photo via IMDb

ၿဂိဳဟ္သားေတြေတာင္မွ အဂၤလိပ္စကားပဲ ေျပာဆိုၿပီး ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ကားေပါင္းမ်ားစြာကို ၾကည့္ဖူးၾကလိမ့္မယ္ ထင္ပါတယ္။ ဒါ႐ိုက္တာ James Cameron ကေတာ့ ပိုၿပီးေတာ့ သဘာဝဆန္ဆန္ ႐ိုက္ကူးခ်င္တာေၾကာင့္ ဒီဇာတ္ကားထဲမွာ Na’vi ေတြကို သူတို႔ရဲ႕ကိုယ္ပိုင္ဘာသာနဲ႔ ေျပာဆိုေစခဲ့ပါတယ္။

အဲ့ဒါေၾကာင့္ Na’vi ေတြအတြက္ ဘာသာစကားအသစ္တစ္ခုကို ဘာသာေဗဒကြၽမ္းက်င္သူ ေဒါက္တာ Paul R. Frommer က ဖန္တီးေပးခဲ့ရပါတယ္။ ဒီဘာသာစကားကို ဖန္တီးၿပီးသြားတဲ့အခ်ိန္မွာလည္း သ႐ုပ္ေဆာင္ေတြဟာ အဲ့ဒီဘာသာစကားကို ေျခာက္လေလာက္ ေလ့လာခဲ့ရၿပီး ၿဂိဳဟ္သားေတြရဲ႕ ေျပာဆိုပုံမ်ိဳး ျဖစ္လာေအာင္ ေလ့က်င့္ခဲ့ရပါတယ္။ အဲ့ဒီဘာသာစကားကိုေတာ့ Na’vi ဘာသာစကားလို႔ပဲ ေခၚပါတယ္။

ဒီဇာတ္ကားထဲက အေကာင္ေတြရဲ႕ ေအာ္သံဟာ Jurassic Park ထဲကအသံေတြ ျဖစ္ပါတယ္။
photo via IMDb

ဒီဇာတ္ကားထဲမွာ ပါဝင္တဲ့အရာေတြ အကုန္လုံးနီးပါးဟာ ပရိသတ္ေတြအတြက္ အသစ္အဆန္း ျဖစ္ေနၿပီးေတာ့ ပတ္ဝန္းက်င္ပုံစံေတြကလည္း ဇာတ္ကားရဲ႕ theme နဲ႔ ေတာ္ေတာ္ေလး လိုက္ဖက္တယ္လို႔‌ ေျပာလို႔ရပါတယ္။ ဒါ့အျပင္ အသံေတြကို ထည့္သြင္းတဲ့အခ်ိန္မွာလည္း James ဟာ ေ႐ြးခ်ယ္မႈ မွန္ကန္ခဲ့တယ္လို႔ ေျပာလို႔ရပါတယ္။

ဒီဇာတ္လမ္းရဲ႕အစပိုင္းမွာ Jake ဟာ ေတာထဲကို သြားေနရင္းနဲ႔ ေျခေလးေခ်ာင္းရွိတဲ့ အေကာင္ႀကီးနဲ႔ ေတြ႕ခဲ့တဲ့အခန္းကို မွတ္မိၾကဦးမယ္ ထင္ပါတယ္။ အဲ့ဒီအေကာင္ႀကီးရဲ႕ ဒီဇိုင္းကိုေတာ့ James ဟာ သူကိုယ္တိုင္ အေသးစိတ္ဖန္တီးခဲ့တာ ျဖစ္ၿပီး အဲ့ဒီအေကာင္ႀကီးရဲ႕ ေအာ္သံကေတာ့ Jurassic Park ထဲက T-Rex ရဲ႕ ေအာ္သံကို အသုံးျပဳထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ တစ္ျခားသတၱဝါေတြရဲ႕ ေအာ္သံေတြကိုလည္း Jurassic Park ထဲက အသံေတြနဲ႔ ထည့္သြင္းအသုံးျပဳခဲ့တာ ျဖစ္ပါတယ္။

ဒီဇာတ္လမ္းကို ၁၉၉၅ခုႏွစ္ကတည္းက ဖန္တီးထားခဲ့တာ ျဖစ္ပါတယ္။
photo via IMDb

ဒီဇာတ္လမ္းဟာ ၂၀၀၉ခုႏွစ္မွာ ပရိသတ္ေတြဆီကို ေရာက္လာခဲ့ေပမယ့္လည္း ၂၀၀၂ခုႏွစ္ကတည္းက ႐ိုက္ကူးေရးစဖို႔photo via IMDbအတြက္ ျပင္ဆင္ေနခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဇာတ္လမ္းအရ အသုံးျပဳရမယ့္ နည္းပညာေတြဟာ သိပ္ၿပီးေတာ့ မတိုးတက္ေသးတာေၾကာင့္ ၂၀၀၅ခုႏွစ္ေလာက္အထိ ေစာင့္ဆိုင္းခဲ့ရပါတယ္။

ဒါ့အျပင္ ဒီဇာတ္လမ္းကို Titanic ဇာတ္ကား မ႐ိုက္ကူးခင္ ၁၉၉၅ခုႏွစ္ကတည္းက စတင္ၿပီး ဖန္တီးထားခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္တုန္းက ဒီလိုဇာတ္လမ္းမ်ိဴးကို ဘယ္စတူဒီယိုကမွ ႐ိုက္ကူးဖို႔ လက္မခံခဲ့ၾကတဲ့အျပင္ ဒီဇာတ္လမ္းကို ဖန္တီးဖို႔ လိုအပ္တဲ့ နည္းပညာေတြကလည္း မရွိေသးပါဘူး။ အဲ့ဒါေၾကာင့္ပဲ ဒီဇာတ္လမ္းဟာ ပရိသတ္ေတြဆီ ေရာက္လာဖို႔အတြက္ (၁၄)ႏွစ္ေလာက္ ၾကာျမင့္ခဲ့ပါတယ္။

ဒါကေတာ့ Avatar ႐ုပ္ရွင္ဇာတ္ကားနဲ႔ ပတ္သက္တဲ့ စိတ္ဝင္စားစရာအခ်က္အခ်ိဳ႕ပဲ ျဖစ္ပါတယ္။ ဖတ္ၿပီးလို႔ သေဘာက်တယ္ဆိုရင္ ဒီလိုစိတ္ဝင္စားဖြယ္ရာ ႐ုပ္ရွင္၊ အႏုပညာေဆာင္းပါးေတြကို ဖတ္ရႈႏိုင္ဖို႔ ဒီေပ့ခ်္ေလးကို Like & Follow လုပ္ထားပါလို႔ တိုက္တြန္းလိုက္ပါရေစ။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular