HomeEntertainmentFilmJohn Wick ဇာတ်ကားထဲက ခွေးတွေနဲ့ပတ်သက်ပြီး သင်မသိလောက်သေးတဲ့ အချက်များ

John Wick ဇာတ်ကားထဲက ခွေးတွေနဲ့ပတ်သက်ပြီး သင်မသိလောက်သေးတဲ့ အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

John Wick ဇာတ်ကားတွေဟာ အခုချိန်မှာတော့ အားလုံးပေါင်း သုံးကား ထွက်ထားပြီး နောက်ထပ်နှစ်ကားလည်း ထပ်ထွက်ဖို့လည်း ရှိပါတယ်။ ထွက်ခဲ့သမျှ ဇာတ်ကားတွေထဲမှာ ခွေးတွေက မပါမဖြစ် ဖြစ်ပြီးတော့ John Wick ကိုယ်တိုင်ကလည်း သူ့ရဲ့ခွေးအသတ်ခံလိုက်ရတာကြောင့် ဒီဇာတ်လမ်း ဖြစ်ပေါ်လာတာပါ။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ John Wick ဇာတ်ကားတွေထဲက ခွေးတွေအကြောင်း သင်မသိလောက်သေးတဲ့ အကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

John ရဲ့ ခွေးဟာ အသက်ရှင်သန်နိုင်လုနီးပါး ဖြစ်ခဲ့ပါတယ်။
photo via screenrant

John ဟာ ထွက်ထားတဲ့ ရုပ်ရှင်သုံးကားထဲမှာ ခွေးလေးနှစ်ကောင်ကို မွေးခဲ့ဖူးပါတယ်။ ပထမဆုံးခွေးလေးကတော့ Daisy လို့ခေါ်ပြီး ပထမကားမှာ အသတ်ခံလိုက်ရတဲ့ ခွေးလေး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Daisy ဟာ အသက်ရှင်သန်နိုင်လုနီးပါး ဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ ထုတ်လုပ်သူတွေဟာ Daisy ကို မသေချင်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ ထုတ်လုပ်သူတွေဟာ အဲ့လိုမျိူး ခွေးလေးကို သတ်လိုက်ရင် ပရိသတ်တွေကလည်း ဒီဇာတ်လမ်းကို ကြိုက်နှစ်သက်မှာ မဟုတ်တော့ဘူးလို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဒါရိုက်တာကတော့ အဲ့ဒီအကြံကို သဘောမတူဘဲ သတ်ပစ်လိုက်တာ ဖြစ်ပါတယ်။

Daisy ကို ရုပ်ရှင်ရိုက်ဖို့သက်သက် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
photo via screenrant

ဟောလိဝုဒ်ရုပ်ရှင်လောကမှာ လူသရုပ်ဆောင်တွေတင် မဟုတ်ဘဲ ခွေးသရုပ်ဆောင်တွေလည်း ရှိကြပါတယ်။ ဇာတ်လမ်းတွေထဲမှာ အဲ့ဒီခွေးလေးတွေ ပါဝင်သရုပ်ဆောင်နိုင်ဖို့အတွက် လေ့ကျင့်ပေးတဲ့သူတွေလည်း ရှိပါတယ်။ Daisy ဆိုတဲ့ ခွေးလေးဟာ အပြင်မှာတော့ Andy လို့ခေါ်တဲ့ ခွေးသရုပ်ဆောင် ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးတဲ့အချိန်မှာတော့ ရှစ်လသား ဖြစ်နေပြီးတော့ ဒီဇာတ်ကားဟာ သူ့ရဲ့ ပထမဆုံးဇာတ်ကား ဖြစ်ပါတယ်။ ဒါ့အပြင်  ဒီခွေးလေးကိုတော့ John Wick ရုပ်ရှင်ထဲမှာ ပါဝင်ဖို့အတွက် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

ခွေးဖိုက်တာ
photo via screenrant

John ဟာ ပထမဇာတ်ကားအပြီးတော့ Pit-Bull မျိူးဖြစ်တဲ့ နောက်ထပ်ခွေးတစ်ကောင်ကို မွေးခဲ့ပါတယ်။ ဒါ့အပြင် ရုပ်ရှင်ရိုက်နေတဲ့အချိန်မှာ အဲ့လိုမျိူး တိရိစာ္ဆန်တွေနဲ့ ကလေးတွေပါ ပါဝင်ရိုက်ကူးရမယ် ဆိုရင်တော့ ပုံမှန်ရိုက်ကွင်းတွေထက် ပိုပြီးတော့ ခက်ခဲလေ့ရှိပါတယ်။ ဒါပေမယ့်လည်း John Wick 3 ရဲ့ ရိုက်ကွင်းမှာတော့ ပုံမှန်လူတွေ မစဉ်းစားမိလောက်တဲ့ ပြဿနာတစ်ခု ဖြစ်သွားခဲ့ပါတယ်။

အဲ့ဒါကတော့ အဲ့ဒီ Pit-Bull ခွေးဟာ ရုပ်ရှင်ထဲမှာပါဝင်တဲ့ မြင်းကို ရိုက်ကွင်းပေါ်မှာ ရန်သွားစပြီး တိုက်ခိုက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲ့လိုမျိူး တိရိစာ္ဆန်တွေကို လေ့ကျင့်ပေးတဲ့သူတွေနဲ့ ရုပ်ရှင်အဖွဲ့သားတွေလည်း ရှိတာကြောင့် သူတို့နှစ်ယောက်လုံးဟာ ဒဏ်ရာကြီးကြီးမားမား မရသွားကြပါဘူး။

Halle Berry ဟာ ခွေးတွေကို သူကိုယ်တိုင် လေ့ကျင့်ပေးခဲ့တာ ဖြစ်ပါတယ်။
photo via screenrant

John Wick 3 ထဲမှာတော့ Halle Berry ဟာ Sofia ဆိုတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့ပြီး သူနဲ့အတူ တစ်ခြားခွေးနှစ်ကောင်လည်း ဇာတ်လမ်းထဲမှာ ပါဝင်ခဲ့ပါတယ်။ ရုပ်ရှင်ထဲမှာသာ ခွေးနှစ်ကောင်ပဲ ပါဝင်ပေမယ့်လည်း တကယ်တော့ ခွေးငါးကောင်ဟာ အဲ့ဒီနေရာနှစ်ခုမှာ အလှည့်ကျစီ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီခွေးငါးကောင်လုံးကို Halle ဟာ သူကိုယ်တိုင် ရင်းနှီးမှုရအောင် ယူပြီး ရုပ်ရှင်ထဲမှာ ပြုလုပ်ရမယ့် စတန့်တွေကို လေ့ကျင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ခွေးတွေပါဝင်တဲ့ အက်ရှင်ခန်းတွေနဲ့ စတန့်တွေ အကုန်လုံးဟာလည်း CGI သုံးထားတာ မဟုတ်ဘဲ တကယ်လေ့ကျင့်ပြီး ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ရိုက်ကွင်းပေါ်မှာ ကြောင်တွေလည်း ရှိပါတယ်။
photo via screenrant

John Wick 3 ကို ရိုက်ကူးနေတဲ့အချိန်မှာ Halle Berry နဲ့ ရုပ်ရှင်အဖွဲ့သားတွေအတွက် ဒုက္ခအရောက်ဆုံး အရာတစ်ခုကတော့ ခွေးတွေကို လိုက်ထိန်းနေရတာပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ ဒီရုပ်ရှင်ကို Morroco ဆိုတဲ့ နိုင်ငံမှာ ရိုက်ကူးခဲ့တာ ဖြစ်ပြီးတော့ အဲ့ဒီနေရာမှာ လေလွင့်နေတဲ့ ကြောင်တွေအများကြီးရှိကြပါတယ်။ ဒါ့အပြင် အဲ့ဒီကြောင်တွေက ရိုက်ကွင်းနားကို မကြာခဏရောက်လာကြတာကြောင့် ရိုက်ကွင်းပေါ်မှာ ခွေးတွေကို လိုက်ထိန်းနေရတာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ ခွေးတွေကို ထိန်းဖို့အတွက် Halle Berry နဲ့ ရုပ်ရှင်အဖွဲ့သားတွေဟာ တော်တော်လေး ပင်ပန်းခဲ့ကြပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

John Wick ဇာတ္ကားေတြဟာ အခုခ်ိန္မွာေတာ့ အားလုံးေပါင္း သုံးကား ထြက္ထားၿပီး ေနာက္ထပ္ႏွစ္ကားလည္း ထပ္ထြက္ဖို႔လည္း ရွိပါတယ္။ ထြက္ခဲ့သမွ် ဇာတ္ကားေတြထဲမွာ ေခြးေတြက မပါမျဖစ္ ျဖစ္ၿပီးေတာ့ John Wick ကိုယ္တိုင္ကလည္း သူ႔ရဲ႕ေခြးအသတ္ခံလိုက္ရတာေၾကာင့္ ဒီဇာတ္လမ္း ျဖစ္ေပၚလာတာပါ။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ John Wick ဇာတ္ကားေတြထဲက ေခြးေတြအေၾကာင္း သင္မသိေလာက္ေသးတဲ့ အေၾကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

John ရဲ႕ ေခြးဟာ အသက္ရွင္သန္ႏိုင္လုနီးပါး ျဖစ္ခဲ့ပါတယ္။
photo via screenrant

John ဟာ ထြက္ထားတဲ့ ႐ုပ္ရွင္သုံးကားထဲမွာ ေခြးေလးႏွစ္ေကာင္ကို ေမြးခဲ့ဖူးပါတယ္။ ပထမဆုံးေခြးေလးကေတာ့ Daisy လို႔ေခၚၿပီး ပထမကားမွာ အသတ္ခံလိုက္ရတဲ့ ေခြးေလး ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Daisy ဟာ အသက္ရွင္သန္ႏိုင္လုနီးပါး ျဖစ္ခဲ့ပါတယ္။ အေၾကာင္းကေတာ့ ထုတ္လုပ္သူေတြဟာ Daisy ကို မေသခ်င္ခဲ့တာေၾကာင့္ပဲ ျဖစ္ပါတယ္။ ထုတ္လုပ္သူေတြဟာ အဲ့လိုမ်ိဴး ေခြးေလးကို သတ္လိုက္ရင္ ပရိသတ္ေတြကလည္း ဒီဇာတ္လမ္းကို ႀကိဳက္ႏွစ္သက္မွာ မဟုတ္ေတာ့ဘူးလို႔ ယူဆခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း ဒါ႐ိုက္တာကေတာ့ အဲ့ဒီအႀကံကို သေဘာမတူဘဲ သတ္ပစ္လိုက္တာ ျဖစ္ပါတယ္။

Daisy ကို ႐ုပ္ရွင္႐ိုက္ဖို႔သက္သက္ ဝယ္ယူခဲ့တာ ျဖစ္ပါတယ္။
photo via screenrant

ေဟာလိဝုဒ္႐ုပ္ရွင္ေလာကမွာ လူသ႐ုပ္ေဆာင္ေတြတင္ မဟုတ္ဘဲ ေခြးသ႐ုပ္ေဆာင္ေတြလည္း ရွိၾကပါတယ္။ ဇာတ္လမ္းေတြထဲမွာ အဲ့ဒီေခြးေလးေတြ ပါဝင္သ႐ုပ္ေဆာင္ႏိုင္ဖို႔အတြက္ ေလ့က်င့္ေပးတဲ့သူေတြလည္း ရွိပါတယ္။ Daisy ဆိုတဲ့ ေခြးေလးဟာ အျပင္မွာေတာ့ Andy လို႔ေခၚတဲ့ ေခြးသ႐ုပ္ေဆာင္ ျဖစ္ပါတယ္။ ဒီဇာတ္ကားကို ႐ိုက္ကူးတဲ့အခ်ိန္မွာေတာ့ ရွစ္လသား ျဖစ္ေနၿပီးေတာ့ ဒီဇာတ္ကားဟာ သူ႔ရဲ႕ ပထမဆုံးဇာတ္ကား ျဖစ္ပါတယ္။ ဒါ့အျပင္  ဒီေခြးေလးကိုေတာ့ John Wick ႐ုပ္ရွင္ထဲမွာ ပါဝင္ဖို႔အတြက္ ဝယ္ယူခဲ့တာ ျဖစ္ပါတယ္။

ေခြးဖိုက္တာ
photo via screenrant

John ဟာ ပထမဇာတ္ကားအၿပီးေတာ့ Pit-Bull မ်ိဴးျဖစ္တဲ့ ေနာက္ထပ္ေခြးတစ္ေကာင္ကို ေမြးခဲ့ပါတယ္။ ဒါ့အျပင္ ႐ုပ္ရွင္႐ိုက္ေနတဲ့အခ်ိန္မွာ အဲ့လိုမ်ိဴး တိရိစာၦန္ေတြနဲ႔ ကေလးေတြပါ ပါဝင္႐ိုက္ကူးရမယ္ ဆိုရင္ေတာ့ ပုံမွန္႐ိုက္ကြင္းေတြထက္ ပိုၿပီးေတာ့ ခက္ခဲေလ့ရွိပါတယ္။ ဒါေပမယ့္လည္း John Wick 3 ရဲ႕ ႐ိုက္ကြင္းမွာေတာ့ ပုံမွန္လူေတြ မစဥ္းစားမိေလာက္တဲ့ ျပႆနာတစ္ခု ျဖစ္သြားခဲ့ပါတယ္။

အဲ့ဒါကေတာ့ အဲ့ဒီ Pit-Bull ေခြးဟာ ႐ုပ္ရွင္ထဲမွာပါဝင္တဲ့ ျမင္းကို ႐ိုက္ကြင္းေပၚမွာ ရန္သြားစၿပီး တိုက္ခိုက္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲ့လိုမ်ိဴး တိရိစာၦန္ေတြကို ေလ့က်င့္ေပးတဲ့သူေတြနဲ႔ ႐ုပ္ရွင္အဖြဲ႕သားေတြလည္း ရွိတာေၾကာင့္ သူတို႔ႏွစ္ေယာက္လုံးဟာ ဒဏ္ရာႀကီးႀကီးမားမား မရသြားၾကပါဘူး။

Halle Berry ဟာ ေခြးေတြကို သူကိုယ္တိုင္ ေလ့က်င့္ေပးခဲ့တာ ျဖစ္ပါတယ္။
photo via screenrant

John Wick 3 ထဲမွာေတာ့ Halle Berry ဟာ Sofia ဆိုတဲ့ ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ခဲ့ၿပီး သူနဲ႔အတူ တစ္ျခားေခြးႏွစ္ေကာင္လည္း ဇာတ္လမ္းထဲမွာ ပါဝင္ခဲ့ပါတယ္။ ႐ုပ္ရွင္ထဲမွာသာ ေခြးႏွစ္ေကာင္ပဲ ပါဝင္ေပမယ့္လည္း တကယ္ေတာ့ ေခြးငါးေကာင္ဟာ အဲ့ဒီေနရာႏွစ္ခုမွာ အလွည့္က်စီ ပါဝင္သ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ အဲ့ဒီေခြးငါးေကာင္လုံးကို Halle ဟာ သူကိုယ္တိုင္ ရင္းႏွီးမႈရေအာင္ ယူၿပီး ႐ုပ္ရွင္ထဲမွာ ျပဳလုပ္ရမယ့္ စတန႔္ေတြကို ေလ့က်င့္ေပးခဲ့တာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာ ေခြးေတြပါဝင္တဲ့ အက္ရွင္ခန္းေတြနဲ႔ စတန႔္ေတြ အကုန္လုံးဟာလည္း CGI သုံးထားတာ မဟုတ္ဘဲ တကယ္ေလ့က်င့္ၿပီး ႐ိုက္ကူးခဲ့တာ ျဖစ္ပါတယ္။

႐ိုက္ကြင္းေပၚမွာ ေၾကာင္ေတြလည္း ရွိပါတယ္။
photo via screenrant

John Wick 3 ကို ႐ိုက္ကူးေနတဲ့အခ်ိန္မွာ Halle Berry နဲ႔ ႐ုပ္ရွင္အဖြဲ႕သားေတြအတြက္ ဒုကၡအေရာက္ဆုံး အရာတစ္ခုကေတာ့ ေခြးေတြကို လိုက္ထိန္းေနရတာပဲ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ ဒီ႐ုပ္ရွင္ကို Morroco ဆိုတဲ့ ႏိုင္ငံမွာ ႐ိုက္ကူးခဲ့တာ ျဖစ္ၿပီးေတာ့ အဲ့ဒီေနရာမွာ ေလလြင့္ေနတဲ့ ေၾကာင္ေတြအမ်ားႀကီးရွိၾကပါတယ္။ ဒါ့အျပင္ အဲ့ဒီေၾကာင္ေတြက ႐ိုက္ကြင္းနားကို မၾကာခဏေရာက္လာၾကတာေၾကာင့္ ႐ိုက္ကြင္းေပၚမွာ ေခြးေတြကို လိုက္ထိန္းေနရတာပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ေခြးေတြကို ထိန္းဖို႔အတြက္ Halle Berry နဲ႔ ႐ုပ္ရွင္အဖြဲ႕သားေတြဟာ ေတာ္ေတာ္ေလး ပင္ပန္းခဲ့ၾကပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular