HomeCharacterJoker အကြောင်း သင်မသိလောက်သေးတဲ့ စိတ်ဝင်စားစရာ အချက်များ

Joker အကြောင်း သင်မသိလောက်သေးတဲ့ စိတ်ဝင်စားစရာ အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Joker ဟာ ၁၉၄၀ ခုနှစ်ကတည်းက ထွက်ခဲ့တဲ့ Batman #1 ဆိုတဲ့ ကောမစ်မှာကတည်းက စတင်ပြီးတော့ Batman ရဲ့ ဗီလိန်အဖြစ်နဲ့ ပါဝင်ခဲ့ပါတယ်။ DC ကောမစ်ရဲ့ အအောင်မြင်ဆုံး ဟီးရိုးဆိုရင် Superman နဲ့ Batman လို့ ပြောလို့ရပြီးတော့ Batman ရဲ့ဇာတ်လမ်းဆိုရင်တော့ Joker ဟာ မပါမဖြစ်ကို အရေးကြီးတဲ့ ဇာတ်ကောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ DC ရဲ့ဗီလိန်တွေထဲမှာ လူကြိုက်အများဆုံး ဗီလိန်လို့တောင် ပြောလို့ရတဲ့အထိ အောင်မြင်ခဲ့ပြီး အခုချိန်ထိလည်း နာမည်မကျသွားဘဲ အောင်မြင်နေဆဲ ဇာတ်ကောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ သင်မသိလောက်သေးတဲ့ Mr. J ရဲ့အကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

သူ့ရဲ့ origin
photo via screenrant

DC ကောမစ်ထဲက ဇာတ်ကောင်တွေ တော်တော်များများလိုပဲ Joker ရဲ့ origin ကလည်း တစ်ခုတည်းမဟုတ်ဘဲ ပြောင်းလဲနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြောင်းလဲသွားတဲ့ origin တွေက Bill Finger ၊ Lee Schwartz နဲ့ Win Mortimer တို့ဖန်တီးခဲ့ပြီး ၁၉၅၁ ခုနှစ်မှာ ထွက်ခဲ့တဲ့ Detective Comics #168 ထဲက origin ကိုပဲ အခြေခံပြီးတော့ အသေးစိတ်အချက်အလက် အနည်းငယ်ကို ပြန်လည်ပြုပြင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီ origin ကတော့ သူဟာ Red Hood ဆိုတဲ့နာမည်နဲ့ ရာဇဝတ်မှုတွေကို ပြုလုပ်နေပြီး တစ်ရက်မှာတော့ Ace ဓာတုပစ္စည်းစက်ရုံထဲမှာ Batman နဲ့ ထိပ်တိုက်တွေ့မိပါတော့တယ်။ အဲ့ဒါကြောင့်ပဲ သူဟာ Batman ရဲ့လက်က လွတ်အောင် ဓာတုပစ္စည်းတွေ ထည့်ထားတဲ့ ကန်ကြီးထဲကို ခုန်ချလိုက်ပြီးတော့ Joker အဖြစ် ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ origin တော်တော်များများမှာတော့ အဲ့လိုမျိူး ဓာတုပစ္စည်းတွေထည့်ထားတဲ့ ကန်ထဲကို ခုန်ချခဲ့တာကြောင့် သူ့ရဲ့ခန္ဓာကိုယ်ဟာ ပြောင်းလဲသွားခဲ့ပါတယ်။ အဲ့ဒါတွေကတော့ သူ့ရဲ့အသားအရောင်ဟာ အဖြူရောင် ဖြစ်သွားပြီး ဆံပင်တွေကလည်း အစိမ်းရောင်တွေ ဖြစ်သွားတဲ့အပြင် နှုတ်ခမ်းဟာလည်း နီရဲသွားခဲ့ပါတယ်။ အဲ့ဒီကန်ထဲကို ခုန်ချလိုက်လို့ သူ့ကို လုံးဝပြောင်းလဲသွားစေတဲ့ အချက်တစ်ချက်ကတော့ သူ့ရဲ့စိတ်ကိုပါ ထိခိုက်စေပြီးတော့ အခုလိုမျိူး ရူးသွပ်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကောမစ်ထဲက Joker ရဲ့မေးစေ့ဟာ အရမ်းကို ရှည်လျားပြီး ချွန်နေတာ ဘာကြောင့်လည်းဆိုပြီး မေးခဲ့တာတွေ ရှိတာကြောင့် ၂၀၀၇ ခုနှစ်မှာ ထွက်ခဲ့တဲ့ Batman Confidential #7 ထဲမှာ အဲ့လိုဖြစ်သွားတဲ့ အကြောင်းအရင်းကို ပြသခဲ့ပါတယ်။ အဲ့ဒါကတော့ သူဟာ အဲ့ဒီကန်ထဲကို ပြုတ်ကျသွားတဲ့အချိန်မှာ သူ့ရဲ့မေးရိုးဟာ ကျိူးသွားတာကြောင့် အခုလိုဖြစ်သွားခဲ့တာပါ ဆိုပြီး ပြန်လည်ရှင်းပြခဲ့ပါတယ်။

အဆိပ်တွေဟာ သူ့အပေါ်မှာ မသက်ရောက်သလို သူ့ရဲ့ကိုယ်ထဲက သွေးတွေကလည်း အဆိပ်တွေပါ။
photo via screenrant

အပေါ်မှာ ဖော်ပြခဲ့သလို သူဟာ ဓာတုပစ္စည်းတွေကြောင့် သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲသွားတဲ့အပြင် အဲ့ဒီအချက်ကြောင့် ကောင်းကျိူးတွေလည်း ရရှိခဲ့ပါတယ်။ အဲ့ဒါကတော့ အဆိပ်တွေအများစုဟာ သူ့အပေါ်မှာ ဘာသက်ရောက်မှုမှ မရှိတော့တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် နောက်ထပ်အံ့ဩစရာတစ်ခုကတော့ သူ့ရဲ့ကိုယ်ထဲမှာ ရှိနေတဲ့ သွေးတွေကပါ အဆိပ်တွေ ဖြစ်နေတာပါ။ ကောမစ်ထဲမှာဆိုရင် သူ့ရဲ့သွေးကို စုပ်သွားတဲ့ ခြင်ဟာ ချက်ချင်းသေဆုံးသွားခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်က ထွက်ခဲ့တဲ့ Batman & Robin #14 ထဲမှာဆိုရင်လည်း Damian Wayne ဟာ Joker နဲ့တိုက်ခိုက်နေရင်းနဲ့ Joker ရဲ့သွေးအနည်းငယ်ဟာ Damian ပေသွားတာကြောင့် ချက်ချင်းပဲ Damian ဟာ အကြောသေသွားခဲ့ပါတယ်။

သူဟာ Batman ကို လုံးဝရူးသွပ်သွားအောင် ပြုလုပ်ခဲ့ဖူးပါတယ်။
photo via screenrant

နှစ်တွေကြာလာတဲ့အမျှ Batman ရဲ့ဗားရှင်းတွေဟာ အမျိူးမျိူးပြောင်းလဲနေခဲ့ပေမယ့်လည်း ဘယ်ဟာကမှ The Batman Who Laughs လောက် ကြောက်ဖို့ မကောင်းခဲ့ပါဘူး။ အဲ့ဒီအဖြစ်အပျက်ကတော့ Batman ဟာ Joker နဲ့ တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာတော့  သူကိုယ်တိုင်ပါ လုံးဝကို ရူးသွပ်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ Batfamily တစ်ခုလုံးကို သတ်ဖြတ်ပစ်ခဲ့တဲ့အပြင် ဂေါ့သမ်မြို့တစ်ခုလုံးကိုလည်း ဖျက်စီးခဲ့ပါတယ်။

ဒါ့အပြင် Robin သုံးယောက်လုံးကို ဇွန်ဘီတွေအဖြစ် ပြောင်းလဲပြီး ချိန်းကြိုးတွေနဲ့ ချုပ်ထားကာ သူရဲ့ကိုယ်ပိုင် လက်နက်တွေအဖြစ်လည်း အသုံးပြုပါသေးတယ်။ အဲ့ဒီဖြစ်ရပ်တွေကတော့ Dark Knights: Metal ဆိုတဲ့ကောမစ်စီးရီးထဲမှာ ဖြစ်ပျက်ခဲ့တာပါ။ အဲ့လိုမျိူး ဖြစ်ခဲ့တဲ့ အကြောင်းအရင်းကတော့ Joker ဟာ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ Joker Venom တွေကို ထည့်ထားခဲ့ပြီး သူသေသွားခဲ့ရင် အဲ့ဒီအဆိပ်တွေဟာ အလိုလိုထွက်ပေါ်လာအောင် ပြုလုပ်ထားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Batman ဟာ Joker ကို သတ်လိုက်တာကြောင့် အဲ့ဒီအဆိပ်တွေဟာ ထွက်ပေါ်လာပြီး သူ့ကို လုံးဝ ရူးသွပ်သွားစေကာ The Batman Who Laughs ဖြစ်လာစေခဲ့ပါတယ်။

Joker ဟာ တစ်ယောက်တည်း မဟုတ်ပါဘူး။
photo via screenrant

အချိန်တွေ ကြာလာတဲ့အမျှ ကောမစ်ထဲက ဇာတ်လမ်းကို ဖန်တီးတဲ့လူတွေကလည်း ပြောင်းလဲလာခဲ့အပြင် သူတို့တွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူအောင် ကြိုးစားပြီး ဖန်တီးခဲ့ကြပါတယ်။ အဲ့ဒါကြောင့်လည်း ဇာတ်လမ်းတစ်ခုနဲ့ တစ်ခုမှာ Joker ရဲ့ ပုံစံတွေဟာ အနည်းငယ် ကွဲလွဲနေခဲ့ပါတယ်။

ဒါပေမယ့်လည်း DC Rebirth ဆိုတဲ့ ကောမစ်ထဲမှာတော့ ပရိသတ်တွေအတွက် အံ့ဩစရာအဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲ့ဒါကတော့ Batman ဟာ Morbius ထိုင်ခုံကို ရရှိသွားပြီး အဲ့ဒီထိုင်ခုံကနေတစ်ဆင့် တစ်ကမ္ဘာလုံးက အကြောင်းအရာကို သိရှိနိုင်ပါတယ်။ အဲ့ဒါကြောင့်ပဲ Batman ဟာ Joker ဘယ်နှယောက် ရှိလည်းဆိုပြီး မေးလိုက်တဲ့အခါမှာတော့ Joker သုံးယောက်ရှိပါတယ်ဆိုပြီး ပြန်လည်ဖြေကြားခဲ့ပါတယ်။

သူဟာ reality တစ်ခုလုံးကို စိတ်ကြိုက်ပြောင်းလဲနိုင်တဲ့ စွမ်းအားကို ရရှိခဲ့ဖူးပါတယ်။
photo via screenrant

DC ကောမစ်ထဲက တစ်ခြားသူတွေကို အလှည့်စားနိုင်ဆုံး ဇာတ်ကောင်တွေကို ပြပါဆိုရင် Joker ကတော့ မလွှဲမသွေကို ပါဝင်မှာ ဖြစ်ပါတယ်။ Batman အပါအဝင် တစ်ခြားဟီးရိုးတွေအများစုဟာ သူ့ကို ချောင်ပိတ်ထားနိုင်ပြီ ထင်နေတဲ့အချိန်မှာတောင် သူဟာ မမျှော်လင့်ထားတဲ့ လုပ်ရပ်တွေနဲ့ အမြဲတမ်းလိုလို လူတိုင်းကို အံ့ဩစေတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် DC ရဲ့ ဇာတ်ကောင်တွေအများစုဟာ ဇာတ်လမ်းတစ်ခုခုမှာတော့ Joker လှည့်စားတာကို ခံခဲ့ရဖူးပါတယ်။

အဲ့လိုလှည့်စားမှုတွေထဲက အကြီးမားဆုံး ဖြစ်ရပ်တစ်ခုကတော့ သူဟာ Superman ရဲ့ဗီလိန်ဖြစ်သူ Mr. Mxyzptlk ကို လှည့်စားပြီးတော့ reality တစ်ခုလုံးကို စိတ်ကြိုက်ပြောင်းလဲနိုင်တဲ့ စွမ်းအားကို ရသွားအောင် ပြုလုပ်ခဲ့တဲ့ ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ အဲ့ဒီစွမ်းအားတွေ အသုံးပြုပြီးတော့ သူ့ကိုယ်သူ မသေမျိူးတစ်ယောက် ဖြစ်အောင် ပြုလုပ်ခဲ့တဲ့အပြင် ကမ္ဘာကြီးကို ကြီးစိုးခဲ့ပါတယ်။ ဒါ့အပြင် သူဟာ Justice League အဖွဲ့တစ်ခုလုံးကို ဗီလိန်တွေအဖြစ် ပြောင်းလဲခဲ့တဲ့အပြင် Batman ကိုလည်း ဘယ်တော့မှ အဆုံးသတ်မသွားတဲ့ နှိပ်စက်မှုတွေကို ပြုလုပ်နေခဲ့ပါသေးတယ်။

Joker ရဲ့သမီး
photo via screenrant

Joker မှာသာ စိတ်ပူစရာ ကလေးတစ်ယောက် ရှိနေမယ်ဆိုရင် Harley နဲ့ Batman တို့လို လူတွေနဲ့ ဆက်ဆံတဲ့အချိန်မှာတော့ တော်တော်လေးကို တိုင်ပတ်နေမှာ သေချာသလောက်ပါပဲ။ ဒါပေမယ့်လည်း သူဟာ ပုံမှန်လူတစ်ယောက် မဟုတ်တာကြောင့် သူ့မှာ သမီးတစ်ယောက် ရှိခဲ့မယ်ဆိုရင် သူ့ရဲ့သမီးကို အသုံးချပြီး Batman ကို ဒုက္ခပေးဖို့ ကြံစည်မလား ဒါမှမဟုတ် သူ့ရဲ့သမီးကို သူ့လိုမျိူး ဗီလိန်တစ်ယောက် ဖြစ်လာအောင် ပျိူးထောင်မလား ဆိုတဲ့ မေးခွန်းတွေ ရှိလာခဲ့ပါတယ်။ အဲ့ဒါတွေအတွက် အဖြေကတော့ Injustice: Gods Among Us ဆိုတဲ့ ဇာတ်လမ်းထဲမှာ သိခဲ့ရပါတယ်။

အဲ့ဒါကတော့ Harley ဟာ သူနဲ့ Joker နဲ့ ကလေးရခဲ့ဖူးပါတယ်ဆိုပြီး Black Canary ကို ပြောခဲ့တဲ့အချိန်မှာ သိခဲ့ရပါတယ်။ ဒါပေမယ့်လည်း သူမဟာ အဲ့ဒီကလေးအကြောင်းကို Joker မသိအောင် ဖုန်းကွယ်ထားပြီး သူ့ရဲ့ညီအမတစ်ယောက်ဆီကို ပို့ထားခဲ့ပါတယ်လို့လည်း ပြောခဲ့ပါတယ်။ Joker မှာကတော့ Duela Dent လို့ခေါ်တဲ့ သွေးသားမတော်စပ်တဲ့ သမီးတစ်ယောက်ရှိပြီးတော့ သူမဟာလည်း Joker လိုမျိူး နေထိုင်ပြီးတော့ သူ့ကိုယ်သူ Joker ရဲ့သမီးပါ လို့ ပြောလေ့ရှိပါတယ်။ အဲ့ဒါကြောင့် Harley က သူတို့နှစ်ယောက်ရခဲ့တဲ့ ကလေးကို သူတို့လိုမျိူး မဖြစ်စေချင်တာကြောင့် အဲ့လိုမျိူး အဝေးကို ပို့ခဲ့တယ်လို့ ယူဆလို့ရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Joker ဟာ ၁၉၄၀ ခုႏွစ္ကတည္းက ထြက္ခဲ့တဲ့ Batman #1 ဆိုတဲ့ ေကာမစ္မွာကတည္းက စတင္ၿပီးေတာ့ Batman ရဲ႕ ဗီလိန္အျဖစ္နဲ႔ ပါဝင္ခဲ့ပါတယ္။ DC ေကာမစ္ရဲ႕ အေအာင္ျမင္ဆုံး ဟီး႐ိုးဆိုရင္ Superman နဲ႔ Batman လို႔ ေျပာလို႔ရၿပီးေတာ့ Batman ရဲ႕ဇာတ္လမ္းဆိုရင္ေတာ့ Joker ဟာ မပါမျဖစ္ကို အေရးႀကီးတဲ့ ဇာတ္ေကာင္တစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ DC ရဲ႕ဗီလိန္ေတြထဲမွာ လူႀကိဳက္အမ်ားဆုံး ဗီလိန္လို႔ေတာင္ ေျပာလို႔ရတဲ့အထိ ေအာင္ျမင္ခဲ့ၿပီး အခုခ်ိန္ထိလည္း နာမည္မက်သြားဘဲ ေအာင္ျမင္ေနဆဲ ဇာတ္ေကာင္တစ္ေယာက္လည္း ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ သင္မသိေလာက္ေသးတဲ့ Mr. J ရဲ႕အေၾကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

သူ႔ရဲ႕ origin
photo via screenrant

DC ေကာမစ္ထဲက ဇာတ္ေကာင္ေတြ ေတာ္ေတာ္မ်ားမ်ားလိုပဲ Joker ရဲ႕ origin ကလည္း တစ္ခုတည္းမဟုတ္ဘဲ ေျပာင္းလဲေနခဲ့ပါတယ္။ ဒါေပမယ့္လည္း ေျပာင္းလဲသြားတဲ့ origin ေတြက Bill Finger ၊ Lee Schwartz နဲ႔ Win Mortimer တို႔ဖန္တီးခဲ့ၿပီး ၁၉၅၁ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Detective Comics #168 ထဲက origin ကိုပဲ အေျခခံၿပီးေတာ့ အေသးစိတ္အခ်က္အလက္ အနည္းငယ္ကို ျပန္လည္ျပဳျပင္ခဲ့ၾကတာ ျဖစ္ပါတယ္။ အဲ့ဒီ origin ကေတာ့ သူဟာ Red Hood ဆိုတဲ့နာမည္နဲ႔ ရာဇဝတ္မႈေတြကို ျပဳလုပ္ေနၿပီး တစ္ရက္မွာေတာ့ Ace ဓာတုပစၥည္းစက္႐ုံထဲမွာ Batman နဲ႔ ထိပ္တိုက္ေတြ႕မိပါေတာ့တယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ Batman ရဲ႕လက္က လြတ္ေအာင္ ဓာတုပစၥည္းေတြ ထည့္ထားတဲ့ ကန္ႀကီးထဲကို ခုန္ခ်လိုက္ၿပီးေတာ့ Joker အျဖစ္ ေျပာင္းလဲသြားခဲ့တာ ျဖစ္ပါတယ္။

သူ႔ရဲ႕ origin ေတာ္ေတာ္မ်ားမ်ားမွာေတာ့ အဲ့လိုမ်ိဴး ဓာတုပစၥည္းေတြထည့္ထားတဲ့ ကန္ထဲကို ခုန္ခ်ခဲ့တာေၾကာင့္ သူ႔ရဲ႕ခႏၶာကိုယ္ဟာ ေျပာင္းလဲသြားခဲ့ပါတယ္။ အဲ့ဒါေတြကေတာ့ သူ႔ရဲ႕အသားအေရာင္ဟာ အျဖဴေရာင္ ျဖစ္သြားၿပီး ဆံပင္ေတြကလည္း အစိမ္းေရာင္ေတြ ျဖစ္သြားတဲ့အျပင္ ႏႈတ္ခမ္းဟာလည္း နီရဲသြားခဲ့ပါတယ္။ အဲ့ဒီကန္ထဲကို ခုန္ခ်လိုက္လို႔ သူ႔ကို လုံးဝေျပာင္းလဲသြားေစတဲ့ အခ်က္တစ္ခ်က္ကေတာ့ သူ႔ရဲ႕စိတ္ကိုပါ ထိခိုက္ေစၿပီးေတာ့ အခုလိုမ်ိဴး ႐ူးသြပ္သြားခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ ေကာမစ္ထဲက Joker ရဲ႕ေမးေစ့ဟာ အရမ္းကို ရွည္လ်ားၿပီး ခြၽန္ေနတာ ဘာေၾကာင့္လည္းဆိုၿပီး ေမးခဲ့တာေတြ ရွိတာေၾကာင့္ ၂၀၀၇ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Batman Confidential #7 ထဲမွာ အဲ့လိုျဖစ္သြားတဲ့ အေၾကာင္းအရင္းကို ျပသခဲ့ပါတယ္။ အဲ့ဒါကေတာ့ သူဟာ အဲ့ဒီကန္ထဲကို ျပဳတ္က်သြားတဲ့အခ်ိန္မွာ သူ႔ရဲ႕ေမး႐ိုးဟာ က်ိဴးသြားတာေၾကာင့္ အခုလိုျဖစ္သြားခဲ့တာပါ ဆိုၿပီး ျပန္လည္ရွင္းျပခဲ့ပါတယ္။

အဆိပ္ေတြဟာ သူ႔အေပၚမွာ မသက္ေရာက္သလို သူ႔ရဲ႕ကိုယ္ထဲက ေသြးေတြကလည္း အဆိပ္ေတြပါ။
photo via screenrant

အေပၚမွာ ေဖာ္ျပခဲ့သလို သူဟာ ဓာတုပစၥည္းေတြေၾကာင့္ သူ႔ရဲ႕႐ုပ္ပိုင္းဆိုင္ရာေရာ စိတ္ပိုင္းဆိုင္ရာ ေျပာင္းလဲသြားတဲ့အျပင္ အဲ့ဒီအခ်က္ေၾကာင့္ ေကာင္းက်ိဴးေတြလည္း ရရွိခဲ့ပါတယ္။ အဲ့ဒါကေတာ့ အဆိပ္ေတြအမ်ားစုဟာ သူ႔အေပၚမွာ ဘာသက္ေရာက္မႈမွ မရွိေတာ့တာပဲ ျဖစ္ပါတယ္။

ဒါ့အျပင္ ေနာက္ထပ္အံ့ဩစရာတစ္ခုကေတာ့ သူ႔ရဲ႕ကိုယ္ထဲမွာ ရွိေနတဲ့ ေသြးေတြကပါ အဆိပ္ေတြ ျဖစ္ေနတာပါ။ ေကာမစ္ထဲမွာဆိုရင္ သူ႔ရဲ႕ေသြးကို စုပ္သြားတဲ့ ျခင္ဟာ ခ်က္ခ်င္းေသဆုံးသြားခဲ့ပါတယ္။ ၂၀၁၀ ခုႏွစ္က ထြက္ခဲ့တဲ့ Batman & Robin #14 ထဲမွာဆိုရင္လည္း Damian Wayne ဟာ Joker နဲ႔တိုက္ခိုက္ေနရင္းနဲ႔ Joker ရဲ႕ေသြးအနည္းငယ္ဟာ Damian ေပသြားတာေၾကာင့္ ခ်က္ခ်င္းပဲ Damian ဟာ အေၾကာေသသြားခဲ့ပါတယ္။

သူဟာ Batman ကို လုံးဝ႐ူးသြပ္သြားေအာင္ ျပဳလုပ္ခဲ့ဖူးပါတယ္။
photo via screenrant

ႏွစ္ေတြၾကာလာတဲ့အမွ် Batman ရဲ႕ဗားရွင္းေတြဟာ အမ်ိဴးမ်ိဴးေျပာင္းလဲေနခဲ့ေပမယ့္လည္း ဘယ္ဟာကမွ The Batman Who Laughs ေလာက္ ေၾကာက္ဖို႔ မေကာင္းခဲ့ပါဘူး။ အဲ့ဒီအျဖစ္အပ်က္ကေတာ့ Batman ဟာ Joker နဲ႔ တိုက္ခိုက္ခဲ့ၿပီးတဲ့ေနာက္မွာေတာ့  သူကိုယ္တိုင္ပါ လုံးဝကို ႐ူးသြပ္သြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ Batfamily တစ္ခုလုံးကို သတ္ျဖတ္ပစ္ခဲ့တဲ့အျပင္ ေဂါ့သမ္ၿမိဳ႕တစ္ခုလုံးကိုလည္း ဖ်က္စီးခဲ့ပါတယ္။

ဒါ့အျပင္ Robin သုံးေယာက္လုံးကို ဇြန္ဘီေတြအျဖစ္ ေျပာင္းလဲၿပီး ခ်ိန္းႀကိဳးေတြနဲ႔ ခ်ဳပ္ထားကာ သူရဲ႕ကိုယ္ပိုင္ လက္နက္ေတြအျဖစ္လည္း အသုံးျပဳပါေသးတယ္။ အဲ့ဒီျဖစ္ရပ္ေတြကေတာ့ Dark Knights: Metal ဆိုတဲ့ေကာမစ္စီးရီးထဲမွာ ျဖစ္ပ်က္ခဲ့တာပါ။ အဲ့လိုမ်ိဴး ျဖစ္ခဲ့တဲ့ အေၾကာင္းအရင္းကေတာ့ Joker ဟာ သူ႔ရဲ႕ခႏၶာကိုယ္ထဲမွာ Joker Venom ေတြကို ထည့္ထားခဲ့ၿပီး သူေသသြားခဲ့ရင္ အဲ့ဒီအဆိပ္ေတြဟာ အလိုလိုထြက္ေပၚလာေအာင္ ျပဳလုပ္ထားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Batman ဟာ Joker ကို သတ္လိုက္တာေၾကာင့္ အဲ့ဒီအဆိပ္ေတြဟာ ထြက္ေပၚလာၿပီး သူ႔ကို လုံးဝ ႐ူးသြပ္သြားေစကာ The Batman Who Laughs ျဖစ္လာေစခဲ့ပါတယ္။

Joker ဟာ တစ္ေယာက္တည္း မဟုတ္ပါဘူး။
photo via screenrant

အခ်ိန္ေတြ ၾကာလာတဲ့အမွ် ေကာမစ္ထဲက ဇာတ္လမ္းကို ဖန္တီးတဲ့လူေတြကလည္း ေျပာင္းလဲလာခဲ့အျပင္ သူတို႔ေတြဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ မတူေအာင္ ႀကိဳးစားၿပီး ဖန္တီးခဲ့ၾကပါတယ္။ အဲ့ဒါေၾကာင့္လည္း ဇာတ္လမ္းတစ္ခုနဲ႔ တစ္ခုမွာ Joker ရဲ႕ ပုံစံေတြဟာ အနည္းငယ္ ကြဲလြဲေနခဲ့ပါတယ္။

ဒါေပမယ့္လည္း DC Rebirth ဆိုတဲ့ ေကာမစ္ထဲမွာေတာ့ ပရိသတ္ေတြအတြက္ အံ့ဩစရာအျဖစ္အပ်က္တစ္ခု ျဖစ္ခဲ့ပါတယ္။ အဲ့ဒါကေတာ့ Batman ဟာ Morbius ထိုင္ခုံကို ရရွိသြားၿပီး အဲ့ဒီထိုင္ခုံကေနတစ္ဆင့္ တစ္ကမာၻလုံးက အေၾကာင္းအရာကို သိရွိႏိုင္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Batman ဟာ Joker ဘယ္ႏွေယာက္ ရွိလည္းဆိုၿပီး ေမးလိုက္တဲ့အခါမွာေတာ့ Joker သုံးေယာက္ရွိပါတယ္ဆိုၿပီး ျပန္လည္ေျဖၾကားခဲ့ပါတယ္။

သူဟာ reality တစ္ခုလုံးကို စိတ္ႀကိဳက္ေျပာင္းလဲႏိုင္တဲ့ စြမ္းအားကို ရရွိခဲ့ဖူးပါတယ္။
photo via screenrant

DC ေကာမစ္ထဲက တစ္ျခားသူေတြကို အလွည့္စားႏိုင္ဆုံး ဇာတ္ေကာင္ေတြကို ျပပါဆိုရင္ Joker ကေတာ့ မလႊဲမေသြကို ပါဝင္မွာ ျဖစ္ပါတယ္။ Batman အပါအဝင္ တစ္ျခားဟီး႐ိုးေတြအမ်ားစုဟာ သူ႔ကို ေခ်ာင္ပိတ္ထားႏိုင္ၿပီ ထင္ေနတဲ့အခ်ိန္မွာေတာင္ သူဟာ မေမွ်ာ္လင့္ထားတဲ့ လုပ္ရပ္ေတြနဲ႔ အၿမဲတမ္းလိုလို လူတိုင္းကို အံ့ဩေစတဲ့ သူတစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါ့အျပင္ DC ရဲ႕ ဇာတ္ေကာင္ေတြအမ်ားစုဟာ ဇာတ္လမ္းတစ္ခုခုမွာေတာ့ Joker လွည့္စားတာကို ခံခဲ့ရဖူးပါတယ္။

အဲ့လိုလွည့္စားမႈေတြထဲက အႀကီးမားဆုံး ျဖစ္ရပ္တစ္ခုကေတာ့ သူဟာ Superman ရဲ႕ဗီလိန္ျဖစ္သူ Mr. Mxyzptlk ကို လွည့္စားၿပီးေတာ့ reality တစ္ခုလုံးကို စိတ္ႀကိဳက္ေျပာင္းလဲႏိုင္တဲ့ စြမ္းအားကို ရသြားေအာင္ ျပဳလုပ္ခဲ့တဲ့ ျဖစ္ရပ္ပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ အဲ့ဒီစြမ္းအားေတြ အသုံးျပဳၿပီးေတာ့ သူ႔ကိုယ္သူ မေသမ်ိဴးတစ္ေယာက္ ျဖစ္ေအာင္ ျပဳလုပ္ခဲ့တဲ့အျပင္ ကမာၻႀကီးကို ႀကီးစိုးခဲ့ပါတယ္။ ဒါ့အျပင္ သူဟာ Justice League အဖြဲ႕တစ္ခုလုံးကို ဗီလိန္ေတြအျဖစ္ ေျပာင္းလဲခဲ့တဲ့အျပင္ Batman ကိုလည္း ဘယ္ေတာ့မွ အဆုံးသတ္မသြားတဲ့ ႏွိပ္စက္မႈေတြကို ျပဳလုပ္ေနခဲ့ပါေသးတယ္။

Joker ရဲ႕သမီး
photo via screenrant

Joker မွာသာ စိတ္ပူစရာ ကေလးတစ္ေယာက္ ရွိေနမယ္ဆိုရင္ Harley နဲ႔ Batman တို႔လို လူေတြနဲ႔ ဆက္ဆံတဲ့အခ်ိန္မွာေတာ့ ေတာ္ေတာ္ေလးကို တိုင္ပတ္ေနမွာ ေသခ်ာသေလာက္ပါပဲ။ ဒါေပမယ့္လည္း သူဟာ ပုံမွန္လူတစ္ေယာက္ မဟုတ္တာေၾကာင့္ သူ႔မွာ သမီးတစ္ေယာက္ ရွိခဲ့မယ္ဆိုရင္ သူ႔ရဲ႕သမီးကို အသုံးခ်ၿပီး Batman ကို ဒုကၡေပးဖို႔ ႀကံစည္မလား ဒါမွမဟုတ္ သူ႔ရဲ႕သမီးကို သူ႔လိုမ်ိဴး ဗီလိန္တစ္ေယာက္ ျဖစ္လာေအာင္ ပ်ိဴးေထာင္မလား ဆိုတဲ့ ေမးခြန္းေတြ ရွိလာခဲ့ပါတယ္။ အဲ့ဒါေတြအတြက္ အေျဖကေတာ့ Injustice: Gods Among Us ဆိုတဲ့ ဇာတ္လမ္းထဲမွာ သိခဲ့ရပါတယ္။

အဲ့ဒါကေတာ့ Harley ဟာ သူနဲ႔ Joker နဲ႔ ကေလးရခဲ့ဖူးပါတယ္ဆိုၿပီး Black Canary ကို ေျပာခဲ့တဲ့အခ်ိန္မွာ သိခဲ့ရပါတယ္။ ဒါေပမယ့္လည္း သူမဟာ အဲ့ဒီကေလးအေၾကာင္းကို Joker မသိေအာင္ ဖုန္းကြယ္ထားၿပီး သူ႔ရဲ႕ညီအမတစ္ေယာက္ဆီကို ပို႔ထားခဲ့ပါတယ္လို႔လည္း ေျပာခဲ့ပါတယ္။ Joker မွာကေတာ့ Duela Dent လို႔ေခၚတဲ့ ေသြးသားမေတာ္စပ္တဲ့ သမီးတစ္ေယာက္ရွိၿပီးေတာ့ သူမဟာလည္း Joker လိုမ်ိဴး ေနထိုင္ၿပီးေတာ့ သူ႔ကိုယ္သူ Joker ရဲ႕သမီးပါ လို႔ ေျပာေလ့ရွိပါတယ္။ အဲ့ဒါေၾကာင့္ Harley က သူတို႔ႏွစ္ေယာက္ရခဲ့တဲ့ ကေလးကို သူတို႔လိုမ်ိဴး မျဖစ္ေစခ်င္တာေၾကာင့္ အဲ့လိုမ်ိဴး အေဝးကို ပို႔ခဲ့တယ္လို႔ ယူဆလို႔ရပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular