HomeCharacterSinister Six အဖွဲ့နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာအချက်များ

Sinister Six အဖွဲ့နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာအချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Spider-Man ဟာလည်း ကောမစ်ထဲမှာ ခေတ်အဆက်ဆက် ဗီလိန်ပေါင်းစုံနဲ့ ရင်ဆိုင်ခဲ့ပြီး အနိုင်ယူခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ သူ့ရဲ့ဗီလိန်တစ်ချို့ဟာ တစ်ယောက်ချင်းဆိုရင် အနိုင်မယူနိုင်တာကို သိတာကြောင့် ဗီလိန်တွေ စုပြီးတော့ Sinister Six ဆိုတဲ့ အဖွဲ့ကို တည်ထောင်ခဲ့ကြပါတယ်။ ဒီအဖွဲ့နဲ့ ပတ်သက်ပြီး ရုပ်ရှင်တွေထဲမှာ ပြသထားတာ မရှိပေမယ့်လည်း နောက်ထပ်ထွက်လာမယ့် တတိယမြောက် Spider-Man ဇာတ်ကားထဲမှာ ပါဝင်လာမယ်လို့တော့ သတင်းထွက်နေပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါတော့ Sinister Six အဖွဲ့အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

First Appearance
photo via cbr

၁၉၆၄ ခုနှစ်မှာ ထွက်ခဲ့တဲ့ Amazing Spider-Man Annual #1 ဆိုတဲ့ ကောမစ်မှာ စတင်ပြီးတော့ Sinister Six အဖွဲ့ဟာ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီထဲမှာတော့ Doctor Octopus ဟာ ထောင်ဖောက်ထွက်လာပြီးတော့ သူဟာ Spidey ကို အနိုင်ယူဖို့အတွက် နည်းလမ်းကို စဉ်းစားနေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ သူသိလိုက်ရတာက တစ်ယောက်ချင်းဆိုရင် နိုင်ဖို့ဆိုတာ မလွယ်ကူတာကြောင့် Spidey နဲ့ ရင်ဆိုင်ခဲ့ဖူးတဲ့ တစ်ခြားဗီလိန်ငါးယောက်ကို စုစည်းပြီး အဖွဲ့ဖွဲ့လိုက်ကြပါတယ်။

အဖွဲ့ဝင်တွေကတော့ Doctor Octopus ၊ Electro ၊ Vulture ၊ Sandman ၊ Mysterio နဲ့ Kraven the Hunter တို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Aunt May နဲ့ Spidey ရဲ့ရည်းစားဖြစ်သူ Betty Brant တို့ကို ဓားစာခံအဖြစ်ဖမ်းကာ Spidey နဲ့ တိုက်ခိုက်ပါတော့တယ်။ ဒါပေမယ့်လည်း Spidey ဟာ တစ်ယောက်ချင်းစီကို နည်းအမျိူးမျိူးနဲ့ တိုက်ခိုက်နိုင်ခဲ့ပြီး အနိုင်ယူနိုင်ခဲ့တာကြောင့်ပဲ Sinister Six အဖွဲ့ဟာ ပြိုကွဲသွားခဲ့ပါတယ်။

နောက်ထပ် (၂၅) နှစ်ကြာတဲ့အခါမှာတော့ အဖွဲ့ဝင်တွေဟာ ပြန်လည်စုစည်းခဲ့ပါတယ်။
photo via cbr

Amazing Spider-Man Annual #1 ရဲ့အဆုံးမှာတော့ Sinister Six အဖွဲ့ဟာ ကွဲသွားကြပြီး နောက်ထပ် (၂၅) နှစ်ကြာတဲ့အချိန်မှာတော့ Amazing Spider-Man Annual #334 ဆိုတဲ့ကောမစ်မှာ သူတို့တွေဟာ ပြန်လည်စုစည်းခဲ့ကြပါတယ်။ ပထမတစ်ခေါက်နဲ့ မတူတဲ့အချက်ကတော့ ဒီတစ်ကြိမ်မှာတော့ သူတို့တွေဟာ အားလုံးပေါင်းပြီး Spidey ကို တိုက်ခိုက်ဖို့အတွက် စီစဉ်ကြပါတော့တယ်။

ဒါပေမယ့်လည်း Doctor Octopus ရဲ့ သစ္စာဖောက်မှုကြောင့်ပဲ သူတို့တွေဟာ နောက်ထပ်တစ်ကြိမ် အဖွဲ့ကွဲသွားပါသေးတယ်။ အဲ့ဒါကြောင့်ပဲ တစ်ခြားအဖွဲ့ဝင်တွေဟာ Spidey နဲ့ ပူးပေါင်းပြီးတော့ ဘုံရန်သူဖြစ်တဲ့ Doctor Octopus ကို တိုက်ခိုက်ပါတော့တယ်။ သူတို့အဖွဲ့ဟာ အကြာကြီးတော့ မပြိုကွဲတော့ဘဲ နောက်ပိုင်းမှာ ပြန်လည်ပေါင်းစည်းပြီး Spidey ကို တိုက်ခိုက်ဖို့အတွက် စီစဉ်ကြပါတော့တယ်။

အချိန်တွေကြာလာတာနဲ့အမျှ အဖွဲ့ဝင်တွေလည်း ပြောင်းလဲလာခဲ့ပါတယ်။
photo via cbr

Marvel ဟီးရိုးတွေထဲက ဗီလိန်အများဆုံးရှိတဲ့ ဟီးရိုးတွေထဲမှာ Spidey လည်း ပါဝင်ပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ရဲ့ဗီလိန်တွေအများစုဟာ Sinister Six အဖွဲ့ထဲကို ဝင်ချင်နေကြတာကြောင့် အဖွဲ့ဝင်တွေဟာလည်း ပြောင်းလဲနေခဲ့ပါတယ်။ ပထမဆုံးတော့ Hobgoblin က အဖွဲ့ထဲကို ဝင်ရောက်ခဲ့ပြီး အဖွဲ့ဝင်ဘယ်နယောက်ပဲ ဆုံးရှုံးနေပါစေ နောက်ထပ်အသစ်ဝင်ဖို့အတွက် စောင့်စားနေသူတွေလည်း ရှိပါတယ်။ Beetle ၊ Shocker ၊ Chameleon ၊ Venom ၊ Green Goblin ၊ Rhino ၊ Hydro-Man ၊ Lizard နဲ့ Boomerang တို့လို ဗီလိန်တွေလည်း Sinister Six ထဲကို ဝင်ရောက်ခဲ့ဖူးပါတယ်။

Sinister Seven ၊ Twelve ၊ Sixteen နဲ့ Sixty-Six  တို့တောင် ရှိပါသေးတယ်။
photo via cbr

ဗီလိန်ခြောက်ယောက်တည်းနဲ့တောင် ဒီအဖွဲ့ဟာ ကြမ်းနေတယ်ဆိုရင် အဖွဲ့ဝင်တွေများလာရင် ပိုပြီးတော့ ကြမ်းလာမှာ အသေအချာပဲ ဖြစ်ပါတယ်။ ပထမဆုံးအဖွဲ့ဝင်ခြောက်ယောက်အပြင် Hobgoblin ပါ အဖွဲ့ထဲကို ဝင်ရောက်လာပြီးတော့ Sinister Seven ဖြစ်လာကာ Spider-Man ကလုံးကို တိုက်ခိုက်ခဲ့ကြပါတယ်။

အဲ့ဒီနောက်မှာ‌တော့ သူတို့အဖွဲ့ဟာ (၇) ယောက်တည်းနဲ့ ရပ်တည့်မနေဘဲ တစ်ခြားဗီလိန်တွေကိုပါ ထည့်သွင်းပြီးတော့ Norman Osborn ဟာ Sinister Twelve ကို ဖန်တီးခဲ့ပါတယ်။ Sinister Sixteen မှာတော့ လူသိပ်မသိတဲ့ ဗီလိန်တွေဖြစ်တဲ့ The Living Brain ၊ The Kangaroo နဲ့ Man-Mountain Marko တို့ပါ ပါဝင်ခဲ့ပါတယ်။ Sinister Sixty-Six ထဲမှာတော့ တကယ့်ဗီလိန်အစစ်တွေတောင် မပါဝင်တော့ဘဲ Mojo ဖန်တီးထားတဲ့ ဟော်လိုဂရမ်တွေနဲ့ Spidey ကို တိုက်ခိုက်စေခဲ့ပါတယ်။

Avengers တွေနဲ့ X-Men တွေကလည်း Sinister Six အဖွဲ့ဝင်တွေ ဖြစ်ခဲ့ဖူးပါတယ်။
photo via cbr

Ends of the Earth ဆိုတဲ့ကောမစ်ထဲမှာတော့ Doctor Octopus ကမ္ဘာပျက်စေမယ့် စက်ပစ္စည်းတစ်ခုကို အသုံးပြုပြီးတော့ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Avengers တွေဟာ သူ့ကို တိုက်ခိုက်ဖို့အတွက် လာတဲ့အချိန်မှာတော့ Sinister Six အဖွဲ့ဝင်တွေဟာ သူတို့တွေကို မောပန်းသွားတဲ့အထိ တိုက်ခိုက်ခဲ့ကြပါတယ်။ Spidey ရောက်လာတဲ့အချိန်မှာတော့ Doctor Octopus ဟာ Avengers တွေရဲ့ စိတ်ကိုထိန်းချုပ်ထားပြီး Sinister Six အဖွဲ့ရဲ့ ဗားရှင်းအသစ်အဖြစ် ပြုလုပ်ထားတာကို တွေ့လိုက်ရပါတယ်။

Spider-Man and the X-Men ဆိုတဲ့ ကောမစ်စီးရီးထဲမှာတော့ Spidey ဟာ X-Men တွေကို သင်ပေးတဲ့ ဆရာတစ်ယောက် ဖြစ်နေပါတယ်။ အဲ့ဒီအချိန်မှာတော့ Mr. Sinister ဟာ X-Men တွေကို သူ့ရဲ့ကလုံးတွေနဲ့ တိုက်ခိုက်ခိုင်းခဲ့ပေမယ့်လည်း ရှုံးနိမ့်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ နောက်ပိုင်းမှာတော့ အကြံရသွားပြီး အနိုင်ရသွားတဲ့သူတွေကို ကလုံးပြုလုပ်ကာ သူ့ရဲ့ဆန္ဒအတိုင်း ခိုင်းစေခဲ့ပါတယ်။ အဲ့ဒီကလုံးတွေကတော့ Beast ၊ Iceman ၊ Firestar ၊ Nightcrawler ၊ Storm နဲ့ Wolverine တို့ပဲ ဖြစ်ပြီး အဲ့ဒီကလုံးခြောက်ယောက်ကို Sinister Six အဖြစ် သတ်မှတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူတို့တွေဟာ Spidey နဲ့ Spidey ရဲ့တပည့်တွေကို တိုက်ခိုက်ခဲ့ကြတာပြီး နောက်ဆုံးမှာတော့ အဲ့ဒီကလုံးတွေဟာ ဓာတ်ခွဲခန်းထဲမှာ မီးလောင်ပြီးတော့ သေဆုံးသွားခဲ့ပါတယ်။

Sinister Six ဟာ လူကောင်းတွေလည်း ဖြစ်ခဲ့ဖူးပါသေးတယ်။
photo via cbr

ဒီဇာတ်လမ်းကတော့ Superior Spider-Man ဆိုတဲ့ကောမစ်စီးရီးထဲမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အစမှာတော့ Doctor Octopus ဟာ သေခါနီးဖြစ်နေတာကြောင့် သူ့ရဲ့အသိစိတ်ကို သေဆုံးသွားတဲ့ Peter Parker ရဲ့ခန္ဓာကိုယ်ထဲကို လွှဲပြောင်းခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Doctor Octopus ဟာ သူ့ရဲ့ ဘဝအသစ်ကို ဒုစရိုက်မှုတွေမလုပ်တော့ဘဲ Peter ရဲ့မှတ်ဉာဏ်တွေဟာ သူ့ကို ပြောင်းလဲသွားစေခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ Peter ထက်ရော Spider-Man ထက်ရော သာလွန်တဲ့ စူပါဟီးရိုးတစ်ယောက် ဖြစ်လာစေရမယ် ဆိုပြီးတော့ Superior Spider-Man ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ Boomerang ဦးဆောင်ထားတဲ့ Sinister Six အဖွဲ့ကို တိုက်ခိုက်ခဲ့ပြီး Sinister Six ကို သူကိုယ်တိုင်ဦးဆောင်ဖို့အတွက် အကြံရသွားပါတယ်။

သူဟာ Sinister Six အဖွဲ့ဝင်တွေရဲ့ စိတ်ကို ထိန်းချုပ်ခဲ့ပြီး Superior Six အနေနဲ့ သူ့ရဲ့ဦးဆောင်မှုအောက်မှာ ဒုစရိုက်မှုတွေကို တိုက်ဖျက်စေခဲ့ပါတယ်။ Lightmaster လို့ခေါ်တဲ့ ဗီလိန်တစ်ယောက်ဟာ သူ့ရဲ့စွမ်းအားတွေကို ပိုပြီးတော့ တိုးတက်စေတဲ့ ပစ္စည်းတစ်ခုကို ခိုးယူသွားတဲ့အချိန်မှာတော့ Doctor Octopus ရဲ့ Superior Six အဖွဲ့ဟာ ပထမဆုံးမစ်ရှင်ကို စတင်ဆောင်ရွက်ခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့တွေဟာ Lightmaster ကို တိုက်ခိုက်ခဲ့ကြပြီး နောက်ပိုင်းမှာတော့ Sun Girl ဆိုတဲ့ ဟီးရိုးတစ်ယောက် ရောက်လာခဲ့ပါတယ်။ သူတို့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ဖြစ်လာတဲ့ ပျက်စီးမှုတွေဟာ အရမ်းကြီးမားတာကြောင့် Superior Six ဟာ စိတ်ထိန်းချုပ်မှုအောက်က လွတ်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း Superior Spider-Man ဟာ Sun Girl နဲ့ ပူးပေါင်းပြီးတော့ သူတို့ကို တိုက်ခိုက်နိုင်ခဲ့ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Spider-Man ဟာလည္း ေကာမစ္ထဲမွာ ေခတ္အဆက္ဆက္ ဗီလိန္ေပါင္းစုံနဲ႔ ရင္ဆိုင္ခဲ့ၿပီး အႏိုင္ယူခဲ့ဖူးပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူ႔ရဲ႕ဗီလိန္တစ္ခ်ိဳ႕ဟာ တစ္ေယာက္ခ်င္းဆိုရင္ အႏိုင္မယူႏိုင္တာကို သိတာေၾကာင့္ ဗီလိန္ေတြ စုၿပီးေတာ့ Sinister Six ဆိုတဲ့ အဖြဲ႕ကို တည္ေထာင္ခဲ့ၾကပါတယ္။ ဒီအဖြဲ႕နဲ႔ ပတ္သက္ၿပီး ႐ုပ္ရွင္ေတြထဲမွာ ျပသထားတာ မရွိေပမယ့္လည္း ေနာက္ထပ္ထြက္လာမယ့္ တတိယေျမာက္ Spider-Man ဇာတ္ကားထဲမွာ ပါဝင္လာမယ္လို႔ေတာ့ သတင္းထြက္ေနပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါေတာ့ Sinister Six အဖြဲ႕အေၾကာင္းကို ေဖာ္ျပေပးခ်င္ပါတယ္။

First Appearance
photo via cbr

၁၉၆၄ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Amazing Spider-Man Annual #1 ဆိုတဲ့ ေကာမစ္မွာ စတင္ၿပီးေတာ့ Sinister Six အဖြဲ႕ဟာ ေပၚေပါက္လာခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီထဲမွာေတာ့ Doctor Octopus ဟာ ေထာင္ေဖာက္ထြက္လာၿပီးေတာ့ သူဟာ Spidey ကို အႏိုင္ယူဖို႔အတြက္ နည္းလမ္းကို စဥ္းစားေနခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာ သူသိလိုက္ရတာက တစ္ေယာက္ခ်င္းဆိုရင္ ႏိုင္ဖို႔ဆိုတာ မလြယ္ကူတာေၾကာင့္ Spidey နဲ႔ ရင္ဆိုင္ခဲ့ဖူးတဲ့ တစ္ျခားဗီလိန္ငါးေယာက္ကို စုစည္းၿပီး အဖြဲ႕ဖြဲ႕လိုက္ၾကပါတယ္။

အဖြဲ႕ဝင္ေတြကေတာ့ Doctor Octopus ၊ Electro ၊ Vulture ၊ Sandman ၊ Mysterio နဲ႔ Kraven the Hunter တို႔ပဲ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Aunt May နဲ႔ Spidey ရဲ႕ရည္းစားျဖစ္သူ Betty Brant တို႔ကို ဓားစာခံအျဖစ္ဖမ္းကာ Spidey နဲ႔ တိုက္ခိုက္ပါေတာ့တယ္။ ဒါေပမယ့္လည္း Spidey ဟာ တစ္ေယာက္ခ်င္းစီကို နည္းအမ်ိဴးမ်ိဴးနဲ႔ တိုက္ခိုက္ႏိုင္ခဲ့ၿပီး အႏိုင္ယူႏိုင္ခဲ့တာေၾကာင့္ပဲ Sinister Six အဖြဲ႕ဟာ ၿပိဳကြဲသြားခဲ့ပါတယ္။

ေနာက္ထပ္ (၂၅) ႏွစ္ၾကာတဲ့အခါမွာေတာ့ အဖြဲ႕ဝင္ေတြဟာ ျပန္လည္စုစည္းခဲ့ပါတယ္။
photo via cbr

Amazing Spider-Man Annual #1 ရဲ႕အဆုံးမွာေတာ့ Sinister Six အဖြဲ႕ဟာ ကြဲသြားၾကၿပီး ေနာက္ထပ္ (၂၅) ႏွစ္ၾကာတဲ့အခ်ိန္မွာေတာ့ Amazing Spider-Man Annual #334 ဆိုတဲ့ေကာမစ္မွာ သူတို႔ေတြဟာ ျပန္လည္စုစည္းခဲ့ၾကပါတယ္။ ပထမတစ္ေခါက္နဲ႔ မတူတဲ့အခ်က္ကေတာ့ ဒီတစ္ႀကိမ္မွာေတာ့ သူတို႔ေတြဟာ အားလုံးေပါင္းၿပီး Spidey ကို တိုက္ခိုက္ဖို႔အတြက္ စီစဥ္ၾကပါေတာ့တယ္။

ဒါေပမယ့္လည္း Doctor Octopus ရဲ႕ သစၥာေဖာက္မႈေၾကာင့္ပဲ သူတို႔ေတြဟာ ေနာက္ထပ္တစ္ႀကိမ္ အဖြဲ႕ကြဲသြားပါေသးတယ္။ အဲ့ဒါေၾကာင့္ပဲ တစ္ျခားအဖြဲ႕ဝင္ေတြဟာ Spidey နဲ႔ ပူးေပါင္းၿပီးေတာ့ ဘုံရန္သူျဖစ္တဲ့ Doctor Octopus ကို တိုက္ခိုက္ပါေတာ့တယ္။ သူတို႔အဖြဲ႕ဟာ အၾကာႀကီးေတာ့ မၿပိဳကြဲေတာ့ဘဲ ေနာက္ပိုင္းမွာ ျပန္လည္ေပါင္းစည္းၿပီး Spidey ကို တိုက္ခိုက္ဖို႔အတြက္ စီစဥ္ၾကပါေတာ့တယ္။

အခ်ိန္ေတြၾကာလာတာနဲ႔အမွ် အဖြဲ႕ဝင္ေတြလည္း ေျပာင္းလဲလာခဲ့ပါတယ္။
photo via cbr

Marvel ဟီး႐ိုးေတြထဲက ဗီလိန္အမ်ားဆုံးရွိတဲ့ ဟီး႐ိုးေတြထဲမွာ Spidey လည္း ပါဝင္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူ႔ရဲ႕ဗီလိန္ေတြအမ်ားစုဟာ Sinister Six အဖြဲ႕ထဲကို ဝင္ခ်င္ေနၾကတာေၾကာင့္ အဖြဲ႕ဝင္ေတြဟာလည္း ေျပာင္းလဲေနခဲ့ပါတယ္။ ပထမဆုံးေတာ့ Hobgoblin က အဖြဲ႕ထဲကို ဝင္ေရာက္ခဲ့ၿပီး အဖြဲ႕ဝင္ဘယ္နေယာက္ပဲ ဆုံးရႈံးေနပါေစ ေနာက္ထပ္အသစ္ဝင္ဖို႔အတြက္ ေစာင့္စားေနသူေတြလည္း ရွိပါတယ္။ Beetle ၊ Shocker ၊ Chameleon ၊ Venom ၊ Green Goblin ၊ Rhino ၊ Hydro-Man ၊ Lizard နဲ႔ Boomerang တို႔လို ဗီလိန္ေတြလည္း Sinister Six ထဲကို ဝင္ေရာက္ခဲ့ဖူးပါတယ္။

Sinister Seven ၊ Twelve ၊ Sixteen နဲ႔ Sixty-Six  တို႔ေတာင္ ရွိပါေသးတယ္။
photo via cbr

ဗီလိန္ေျခာက္ေယာက္တည္းနဲ႔ေတာင္ ဒီအဖြဲ႕ဟာ ၾကမ္းေနတယ္ဆိုရင္ အဖြဲ႕ဝင္ေတြမ်ားလာရင္ ပိုၿပီးေတာ့ ၾကမ္းလာမွာ အေသအခ်ာပဲ ျဖစ္ပါတယ္။ ပထမဆုံးအဖြဲ႕ဝင္ေျခာက္ေယာက္အျပင္ Hobgoblin ပါ အဖြဲ႕ထဲကို ဝင္ေရာက္လာၿပီးေတာ့ Sinister Seven ျဖစ္လာကာ Spider-Man ကလုံးကို တိုက္ခိုက္ခဲ့ၾကပါတယ္။

အဲ့ဒီေနာက္မွာ‌ေတာ့ သူတို႔အဖြဲ႕ဟာ (၇) ေယာက္တည္းနဲ႔ ရပ္တည့္မေနဘဲ တစ္ျခားဗီလိန္ေတြကိုပါ ထည့္သြင္းၿပီးေတာ့ Norman Osborn ဟာ Sinister Twelve ကို ဖန္တီးခဲ့ပါတယ္။ Sinister Sixteen မွာေတာ့ လူသိပ္မသိတဲ့ ဗီလိန္ေတြျဖစ္တဲ့ The Living Brain ၊ The Kangaroo နဲ႔ Man-Mountain Marko တို႔ပါ ပါဝင္ခဲ့ပါတယ္။ Sinister Sixty-Six ထဲမွာေတာ့ တကယ့္ဗီလိန္အစစ္ေတြေတာင္ မပါဝင္ေတာ့ဘဲ Mojo ဖန္တီးထားတဲ့ ေဟာ္လိုဂရမ္ေတြနဲ႔ Spidey ကို တိုက္ခိုက္ေစခဲ့ပါတယ္။

Avengers ေတြနဲ႔ X-Men ေတြကလည္း Sinister Six အဖြဲ႕ဝင္ေတြ ျဖစ္ခဲ့ဖူးပါတယ္။
photo via cbr

Ends of the Earth ဆိုတဲ့ေကာမစ္ထဲမွာေတာ့ Doctor Octopus ကမာၻပ်က္ေစမယ့္ စက္ပစၥည္းတစ္ခုကို အသုံးျပဳၿပီးေတာ့ ေတာင္းဆိုမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Avengers ေတြဟာ သူ႔ကို တိုက္ခိုက္ဖို႔အတြက္ လာတဲ့အခ်ိန္မွာေတာ့ Sinister Six အဖြဲ႕ဝင္ေတြဟာ သူတို႔ေတြကို ေမာပန္းသြားတဲ့အထိ တိုက္ခိုက္ခဲ့ၾကပါတယ္။ Spidey ေရာက္လာတဲ့အခ်ိန္မွာေတာ့ Doctor Octopus ဟာ Avengers ေတြရဲ႕ စိတ္ကိုထိန္းခ်ဳပ္ထားၿပီး Sinister Six အဖြဲ႕ရဲ႕ ဗားရွင္းအသစ္အျဖစ္ ျပဳလုပ္ထားတာကို ေတြ႕လိုက္ရပါတယ္။

Spider-Man and the X-Men ဆိုတဲ့ ေကာမစ္စီးရီးထဲမွာေတာ့ Spidey ဟာ X-Men ေတြကို သင္ေပးတဲ့ ဆရာတစ္ေယာက္ ျဖစ္ေနပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Mr. Sinister ဟာ X-Men ေတြကို သူ႔ရဲ႕ကလုံးေတြနဲ႔ တိုက္ခိုက္ခိုင္းခဲ့ေပမယ့္လည္း ရႈံးနိမ့္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ေနာက္ပိုင္းမွာေတာ့ အႀကံရသြားၿပီး အႏိုင္ရသြားတဲ့သူေတြကို ကလုံးျပဳလုပ္ကာ သူ႔ရဲ႕ဆႏၵအတိုင္း ခိုင္းေစခဲ့ပါတယ္။ အဲ့ဒီကလုံးေတြကေတာ့ Beast ၊ Iceman ၊ Firestar ၊ Nightcrawler ၊ Storm နဲ႔ Wolverine တို႔ပဲ ျဖစ္ၿပီး အဲ့ဒီကလုံးေျခာက္ေယာက္ကို Sinister Six အျဖစ္ သတ္မွတ္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူတို႔ေတြဟာ Spidey နဲ႔ Spidey ရဲ႕တပည့္ေတြကို တိုက္ခိုက္ခဲ့ၾကတာၿပီး ေနာက္ဆုံးမွာေတာ့ အဲ့ဒီကလုံးေတြဟာ ဓာတ္ခြဲခန္းထဲမွာ မီးေလာင္ၿပီးေတာ့ ေသဆုံးသြားခဲ့ပါတယ္။

Sinister Six ဟာ လူေကာင္းေတြလည္း ျဖစ္ခဲ့ဖူးပါေသးတယ္။
photo via cbr

ဒီဇာတ္လမ္းကေတာ့ Superior Spider-Man ဆိုတဲ့ေကာမစ္စီးရီးထဲမွာ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ ဇာတ္လမ္းရဲ႕အစမွာေတာ့ Doctor Octopus ဟာ ေသခါနီးျဖစ္ေနတာေၾကာင့္ သူ႔ရဲ႕အသိစိတ္ကို ေသဆုံးသြားတဲ့ Peter Parker ရဲ႕ခႏၶာကိုယ္ထဲကို လႊဲေျပာင္းခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Doctor Octopus ဟာ သူ႔ရဲ႕ ဘဝအသစ္ကို ဒုစ႐ိုက္မႈေတြမလုပ္ေတာ့ဘဲ Peter ရဲ႕မွတ္ဉာဏ္ေတြဟာ သူ႔ကို ေျပာင္းလဲသြားေစခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ Peter ထက္ေရာ Spider-Man ထက္ေရာ သာလြန္တဲ့ စူပါဟီး႐ိုးတစ္ေယာက္ ျဖစ္လာေစရမယ္ ဆိုၿပီးေတာ့ Superior Spider-Man ျဖစ္လာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ Boomerang ဦးေဆာင္ထားတဲ့ Sinister Six အဖြဲ႕ကို တိုက္ခိုက္ခဲ့ၿပီး Sinister Six ကို သူကိုယ္တိုင္ဦးေဆာင္ဖို႔အတြက္ အႀကံရသြားပါတယ္။

သူဟာ Sinister Six အဖြဲ႕ဝင္ေတြရဲ႕ စိတ္ကို ထိန္းခ်ဳပ္ခဲ့ၿပီး Superior Six အေနနဲ႔ သူ႔ရဲ႕ဦးေဆာင္မႈေအာက္မွာ ဒုစ႐ိုက္မႈေတြကို တိုက္ဖ်က္ေစခဲ့ပါတယ္။ Lightmaster လို႔ေခၚတဲ့ ဗီလိန္တစ္ေယာက္ဟာ သူ႔ရဲ႕စြမ္းအားေတြကို ပိုၿပီးေတာ့ တိုးတက္ေစတဲ့ ပစၥည္းတစ္ခုကို ခိုးယူသြားတဲ့အခ်ိန္မွာေတာ့ Doctor Octopus ရဲ႕ Superior Six အဖြဲ႕ဟာ ပထမဆုံးမစ္ရွင္ကို စတင္ေဆာင္႐ြက္ခဲ့ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ေတြဟာ Lightmaster ကို တိုက္ခိုက္ခဲ့ၾကၿပီး ေနာက္ပိုင္းမွာေတာ့ Sun Girl ဆိုတဲ့ ဟီး႐ိုးတစ္ေယာက္ ေရာက္လာခဲ့ပါတယ္။ သူတို႔ေတြရဲ႕ တိုက္ခိုက္မႈေတြေၾကာင့္ ျဖစ္လာတဲ့ ပ်က္စီးမႈေတြဟာ အရမ္းႀကီးမားတာေၾကာင့္ Superior Six ဟာ စိတ္ထိန္းခ်ဳပ္မႈေအာက္က လြတ္သြားခဲ့ပါတယ္။ ဒါေပမယ့္လည္း Superior Spider-Man ဟာ Sun Girl နဲ႔ ပူးေပါင္းၿပီးေတာ့ သူတို႔ကို တိုက္ခိုက္ႏိုင္ခဲ့ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular