HomeCharacterThena ရဲ့ ကောမစ်ထဲက Origin နဲ့ စွမ်းအားများ

Thena ရဲ့ ကောမစ်ထဲက Origin နဲ့ စွမ်းအားများ

***Spoiler Alert***

Eternals ရုပ်ရှင်ဟာ မကြာသေးခင်ကပဲ ထွက်ရှိထားပြီး နာမည်ကျော် မင်းသမီးတစ်လက် ဖြစ်တဲ့ Angelina Jolie ကတော့ Thena ဆိုတဲ့ ဇာတ်ကောင်နေရာမှာ ပါဝင်ထားပါတယ်။ Thena ကတော့ Marvel ကောမစ်ရဲ့ အစောဆုံး ဟီးရိုးတွေထဲမှာ ပါဝင်နေပါတယ်။ Eternals ရုပ်ရှင်ထဲမှာလည်း သူမဟာ စိတ်ဝင်စားစရာနေရာက ပါဝင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Thena ရဲ့ ကောမစ်ထဲက Origin နဲ့ စွမ်းအားတွေကို ဖော်ပြပေးချင်ပါတယ်။

Thena ရဲ့ ကောမစ်ထဲက Origin
Photo Credit: Marvel Comics

ဟိုးယခင်နှစ်ပေါင်းများစွာတုန်းက Celestial တွေဟာ လူသားတွေနဲ့ ဆင်တူတဲ့ မျိူးစိတ်နှစ်ခုကို ဖန်တီးခဲ့ပြီး အဲ့ဒီနှစ်ခုကတော့ Eternal တွေနဲ့ Deviant တွေပဲ ဖြစ်ပါတယ်။ Eternal တွေဟာ ကမ္ဘာပေါ်မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး တချို့ကတော့ Universe ထဲက တခြားနေရာတွေကို ခွဲထွက်သွားကြပါတယ်။

Zuras ဆိုတဲ့ Eternal ကတော့ ကမ္ဘာပေါ်က Eternal တွေရဲ့ ခေါင်းဆောင်ပဲ ဖြစ်ပြီး ဂရိတောင်တွေပေါ်မှာ Olympia မြို့ကို တည်ထောင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ Azura ကို မွေးဖွားခဲ့ပြီး နောက်ပိုင်းမှာတော့ Thena လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။ Thena ကတော့ Eternal တွေရဲ့ ယုံကြည်ရတဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ပြီး Zuras ရဲ့ လက်ထောက် ဖြစ်လာခဲ့ပါတယ်။

photo via screenrant

လူသားတွေရဲ့ သမိုင်းထဲက Thena ရဲ့ လုပ်ရပ်အချို့ဟာ ဂရိတွေနဲ့ ရိုမန်တွေရဲ့ ဒဏ္ဍာရီ ဖြစ်လာခဲ့ပါတယ်။ Thena ဟာ ငယ်ရွယ်စဉ်တုန်းကတော့ Eternal တွေ၊ Deviant တွေနဲ့ လူသားတွေကြားမှာ မျှတအောင် Balance ထားရမယ်ဆိုတဲ့ Zuras ရဲ့ အယူအဆကို လက်မခံခဲ့ပါဘူး။

သူမဟာ Deviant တွေကို မျိူးတုံးသွားအောင် ပြုလုပ်ချင်ပြီး လူသားတွေကို Eternal တွေနဲ့ တန်းတူ ဖြစ်စေချင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ သူမဟာ Deviant တွေရဲ့ Warlord ဖြစ်တဲ့ Kro နဲ့ ချစ်ကြိုက်ခဲ့ပါသေးတယ်။

Thena ရဲ့ စွမ်းအားများ
photo via screenrant

Eternal တွေ အားလုံးဟာ Cosmic Energy တွေကို ပိုင်ဆိုင်ကြတာကြောင့် စွမ်းရည်များစွာကို ပိုင်ဆိုင်ထားကြပါတယ်။ Thena ကတော့ လေပေါ်ပျံနိုင်ပြီး သူမရဲ့ လက်တွေနဲ့ မျက်လုံးတွေကနေ Energy တွေ ပစ်လွှတ်နိုင်ပါတယ်။ ဒါ့အပြင် Matter Manipulation ၊ စိတ်ချင်းဆက်သွယ်ခြင်းနဲ့ တယ်လီပို့ ပြုလုပ်ခြင်းတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။

သာမန်လူတွေထက် အဆများစွာ သာလွန်တဲ့ ခွန်အားနဲ့ လျင်မြန်မှုတွေကို ပိုင်ဆိုင်ထားသလို Immortal တစ်ယောက် ဖြစ်တာကြောင့် သူမကို သတ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ကို ခက်ခဲပါတယ်။ Eternal တွေဟာ Cosmic Energy တွေကို အသုံးပြုပြီး သူတို့ရဲ့ စွမ်းရည်တွေကို လေ့ကျင့်နိုင်တာကြောင့် တချို့ Eternal တွေကတော့ သာမန် Eternal တွေထက် ပိုမိုအစွမ်းထက်နေတာမျိူးလည်း ရှိပါတယ်။

Image Credit: Animated Times

Thena ကတော့ သူမရဲ့ စွမ်းရည်တွေကို နှစ်ပေါင်း ထောင်နဲ့ချီပြီး လေ့ကျင့်ခဲ့တာကြောင့် သူမဟာ စွမ်းအားအကြီးဆုံး Eternal တွေထဲကတစ်ယောက် ဖြစ်နေပါတယ်။ သူမဟာ ဒီစွမ်းအားတွေကို ပိုင်ဆိုင်ထားရုံတင် မဟုတ်ဘဲ လက်နက်တွေနဲ့ တိုက်ခိုက်ရတာကိုလည်း ကျွမ်းကျင်ပါသေးတယ်။

Eternal တွေဟာ အဆင့်မြင့်တဲ့ နည်းပညာတွေကို ပိုင်ဆိုင်ထားတာကြောင့် တခါတရံမှာတော့ Thena ဟာ Cold Energy တွေ ပစ်လွှတ်နိုင်တဲ့ ဒူးလေးကိုလည်း ကိုင်ဆောင်တတ်ပါသေးတယ်။ တကယ်တော့ သူမ အမြဲအသုံးပြုတဲ့ လက်နက်ဟာ လှံတံပဲ ဖြစ်ပြီး သူမကို အဲ့ဒီရွှေလှံတံ မပါဘဲ မြင်ရခဲပါတယ်။ အဲ့ဒီရွှေလှံတံကတော့ Heat Energy တွေကို ထုတ်လုပ်နိုင်ပြီး ဒီလှံတံကို ပစ်လိုက်တဲ့အချိန်မှာလည်း Anti-Gravity Field လို့ခေါ်တဲ့ မြေဆွဲအား ကင်းလွတ်ဇုန်တွေ ဖြစ်ပေါ်လာပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular