HomeCharacterMCU ထဲက Thor ဟာ အခုချိန်မှာ အသက်ဘယ်လောက် ရှိနေပြီလဲ???

MCU ထဲက Thor ဟာ အခုချိန်မှာ အသက်ဘယ်လောက် ရှိနေပြီလဲ???

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Thor ဟာ MCU ထဲက ဇာတ်ကောင်တွေထဲမှာ အသက်အကြီးဆုံး လူတစ်ယောက်လို့ ပြောလို့ရပြီး သူဟာ Asgardian တစ်ယောက် ဖြစ်တာကြောင့် ကမ္ဘာပေါ်က သာမန်လူတွေထက် အများကြီးပိုပြီး ကြာကြာအသက်ရှင်သန်နိုင်ပါတယ်။ Thor ကိုတော့ ၂၀၁၁ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Thor ဇာတ်ကားထဲမှာ ပထမဆုံးအနေနဲ့ MCU ထဲမှာ မြင်တွေ့ခဲ့ရပါတယ်။ Thor ဟာ solo သုံးကားအပါအဝင် အားလုံးပေါင်း ရုပ်ရှင်ရှစ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Thor ကို ပရိသတ်တွေဆီ ပထမဆုံး မိတ်ဆက်ခဲ့တဲ့ အချိန်တုန်းကတော့ သူဟာ ယုံကြည်မှုတွေနဲ့ ပြည့်ဝနေတဲ့ လူငယ်တစ်ယောက် ဖြစ်ပြီးတော့ Asgard ရဲ့ ထီးနန်းကို ဆက်ခံဖို့ အသင့်ဖြစ်နေသူ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူ့ရဲ့တစ်ချို့လုပ်ရပ်တွေကြောင့် Odin ဟာ Thor ကို ကမ္ဘာမြေဆီ နယ်နှင်ဒဏ်ပေးလိုက်ပြီး Mjolnir ကို မ,နိုင်တဲ့ အရည်အချင်းကိုပါ ဆုံးရှုံးသွားခဲ့ပါတယ်။ အဲ့လိုနဲ့ နောက်ပိုင်းမှာတော့ သူရဲ့အရည်အချင်းတွေကြောင့် Avengers အဖွဲ့ရဲ့ အရေးကြီးတဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

Asgardian တွေဟာ သာမန်လူတွေထက် အချိန်အကြာကြီး အသက်ရှင်သန်နိုင်တဲ့ ဂြိုဟ်သားမျိူးနွယ်တွေ ဖြစ်ပြီးတော့ စွမ်းအားတွေလည်း ပိုင်ဆိုင်ကြပါသေးတယ်။ Thor ဟာ Infinity War ထဲမှာ သူရဲ့အသက်က နှစ်ပေါင်း(၁၅၀၀)လောက်ရှိပြီလို့ Rocket Raccoon ကို ပြောခဲ့ဖူးပါတယ်။ ဒီအချက်ကို အသုံးချပြီးတော့ MCU ထွက်ခဲ့တဲ့ ရုပ်ရှင်တွေတိုင်းမှာ Thor ရဲ့အသက်က ဘယ်လောက်ရှိနေပြီလည်းဆိုတာကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

MCU Phase 3 မှာ Thor ဟာ အသက်ဘယ်လောက် ရှိနေပြီလဲ?
photo via screenrant

၂၀၁၈ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Infinity War ရုပ်ရှင်ထဲမှာ Thor ဟာ အသက်(၁၅၀၀)နှစ် ရှိနေပြီလို့ သူကိုယ်တိုင်က ပြောခဲ့ပေမယ့်လည်း တကယ်တော့ (၁၅၀၀)နှစ် အတိအကျ ဟုတ်မဟုတ်ဆိုတာ သိပ်ပြီးတော့ မသေချာပါဘူး။ ဒါပေမယ့်လည်း သူ့ရဲ့ပြောစကားကိုပဲ အတည်ယူပြီး တွက်ကြည့်မယ်ဆိုရင်တော့ သူ့ရဲ့မွေးနှစ်သက္ကရာဇ်ဟာ (၅၁၈)အေဒီ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ပရိသတ်တွေကို ပထမဆုံး စတင်မိတ်ဆက်ခဲ့တဲ့ Thor ဇာတ်ကားထဲမှာ သူဟာ အသက်(၁၄၉၃)နှစ် ရှိနေပါပြီ။

သူ့ရဲ့ ဒုတိယမြောက် ဆိုလိုရုပ်ရှင်ဖြစ်တဲ့ Thor: The Dark World ဇာတ်ကားဟာ ၂၀၁၃ခုနှစ်မှာ အခြေတည်ထားတာကြောင့် သူဟာ အသက်(၁၄၉၅)နှစ် ရှိနေမှာ ဖြစ်ပါတယ်။ ဒီပုံစံအတိုင်းပဲ ဆက်တွက်သွားမယ်ဆိုရင် Avenger: Age of Ultron ထဲမှာဆိုရင် (၁၄၉၇)နှစ်ရှိနေမှာဖြစ်ပြီး Thor: Ragnarok ထဲမှာတော့ (၁၄၉၉)နှစ် ရှိနေမှာ ဖြစ်ပါတယ်။ ၂၀၂၃ခုနှစ်မှာ အခြေတည်ထားတဲ့ Avengers: Endgame ထဲမှာဆိုရင်တော့ သူ့ရဲ့အသက်ဟာ (၁၅၀၅)နှစ် ရှိနေမှာ ဖြစ်ပါတယ်။

နောက်ထပ် ဘယ်နှနှစ်လောက် ဆက်ပြီး ရှင်သန်သွားနိုင်ဦးမှာလဲ?
photo via screenrant

MCU ထဲက သာမန် Asgardian တစ်ယောက်ရဲ့ သက်တမ်းဟာ ခန့်မှန်းချေ နှစ်ပေါင်း(၅၀၀၀)လောက် ရှိပါတယ်။  Thor အနေနဲ့ဆိုရင်တော့ လူ့သက်တမ်းနဲ့ နှိုင်းယှဉ်ပြရရင် အသက်သုံးဆယ်ကျော်အရွယ်လောက်ပဲ ရှိသေးတာကြောင့် နောက်ထပ် ရှင်သန်စရာ နှစ်တွေ အများကြီး ကျန်နေဦးမှာပါ။

ဒါ့အပြင် Thor ဟာ သာမန် Asgardian မဟုတ်တာကြောင့် သာမန်သက်တမ်းထက် ပိုပြီးတော့ ရှင်သန်သွားဦးမှာ ဖြစ်ပါတယ်။ Odin ဆိုရင်လည်း Thor: Ragnarok ထဲမှာ သေဆုံးသွားခဲ့တုန်းက အသက် နှစ်တစ်သောင်း ပတ်ဝန်းကျင်လောက် ရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် Thor အနေနဲ့ဆိုရင်တော့ နောက်ထပ်နှစ်တွေ ထောင်ပေါင်းများစွာ ဆက်လက်ပြီး နေထိုင်သွားနိုင်ဦးမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Thor ဟာ MCU ထဲက ဇာတ္ေကာင္ေတြထဲမွာ အသက္အႀကီးဆုံး လူတစ္ေယာက္လို႔ ေျပာလို႔ရၿပီး သူဟာ Asgardian တစ္ေယာက္ ျဖစ္တာေၾကာင့္ ကမာၻေပၚက သာမန္လူေတြထက္ အမ်ားႀကီးပိုၿပီး ၾကာၾကာအသက္ရွင္သန္ႏိုင္ပါတယ္။ Thor ကိုေတာ့ ၂၀၁၁ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Thor ဇာတ္ကားထဲမွာ ပထမဆုံးအေနနဲ႔ MCU ထဲမွာ ျမင္ေတြ႕ခဲ့ရပါတယ္။ Thor ဟာ solo သုံးကားအပါအဝင္ အားလုံးေပါင္း ႐ုပ္ရွင္ရွစ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ Thor ကို ပရိသတ္ေတြဆီ ပထမဆုံး မိတ္ဆက္ခဲ့တဲ့ အခ်ိန္တုန္းကေတာ့ သူဟာ ယုံၾကည္မႈေတြနဲ႔ ျပည့္ဝေနတဲ့ လူငယ္တစ္ေယာက္ ျဖစ္ၿပီးေတာ့ Asgard ရဲ႕ ထီးနန္းကို ဆက္ခံဖို႔ အသင့္ျဖစ္ေနသူ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း သူ႔ရဲ႕တစ္ခ်ိဳ႕လုပ္ရပ္ေတြေၾကာင့္ Odin ဟာ Thor ကို ကမာၻေျမဆီ နယ္ႏွင္ဒဏ္ေပးလိုက္ၿပီး Mjolnir ကို မ,ႏိုင္တဲ့ အရည္အခ်င္းကိုပါ ဆုံးရႈံးသြားခဲ့ပါတယ္။ အဲ့လိုနဲ႔ ေနာက္ပိုင္းမွာေတာ့ သူရဲ႕အရည္အခ်င္းေတြေၾကာင့္ Avengers အဖြဲ႕ရဲ႕ အေရးႀကီးတဲ့ အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။

Asgardian ေတြဟာ သာမန္လူေတြထက္ အခ်ိန္အၾကာႀကီး အသက္ရွင္သန္ႏိုင္တဲ့ ၿဂိဳဟ္သားမ်ိဴးႏြယ္ေတြ ျဖစ္ၿပီးေတာ့ စြမ္းအားေတြလည္း ပိုင္ဆိုင္ၾကပါေသးတယ္။ Thor ဟာ Infinity War ထဲမွာ သူရဲ႕အသက္က ႏွစ္ေပါင္း(၁၅၀၀)ေလာက္ရွိၿပီလို႔ Rocket Raccoon ကို ေျပာခဲ့ဖူးပါတယ္။ ဒီအခ်က္ကို အသုံးခ်ၿပီးေတာ့ MCU ထြက္ခဲ့တဲ့ ႐ုပ္ရွင္ေတြတိုင္းမွာ Thor ရဲ႕အသက္က ဘယ္ေလာက္ရွိေနၿပီလည္းဆိုတာကို ေဖာ္ျပသြားမွာ ျဖစ္ပါတယ္။

MCU Phase 3 မွာ Thor ဟာ အသက္ဘယ္ေလာက္ ရွိေနၿပီလဲ?
photo via screenrant

၂၀၁၈ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Infinity War ႐ုပ္ရွင္ထဲမွာ Thor ဟာ အသက္(၁၅၀၀)ႏွစ္ ရွိေနၿပီလို႔ သူကိုယ္တိုင္က ေျပာခဲ့ေပမယ့္လည္း တကယ္ေတာ့ (၁၅၀၀)ႏွစ္ အတိအက် ဟုတ္မဟုတ္ဆိုတာ သိပ္ၿပီးေတာ့ မေသခ်ာပါဘူး။ ဒါေပမယ့္လည္း သူ႔ရဲ႕ေျပာစကားကိုပဲ အတည္ယူၿပီး တြက္ၾကည့္မယ္ဆိုရင္ေတာ့ သူ႔ရဲ႕ေမြးႏွစ္သကၠရာဇ္ဟာ (၅၁၈)ေအဒီ ျဖစ္ပါလိမ့္မယ္။ ဒါေၾကာင့္ ပရိသတ္ေတြကို ပထမဆုံး စတင္မိတ္ဆက္ခဲ့တဲ့ Thor ဇာတ္ကားထဲမွာ သူဟာ အသက္(၁၄၉၃)ႏွစ္ ရွိေနပါၿပီ။

သူ႔ရဲ႕ ဒုတိယေျမာက္ ဆိုလို႐ုပ္ရွင္ျဖစ္တဲ့ Thor: The Dark World ဇာတ္ကားဟာ ၂၀၁၃ခုႏွစ္မွာ အေျခတည္ထားတာေၾကာင့္ သူဟာ အသက္(၁၄၉၅)ႏွစ္ ရွိေနမွာ ျဖစ္ပါတယ္။ ဒီပုံစံအတိုင္းပဲ ဆက္တြက္သြားမယ္ဆိုရင္ Avenger: Age of Ultron ထဲမွာဆိုရင္ (၁၄၉၇)ႏွစ္ရွိေနမွာျဖစ္ၿပီး Thor: Ragnarok ထဲမွာေတာ့ (၁၄၉၉)ႏွစ္ ရွိေနမွာ ျဖစ္ပါတယ္။ ၂၀၂၃ခုႏွစ္မွာ အေျခတည္ထားတဲ့ Avengers: Endgame ထဲမွာဆိုရင္ေတာ့ သူ႔ရဲ႕အသက္ဟာ (၁၅၀၅)ႏွစ္ ရွိေနမွာ ျဖစ္ပါတယ္။

ေနာက္ထပ္ ဘယ္ႏွႏွစ္ေလာက္ ဆက္ၿပီး ရွင္သန္သြားႏိုင္ဦးမွာလဲ?
photo via screenrant

MCU ထဲက သာမန္ Asgardian တစ္ေယာက္ရဲ႕ သက္တမ္းဟာ ခန႔္မွန္းေခ် ႏွစ္ေပါင္း(၅၀၀၀)ေလာက္ ရွိပါတယ္။  Thor အေနနဲ႔ဆိုရင္ေတာ့ လူ႔သက္တမ္းနဲ႔ ႏႈိင္းယွဥ္ျပရရင္ အသက္သုံးဆယ္ေက်ာ္အ႐ြယ္ေလာက္ပဲ ရွိေသးတာေၾကာင့္ ေနာက္ထပ္ ရွင္သန္စရာ ႏွစ္ေတြ အမ်ားႀကီး က်န္ေနဦးမွာပါ။

ဒါ့အျပင္ Thor ဟာ သာမန္ Asgardian မဟုတ္တာေၾကာင့္ သာမန္သက္တမ္းထက္ ပိုၿပီးေတာ့ ရွင္သန္သြားဦးမွာ ျဖစ္ပါတယ္။ Odin ဆိုရင္လည္း Thor: Ragnarok ထဲမွာ ေသဆုံးသြားခဲ့တုန္းက အသက္ ႏွစ္တစ္ေသာင္း ပတ္ဝန္းက်င္ေလာက္ ရွိေနၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ Thor အေနနဲ႔ဆိုရင္ေတာ့ ေနာက္ထပ္ႏွစ္ေတြ ေထာင္ေပါင္းမ်ားစြာ ဆက္လက္ၿပီး ေနထိုင္သြားႏိုင္ဦးမွာ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular