HomeCharacterThor ဟာ Hela ကို မနိုင်ဘဲနဲ့ Surtur ကိုတော့ ဘာကြောင့် အလွယ်တကူ အနိုင်ယူနိုင်ခဲ့တာလဲ??

Thor ဟာ Hela ကို မနိုင်ဘဲနဲ့ Surtur ကိုတော့ ဘာကြောင့် အလွယ်တကူ အနိုင်ယူနိုင်ခဲ့တာလဲ??

Thor: Ragnarok ဇာတ်ကားကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Thor အတွက် အလှည့်အပြောင်းတွေများစွာ ကြုံတွေ့ခဲ့ရတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ အစမှာတော့ Thor ဟာ Surtur ရဲ့ ဖမ်းဆီးမှုကို ခံထားရပေမယ့် အလွယ်တကူပဲ Surtur ကို အနိုင်ယူသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီရုပ်ရှင်ရဲ့ အဓိကဗီလိန်ဖြစ်တဲ့ Hela နဲ့ရင်ဆိုင်ရတဲ့ အချိန်မှာတော့ Thor ဟာ ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။ ဒါကြောင့်ပဲ Thor ဟာ Asgard ကို ဖျက်ဆီးလိမ့်မယ်လို့ ဟောကိန်းထုတ်ခံထားရတဲ့ Surtur ကို အနိုင်ယူနိုင်ခဲ့ပြီး Hela ကိုတော့ ဘာကြောင့် အနိုင်မယူနိုင်ခဲ့တာလည်းဆိုတာ ဖော်ပြပေးချင်ပါတယ်။

photo via screenrant

Surtur ကတော့ လောကကိုးခုထဲကတစ်ခု ဖြစ်တဲ့ Muspelheim ကိုအုပ်စိုးထားတဲ့ Fire Giant တစ်ယောက်ပဲ ဖြစ်ပါတယ်။ Thor ဟာ Surtur ကို အလွယ်တကူ အနိုင်ရရှိခဲ့တဲ့ အကြောင်းရင်းကတော့ Surtur ဟာ သူ့ရဲ့အဓိကစွမ်းအားအရင်းအမြစ်ကို မရရှိတာကြောင့်ပဲ ဖြစ်ပါတယ်။ Surtur ရဲ့ အဓိကစွမ်းအား အရင်းအမြစ်ကတော့ Odin သိမ်းဆည်းထားတဲ့ Eternal Flame ပဲ ဖြစ်ပါတယ်။ Odin ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက Surtur ကို အနိုင်ယူပြီး Surtur ရဲ့မျိူးနွယ်တစ်ခုလုံးကို Muspelheim ကနေ နယ်နှင်ဒဏ် ပေးခဲ့ပါတယ်။ အကြောင်းကတော့ Surtur ဟာ Asgard ကို ပျက်စီးသွားစေမယ့် Ragnarok ကို ဖြစ်စေသူလို့ ဟောကိန်းထုတ်ထားတာကြောင့် Odin ဟာ Surtur ကို အနိုင်ယူပြီး Eternal Flame ကို သိမ်းထားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ Surtur ဟာ Eternal Flame ရဲ့စွမ်းအားကို မရရှိတော့တာကြောင့် Thor ကို ဖမ်းထားတဲ့အချိန်မှာ အလွန်အားနည်းနေတာ ဖြစ်ပါတယ်။ Surtur ကိုယ်တိုင်ကလည်း ဒီရုပ်ရှင်ရဲ့အစမှာ Eternal Flame မရှိရင် သူဟာ အလွန်အားနည်းတဲ့အကြောင်း ပြောသွားပါသေးတယ်။ ဒါကြောင့်ပဲ Thor က သူ့ကို တိုက်ခိုက်တဲ့ အချိန်မှာတော့ ပြန်မတိုက်ခိုက်နိုင်ဘဲ ရှုံးနိမ့်သွားတာ ဖြစ်ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ရဲ့ အဆုံးမှာတော့ Thor ဟာ စွမ်းအားအရ အလွန်ကွာခြားနေတဲ့ Hela ကို ဘယ်လိုမှ အနိုင်မယူနိုင်တာကြောင့် Eternal Flame နဲ့ Surtur ကို ပြန်လည်အသက်သွင်းခဲ့ရပါတယ်။ အဲဒီအချိန်မှာတော့ Surtur ဟာ Eternal Flame ကြောင့် သူ့ရဲ့စွမ်းအားအကြီးဆုံးအချိန်ကို ရောက်ရှိသွားပြီး Hela ကို အနိုင်ယူကာ Asgard ကို ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

Hela ရဲ့ စွမ်းအားအရင်းအမြစ်ကတော့ Asgard ပဲ ဖြစ်ပါတယ်။ သို့သော်လည်း Surtur ဟာ Asgard ကို ဖျက်ဆီးနေတာကြောင့် Hela ဟာ Weak ဖြစ်သွားတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Thor ဟာ ဒီရုပ်ရှင်ရဲ့အစမှာ Surtur ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့တာဟာ Eternal Flame ရဲ့စွမ်းအားကို Surtur က မရရှိသေးလို့ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအဆုံးသတ်မှာ စွမ်းအားပြည့်နေတဲ့ Surtur ကိုတော့ Thor ဟာ ဘယ်လိုမှ ယှဉ်ပြိုင်မတိုက်ခိုက်နိုင်ခဲ့ပါဘူး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular