HomeEntertainmentFilmThor: Love and Thunder က သူ့ရဲ့နောက်ဆုံး MCU ရုပ်ရှင် ဖြစ်သွားနိုင်တယ်ဆိုတဲ့ Chris Hemsworth

Thor: Love and Thunder က သူ့ရဲ့နောက်ဆုံး MCU ရုပ်ရှင် ဖြစ်သွားနိုင်တယ်ဆိုတဲ့ Chris Hemsworth

မကြာခင်မှာ ထွက်ရှိလာတော့မယ့် Thor: Love and Thunder ရုပ်ရှင်ဟာ သူ့ရဲ့နောက်ဆုံး MCU ရုပ်ရှင် ဖြစ်သွားနိုင်တယ်လို့ မင်းသား Chris Hemsworth က ပြောလိုက်ပါတယ်။ ဒါကြောင့်ပဲ Chris Hemsworth ရဲ့ဇာတ်ကောင် Thor Odinson ရဲ့ MCU ထဲက အနာဂတ်ဟာလည်း မသေချာတော့ပါဘူး။ Thor: Love and Thunder ရုပ်ရှင်ကတော့ လာမယ့် ဇူလိုင်လ (၇)ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Avengers: Endgame ရဲ့ အဆုံးသတ်မှာတော့ Thor Odinson ဟာ Guardians of the Galaxy အဖွဲ့နဲ့အတူ လိုက်သွားပါတယ်။ အခုထွက်ရှိလာမယ့် Thor: Love and Thunder ရုပ်ရှင်ထဲမှာတော့ Thor Odinson ဟာ Guardians of the Galaxy အဖွဲ့နဲ့အတူ စွန့်စားခန်းအသစ်တွေနဲ့ ရင်ဆိုင်နေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း Christian Bale သရုပ်ဆောင်ထားတဲ့ Gorr the God Butcher ပေါ်ထွက်လာတဲ့ အချိန်မှာတော့ Thor Odinson ဟာ Valkyrie ၊ Korg နဲ့ Jane Foster ရဲ့ Mighty Thor တို့နဲ့ ပူးပေါင်းပြီး ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

photo via screenrant

Wired သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Chris Hemsworth ဟာ ဒီရုပ်ရှင်က သူ့ရဲ့နောက်ဆုံး MCU ရုပ်ရှင် ဖြစ်သွားနိုင်တယ်လို့ ပြောသွားပါတယ်။

“ကျွန်တော် နောက်ဆုံးရိုက်ခဲ့တဲ့ ရုပ်ရှင်က Thor: Love and Thunder ပါ။ အဲဒီရုပ်ရှင်က ကျွန်တော့်ရဲ့ နောက်ဆုံး Marvel ရုပ်ရှင်လည်း ဖြစ်သွားနိုင်ပါတယ်။ သေချာတော့ မသိသေးဘူးပေါ့ဗျာ။ အခုဆို ဒီဇာတ်ကောင်ကို သရုပ်ဆောင်လာတာ (၁၀)နှစ်၊ (၁၁)နှစ်လောက် ရှိနေပြီပေါ့။ အကြိမ်တိုင်းမှာလည်း အသစ်အဆန်းတွေနဲ့ စိတ်လှုပ်ရှားစရာတွေ ပြည့်နေခဲ့တာမို့လို့ ဒီတစ်ခါကလည်း အတူတူပါပဲ။ ဒီရုပ်ရှင်ကတော့ ကျွန်တော်တို့အရင်က မလုပ်ခဲ့ဖူးတဲ့ အရာတစ်ခုခုကို လုပ်လိုက်သလို ခံစားရတယ်ဗျ။ Thor အနေနဲ့ သရုပ်ဆောင်ရတာကို ကြိုက်ပါတယ်။ နှစ်ပေါင်းများစွာလည်း သရုပ်ဆောင်ခဲ့ပြီးပြီဆိုပေမယ့် ပရိသတ်တွေသာ အလိုရှိသေးရင်တော့ ဆက်ပြီးသရုပ်ဆောင်ချင်ပါသေးတယ် …”

photo via screenrant

Thor: Love and Thunder ထဲမှာတော့ Jane Foster ဟာ Mighty Thor ဖြစ်လာတာကို မြင်တွေ့ရမှာ ဖြစ်ပြီး သူမဟာ Thor Odinson ရဲ့နေရာကို အစားထိုးသွားမယ်လို့ ယူဆနေကြတဲ့ ပရိသတ်တွေလည်း ရှိပါတယ်။ ဒီအချက်သာ တကယ်ဖြစ်လာမယ် ဆိုရင်တော့ ဒီရုပ်ရှင်ဟာ Chris Hemsworth ရဲ့ နောက်ဆုံး MCU ရုပ်ရှင် ဖြစ်လာနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအချက်ဟာ မှန်မမှန်ဆိုတာကိုတော့ လာမယ့်ဇူလိုင်လ (၇)ရက်နေ့မှာ သိရတော့မှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular