HomeEntertainmentFilmThor: Love and Thunder ထဲမှာ Cameo ပါဝင်ခဲ့တဲ့ Chris Hemsworth ရဲ့ဇနီး

Thor: Love and Thunder ထဲမှာ Cameo ပါဝင်ခဲ့တဲ့ Chris Hemsworth ရဲ့ဇနီး

မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Thor: Love and Thunder ရုပ်ရှင်ထဲမှာတော့ Chris Hemsworth ရဲ့ဇနီးဖြစ်သူ သရုပ်ဆောင် Elsa Pataky လည်း Cameo အနေနဲ့ ပါဝင်ခဲ့ပါတယ်။ Elsa Pataky ဟာ Chris Hemsworth ရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီရုပ်ရှင်ထဲမှာ သူမ Cameo ပါဝင်ထားတဲ့ ဓာတ်ပုံကို အင်စတာဂရမ်ပေါ်မှာ မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ အစမှာတော့ Korg ဟာ Thor ရဲ့အကြောင်းကို ပြောပြနေပြီး အဲဒီထဲက ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Elsa Pataky ဟာ Thor ရဲ့ ချစ်သူတွေထဲကတစ်ယောက် ဖြစ်တဲ့ Wolf-Woman နေရာမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ကတော့ MCU ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်းပဲ Cameo တွေများစွာ ပါဝင်ထားတဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။ Melissa McCarthy ၊ Luke Hemsworth ၊ Matt Damon ၊ Jonathan Brugh နဲ့ Brett Goldstein တို့လည်း Cameo အနေနဲ့ ပါဝင်ခဲ့ကြပါတယ်။ ဒါတင်မကသေးဘဲ Thor ရဲ့ ငယ်ဘဝမှာတော့ Chris Hemsworth ရဲ့ သားကိုယ်တိုင်က ပါဝင်ခဲ့တာ ဖြစ်ပြီး ပြန်ပေးဆွဲခံခဲ့ရတဲ့ ကလေးတွေထဲမှာလည်း Chris Hemsworth ၊ Natalie Portman ၊ Christian Bale နဲ့ Taika Waititi တို့ရဲ့ ကလေးတွေလည်း ပါဝင်နေပါတယ်။

မကြာသေးခင်ကပဲ ဇနီးဖြစ်သူ Elsa Pataky ဟာ Chris Hemsworth ရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းပေးခဲ့ပြီး Chris ရဲ့ ပုံအချို့ကို အင်စတာဂရမ်ပေါ်မှာ တင်ထားပါတယ်။ ဒါ့အပြင် အဲဒီပို့စ်ထဲမှာပဲ သူမဟာ Thor: Love and Thunder ထဲမှာ သူမကိုယ်တိုင် Cameo ပါဝင်ထားတဲ့ ရိုက်ကွင်းနောက်ကွယ်က အဖြူအမည်းပုံကိုလည်း ထည့်သွင်းထားပါသေးတယ်။

 

View this post on Instagram

 

A post shared by Elsa Pataky (@elsapataky)

Thor: Love and Thunder နဲ့ ပတ်သက်ပြီး နောက်ထပ် စိတ်ဝင်စားစရာအချက်ကတော့ Gorr the God Butcher ရဲ့ သမီးနေရာမှာ သရုပ်ဆောင်ခဲ့သူကလည်း Chris Hemsworth ရဲ့ သမီး India Rose Hemsworth ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ အဆုံးသတ်မှာတော့ Thor ဟာ အဲဒီကောင်မလေးကို သူရဲ့သမီးအရင်းလိုမျိူး မွေးစားသွားတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဒါရိုက်တာ Taika Waititi ကတော့ ဒီရုပ်ရှင်ထဲမှာ Cameo တွေများစွာ ထည့်သွင်းထားပြီး ယခုအချိန်အထိ ရှာမတွေ့သေးတာတွေလည်း ကျန်နေပါသေးတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular