HomeCelebs Update NewsInternationalThor: Love and Thunder ရဲ့ Green Screen တွေကို မကြိုက်ဘူးဆိုတဲ့ Christian Bale

Thor: Love and Thunder ရဲ့ Green Screen တွေကို မကြိုက်ဘူးဆိုတဲ့ Christian Bale

Thor: Love and Thunder ထဲမှာ Gorr the God Butcher အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ Christian Bale ကတော့ Marvel ရုပ်ရှင်တွေရဲ့ Green Screen အလွန်အကျွံ အသုံးပြုမှုကို စိတ်ပျက်ဖို့ကောင်းတယ်လို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။ Christian Bale ကတော့ သူသရုပ်ဆောင်ရမယ့် ဇာတ်ရုပ်တွေနဲ့ လိုက်ဖက်အောင် ဝိတ်အတင်အချတွေ ပြုလုပ်လေ့ ရှိသလို Method Acting ကို အသုံးပြုတဲ့ သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။

ယခုခေတ်မှာတော့ ဟောလိဝုဒ်ရုပ်ရှင်အများစုမှာ Green Screen တွေ အသုံးပြုလေ့ရှိပြီး သရုပ်ဆောင်တွေ အများစုကတော့ Green Screen အရှေ့မှာ သရုပ်ဆောင်ရတာကို သိပ်ပြီးသဘောမကျကြပါဘူး။ MCU ရုပ်ရှင်တွေကတော့ ဇာတ်လမ်းထဲမှာ ပါဝင်နေတဲ့ Location တွေကို ပိုမိုအသက်ဝင်စေဖို့အတွက် Green Screen တွေ အများအပြားအသုံးပြုလေ့ရှိပြီး Thor: Love and Thunder ရုပ်ရှင်ဟာလည်း အလားတူပဲ ဖြစ်ပါတယ်။

photo via screenrant

Christian Bale ကတော့ မကြာခင်က ပြုလုပ်ခဲ့တဲ့ GQ သတင်းဌာနနဲ့ အင်တာဗျူးမှာ သူ့ရဲ့ ရုပ်ရှင်အသစ် Amsterdam အတွက် ပရိုမိုးရှင်းဆင်းနေရင်း Thor: Love and Thunder ထဲက Green Screen တွေအရှေ့မှာ သရုပ်ဆောင်ရတဲ့ အတွေ့အကြုံကိုလည်း ပြောသွားပါတယ်။

“Green Screen ရှေ့မှာ သရုပ်ဆောင်ဖူးတာ ဒါပထမဆုံးပါပဲ။ ကျွန်တော်ပြောချင်တာတော့ ဒီဟာသုံးရတဲ့ အဓိပ္ပာယ်ကြီးကိုက ပျင်းရိစရာကောင်းတယ်။ လူကောင်းတွေလည်း ရထားတယ်ဗျာ။ ပြီးတော့ ဒါကြီးရှေ့မှာ သရုပ်ဆောင်တာမှာ ကျွန်တော့်ထက် အတွေ့အကြုံ အများကြီးရှိတဲ့သူတွေလည်း ရထားသေးတယ်။ ရိုက်ကူးရေး ပထမတစ်ရက်နဲ့ နောက်တစ်ရက်ကိုတောင် မခွဲခြားနိုင်တော့ဘူးလေ … ”

“ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိဘူးပေါ့။ stage တစ်ခုနဲ့ တစ်ခုကိုတောင် ကျွန်တော် မခွဲခြားတတ်တော့ဘူး။ သူတို့ကတော့ ဆက်တိုက်ပြောနေတာပဲ။ မင်း stage 3 မှာ သရုပ်ဆောင်ရတော့မယ်ပေါ့။ ကျွန်တော်ကတော့ ဘယ်တစ်ခုကို ပြောတာလည်းပေါ့။ သူတို့က ပြန်ပြောတယ်။ အပြာရောင်နဲ့ဟာပေါ့။ အဲဒါနဲ့ ကျွန်တော်လည်း အပြာရောင်ဆီကိုသွားတော့ လှမ်းပြောကြတယ်။ ဟေ့လူ ခင်ဗျားရောက်နေတာ Stage 7 ကြီးတဲ့။ တကယ် ဘယ်နေရာကို သွားရမှန်းကို မသိတာ …”

photo via screenrant

အမြဲတမ်းလိုလို တကယ့် Location တွေမှာပဲ သရုပ်ဆောင်နေကျ Christian Bale အတွက်တော့ ယခုမှ Green Screen ရှေ့မှာ ပထမဆုံး သရုပ်ဆောင်ခဲ့ရတာကြောင့် အခက်အခဲတွေများစွာ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ Dark Knight Trilogy ထဲမှာဆိုရင်လည်း ဒါရိုက်တာ Christopher Nolan ဟာ တတ်နိုင်သမျှ Green Screen တွေကို အသုံးမပြုခဲ့ပါဘူး။ MCU ရုပ်ရှင်တွေကတော့ Green Screen တွေကို အလွန်အသုံးပြုလေ့ရှိပါတယ်။ ဒါကတော့ ရုပ်ရှင်ကို မြန်မြန်ဖန်တီးစေနိုင်ပြီး ကောမစ်ထဲက Location တွေကို သေချာပုံဖော်ဖို့လည်း အဆင်ပြေတာကြောင့် ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular