HomeEntertainmentFilmပထမဆုံးပိတ်ရက်မှာတင် ဝင်ငွေ ဒေါ်လာ(၃၀၂)သန်း ရရှိခဲ့တဲ့ Thor: Love and Thunder

ပထမဆုံးပိတ်ရက်မှာတင် ဝင်ငွေ ဒေါ်လာ(၃၀၂)သန်း ရရှိခဲ့တဲ့ Thor: Love and Thunder

မကြာသေးခင် ရက်ပိုင်းကပဲ ရုံတင်ပြသနေတဲ့ Thor: Love and Thunder ကတော့ ပထမဆုံးပိတ်ရက်မှာ အမေရိကန် တစ်နိုင်ငံတည်းနဲ့တင် ဝင်ငွေ ဒေါ်လာ(၁၄၃)သန်း ရရှိထားတယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ကတော့ Thor ရဲ့ လေးကားမြောက် ဆိုလိုရုပ်ရှင် ဖြစ်ပြီး MCU ရဲ့ (၂၉)ကားမြောက် ရုပ်ရှင်လည်း ဖြစ်ပါတယ်။

ဒီရုပ်ရှင်ဟာလည်း ကိုဗစ်ကြောင့် နှောင့်နှေးကြန့်ကြာမှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ယခုနှစ် ဇူလိုင်လ (၇)ရက်နေ့မှာ စတင်ပြီး ရုံတင်ပြသခဲ့ပါတယ်။ ယခုဆိုရင်တော့ ဒီရုပ်ရှင်ဟာ ပထမဆုံး ပိတ်ရက်မှာတင် ယူအက်စ် တစ်နိုင်ငံတည်းနဲ့ ဒေါ်လာ(၁၄၃)သန်း ရရှိခဲ့တာကြောင့် Thor Franchise ရဲ့ ဝင်ငွေအမြင့်ဆုံး ရုပ်ရှင် ဖြစ်လာပါတယ်။

photo via screenrant

၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ပထမဆုံး Thor ရုပ်ရှင်ကတော့ ပထမပိတ်ရက်မှာ ဒေါ်လာ (၆၅)သန်းသာ ရရှိခဲ့ပြီး (၂)နှစ်အကြာမှာ ထပ်မံထွက်ရှိလာတဲ့ Thor: The Dark World ကတော့ ဒေါ်လာ (၈၅)သန်း ရရှိခဲ့ပါတယ်။ တတိယမြောက် ရုပ်ရှင်ဖြစ်တဲ့ Thor: Ragnarok ကတော့ ဒေါ်လာ (၁၂၂)သန်း ရရှိထားပါတယ်။

Ragnarok ကတော့ Thor Franchise ရဲ့ ပထမဆုံး ပိတ်ရက်မှာ ဒေါ်လာ သန်း(၁၀၀) ကျော် ရရှိခဲ့တဲ့ ပထမဆုံးရုပ်ရှင် ဖြစ်ခဲ့ပါတယ်။ Marvel စတူဒီယိုကတော့ လေးကားမြောက်မှာလည်း အလားတူပဲ ဝင်ငွေကောင်းဖို့အတွက် ဒါရိုက်တာ Taika Waititi ကို အားကိုးခဲ့တာဟာ မှန်ကန်တဲ့ လုပ်ရပ် ဖြစ်လာပါတယ်။

The Hollywood Reporter သတင်းဌာနရဲ့ ဖော်ပြချက်အရ Thor: Love and Thunder ဟာ ပထမဆုံးပိတ်ရက်မှာ အမေရိကန်တစ်နိုင်ငံတည်းနဲ့ ဒေါ်လာ (၁၄၃)သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။ MCU ရဲ့ ကိုဗစ်ကာလအပြီးမှာ ပထမဆုံးပိတ်ရက်အတွက် ဝင်ငွေအများဆုံး ရုပ်ရှင်တွေထဲမှာတော့ Thor: Love and Thunder ဟာ တတိယမြောက်နေရာမှာ ရှိနေပါတယ်။

ပထမ နှစ်ကားကတော့ Spider-Man: No Way Home (၂၆၀ သန်း)နဲ့ Doctor Strange in the Multiverse of Madness (၁၈၇.၄ သန်း)တို့ပဲ ဖြစ်ပါတယ်။ Thor: Love and Thunder ရဲ့ ပထမဆုံးပိတ်ရက်မှာ ရရှိခဲ့တဲ့ ဝင်ငွေဟာ နိုင်ငံတကာအတွက်ဆိုရင်တော့ ဒေါ်လာ (၃၀၂)သန်း ရရှိထားပါတယ်။

photo via screenrant

ယခုဆိုရင်တော့ Thor: Love and Thunder ဟာ ၂၀၂၂ ခုနှစ်ရဲ့ ပထမဆုံးပိတ်ရက်မှာ ဒုတိယမြောက် ဝင်ငွေအများဆုံး ဖြစ်လာပြီး ပထမနေရာမှာတော့ ဒေါ်လာ (၁၄၅)သန်းနဲ့ Jurassic World: Dominion က ရပ်တည်နေပါတယ်။ ဒီရုပ်ရှင်ကားကတော့ Box-Office မှာ ဝင်ငွေကောင်းနေပေမယ့်လည်း ပရိသတ်တွေကြားထဲမှာတော့ မတူညီတဲ့ ဝေဖန်မှုတွေများစွာ ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီရုပ်ရှင်ဟာ ရုံတင်ခါစပဲ ရှိသေးတာကြောင့် ပရိသတ်တိုင်းက မကြည့်ရသေးဘဲ ကိုယ်တိုင်ကြည့်ပြီးသွားရင်တော့ ဒီရုပ်ရှင် ကောင်းမကောင်းဆိုတာ သိရမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular