HomeEntertainmentFilmThor: Love and Thunder ထဲမှာ သေဆုံးသွားနိုင်တဲ့ Thor Odinson (Fan Theory)

Thor: Love and Thunder ထဲမှာ သေဆုံးသွားနိုင်တဲ့ Thor Odinson (Fan Theory)

Thor: Love and Thunder ရုပ်ရှင်ရဲ့ ထွေလာကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Taika Waititi ကပဲ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Avengers: Endgame အပြီးမှာ Guardians of the Galaxy အဖွဲ့နဲ့ လိုက်သွားတဲ့ Thor Odinson အကြောင်းကို ဆက်လက်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ဒုတိယမြောက် ထွေလာထဲက ဇာတ်ဝင်ခန်းတစ်ခုကတော့ Thor Odinson သေဆုံးသွားနိုင်ကြောင်း အရိပ်အမြွက် ပြသနေတယ်လို့ fan theory တစ်ခုက ပြောပါတယ်။

photo via screenrant

ဒုတိယမြောက်ထွေလာရဲ့ အစမှာတော့ Korg ဟာ Thor Odinson ရဲ့အကြောင်းတွေကို ပြောပြနေတာ မြင်တွေ့ခဲ့ရပါတယ်။ အဲဒီဇာတ်ဝင်ခန်းထဲမှာတော့ Korg ဟာ Thor Odinson ရဲ့အကြောင်းကို ပြောပြရာမှာ Past Tense ကို အသုံးပြုသွားတာ တွေ့ရပါတယ်။ ဒါကြောင့်ပဲ Korg ဟာ ဒီအကြောင်းတွေကို ပြန်ပြောနေတဲ့ အချိန်မှာတော့ Thor Odinson ဟာ မရှိတော့ဘူးလို့ ယူဆနိုင်ပါတယ်။

ဒါပေမယ့်လည်း ဒီဇာတ်ဝင်ခန်းကတော့ ဘယ်အချိန်မှာ ဖြစ်နေတယ်ဆိုတာ မသိရသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် Thor Odinson ဟာ ဒီရုပ်ရှင်ထဲမှာ သေဆုံးသွားနိုင်တယ်ဆိုတဲ့ အချက်ကလည်း မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒီရုပ်ရှင်ထဲမှာတော့ Thor Odinson ဟာ Gorr the God Butcher နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး Gorr the God Butcher ကလည်း နတ်ဘုရားတွေကို လိုက်လံသတ်ဖြတ်နေသူ ဖြစ်တာကြောင့် လျှော့တွက်လို့တော့ မရပါဘူး။

photo via screenrant

ဒီအချက်တွေကြောင့်ပဲ Thor ဟာ သေဆုံးသွားနိုင်သလို မသေဆုံးဘဲ စွမ်းအားတွေ ပျောက်သွားတာမျိူးလည်း ဖြစ်နိုင်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Jane Foster ကို Mighty Thor အဖြစ် မြင်တွေ့ရမှာ ဖြစ်တာကြောင့် နောက်ပိုင်းမှာတော့ Thor Odinson ရဲ့ အခန်းကဏ္ဍတွေဟာ အချိန်တစ်ခုထိ နည်းပါးသွားနိုင်ပါတယ်။ Avengers: Endgame ထဲမှာ Thanos ကို အနိုင်ယူဖို့အတွက် Iron Man နဲ့ Black Widow တို့ဟာ ကိုယ့်ကိုယ်ကို အနစ်နာခံခဲ့ကြသလိုပဲ ဒီရုပ်ရှင်ထဲမှာလည်း Thor Odinson က ကိုယ့်ကိုယ်ကို အနစ်နာခံသွားတာမျိူးကိုလည်း မြင်တွေ့ရနိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular