HomeCelebs Update NewsInternationalLeonardo ဆီက Career Advice ရရှိခဲ့ကြောင်း ပြောပြလာတဲ့ Timothee Chalamet

Leonardo ဆီက Career Advice ရရှိခဲ့ကြောင်း ပြောပြလာတဲ့ Timothee Chalamet

Timothee Chalamet ကတော့ Call Me By Your Name ရုပ်ရှင်နဲ့ ဟောလိဝုဒ်ရုပ်ရှင်လောကမှာ နာမည်ရလာသူ ဖြစ်ပြီး Lady Bird ၊ Beautiful Boy တို့လို အင်ဒီးရုပ်ရှင်တွေနဲ့ ပရိသတ်ရဲ့အသည်းကို ပိုင်စိုးထားသူ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာဆိုရင်တော့ blockbuster ရုပ်ရှင်ဖြစ်တဲ့ Dune နဲ့ ယခင်ကထက် ပိုမိုအောင်မြင်လာပါတယ်။

ဒီလိုတစထက်တစ ပိုမိုအောင်မြင်လာနေတဲ့ Timothee ဟာ British Vogue မဂ္ဂဇင်းအတွက် ပထမဆုံးသော အမျိုးသားမျက်နှာဖုံးရှင်အဖြစ် မော်ဒယ်လ်လုပ်ပေးထားပါတယ်။ ဒါဟာ British Vogue ရဲ့ (၁၀၆)နှစ်ရှိပြီ ဖြစ်တဲ့ သမိုင်းတလျှောက်မှာ ပထမဆုံးသော ဆိုလိုအမျိုးသား မျက်နှာဖုံးရှင်အဖြစ် ရွေးချယ်ခံလိုက်ရတာလည်း ဖြစ်ပါတယ်။

Photo: tchalamet/ Instagram

ဒါ့အပြင် Cover story အဖြစ် British Vogue နဲ့ အင်တာဗျူးရာမှာတော့ Timothee ဟာ စီနီယာကြီးလည်းဖြစ်၊ ဝါရင့်မင်းသားလည်း ဖြစ်တဲ့ Leonardo DiCaprio ဆီက career နဲ့ ပတ်သက်တဲ့ အကြံဉာဏ်တချို့ ရရှိခဲ့တယ်လို့ ပြောပြလာပါတယ်။ အဲဒါကတော့ Leonardo ဟာ “မူးယစ်ဆေးတွေ မသုံးစွဲနဲ့။ စူပါဟီးရိုးကားတွေ မရိုက်နဲ့ …”လို့ အကြံဉာဏ်ပေးခဲ့တယ်လို့ Timothee က ပြောပြထားပါတယ်။

Timothee နဲ့ Leonardo တို့ကတော့ ၂၀၂၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Don’t Look Up ရုပ်ရှင်မှာ အတူတူ ပါဝင်သရုပ်ဆောင်ခဲ့ကြပြီး အော်စကာဆုပေးပွဲမှာတော့ အကောင်းဆုံးဇာတ်ကားဆုအတွက် စံကာတင်စာရင်းဝင်ခဲ့ပါသေးတယ်။

Photo: leooforpresident/ Instagram

မင်းသားကြီး Leonardo ကတော့ ရုပ်ရှင်ကားချည်း သီးသန့်ပဲ သရုပ်ဆောင်နေသူဖြစ်ပြီး ၁၉၉၂ ခုနှစ်မှာ ထုတ်လွှင့်ခဲ့တဲ့ Growing Pains ဇာတ်လမ်းတွဲထဲမှာ နောက်ဆုံးအဖြစ် သရုပ်ဆောင်ထားတာပါ။ Leonardo ကတော့ ဇာတ်ရုပ်ရွေးချယ်ရာမှာ အလွန်ချေးများသူလို့လည်း နာမည်ကြီးပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီး ရှေ့အနာဂတ်မှာ ပိုလင်းလက်တောက်ပလာဦးမယ့် ကြယ်တစ်ပွင့်အနေနဲ့ Timothee ကို အခုလိုအကြံဉာဏ် ပေးခဲ့ပုံရပါတယ်။

Vancouver

Source: variety

 

RELATED ARTICLES

Most Popular