HomeEntertainmentFilmTitans season 3 ထွေလာထဲက သိထားသင့်တဲ့ စိတ်ဝင်စားစရာအချက်များ

Titans season 3 ထွေလာထဲက သိထားသင့်တဲ့ စိတ်ဝင်စားစရာအချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မကြာသေးခင် အချိန်ကပဲ Titans season 3 ရဲ့ ပထမဆုံး ထွေလာ ထွက်ရှိလာပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ ဒုတိယ season မှာတော့ Dick Grayson က Nightwing ဖြစ်လာပြီး Deathstroke ကိုလည်း သေချာမြင်တွေ့ခဲ့ရပါတယ်။ အသစ်ထွက်ရှိလာမယ့် season 3 ထဲမှာလည်း Red Hood ကို ပထမဆုံး မြင်တွေ့ရမယ့်အပြင် ပရိသတ်တွေအတွက် စိတ်ဝင်စားစရာ အချက်တွေများစွာ ပါဝင်နေပါတယ်။ Season 3 ကိုတော့ ဩဂုတ်လ (၁၂)ရက်နေ့မှာ HBO Max မှ ပြသသွားမှာ ဖြစ်ပြီး ထွေလာထဲက စိတ်ဝင်စားစရာ အချက်တွေကိုတော့ အောက်မှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။

(1) Gotham City
photo via screenrant

Titans အဖွဲ့ဟာ San Francisco မြို့မှာ လှုပ်ရှားခဲ့ပြီး အခုချိန်မှာတော့ Titans တွေကို DC ရဲ့ ရာဇဝတ်မှုအများဆုံးနဲ့ Dark အဖြစ်ဆုံး မြို့ဖြစ်တဲ့ Gotham မြို့မှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ ထွက်ရှိပြီးတဲ့ season နှစ်ခုထဲမှာတော့ ဇာတ်ကောင်တွေဟာ Gotham မြို့အကြောင်းကို ပြောခဲ့ကြပေမယ့်လည်း တစ်ခါမှ Gotham မြို့ကို သေချာ မပြသခဲ့ပါဘူး။ အခုချိန်မှသာ Titans တွေဟာ ပထမဆုံးအကြိမ်အနေနဲ့ Gotham မြို့ကို ရောက်ရှိလာမှာဖြစ်ပြီး Gotham မြို့ကိုလည်း သေချာမြင်တွေ့ရမှာပါ။

(2) Joker လည်း ပါဝင်လာပါဦးမယ်။
photo via screenrant

Season 1 ထဲမှာတော့ Dick Grayson မြင်ခဲ့ရတဲ့ ပုံရိပ်ယောင်တွေထဲမှာ Joker ပါဝင်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အဲ့ဒါတွေက ပုံရိပ်ယောင်တွေ ဖြစ်တာကြောင့် ဇာတ်လမ်းထဲမှာ တကယ် ပါဝင်လာတယ်လို့ ပြောလို့မရနိုင်ပါဘူး။ Season 3 ရဲ့ ထွေလာထဲမှာတော့ Joker က Jason Todd ကို သံတူရွင်းနဲ့ ရိုက်နေတာကို မြင်တွေ့ရပါတယ်။ ဒါကြောင့်ပဲ Season 3 ထဲမှာတော့ Joker ဟာ တစ်ပိုင်းတည်းမှာပဲ ပါဝင်ခဲ့ရင်တောင် ဒါဟာ Jason Todd အတွက် Red Hood ဖြစ်လာဖို့ လုံလောက်ပါတယ်။

(3) Death in the Family ကောမစ်ထဲက ဇာတ်လမ်းတွေ ပါဝင်လာပါမယ်။
photo via screenrant

ဒီထွေလာထဲမှာပဲ Jason Todd ဟာ Robin ကနေ Red Hood ဖြစ်လာတာကို မြင်တွေ့ခဲ့ရပါတယ်။ အပေါ်မှာ ဖော်ပြခဲ့သလိုပဲ Joker ဟာ Jason ကို သံတူရွင်းနဲ့ ရိုက်နှက်နေတဲ့ ဇာတ်ဝင်ခန်းကိုလည်း မြင်ခဲ့ရပြီး နောက်ပိုင်းမှာတော့ သွေးစွန်းနေတဲ့ သံတူရွင်းကိုပါ ထပ်မံ မြင်တွေ့ခဲ့ရပါတယ်။ ဒီအချက်ကြောင့်ပဲ Jason Todd ဟာ Red Hood ဖြစ်လာမယ်ဆိုတာ လုံးဝသေချာနေပါပြီ။ Red Hood ကိုလည်း ဘယ်လိုပုံစံနဲ့ မြင်တွေ့ရမလည်း ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

(4) Scarecrow
photo via screenrant

Season 3 ထဲမှာ ပါဝင်လာမယ့် Batman ဗီလိန်ဟာ Joker တစ်ယောက်တည်း မဟုတ်ဘဲ Jonathan Crane လို့ခေါ်တဲ့ Scarecrow လည်း ပါဝင်လာဦးမှာပါ။ ဒါ့အပြင် Joker နဲ့ မတူတဲ့အချက်ကတော့ Scarecrow နေရာမှာ ဘယ်သူက သရုပ်ဆောင်သွားမလည်း ဆိုတာကိုပါ မြင်တွေ့ခဲ့ရတာပါပဲ။ Vincent Kartheiser ကတော့ Scarecrow အဖြစ် ပါဝင်လာမှာ ဖြစ်ပြီး Titans season 3 ကတော့ အတော်လေးကို စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။

(5) ဝတ်စုံသစ် ရရှိသွားတဲ့ Beast Boy
photo via screenrant

ဒုတိယမြောက် season ထဲမှာတော့ Beast Boy ဟာ ဦးနှောက်ဆေးခံခဲ့ရပြီး မကောင်းမှုတွေကို ပြုလုပ်ခဲ့ရပါတယ်။ ဒါ့အပြင် အခုလိုမျိူး Titans တွေ Gotham မြို့ထဲကို သွားကြမယ့် အချက်ဟာ Beast Boy အတွက်တော့ မကောင်းတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒီထွေလာထဲမှာတော့ သူ့ကို အချိန်ခဏလေးပဲ မြင်တွေ့ခဲ့ရပေမယ့်လည်း ဝတ်စုံကတော့ အသစ်ပြောင်းလဲသွားတာ တွေ့ရပါတယ်။ ဝတ်စုံသစ်လည်း ရရှိထားတာကြောင့် Season 3 ထဲမှာတော့ သူ့ကို တခြားတိရစ္ဆာန်တွေအဖြစ် ပြောင်းလဲတာ မြင်တွေ့ရမယ်လို့တော့ မျှော်လင့်နိုင်ပါတယ်။

(6) Fear Toxin
photo via screenrant

ဒီထွေလာထဲမှာ Scarecrow ဖြစ်လာမယ့် ဇာတ်ကောင်ကို မြင်တွေ့ခဲ့ရပေမယ့်လည်း Scarecrow ဝတ်စုံကိုတော့ မတွေ့ခဲ့ရပါဘူး။ Jonathan Crane ကို Scarecrow ဖြစ်လာစေတဲ့ အဓိကအချက်ကတော့ Fear Toxin ဖြစ်ပြီး ထွေလာထဲမှာတော့ တစ်ယောက်ယောက်က Fear Toxin ရဲ့ ဆိုးကျိူးတွေ ခံစားနေရတာကို မြင်ခဲ့ရပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် Fear Toxin ထိုးသွင်းတာကို ခံရရင်တော့ သူ့အတွက် အဆိုးရွားဆုံး ဘဝအတွေ့အကြုံတစ်ခုကို ရရှိသွားမှာ ဖြစ်ပါတယ်။

(7) Bruce Wayne
photo via screenrant

Season 3 ထဲမှာတော့ Titans တွေဟာ Gotham မြို့ကို ရောက်ရှိလာမှာ ဖြစ်တာကြောင့် Bruce Wayne ကတော့ မပါမဖြစ် ပါဝင်လာရပါတော့မယ်။ အခုချိန်ထိတော့ Bruce ဟာ ဘယ်နှပိုင်းလောက် ပါဝင်လာမယ်ဆိုတာ မသိရသေးပါဘူး။ ဒီဇာတ်လမ်းတွဲဟာ Titans အဖွဲ့ကို အသားပေး ရိုက်ကူးထားတာကြောင့် Batman ကို သေချာမပြသခဲ့ပါဘူး။

Season 1 ထဲမှာ Dick Grayson ထင်ယောင်ထင်မှား ဖြစ်တဲ့အချိန်မှာ Batman ကို တစ်ကြိမ် မြင်တွေ့ခဲ့ရတာကလွဲရင် သေချာမမြင်ခဲ့ရပါဘူး။ ဒါပေမယ့်လည်း season 3 မှာတော့ Batsignal ကိုလည်း မြင်တွေ့ခဲ့ရပြီး Death in the Family ဇာတ်လမ်းလည်း ပါဝင်လာမှာ ဖြစ်တာကြောင့် cameo အနေနဲ့ဖြစ်ဖြစ် Batman ကို သေချာ မြင်တွေ့ရနိုင်ပါတယ်။

(8) Under the Red Hood
photo via screenrant

Season 3 ထဲမှာ Death in the Family ကောမစ်ထဲက ဇာတ်လမ်းအချို့ကို မြင်တွေ့ရမှာ ဖြစ်တဲ့အပြင် ၂၀၀၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ Under the Red Hood ကောမစ်ထဲက ဇာတ်လမ်းအချို့ကိုလည်း မြင်တွေ့ရဦးမှာပါ။ ထွေလာထဲမှာတော့ သိုလှောင်ရုံတစ်ခုထဲမှာ ရာဇဝတ်သားတွေ စုစည်းနေပြီး ခုံပေါ်မှာ အိတ်တစ်လုံး တင်ထားကို တွေ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ဟာ တစ်ယောက်ယောက်ကို သေနတ်နဲ့ ပစ်ခတ်နေတာကိုပါ တွေ့ခဲ့ရပါတယ်။ ကောမစ်ထဲမှာတော့ Red Hood ဟာ အဲ့ဒီရာဇဝတ်သားတွေရဲ့ အထက်လူကြီးတွေရဲ့ ခေါင်းတွေကို အိတ်တစ်လုံးထဲထည့်ပြီး ပေးကာ တိုက်ခိုက်တဲ့အခန်း ပါဝင်ပါတယ်။

(9) ဟီးရိုးတွေအတွက် ခက်ခဲမှုတွေ များစွာရှိနေတဲ့ Season 3
photo via screenrant

ထွေလာထဲမှာတော့ တခြားဇာတ်ကောင်တွေဖြစ်တဲ့ Hawk နဲ့ Dove တို့ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ Hawk ရဲ့ ပုံစံကလည်း တစ်ခုခုကြောင့် စိတ်ဓာတ်ကျနေတဲ့ပုံစံ ဖြစ်နေပြီး Dove ကလည်း တစ်ယောက်ယောက်နဲ့ တိုက်ခိုက်ရင်း အခက်အခဲ ကြုံနေတာကို မြင်တွေ့ရပါတယ်။ Starfire ကိုလည်း တစ်ယောက်ယောက်က တိုက်ခိုက်တော့မယ့် ပုံစံကို မြင်တွေ့ခဲ့ရသလို မီးတွေ ပတ်လည်ဝိုင်းနေတဲ့ Superboy ကိုလည်း မြင်ခဲ့ရပါသေးတယ်။ ထွေလာရဲ့ နောက်ဆုံးမှာတော့ Nightwing ဟာ လူနှစ်ယောက်နဲ့ တိုက်ခိုက်နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

GCPD ရဲ့ ရဲမှူးအသစ်ဖြစ်တဲ့ Barbara Gordon ဟာလည်း season 3 မှာ ပါဝင်လာမှာ ဖြစ်ပေမယ့် ဒီထွေလာထဲမှာတော့ မမြင်ခဲ့ရပါဘူး။ ဒါ့အပြင် season 2 တုန်းက သေဆုံးသွားခဲ့တဲ့ Donna Troy လည်း ပြန်လည် ပါဝင်လာမယ်လို့ အတည်ပြုထားပါသေးတယ်။ ဒါပေမယ့်လည်း သူမဟာ ဘယ်လိုမျိူး ပြန်လည် ရှင်သန်လာတာလည်း ဆိုတာကိုတော့ မသိရသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအချက်တွေအားလုံးကြောင့် season 3 ဟာ ပရိသတ်တွေအတွက် စိတ်ဝင်စားစရာတွေမျိူးစုံ ယူဆောင်လာပေးမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

မၾကာေသးခင္ အခ်ိန္ကပဲ Titans season 3 ရဲ႕ ပထမဆုံး ေထြလာ ထြက္ရွိလာပါတယ္။ ဒီဇာတ္လမ္းတြဲရဲ႕ ဒုတိယ season မွာေတာ့ Dick Grayson က Nightwing ျဖစ္လာၿပီး Deathstroke ကိုလည္း ေသခ်ာျမင္ေတြ႕ခဲ့ရပါတယ္။ အသစ္ထြက္ရွိလာမယ့္ season 3 ထဲမွာလည္း Red Hood ကို ပထမဆုံး ျမင္ေတြ႕ရမယ့္အျပင္ ပရိသတ္ေတြအတြက္ စိတ္ဝင္စားစရာ အခ်က္ေတြမ်ားစြာ ပါဝင္ေနပါတယ္။ Season 3 ကိုေတာ့ ဩဂုတ္လ (၁၂)ရက္ေန႔မွာ HBO Max မွ ျပသသြားမွာ ျဖစ္ၿပီး ေထြလာထဲက စိတ္ဝင္စားစရာ အခ်က္ေတြကိုေတာ့ ေအာက္မွာ ဆက္လက္ ဖတ္ရႈႏိုင္ပါတယ္။

(1) Gotham City
photo via screenrant

Titans အဖြဲ႕ဟာ San Francisco ၿမိဳ႕မွာ လႈပ္ရွားခဲ့ၿပီး အခုခ်ိန္မွာေတာ့ Titans ေတြကို DC ရဲ႕ ရာဇဝတ္မႈအမ်ားဆုံးနဲ႔ Dark အျဖစ္ဆုံး ၿမိဳ႕ျဖစ္တဲ့ Gotham ၿမိဳ႕မွာ ျမင္ေတြ႕ရေတာ့မွာ ျဖစ္ပါတယ္။ ထြက္ရွိၿပီးတဲ့ season ႏွစ္ခုထဲမွာေတာ့ ဇာတ္ေကာင္ေတြဟာ Gotham ၿမိဳ႕အေၾကာင္းကို ေျပာခဲ့ၾကေပမယ့္လည္း တစ္ခါမွ Gotham ၿမိဳ႕ကို ေသခ်ာ မျပသခဲ့ပါဘူး။ အခုခ်ိန္မွသာ Titans ေတြဟာ ပထမဆုံးအႀကိမ္အေနနဲ႔ Gotham ၿမိဳ႕ကို ေရာက္ရွိလာမွာျဖစ္ၿပီး Gotham ၿမိဳ႕ကိုလည္း ေသခ်ာျမင္ေတြ႕ရမွာပါ။

(2) Joker လည္း ပါဝင္လာပါဦးမယ္။
photo via screenrant

Season 1 ထဲမွာေတာ့ Dick Grayson ျမင္ခဲ့ရတဲ့ ပုံရိပ္ေယာင္ေတြထဲမွာ Joker ပါဝင္ခဲ့ပါေသးတယ္။ ဒါေပမယ့္လည္း အဲ့ဒါေတြက ပုံရိပ္ေယာင္ေတြ ျဖစ္တာေၾကာင့္ ဇာတ္လမ္းထဲမွာ တကယ္ ပါဝင္လာတယ္လို႔ ေျပာလို႔မရႏိုင္ပါဘူး။ Season 3 ရဲ႕ ေထြလာထဲမွာေတာ့ Joker က Jason Todd ကို သံတူ႐ြင္းနဲ႔ ႐ိုက္ေနတာကို ျမင္ေတြ႕ရပါတယ္။ ဒါေၾကာင့္ပဲ Season 3 ထဲမွာေတာ့ Joker ဟာ တစ္ပိုင္းတည္းမွာပဲ ပါဝင္ခဲ့ရင္ေတာင္ ဒါဟာ Jason Todd အတြက္ Red Hood ျဖစ္လာဖို႔ လုံေလာက္ပါတယ္။

(3) Death in the Family ေကာမစ္ထဲက ဇာတ္လမ္းေတြ ပါဝင္လာပါမယ္။
photo via screenrant

ဒီေထြလာထဲမွာပဲ Jason Todd ဟာ Robin ကေန Red Hood ျဖစ္လာတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ အေပၚမွာ ေဖာ္ျပခဲ့သလိုပဲ Joker ဟာ Jason ကို သံတူ႐ြင္းနဲ႔ ႐ိုက္ႏွက္ေနတဲ့ ဇာတ္ဝင္ခန္းကိုလည္း ျမင္ခဲ့ရၿပီး ေနာက္ပိုင္းမွာေတာ့ ေသြးစြန္းေနတဲ့ သံတူ႐ြင္းကိုပါ ထပ္မံ ျမင္ေတြ႕ခဲ့ရပါတယ္။ ဒီအခ်က္ေၾကာင့္ပဲ Jason Todd ဟာ Red Hood ျဖစ္လာမယ္ဆိုတာ လုံးဝေသခ်ာေနပါၿပီ။ Red Hood ကိုလည္း ဘယ္လိုပုံစံနဲ႔ ျမင္ေတြ႕ရမလည္း ဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

(4) Scarecrow
photo via screenrant

Season 3 ထဲမွာ ပါဝင္လာမယ့္ Batman ဗီလိန္ဟာ Joker တစ္ေယာက္တည္း မဟုတ္ဘဲ Jonathan Crane လို႔ေခၚတဲ့ Scarecrow လည္း ပါဝင္လာဦးမွာပါ။ ဒါ့အျပင္ Joker နဲ႔ မတူတဲ့အခ်က္ကေတာ့ Scarecrow ေနရာမွာ ဘယ္သူက သ႐ုပ္ေဆာင္သြားမလည္း ဆိုတာကိုပါ ျမင္ေတြ႕ခဲ့ရတာပါပဲ။ Vincent Kartheiser ကေတာ့ Scarecrow အျဖစ္ ပါဝင္လာမွာ ျဖစ္ၿပီး Titans season 3 ကေတာ့ အေတာ္ေလးကို စိတ္ဝင္စားဖို႔ ေကာင္းေနပါၿပီ။

(5) ဝတ္စုံသစ္ ရရွိသြားတဲ့ Beast Boy
photo via screenrant

ဒုတိယေျမာက္ season ထဲမွာေတာ့ Beast Boy ဟာ ဦးေႏွာက္ေဆးခံခဲ့ရၿပီး မေကာင္းမႈေတြကို ျပဳလုပ္ခဲ့ရပါတယ္။ ဒါ့အျပင္ အခုလိုမ်ိဴး Titans ေတြ Gotham ၿမိဳ႕ထဲကို သြားၾကမယ့္ အခ်က္ဟာ Beast Boy အတြက္ေတာ့ မေကာင္းတဲ့ သက္ေရာက္မႈေတြ ရွိလာႏိုင္ပါတယ္။ ဒီေထြလာထဲမွာေတာ့ သူ႔ကို အခ်ိန္ခဏေလးပဲ ျမင္ေတြ႕ခဲ့ရေပမယ့္လည္း ဝတ္စုံကေတာ့ အသစ္ေျပာင္းလဲသြားတာ ေတြ႕ရပါတယ္။ ဝတ္စုံသစ္လည္း ရရွိထားတာေၾကာင့္ Season 3 ထဲမွာေတာ့ သူ႔ကို တျခားတိရစာၦန္ေတြအျဖစ္ ေျပာင္းလဲတာ ျမင္ေတြ႕ရမယ္လို႔ေတာ့ ေမွ်ာ္လင့္ႏိုင္ပါတယ္။

(6) Fear Toxin
photo via screenrant

ဒီေထြလာထဲမွာ Scarecrow ျဖစ္လာမယ့္ ဇာတ္ေကာင္ကို ျမင္ေတြ႕ခဲ့ရေပမယ့္လည္း Scarecrow ဝတ္စုံကိုေတာ့ မေတြ႕ခဲ့ရပါဘူး။ Jonathan Crane ကို Scarecrow ျဖစ္လာေစတဲ့ အဓိကအခ်က္ကေတာ့ Fear Toxin ျဖစ္ၿပီး ေထြလာထဲမွာေတာ့ တစ္ေယာက္ေယာက္က Fear Toxin ရဲ႕ ဆိုးက်ိဴးေတြ ခံစားေနရတာကို ျမင္ခဲ့ရပါတယ္။ ဘယ္သူပဲျဖစ္ျဖစ္ Fear Toxin ထိုးသြင္းတာကို ခံရရင္ေတာ့ သူ႔အတြက္ အဆိုး႐ြားဆုံး ဘဝအေတြ႕အႀကဳံတစ္ခုကို ရရွိသြားမွာ ျဖစ္ပါတယ္။

(7) Bruce Wayne
photo via screenrant

Season 3 ထဲမွာေတာ့ Titans ေတြဟာ Gotham ၿမိဳ႕ကို ေရာက္ရွိလာမွာ ျဖစ္တာေၾကာင့္ Bruce Wayne ကေတာ့ မပါမျဖစ္ ပါဝင္လာရပါေတာ့မယ္။ အခုခ်ိန္ထိေတာ့ Bruce ဟာ ဘယ္ႏွပိုင္းေလာက္ ပါဝင္လာမယ္ဆိုတာ မသိရေသးပါဘူး။ ဒီဇာတ္လမ္းတြဲဟာ Titans အဖြဲ႕ကို အသားေပး ႐ိုက္ကူးထားတာေၾကာင့္ Batman ကို ေသခ်ာမျပသခဲ့ပါဘူး။

Season 1 ထဲမွာ Dick Grayson ထင္ေယာင္ထင္မွား ျဖစ္တဲ့အခ်ိန္မွာ Batman ကို တစ္ႀကိမ္ ျမင္ေတြ႕ခဲ့ရတာကလြဲရင္ ေသခ်ာမျမင္ခဲ့ရပါဘူး။ ဒါေပမယ့္လည္း season 3 မွာေတာ့ Batsignal ကိုလည္း ျမင္ေတြ႕ခဲ့ရၿပီး Death in the Family ဇာတ္လမ္းလည္း ပါဝင္လာမွာ ျဖစ္တာေၾကာင့္ cameo အေနနဲ႔ျဖစ္ျဖစ္ Batman ကို ေသခ်ာ ျမင္ေတြ႕ရႏိုင္ပါတယ္။

(8) Under the Red Hood
photo via screenrant

Season 3 ထဲမွာ Death in the Family ေကာမစ္ထဲက ဇာတ္လမ္းအခ်ိဳ႕ကို ျမင္ေတြ႕ရမွာ ျဖစ္တဲ့အျပင္ ၂၀၀၆ ခုႏွစ္က ထြက္ရွိခဲ့တဲ့ Under the Red Hood ေကာမစ္ထဲက ဇာတ္လမ္းအခ်ိဳ႕ကိုလည္း ျမင္ေတြ႕ရဦးမွာပါ။ ေထြလာထဲမွာေတာ့ သိုေလွာင္႐ုံတစ္ခုထဲမွာ ရာဇဝတ္သားေတြ စုစည္းေနၿပီး ခုံေပၚမွာ အိတ္တစ္လုံး တင္ထားကို ေတြ႕ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ဟာ တစ္ေယာက္ေယာက္ကို ေသနတ္နဲ႔ ပစ္ခတ္ေနတာကိုပါ ေတြ႕ခဲ့ရပါတယ္။ ေကာမစ္ထဲမွာေတာ့ Red Hood ဟာ အဲ့ဒီရာဇဝတ္သားေတြရဲ႕ အထက္လူႀကီးေတြရဲ႕ ေခါင္းေတြကို အိတ္တစ္လုံးထဲထည့္ၿပီး ေပးကာ တိုက္ခိုက္တဲ့အခန္း ပါဝင္ပါတယ္။

(9) ဟီး႐ိုးေတြအတြက္ ခက္ခဲမႈေတြ မ်ားစြာရွိေနတဲ့ Season 3
photo via screenrant

ေထြလာထဲမွာေတာ့ တျခားဇာတ္ေကာင္ေတြျဖစ္တဲ့ Hawk နဲ႔ Dove တို႔ကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ Hawk ရဲ႕ ပုံစံကလည္း တစ္ခုခုေၾကာင့္ စိတ္ဓာတ္က်ေနတဲ့ပုံစံ ျဖစ္ေနၿပီး Dove ကလည္း တစ္ေယာက္ေယာက္နဲ႔ တိုက္ခိုက္ရင္း အခက္အခဲ ႀကဳံေနတာကို ျမင္ေတြ႕ရပါတယ္။ Starfire ကိုလည္း တစ္ေယာက္ေယာက္က တိုက္ခိုက္ေတာ့မယ့္ ပုံစံကို ျမင္ေတြ႕ခဲ့ရသလို မီးေတြ ပတ္လည္ဝိုင္းေနတဲ့ Superboy ကိုလည္း ျမင္ခဲ့ရပါေသးတယ္။ ေထြလာရဲ႕ ေနာက္ဆုံးမွာေတာ့ Nightwing ဟာ လူႏွစ္ေယာက္နဲ႔ တိုက္ခိုက္ေနတာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။

GCPD ရဲ႕ ရဲမႉးအသစ္ျဖစ္တဲ့ Barbara Gordon ဟာလည္း season 3 မွာ ပါဝင္လာမွာ ျဖစ္ေပမယ့္ ဒီေထြလာထဲမွာေတာ့ မျမင္ခဲ့ရပါဘူး။ ဒါ့အျပင္ season 2 တုန္းက ေသဆုံးသြားခဲ့တဲ့ Donna Troy လည္း ျပန္လည္ ပါဝင္လာမယ္လို႔ အတည္ျပဳထားပါေသးတယ္။ ဒါေပမယ့္လည္း သူမဟာ ဘယ္လိုမ်ိဴး ျပန္လည္ ရွင္သန္လာတာလည္း ဆိုတာကိုေတာ့ မသိရေသးပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီအခ်က္ေတြအားလုံးေၾကာင့္ season 3 ဟာ ပရိသတ္ေတြအတြက္ စိတ္ဝင္စားစရာေတြမ်ိဴးစုံ ယူေဆာင္လာေပးမွာ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular