HomeCelebs Update NewsInternationalMission: Impossible 7 ထဲက မင်းသမီးနဲ့ တွဲနေတယ်လို့ သတင်းထွက်နေတဲ့ Tom Cruise 

Mission: Impossible 7 ထဲက မင်းသမီးနဲ့ တွဲနေတယ်လို့ သတင်းထွက်နေတဲ့ Tom Cruise 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသားကြီး Tom Cruise ဟာ ယခုလက်ရှိ ရိုက်ကူးနေတဲ့ Mission: Impossible 7 ထဲက သရုပ်ဆောင်ဖက် မင်းသမီးနဲ့ တွဲနေတယ်လို့ အသစ်ထွက်ပေါ်လာတဲ့ သတင်းများအရ သိရပါတယ်။

အသက်(၅၈)နှစ်အရွယ် မင်းသားကြီးဟာ MI7 ရုပ်ရှင်ရိုက်ကွင်းမှာပဲ အချစ်သစ်တွေ့နေပြီလို့ သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။ မင်းသားကြီးနဲ့ တွဲနေတယ်လို့ သတင်းထွက်နေတဲ့ မင်းသမီးကတော့ MI7 ထဲက သရုပ်ဆောင်မင်းသမီးဖြစ်တဲ့ Hayley Atwell ဖြစ်ပါတယ်။

Photo: wellhayley/ Instagram

The Sun သတင်းစာရဲ့ ဖော်ပြချက်အရ Tom နဲ့ အသက်(၃၈)နှစ်အရွယ် မင်းသမီး Hayley တို့ဟာ ဒီရုပ်ရှင် စတင်ရိုက်ကူးတည်းက တပူးတွဲတွဲနဲ့ ဖြစ်နေကြတာလို့ ဆိုပါတယ်။ MI7 ရုပ်ရှင်ဟာလည်း ကိုဗစ်ကြောင့် နားလိုက်၊ ရိုက်လိုက်နဲ့ အခက်အခဲတေွ အမျိုးမျိုး တွေ့နေရာမှာ Tom တစ်ယောက် ကြံ့ကြံ့ခံ ရင်ဆိုင်ဖြတ်သန်းနေပြီး Hayley နဲ့လည်း ဒီအခက်အခဲတွေကြောင့်ပဲ ပိုမိုနီးစပ်လာတယ်လို့ ဆိုထားပါတယ်။

Photo: tomcruise/ Instagram

Tom ဟာ ၂၀၁၂ခုနှစ်မှာ ဇနီးဟောင်း မင်းသမီး Katie Holmes နဲ့ လမ်းခွဲပြီးတည်းက သူ့ရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီး အလွန်သိုဝှက်စွာ နေထိုင်လာသူ ဖြစ်ပါတယ်။ အဲ့ဒီ့နောက်ပိုင်းက စတင်ပြီး အမျိုးသမီးပေါင်းများစွာနဲ့ သတင်းထွက်ခဲ့ပေမယ့် တရားဝင်ကြေညာပြီး တွဲခဲ့တာမျိုးတော့ မရှိပါဘူး။ ဒါကြောင့်ပဲ အခု မင်းသမီး Hayley Atwell နဲ့မှာလည်း အလားတူပဲ ဖြစ်ဦးမှာလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

LaNina

Source: hollywoodlife

(Zawgyi Version)

မင္းသားႀကီး Tom Cruise ဟာ ယခုလက္ရွိ ႐ိုက္ကူးေနတဲ့ Mission: Impossible 7 ထဲက သ႐ုပ္ေဆာင္ဖက္ မင္းသမီးနဲ႔ တြဲေနတယ္လို႔ အသစ္ထြက္ေပၚလာတဲ့ သတင္းမ်ားအရ သိရပါတယ္။

အသက္(၅၈)ႏွစ္အ႐ြယ္ မင္းသားႀကီးဟာ MI7 ႐ုပ္ရွင္႐ိုက္ကြင္းမွာပဲ အခ်စ္သစ္ေတြ႕ေနၿပီလို႔ သတင္းေတြ ထြက္ေနတာ ျဖစ္ပါတယ္။ မင္းသားႀကီးနဲ႔ တြဲေနတယ္လို႔ သတင္းထြက္ေနတဲ့ မင္းသမီးကေတာ့ MI7 ထဲက သ႐ုပ္ေဆာင္မင္းသမီးျဖစ္တဲ့ Hayley Atwell ျဖစ္ပါတယ္။

Photo: wellhayley/ Instagram

The Sun သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ Tom နဲ႔ အသက္(၃၈)ႏွစ္အ႐ြယ္ မင္းသမီး Hayley တို႔ဟာ ဒီ႐ုပ္ရွင္ စတင္႐ိုက္ကူးတည္းက တပူးတြဲတြဲနဲ႔ ျဖစ္ေနၾကတာလို႔ ဆိုပါတယ္။ MI7 ႐ုပ္ရွင္ဟာလည္း ကိုဗစ္ေၾကာင့္ နားလိုက္၊ ႐ိုက္လိုက္နဲ႔ အခက္အခဲေတြ အမ်ိဳးမ်ိဳး ေတြ႕ေနရာမွာ Tom တစ္ေယာက္ ႀကံ့ႀကံ့ခံ ရင္ဆိုင္ျဖတ္သန္းေနၿပီး Hayley နဲ႔လည္း ဒီအခက္အခဲေတြေၾကာင့္ပဲ ပိုမိုနီးစပ္လာတယ္လို႔ ဆိုထားပါတယ္။

Photo: tomcruise/ Instagram

Tom ဟာ ၂၀၁၂ခုႏွစ္မွာ ဇနီးေဟာင္း မင္းသမီး Katie Holmes နဲ႔ လမ္းခြဲၿပီးတည္းက သူ႔ရဲ႕အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး အလြန္သိုဝွက္စြာ ေနထိုင္လာသူ ျဖစ္ပါတယ္။ အဲ့ဒီ့ေနာက္ပိုင္းက စတင္ၿပီး အမ်ိဳးသမီးေပါင္းမ်ားစြာနဲ႔ သတင္းထြက္ခဲ့ေပမယ့္ တရားဝင္ေၾကညာၿပီး တြဲခဲ့တာမ်ိဳးေတာ့ မရွိပါဘူး။ ဒါေၾကာင့္ပဲ အခု မင္းသမီး Hayley Atwell နဲ႔မွာလည္း အလားတူပဲ ျဖစ္ဦးမွာလားဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

LaNina

Source: hollywoodlife

 

RELATED ARTICLES

Most Popular