HomeEntertainmentFilmTom Cruise ရဲ႕ အက္ရွင္အလန္းစားႀကီးေတြကို ခံစားရဦးမယ့္ Top Gun: Maverick (2020)

Tom Cruise ရဲ႕ အက္ရွင္အလန္းစားႀကီးေတြကို ခံစားရဦးမယ့္ Top Gun: Maverick (2020)

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

ေဟာလိ၀ုဒ္မွာ Tom Cruise ဆုိၿပီး နာမည္တစ္လုံးနဲ႔ ျဖစ္လာေစေအာင္ နာမည္ႀကီး Top Gun ရုပ္ရွင္ကားႀကီးရဲ႕ အဆက္ဟာဆိုရင္ေတာ့ ႏွစ္ေပါင္းငါးဆယ္အၾကာမွာ ေငြေရာင္ပိတ္ကားေပၚကို ျပန္လည္ေရာက္ရိွလာခဲ့ပါၿပီ။

မူလ Top Gun ရုပ္ရွင္ကားႀကီးကို ၁၉၈၆ခုႏွစ္မွာ ရုံတင္ျပသခဲ့တာျဖစ္ၿပီး အဲ့ဒီ့ကားရဲ႕အဆက္ျဖစ္တဲ့ ယခု Top Gun: Maverick အက္ရွင္ကားႀကီးကိုေတာ့ ၂၀၂၀ခုႏွစ္မွာ ရုံတင္ျပသသြားမယ္လို႔ Paramount Pictures က ေၾကျငာထားပါတယ္။

Tom Cruise ဆိုတဲ့အတိုင္း ဘယ္လိုမာန္ပါတဲ့ သရုပ္ေဆာင္ခ်က္ေတြနဲ႔ အက္ရွင္အလန္းစားႀကီးေတြကို ၾကည့္ၾကရမလည္းဆိုတာ ရင္ခုန္စရာပါ။ ဒါ့အျပင္ Foxnews ၀က္ဘ္ဆိုဒ္မွာ ေဖာ္ျပထားခ်က္ေတြအရ ဒီဇာတ္ကားမွာ CGI ေတြ သိပ္မသုံးထားဘဲ တကယ့္ျမင္ကြင္းအစစ္ေတြကိုသာ ေဖာ္ၾကဴးရိုက္ကူးထားတယ္လို႔ သိရပါတယ္။ အထူးသျဖင့္ ေလယာဥ္ပ်ံတဲ့ အခန္းေတြမွာဆိုရင္ CGI အစား တကယ့္ ေလယာဥ္ပ်ံေတြနဲ႔ ပ်ံျပၿပီး ရိုက္ကူးထားသလို ရုပ္ထြက္အေနနဲ႔ 6K နဲ႔ ရိုက္ကူးထားတာေၾကာင့္ လုံး၀ ရူးခါေလာက္တဲ့ HD အေတြ႕အႀကံဳကို ခံစားရမယ္လို႔ သိရပါတယ္။

ဒါရိုက္တာ Joseph Kosinski ရိုက္ကူးထားတဲ့ ဒီဇာတ္ကားမွာ Tom Cruise ၊ Miles Teller ၊ Jennifer Connelly ၊Jon Hamm ၊ Glen Powell ၊ Lewis Pullman နဲ႔ Ed Harris တို႔က ပါ၀င္သရုပ္ေဆာင္ထားပါတယ္။ ဘယ္လိုအမိုက္စားေတြ ျဖစ္မလည္းဆိုတာ ေထြလာကိုၾကည့္ၿပီး ရင္ခုန္လုိက္ပါဦး။

Xei

(Unicode Version)

ဟောလိဝုဒ်မှာ Tom Cruise ဆိုပြီး နာမည်တစ်လုံးနဲ့ ဖြစ်လာစေအောင် နာမည်ကြီး Top Gun ရုပ်ရှင်ကားကြီးရဲ့ အဆက်ဟာဆိုရင်တော့ နှစ်ပေါင်းငါးဆယ်အကြာမှာ ငွေရောင်ပိတ်ကားပေါ်ကို ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။

မူလ Top Gun ရုပ်ရှင်ကားကြီးကို ၁၉၈၆ခုနှစ်မှာ ရုံတင်ပြသခဲ့တာဖြစ်ပြီး အဲ့ဒီ့ကားရဲ့အဆက်ဖြစ်တဲ့ ယခု Top Gun: Maverick အက်ရှင်ကားကြီးကိုတော့ ၂၀၂၀ခုနှစ်မှာ ရုံတင်ပြသသွားမယ်လို့ Paramount Pictures က ကြေငြာထားပါတယ်။

Tom Cruise ဆိုတဲ့အတိုင်း ဘယ်လိုမာန်ပါတဲ့ သရုပ်ဆောင်ချက်တွေနဲ့ အက်ရှင်အလန်းစားကြီးတွေကို ကြည့်ကြရမလည်းဆိုတာ ရင်ခုန်စရာပါ။ ဒါ့အပြင် Foxnews ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားချက်တွေအရ ဒီဇာတ်ကားမှာ CGI တွေ သိပ်မသုံးထားဘဲ တကယ့်မြင်ကွင်းအစစ်တွေကိုသာ ဖော်ကြူးရိုက်ကူးထားတယ်လို့ သိရပါတယ်။ အထူးသဖြင့် လေယာဉ်ပျံတဲ့ အခန်းတွေမှာဆိုရင် CGI အစား တကယ့် လေယာဉ်ပျံတွေနဲ့ ပျံပြပြီး ရိုက်ကူးထားသလို ရုပ်ထွက်အနေနဲ့ 6K နဲ့ ရိုက်ကူးထားတာကြောင့် လုံး၀ ရူးခါလောက်တဲ့ HD အတွေ့အကြုံကို ခံစားရမယ်လို့ သိရပါတယ်။

ဒါရိုက်တာ Joseph Kosinski ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ Tom Cruise ၊ Miles Teller ၊ Jennifer Connelly ၊Jon Hamm ၊ Glen Powell ၊ Lewis Pullman နဲ့ Ed Harris တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဘယ်လိုအမိုက်စားတွေ ဖြစ်မလည်းဆိုတာ ထွေလာကိုကြည့်ပြီး ရင်ခုန်လိုက်ပါဦး။

Xei

 

RELATED ARTICLES

Most Popular