HomeEntertainmentFilmမင်းသားကြီး Tom Cruise ရဲ့ အော်စကာဆုနဲ့ လွဲခဲ့ရတဲ့ ဇာတ်ကားကောင်းများ

မင်းသားကြီး Tom Cruise ရဲ့ အော်စကာဆုနဲ့ လွဲခဲ့ရတဲ့ ဇာတ်ကားကောင်းများ

မင်းသားကြီး Tom Cruise ကတော့ ယခုအချိန်မှာ အသက်(၆၀)နှစ် ရှိနေပြီ ဖြစ်ပြီး လောလောဆယ်မှာလည်း သူ့ရဲ့ အက်ရှင်ရုပ်ရှင်သစ် ဖြစ်တဲ့ Top Gun: Maverick က ရုံတင်ပြသနေပါတယ်။ မင်းသားကြီးဟာ အသက်အရွယ်အားဖြင့် အတိုင်းအတာတစ်ခုကို ရောက်နေပြီ ဖြစ်ပေမယ့်လည်း အန္တရာယ်များတဲ့ စတန့်တွေကို ကိုယ်တိုင်ပြုလုပ်နေဆဲ ဖြစ်ပြီး ကြည့်ရှုရတဲ့ ပရိသတ်တွေအတွက်လည်း ရင်သပ်ရှုမောဖွယ် ဖြစ်စေပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ မင်းသားကြီး Tom Cruise ရဲ့ အော်စကာနဲ့ လွဲချော်ခဲ့ရတဲ့ ဇာတ်ရုပ်တွေကို ဖော်ပြပေးချင်ပါတယ်။

Jack Harper – Oblivion

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.0) ရရှိထားပါတယ်။ ဒီရုပ်ရှင်ကတော့ ထွက်ရှိခါစအချိန်မှာ ဝေဖန်ချက်တွေမျိူးစုံ ရှိခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ ၂၀၁၀ နောက်ပိုင်းမှာ ထွက်ရှိခဲ့တဲ့ အကောင်းဆုံး Apocalypse ရုပ်ရှင်တွေထဲက တစ်ကားလို့ သတ်မှတ်ခဲ့ကြပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ စွဲမက်စရာကောင်းတဲ့ အက်ရှင်ခန်းတွေနဲ့ Visual တွေက ကြည့်ရှုသူတွေရဲ့ အာရုံကို အဓိကဖမ်းစားထားပေမယ့်လည်း မင်းသားကြီး Tom Cruise ရဲ့ သရုပ်ဆောင်ကောင်းတာကိုလည်း မမေ့လျော့သင့်ပါဘူး။

Ethan Hunt – Mission: Impossible

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.1) ရရှိထားပါတယ်။ Mission Impossible ကတော့ ယခုအချိန်အထိ ဟောလိဝုဒ်ရဲ့ အအောင်မြင်ဆုံး Franchise တွေထဲမှာ ပါဝင်နေပါတယ်။ ဒါပေမယ့်လည်း ပရိသတ်အများစုကတော့ Tom Cruise ရဲ့ အော်စကာရရှိသင့်တဲ့ ဇာတ်ကောင်စာရင်းမှာ ဒီ Franchise ထဲက Ethan Hunt အနေနဲ့ သရုပ်ဆောင်ခဲ့တာကိုတော့ သိပ်ပြီးထည့်ပြောလေ့ မရှိပါဘူး။ ဒီရုပ်ရှင်တွေထဲမှာတော့ Tom Cruise ရဲ့ စတန့်တွေကပဲ အံ့ဩစရာကောင်းတာ မဟုတ်ဘဲ သရုပ်ဆောင်ထားပုံကလည်း တကယ်ကောင်းပါတယ်။

Jerry Maguire – Jerry Maguire

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၆ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.3) ရရှိထားပါတယ်။ သိပ်ပြီးလူရာမဝင်တဲ့ အားကစားအေးဂျင့်တစ်ယောက်နဲ့ သူ့ကိုယုံကြည်တဲ့ တစ်ကိုယ်တော်အမေတစ်ယောက်အကြောင်းကို ဖန်တီးထားတဲ့ Rom-Com ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ မင်းသားကြီး Tom Cruise ဟာ Best Actor အတွက် အော်စကာ စံကာတင်စာရင်း ဝင်ခဲ့ပြီး အဲဒီနှစ်မှာတော့ Geoffrey Rush က Best Actor အတွက် ရရှိသွားပါတယ်။ ဒါပေမယ့်လည်း ပရိသတ်အများစုကတော့ အဲဒီနှစ်မှာ Tom Cruise ကို အော်စကာရစေချင်ခဲ့တာ ဖြစ်ပါတယ်။

Lestat De Lioncourt – Interview With the Vampire

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.5) ရရှိထားပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Tom Cruise ဟာ ဗီလိန်အနေနဲ့ ပါဝင်ထားတာ ဖြစ်ပြီး ဒီရုပ်ရှင်ကို ကြည့်ရှုပြီးနောက်မှာတော့ ပရိသတ်တွေဟာ Tom Cruise ကို ဗီလိန်အနေနဲ့ ထပ်မံမြင်တွေ့နေကြပါသေးတယ်။ ဒီရုပ်ရှင်ဟာ ဝေဖန်ရေးသမားတွေရဲ့ ကောင်းမွန်တဲ့ မှတ်ချက်တွေကို ရရှိခဲ့ပေမယ့်လည်း အော်စကာပေးပွဲမှာတော့ Tom Cruise ဟာ စံကာတင်စာရင်းတောင် မဝင်ခဲ့ပါဘူး။

Les Grossman – Tropic Thunder

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.0) ရရှိထားပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Tom Cruise အပြင် နာမည်ကြီးသရုပ်ဆောင်တွေ ဖြစ်တဲ့ Ben Stiller ၊ Matthew McConaughey ၊ Jack Black နဲ့ Robert Downey Jr. တို့ ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ထဲက Tom Cruise ကတော့ မမှတ်မိလောက်အောင် ပုံစံပြောင်းလဲထားပြီး သူ့ရဲ့ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုကြောင့်ပဲ ပရိသတ်တွေလည်း အကြိုက်တွေ့ခဲ့ကြပါတယ်။ အဲဒီနှစ်မှာတော့ Tom Cruise ဟာ Golden Globe ဆုအတွက် စံကာတင်စာရင်း ဝင်ခဲ့ပြီး RDJ ကတော့ အော်စကာဆုအတွက် စံကာတင်စာရင်း ဝင်ခဲ့ပါတယ်။ အဲဒီနှစ်မှာ‌ အော်စကာဆု ရသွားသူကတော့ Joker နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Heath Ledger ပဲ ဖြစ်ပါတယ်။

Charles “Charlie” Babbitt – Rain Man

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၈၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.0) ရရှိထားပါတယ်။ ဒီရုပ်ရှင်ထဲက Tom Cruise ရဲ့ ဇာတ်ကောင်ကတော့ လူမုန်းများတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ပြီး Tom Cruise ရဲ့ အကောင်းဆုံး ဇာတ်ကောင်တစ်ယောက်လို့လည်း သတ်မှတ်ထားကြပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Tom Cruise နဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Dustin Hoffman က အော်စကာ ရရှိသွားပါတယ်။

Vincent – Collateral

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.5) ရရှိထားပါတယ်။ ဒီရုပ်ရှင်ကတော့ အက်ရှင်ကားတစ်ကားပဲ ဖြစ်ပြီး Tom Cruise ကလည်း အော်စကာဆုအတွက် ထိုက်တန်တဲ့ သရုပ်ဆောင်ပုံမျိူးတွေ ပါဝင်ခဲ့ပေမယ့်လည်း Jamie Foxx ကပဲ အော်စကာဆုပေးပွဲမှာ Best Supporting Actor အတွက် စံကာတင်စာရင်း ဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေက‌တော့ အဲဒီနှစ်တုန်းက Tom Cruise က အော်စကာရခဲ့သင့်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။

Lieutenant Daniel Kaffee – A Few Good Men

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၂ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.7) ရရှိထားပါတယ်။ ဒီရုပ်ရှင်ကတော့ Tom Cruise ရဲ့ အကောင်းဆုံး ရုပ်ရှင်တစ်ကားပဲ ဖြစ်ပြီး အဲဒီအချိန်တုန်းကတော့ Tom Cruise ဟာ အသက်ငယ်ငယ်ပဲ ရှိသေးပေမယ့်လည်း Jack Nicholson လို ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ သရုပ်ဆောင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း Tom Cruise ဟာ အော်စကာအတွက် စံကာတင်စာရင်းတောင် မဝင်ခဲ့ဘဲ မင်းသားကြီး Jack Nicholson ကတော့ Best Supporting Role အတွက် စံကာတင်စာရင်း ဝင်ခဲ့ပါတယ်။

Frank T.J. Mackey – Magnolia

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.0) ရရှိထားပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Tom Cruise ဟာ Motivational Speaker တစ်ယောက်နေရာကနေ ပါဝင်ထားပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ထဲမှာတော့ တခြားနာမည်ကြီးသရုပ်ဆောင်တွေလည်း ပါဝင်ထားတာတောင်မှ Tom Cruise ဟာ Best Supporting Role အတွက် Golden Globe ကို ရရှိခဲ့ပြီး အော်စကာအတွက်လည်း စံကာတင်စာရင်းဝင်ခဲ့ပါတယ်။ သို့ပေမယ့်လည်း စိတ်မကောင်းစရာပဲ အော်စကာနဲ့တော့ လွဲချော်ခဲ့ရပါတယ်။

Sergeant Ron Kovic – Born on the Fourth July

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၈၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.2) ရရှိထားပါတယ်။ Tom Cruise ဟာ ယခုအချိန်အထိ ရုပ်ရှင်ပေါင်းများစွာမှာ ပါဝင်ခဲ့ဖူးပြီး တချို့ရုပ်ရှင်တွေမှာတော့ ဆုနဲ့ထိုက်တန်ရဲ့သားနဲ့ အကြောင်းအမျိူးမျိူးကြောင့် လွဲချော်သွားတာမျိူးတွေ ရှိခဲ့ပါတယ်။ Tom Cruise ဟာ ယခုအချိန်မှ မဟုတ်ဘဲ သူ့ရဲ့သရုပ်ဆောင်ဘဝ အစကတည်းက အော်စကာရခဲ့သင့်တယ်လို့ ယူဆထားကြတဲ့ ပရိသတ်တွေလည်းများစွာ ရှိပါတယ်။ Born on the Fourth July ထဲမှာလည်း Tom Cruise ဟာ Best Leading Actor အတွက် စံကာတင်စာရင်း ဝင်ခဲ့ပြီး ကံမကောင်းစွာနဲ့ပဲ လွဲချော်ခဲ့ရပါသေးတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular