HomeCelebs Update NewsInternationalကျန်းမာရေးပြန်လည်ကောင်းမွန်လာလို့ ဆေးရုံကဆင်းလာပြီဖြစ်တဲ့ Tom Hanks တို့ဇနီးမောင်နှံ

ကျန်းမာရေးပြန်လည်ကောင်းမွန်လာလို့ ဆေးရုံကဆင်းလာပြီဖြစ်တဲ့ Tom Hanks တို့ဇနီးမောင်နှံ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ရုပ်ရှင်မင်းသားကြီး Tom Hanks နဲ့ ဇနီးသည် Rita Wilson တို့ဟာ ကိုရိုးနားဗိုင်းရပ်စ် ကူးစက်ခံထားရာကနေ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာတာကြောင့် ဆေးရုံက ဆင်းရပြီလို့ သိရပါတယ်။

Tom Hanks တို့ဇနီးမောင်နှံရဲ့ သားဖြစ်သူ Chet Hanks ရဲ့ အတည်ပြုပြောကြားချက်အရ မင်းသားကြီးတို့မောင်နှံဟာ ဩစတျေးလျနိုင်ငံက ဆေးရုံမှာ သီးသန့်ခွဲထားပြီး ကုသမှု ခံယူနေရာကနေ အခုလို ဆေးရုံက ဆင်းလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ကျန်းမာရေးအရာရှိတစ်ယောက်ကတော့ Tom Hanks တစ်ယောက်တည်းကသာ ဆေးရုံဆင်းရတာဖြစ်ပြီး ဇနီးသည် Rita Wilson ကတော့ ဆက်လက်ကုသမှု ခံယူနေရဆဲပါလို့ ပြောထားပြန်ပါတယ်။ ဒါပေမယ့်လည်း သားဖြစ်သူ Chet ကတော့ မိဘနှစ်ပါးစလုံး ဆေးရုံက ဆင်းရပါပြီလို့ Instagram မှာ အတည်ပြု ပြောထားပါတယ်။

Photo: ritawilson/ Instagram

Tom Hanks ဟာ ဒါရိုက်တာ Baz Lurhmann ရိုက်ကူးနေတဲ့ Elvis Presley ရဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ကို ဩစတျေးလျနိုင်ငံမှာ လာရောက် ပါဝင်ရိုက်ကူးရင်း ပြီးခဲ့တဲ့အပတ်က စတင်လို့ ကိုရိုးနားဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဇနီးသည် Rita Wilson ကလည်း ဩစတျေးလျမှာရှိတဲ့ ဆစ်ဒနေမြို့နဲ့ ဘရဇ်ဘိန်းမြို့တို့မှာ ဖျော်ဖြေပွဲတွေ ပြုလုပ်ခဲ့ပြီးနောက်မှာ ခင်ပွန်းသည်နဲ့အတူတူ ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။

မိဘနှစ်ပါးရဲ့ ကျန်းမာရေးအခြေအနေနဲ့အတူ လက်ရှိအားလုံးကြုံတွေ့နေရတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး Chet Hanks က အခုလို ပြောထားပါတယ်။ “အဖေနဲ့အမေ နှစ်ယောက်လုံး ဆေးရုံက ဆင်းလာပါပြီ။ နေလည်းတော်တော်ပြန်ကောင်းနေပါပြီ။ ဒါပေမယ့် သူတို့ သီးသန့်တော့ ခွဲနေနေတုန်းပါပဲ။ ကျွန်တော်ပြောချင်တာကတော့ အခုအချိန်မှာ ကိုယ်တိုင်ပဲဖြစ်စေ၊ မိသားစုထဲက တစ်ယောက်ယောက် ဒီရောဂါကို ခံစားနေရရင်ဖြစ်စေ အားလုံးအတွက် ကျွန်တော် ဆုတောင်းပေးပါတယ်။ အားလုံးပဲ အလျင်မြန်ဆုံး သက်သာပျောက်ကင်းကြပါစေ… ”

Photo: ritawilson/ Instagram

“စျေးဆိုင်တွေက ရသမျှ ရေတွေ၊ တစ်သျှူးတွေ အကုန်လုံးကို သိမ်းကျုံးဝယ်တဲ့ လူတွေကိုတော့ ကျွန်တော် တစ်ခုပြောချင်ပါတယ်။ ဒီလိုကြောက်လန့်တကြားနဲ့ လုပ်မယ်ဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေက ပိုပြီးပြဿနာတက်စေပါတယ်။ တစ်ခါလောက်တော့ သူများတွေအတွက်လည်း စဉ်းစားပေးကြပါဗျာ…” လို့ အသက်(၂၉)နှစ်အရွယ် Tom Hanks ရဲ့ သားဖြစ်သူက Instagram က ဗွီဒီယိုမှာ ပြောထားတာပါ။

Tom Hanks ပါဝင်ရိုက်ကူးနေတဲ့ Elvis Presley ရုပ်ရှင်ကိုတော့ Warner Bros ကုမ္ပဏီက ရပ်ဆိုင်းထားလိုက်ပါပြီ။ ရိုက်ကွင်းပေါ်မှာ Tom Hanks နဲ့ ထိတွေ့ဆက်ဆံဖူးတဲ့ ဒါရိုက်တာ Baz Lurhmann နဲ့ သူ့မိသားစုကိုလည်း လက်ရှိမှာ သီးသန့်ခွဲထားပြီး ကျန်းမာရေးအရ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

LaNina

(Zawgyi Version)

႐ုပ္ရွင္မင္းသားႀကီး Tom Hanks နဲ႔ ဇနီးသည္ Rita Wilson တို႔ဟာ ကို႐ိုးနားဗိုင္းရပ္စ္ ကူးစက္ခံထားရာကေန က်န္းမာေရး ျပန္လည္ေကာင္းမြန္လာတာေၾကာင့္ ေဆး႐ုံက ဆင္းရၿပီလို႔ သိရပါတယ္။

Tom Hanks တို႔ဇနီးေမာင္ႏွံရဲ႕ သားျဖစ္သူ Chet Hanks ရဲ႕ အတည္ျပဳေျပာၾကားခ်က္အရ မင္းသားႀကီးတို႔ေမာင္ႏွံဟာ ဩစေတ်းလ်ႏိုင္ငံက ေဆး႐ုံမွာ သီးသန႔္ခြဲထားၿပီး ကုသမႈ ခံယူေနရာကေန အခုလို ေဆး႐ုံက ဆင္းလိုက္ရတာျဖစ္တယ္လို႔ ဆိုပါတယ္။ သို႔ေပမယ့္ က်န္းမာေရးအရာရွိတစ္ေယာက္ကေတာ့ Tom Hanks တစ္ေယာက္တည္းကသာ ေဆး႐ုံဆင္းရတာျဖစ္ၿပီး ဇနီးသည္ Rita Wilson ကေတာ့ ဆက္လက္ကုသမႈ ခံယူေနရဆဲပါလို႔ ေျပာထားျပန္ပါတယ္။ ဒါေပမယ့္လည္း သားျဖစ္သူ Chet ကေတာ့ မိဘႏွစ္ပါးစလုံး ေဆး႐ုံက ဆင္းရပါၿပီလို႔ Instagram မွာ အတည္ျပဳ ေျပာထားပါတယ္။

Photo: ritawilson/ Instagram

Tom Hanks ဟာ ဒါ႐ိုက္တာ Baz Lurhmann ႐ိုက္ကူးေနတဲ့ Elvis Presley ရဲ႕ အတၳဳပၸတၱိ႐ုပ္ရွင္ကို ဩစေတ်းလ်ႏိုင္ငံမွာ လာေရာက္ ပါဝင္႐ိုက္ကူးရင္း ၿပီးခဲ့တဲ့အပတ္က စတင္လို႔ ကို႐ိုးနားဗိုင္းရပ္စ္ ကူးစက္ခံခဲ့ရတာ ျဖစ္ပါတယ္။ ဇနီးသည္ Rita Wilson ကလည္း ဩစေတ်းလ်မွာရွိတဲ့ ဆစ္ဒေနၿမိဳ႕နဲ႔ ဘရဇ္ဘိန္းၿမိဳ႕တို႔မွာ ေဖ်ာ္ေျဖပြဲေတြ ျပဳလုပ္ခဲ့ၿပီးေနာက္မွာ ခင္ပြန္းသည္နဲ႔အတူတူ ကူးစက္ခံခဲ့ရတာ ျဖစ္ပါတယ္။

မိဘႏွစ္ပါးရဲ႕ က်န္းမာေရးအေျခအေနနဲ႔အတူ လက္ရွိအားလုံးႀကဳံေတြ႕ေနရတဲ့ အျဖစ္အပ်က္နဲ႔ ပတ္သက္ၿပီး Chet Hanks က အခုလို ေျပာထားပါတယ္။ “အေဖနဲ႔အေမ ႏွစ္ေယာက္လုံး ေဆး႐ုံက ဆင္းလာပါၿပီ။ ေနလည္းေတာ္ေတာ္ျပန္ေကာင္းေနပါၿပီ။ ဒါေပမယ့္ သူတို႔ သီးသန႔္ေတာ့ ခြဲေနေနတုန္းပါပဲ။ ကြၽန္ေတာ္ေျပာခ်င္တာကေတာ့ အခုအခ်ိန္မွာ ကိုယ္တိုင္ပဲျဖစ္ေစ၊ မိသားစုထဲက တစ္ေယာက္ေယာက္ ဒီေရာဂါကို ခံစားေနရရင္ျဖစ္ေစ အားလုံးအတြက္ ကြၽန္ေတာ္ ဆုေတာင္းေပးပါတယ္။ အားလုံးပဲ အလ်င္ျမန္ဆုံး သက္သာေပ်ာက္ကင္းၾကပါေစ… ”

Photo: ritawilson/ Instagram

“ေစ်းဆိုင္ေတြက ရသမွ် ေရေတြ၊ တစ္သွ်ဴးေတြ အကုန္လုံးကို သိမ္းက်ဳံးဝယ္တဲ့ လူေတြကိုေတာ့ ကြၽန္ေတာ္ တစ္ခုေျပာခ်င္ပါတယ္။ ဒီလိုေၾကာက္လန႔္တၾကားနဲ႔ လုပ္မယ္ဆိုရင္ ေနာက္ဆက္တြဲ အက်ိဳးဆက္ေတြက ပိုၿပီးျပႆနာတက္ေစပါတယ္။ တစ္ခါေလာက္ေတာ့ သူမ်ားေတြအတြက္လည္း စဥ္းစားေပးၾကပါဗ်ာ…” လို႔ အသက္(၂၉)ႏွစ္အ႐ြယ္ Tom Hanks ရဲ႕ သားျဖစ္သူက Instagram က ဗြီဒီယိုမွာ ေျပာထားတာပါ။

Tom Hanks ပါဝင္႐ိုက္ကူးေနတဲ့ Elvis Presley ႐ုပ္ရွင္ကိုေတာ့ Warner Bros ကုမၸဏီက ရပ္ဆိုင္းထားလိုက္ပါၿပီ။ ႐ိုက္ကြင္းေပၚမွာ Tom Hanks နဲ႔ ထိေတြ႕ဆက္ဆံဖူးတဲ့ ဒါ႐ိုက္တာ Baz Lurhmann နဲ႔ သူ႔မိသားစုကိုလည္း လက္ရွိမွာ သီးသန႔္ခြဲထားၿပီး က်န္းမာေရးအရ ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။

LaNina

 

 

RELATED ARTICLES

Most Popular