HomeCelebs Update NewsInternationalဒေါ်လာသန်းနဲ့ချီ ချမ်းသာတဲ့ မင်းသားကြီး Tom Hanks ပိုက်ဆံတွေကို ဘယ်နေရာမှာသုံးစွဲလဲ?

ဒေါ်လာသန်းနဲ့ချီ ချမ်းသာတဲ့ မင်းသားကြီး Tom Hanks ပိုက်ဆံတွေကို ဘယ်နေရာမှာသုံးစွဲလဲ?

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Tom Hanks ဆိုတဲ့နာမည်ဟာ ရုပ်ရှင်ချစ်သူတွေအတွက်တော့ ရင်းနှီးချစ်ခင်ပြီးသား ဖြစ်မှာပါ။ ၁၉၇၇ခုနှစ်က စတင်ခဲ့တဲ့ သူ့ရဲ့အနုပညာလမ်းကြောင်းတစ်လျှောက်မှာ အထင်ကရ ဂန္ထဝင်စာရင်းဝင်စေခဲ့တဲ့ ရုပ်ရှင်ကားပေါင်းများစွာ ရှိခဲ့ပြီး အမေရိကန်နိုင်ငံရဲ့ နိုင်ငံ့ရတနာတစ်ပါးလို့တောင် တင်စားလို့ ရနိုင်သူ ဖြစ်ပါတယ်။ Sleepless in Seattle ၊ Forrest Gump ၊ Cast Away ၊ Big ၊ Saving Private Ryan စတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းများစွာမှာ သရုပ်ဆောင်ထားသူဖြစ်လို့ Tom Hanks ရဲ့ အကောင်းဆုံးဇာတ်ကားကို ရွေးပါလို့ ပြောလိုက်ရင် အခက်တွေ့ရတဲ့အထိ ဖြစ်စေမယ့် သရုပ်ဆောင်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။

ဟောလိဝုဒ်ရဲ့ သဘောအကောင်းဆုံး မင်းသားကြီးတစ်လက်လို့ လူသိများပြီး လူချစ်လူခင်လည်း အင်မတန် ပေါများတဲ့ မင်းသားကြီးဟာ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလအထိ တွက်ချက်ထားတဲ့ ကိန်းဂဏန်းများအရ ဒေါ်လာသန်း(၃၅၀)ကျော် ကြွယ်ဝချမ်းသာသူ ဖြစ်ပါတယ်။ လိုတိုင်းတ ရနိုင်တဲ့ဘဝမှာ အဲ့လောက်များပြားတဲ့ ပိုက်ဆံတွေကို Tom Hanks တစ်ယောက် ဘယ်နေရာမှာ သုံးစွဲလေ့ရှိလည်းဆိုတာ ကြည့်လိုက်ရအောင်။

Malibu က ဇိမ်ခံအိမ်ကြီး
photo via therichest

ကမ္ဘာကျော်တဲ့ ဆယ်လီတစ်ယောက် ဖြစ်လာပြီဆိုရင် မရှိမဖြစ် လိုအပ်တာတစ်ခုကတော့ အပျံစား၊ အလန်စား ဇိမ်ခံအိမ်ပါပဲ။ Tom Hanks ဟာလည်း လူထဲက လူတစ်ယောက် ဖြစ်တဲ့အတွက် ဇိမ်ခံအိမ်ကြီးတစ်လုံးကို ၂၀၁၆ခုနှစ်က ဝယ်ယူခဲ့ပါတယ်။ အဆိုပါအိမ်ကြီးဟာ ကယ်လီဖိုးနီးယားပြည်နယ် Malibu မှာ တည်ရှိပြီးတော့ တန်ဖိုး ဒေါ်လာ(၂၆)သန်းနဲ့ ပေးဝယ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီငွေကြေးပမာဏဟာ ကမ္ဘာပေါ်က လူအများစု တစ်သက်လုံးနေလို့တောင် တစ်ခါမှ မမြင်ဖူး၊ မကိုင်ဖူးမယ့် ပမာဏ ဖြစ်ပါတယ်။ အိမ်ရဲ့အကျယ်အဝန်းဟာ (၁၄၅၀၀) စတုရန်းပေ ရှိပြီး ဧရာမခြံဝန်းပုံစံမျိုးနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီအိမ်ကြီးကို ၂၀၁၇ခုနှစ်မှာ ပြန်ရောင်းခဲ့ပါတယ်။ ပြန်ရောင်းခဲ့တဲ့ ဈေးနှုန်းကိုတော့ မပြောပြခဲ့ပါဘူး။

Tom Hanks ဟာ နာရီတွေ စုဆောင်းရတာ ဝါသနာပါသူပါ။
photo via therichest

တကယ်လို့ မင်းသားကြီး Tom Hanks ကို လက်ဆောင်ပေးမယ်လို့ စဉ်းစားဖူးရင် လက်ပတ်နာရီ အကောင်းစားကိုသာ ရွေးချယ်သင့်ပါတယ်။ သူဟာ လက်ပတ်နာရီတွေကို ကြိုက်နှစ်သက်သူ ဖြစ်ပြီး ဆယ်စုနှစ်ပေါင်းများစွာ တန်ဖိုးကြီး နာရီတွေကို မထပ်အောင် ဝတ်ဆင်ခဲ့ခြင်းက သက်သေပါပဲ။ မင်းသားကြီးဟာ Rolex လိုမျိုး classic ဆန်တဲ့နာရီတွေကို အဓိကနှစ်သက်ပြီး စုဆောင်းလေ့ရှိသူလည်း ဖြစ်ပါတယ်။

ဥပမာအနည်းငယ် ပြောရရင် မင်းသားကြီး ကြိုက်တဲ့ RolexExplorer လို နာရီမျိုးဟာ အကြမ်းခံပြီးတော့ လွယ်လွယ်နဲ့ မထိခိုက်နိုင်တာကြောင့် နာမည်ကြီးပြီး တန်ဖိုးအားဖြင့် ခန့်မှန်းချေ ဒေါ်လာ(၆၃၉၀)လောက် ရှိပါတယ်။ ဒါ့အပြင် ရေငုတ်တဲ့လူတွေ ဝတ်ဖို့အတွက် ဒီဇိုင်းထုတ်ထားတဲ့  Rolex Sea-Dealer Rolex  လို နာရီမျိုးဆိုရင်လည်း ခန့်မှန်းချေဒေါ်လာ(၁၂၀၀၀)လောက် တန်ကြေးရှိပါတယ်။

မင်းသားကြီးဟာ အလားတူနာရီတွေကို စုဆောင်းထားတဲ့အပြင် အခြားနာမည်ကြီး brand တွေ ဖြစ်တဲ့  Omega ၊ Bell & Ross တို့လိုမျိုး နာရီတွေကိုလည်း စုဆောင်းထားပါသေးတယ်။

ပရိသတ်တွေကို နေ့လယ်စာဝယ်ကျွေးတတ်တဲ့ မင်းသားကြီး
photo via therichest

Tom Hanks ဟာ အောင်မြင်ကျော်ကြားပြီး နာမည်ကြီးတဲ့ ဆယ်လီတစ်ယောက် ဖြစ်နေပေမယ့် ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး နေလေ့ရှိပြီး သဘောကောင်းတဲ့သူအဖြစ်လည်း ကျော်ကြားပါတယ်။ ၂၀၁၈ခုနှစ်တုန်းကဆိုရင် In-N-Out ဘာဂါဆိုင်မှာ သွားစားရင်း သူ့ရဲ့ပရိသတ်တွေနဲ့ တွေ့ခဲ့လို့ ပရိသတ်တွေ မှာထားတွေ အကုန်လုံးကို ရှင်းပေးခဲ့ပါသေးတယ်။ အဲ့ဒါအပြင် ပရိသတ်တစ်ယောက်ချင်းဆီနဲ့ စိတ်ရှည်လက်ရှည် ဓာတ်ပုံတွဲရိုက်ပေးခဲ့ပါသေးတယ်။ ကုန်ကျစရိတ်ကို မဖော်ပြခဲ့ပေမယ့်လည်း ဒီအချက်လေးက သဘောကျဖို့ကောင်းတဲ့ အချက်လေး ဖြစ်နေလို့ ထည့်ပေးထားတာပါ။

လက်နှိပ်စက်တွေကို စုဆောင်းတတ်ပါသေးတယ်။
photo via therichest

လူတိုင်းမှာ ကိုယ်သဘောကျတဲ့အရာတွေကို စုဆောင်းတတ်တဲ့ အလေ့အကျင့်တွေ ရှိတတ်ကြပါတယ်။ ဥပမာ – တံဆိပ်ခေါင်းတို့ ၊ ဖိနပ်တို့ ၊ ပန်းချီကားတို့ကို စုဆောင်းလေ့ ရှိကြပါတယ်။ မင်းသားကြီးကတော့ ထူးထူးခြားခြားပဲ လက်နှိပ်စက်တွေ စုဆောင်းရတာ ဝါသနာပါ,ပါတယ်။ သူဟာ အသက်(၁၉)နှစ် အရွယ်တည်းက လက်နှိပ်စက်တွေကို စတင်စုဆောင်းခဲ့တာ ဖြစ်ပြီးတော့ ဒီအတွက်ကိုလည်း ငွေကြေးပမာဏ အတော်အတန် သုံးစွဲထားပါတယ်။

ငယ်ငယ်တည်းက စုဆောင်းလာတာဖြစ်လို့ မင်းသားကြီးဆီမှာ လက်နှိပ်စက်ပေါင်း ရာနဲ့ချီပြီး ရှိပါတယ်။ အဲ့လောက်များတဲ့ လက်နှိပ်စက်တွေကို ထိန်းသိမ်းရတာ လွယ်တဲ့အလုပ် မဟုတ်ဘူးဆိုတာတော့ တွေးကြည့်ရုံနဲ့ ရပါတယ်။ ဒါကြောင့်လည်း နောက်ပိုင်းမှာ သူ့ရဲ့လက်နှိပ်စက် တော်တော်များများကို ပေးပစ်လိုက်တာ ဖြစ်နိုင်ပါတယ်။ အခုဆိုရင်တော့ သူ့ဆီမှာ လက်နှိပ်စက်ပေါင်း အလုံး(၁၂၀)ကျော်ပဲ ကျန်ရှိပါတော့တယ်။

သီးသန့်လေယာဉ်များ
photo via therichest

Tom Hanks ဟာ သူ့ရဲ့ရုပ်ရှင်ကားတွေကို promote လုပ်ဖို့အတွက် နှစ်ပေါင်းများစွာ ကမ္ဘာအနှံ့ကို ခရီးသွားနေခဲ့ရသူ ဖြစ်ပါတယ်။ အလုပ်ကိစ္စနဲ့ သွားရတာအပြင် အားလပ်တဲ့အချိန်တွေမှာလည်း ခရီးသွားရတာကို ကြိုက်နှစ်သက်သူ ဖြစ်ပါတယ်။ ခရီးတွေ ခဏခဏသွားနေရတော့ မင်းသားကြီးကို အများသူငါ စီးနင်းလိုက်ပါနေတဲ့ လေယာဉ်တွေပေါ်မှာများ ဆုံမိမလားရယ်လို့တော့ မတွေးလိုက်ပါနဲ့။ များသောအားဖြင့် သီးသန့်လေယာဉ်တွေနဲ့ပဲ ခရီးသွားတတ်တာကြောင့် ဖြစ်ပါတယ်။

အလုပ်ကိစ္စနဲ့ သွားရတဲ့အခါမှာ လေယာဉ်စရိတ်တွေကို စတူဒီယိုက အကုန်ကျခံပေမယ့် အားလပ်ရက်မှာ သွားတဲ့ခရီးတွေရဲ့ လေယာဉ်ကုန်ကျစရိတ်တွေကိုတော့ သူ့ဘာသာ ကုန်ကျခံရတာ ဖြစ်ပါတယ်။ အကုန်လုံးသိတဲ့အတိုင်း မီလျံနာတောင် ဖြစ်နေမှတော့ ဒီလောက်လေးက စာဖွဲ့စရာမလိုပါဘူး။ ခဏခဏ သွားနေတဲ့အတွက် ဒီလေယာဉ်ကုန်ကျစရိတ်တွေကလည်း ပမာဏတစ်ခုတော့ ရှိနေမှာပါ။

အပန်းဖြေခရီးများ
photo via therichest

၂၀၁၇ခုနှစ်တုန်းကဆိုရင် Tom Hanks ဟာ တကယ့် ထိတ်ထိတ်ကြဲလူတွေဖြစ်တဲ့ Oprah ၊ Bruce Springsteen ၊ Obama တို့မိသားစုနဲ့အတူ အပန်းဖြေခရီးတစ်ခုကို အတူတူ သွားခဲ့ကြပါသေးတယ်။ ဒီလိုလူတွေ စုပြီး သွားတဲ့ခရီးကတော့ သေချာပေါက်ကို ဈေးကြီးတဲ့နေရာ ဖြစ်မှာပါ။ သူတို့ သွားခဲ့တဲ့နေရာကတော့ French Polynesia နိုင်ငံ ဖြစ်ပါတယ်။

အဲ့ဒီနေရာဟာ ကမ္ဘာပေါ်က တကယ့် နှစ်သက်ဖို့ကောင်းတဲ့ နေရာတွေထဲကတစ်ခု ဖြစ်ပြီးတော့ အပန်းဖြေလို့ကောင်းတဲ့ ကျွန်းတွေကလည်း တစ်ရာကျော် ရှိပါတယ်။ သူ့တို့သွားခဲ့တဲ့ ခရီးနဲ့ပတ်သက်ပြီး Tom Hanks မကျေမနပ် ဖြစ်ခဲ့ရတဲ့ တစ်ခုတည်းသော အရာကတော့ စက်ဘီးစီးပြီး ရှုခင်းကြည့်ရတဲ့ ခရီးမှာ မိန်းကလေးစီးအရွယ် စက်ဘီးသေးသေးလေးကို ပေးတာ တစ်ခုပဲ ရှိပါသတဲ့။

အပျော်စီး ရွက်လှေတွေ ငှားရမ်းခြင်း
photo via therichest

Tom Hanks ဟာ ခရီးထွက်ရတာနဲ့ ပင်လယ်ထဲမှာ ရွက်လွှင့်ရတာကို သဘောကျသူ ဖြစ်ပါတယ်။ သူဟာ ခရီးသွားဖို့နဲ့ ပတ်သက်လာရင် ဘယ်လောက်ကုန်ကုန် သွားမယ်ဆိုတဲ့ လူစားမျိုးပါ။ ၂၀၀၄ခုနှစ်တုန်းကလည်း ကမ္ဘာပေါ်က အကြီးဆုံး အပျော်စီးရွက်လှေကို ငှားရမ်းပြီး သူ့ရဲ့အမျိုးသမီးနဲ့အတူ ရွက်လွှင့်ခဲ့ပါသေးတယ်။ အဲ့ဒီလှေဟာ (၂၄၆)ပေ ရှည်လျားပြီး လူ (၁၂)ယောက်အတွက် ဇိမ်ခံအိပ်ခန်းတွေပါ ပါဝင်ပါတယ်။ ဒီရွက်လှေကြီးနဲ့ တူရကီနိုင်ငံရဲ့ ကမ်းရိုးတန်းတစ်လျှောက်ကို ပျော်ပျော်ပါးပါး ခရီးထွက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ခရီးသွားနေရင်းနဲ့ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်ချင်ရင် လုပ်လို့ရအောင် အထဲမှာ gym လည်း ပါပါသေးတယ်။ ကုန်ကျစရိတ်ကို မဖော်ပြခဲ့ပေမယ့်လည်း အနည်းဆုံးတော့ ဒေါ်လာ ထောင်နဲ့ချီပြီး ကုန်ခဲ့မှာပါ။

ပရဟိတတွေလည်း ပြုလုပ်တတ်သူ
Photo: Deutsche Bank/ flickr

Tom Hanks ဟာ သူပိုင်ဆိုင်တဲ့ ငွေကြေးဥစ္စာတွေကို သူယုံကြည်တဲ့အရာတွေအပေါ် ထောက်ပံ့ပေးဖို့နဲ့ ပရဟိတလုပ်ငန်းတွေမှာ လှူဒါန်းဖို့အတွက်လည်း သုံးစွဲပါတယ်။ သူကိုယ်တိုင်ကတော့ ဘာတွေကို ဘယ်လောက် လှူဒါန်းခဲ့ပါတယ်လို့ ထုတ်ပြောလေ့ မရှိပေမယ့် သူ့အနုပညာသက်တမ်းတစ်လျှောက်မှာ ခန့်မှန်းချေ တက္ကသိုလ်ကျောင်းပေါင်း (၃၀)လောက်ကို ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ မှတ်တမ်းအချို့က ဖော်ပြထားပါတယ်။

သူ လှူဒါန်းခဲ့တဲ့နေရာတွေထဲမှာ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်ရွယ်တွေကို အာကာသအကြောင်း သင်ကြားပေးတဲ့ ကိုယ်ကျိုးမဖက် သိပ္ပံစင်တာတွေ ပါဝင်သလို အိတ်ချ်အိုင်ဗွီရောဂါကို တိုက်ဖျက်နေပြီး ကုသနိုင်တဲ့ ဆေးဝါးဖော်စပ်ဖို့အတွက် သုတေသနတွေ ပြုလုပ်နေတဲ့ ဆေးပညာဖောင်ဒေးရှင်းတွေပါ ပါဝင်ပါတယ်။ မင်းသားကြီးဟာ သူကိုယ်တိုင်ကလည်း ဒီလိုအကြောင်းအရာတွေနဲ့ ဆက်စပ်နေတဲ့ ရုပ်ရှင်တွေမှာ သရုပ်ဆောင်ထားဖူးတာက စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခုပါပဲ။

ကိုယ်ပိုင်စားဖိုမှူး ထားရှိခြင်း
photo via therichest

မင်းသားကြီးဟာ အစားအစာကောင်းတွေကို နှစ်ခြိုက်သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကိုယ်ပိုင်စားဖိုမှူးပါ ထားရှိတာ ဖြစ်ပါတယ်။ သူ့ရဲ့ကိုယ်ပိုင်စားဖိုမှူးဟာ အင်္ဂလန်နိုင်ငံက တော်ဝင်မိသားစုတွေကိုပါ ချက်ကျွေးဖူးတဲ့ နာမည်ကြီးစားဖိုမှူး Gary Rhodes ဖြစ်ပါတယ်။ ဒါကြောင့် စားဖိုမှူးကြီးအတွက် ကျသင့်မယ့် အခကြေးငွေဟာ တော်ရုံတန်ရုံတော့ မဟုတ်လောက်ဘူးဆိုတာ ခန့်မှန်းမိကြမှာပါ။

သို့ပေမယ့် Gary Rhodes ဟာ ၂၀၁၉ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူ့နောက်ပိုင်း ငှားရမ်းထားတဲ့ စားဖိုမှူးတွေရဲ့အကြောင်းကိုတော့ မသိရပါဘူး။ မင်းသားကြီးဟာ အစားအစာတွေနဲ့ ပတ်သက်ရင်တော့ ဂျပန် အစားအစာတွေနဲ့ ဂရိအစားအစာတွေကို ကြိုက်နှစ်သက်သူ ဖြစ်ပါတယ်။

စားသောက်ဆိုင်ကောင်းကောင်းတွေကို ကြိုက်နှစ်သက်ခြင်း
photo via therichest

Tom Hanks ဟာ သူ့မှာ ကိုယ်ပိုင် စားဖိုမှုး ရှိနေတာတောင် တစ်ခါတစ်လေ အလွယ်စားလို့ရတဲ့ ဘာဂါဆိုင်တို့လို နေရာမျိုးတွေမှာလည်း စားတတ်ပါတယ်။ ဒါ့အပြင် နာမည်ကြီး စားသောက်ဆိုင်တွေမှာ တခမ်းတနား စားသောက်ရတာကို ကြိုက်နှစ်သက်သူလည်း ဖြစ်ပါတယ်။  မင်းသားကြီးဟာ ဝါရှင်တန်က နာမည်ကြီး စားသောက်ဆိုင်ဖြစ်တဲ့ Blue Duck Tavern ရဲ့ အမာခံဖောက်သည်တစ်ဦးလည်း ဖြစ်ပါတယ်။ အဆိုပါ စားသောက်ဆိုင်ဟာ နာမည်ကြီး ထိတ်ထိတ်ကြဲတွေ လာစားလေ့ရှိတဲ့ဆိုင်ဖြစ်ပြီး အမေရိကန်သမ္မတ Barack Obama တို့ဇနီးမောင်နှံရဲ့ အိမ်ထောင်သက်(၁၇)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပွဲကျင်းပခဲ့တဲ့ဆိုင်လည်း ဖြစ်ပါတယ်။

မင်းသားကြီးဟာ ခုံရှစ်ခုံပဲ ထားရှိတဲ့ တကယ့်ထိပ်တန်း ဂျပန်စားသောက်ဆိုင် Kanda Matsuya မှာလည်း စားလေ့ရှိသလို အတ္တလန်တာမြို့က နာမည်ကြီး စားသောက်ဆိုင်ဖြစ်တဲ့ South City Kitchen မှာလည်း ညစာစားလေ့ ရှိပါတယ်။ အဆိုပါ South City Kitchen ဆိုရင်လည်း တကယ့် နာမည်ကြီးတွေဖြစ်တဲ့ Ben Affleck ၊ Kim Kardashian တို့လို လူတွေ လာစားနေကျဆိုင် ဖြစ်ပါတယ်။

ဒါကတော့ ဂန္ထဝင် မင်းသားကြီး Tom Hanks ရဲ့ ငွေကြေးချမ်းသာမှုနဲ့ သူနှစ်သက်တဲ့အရာတွေအပေါ် ငွေကြေးသုံးစွဲမှုတွေကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ဖတ်ပြီးလို့ သဘောကျတယ်ဆိုရင် မိတ်ဆွေတွေလည်း ဖတ်နိုင်အောင် ရှဲပေးသွားပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

Tom Hanks ဆိုတဲ့နာမည္ဟာ ႐ုပ္ရွင္ခ်စ္သူေတြအတြက္ေတာ့ ရင္းႏွီးခ်စ္ခင္ၿပီးသား ျဖစ္မွာပါ။ ၁၉၇၇ခုႏွစ္က စတင္ခဲ့တဲ့ သူ႔ရဲ႕အႏုပညာလမ္းေၾကာင္းတစ္ေလွ်ာက္မွာ အထင္ကရ ဂႏၴဝင္စာရင္းဝင္ေစခဲ့တဲ့ ႐ုပ္ရွင္ကားေပါင္းမ်ားစြာ ရွိခဲ့ၿပီး အေမရိကန္ႏိုင္ငံရဲ႕ ႏိုင္ငံ့ရတနာတစ္ပါးလို႔ေတာင္ တင္စားလို႔ ရႏိုင္သူ ျဖစ္ပါတယ္။ Sleepless in Seattle ၊ Forrest Gump ၊ Cast Away ၊ Big ၊ Saving Private Ryan စတဲ့ ႐ုပ္ရွင္ဇာတ္ကားေကာင္းမ်ားစြာမွာ သ႐ုပ္ေဆာင္ထားသူျဖစ္လို႔ Tom Hanks ရဲ႕ အေကာင္းဆုံးဇာတ္ကားကို ေ႐ြးပါလို႔ ေျပာလိုက္ရင္ အခက္ေတြ႕ရတဲ့အထိ ျဖစ္ေစမယ့္ သ႐ုပ္ေဆာင္ေကာင္းတစ္ေယာက္လည္း ျဖစ္ပါတယ္။

ေဟာလိဝုဒ္ရဲ႕ သေဘာအေကာင္းဆုံး မင္းသားႀကီးတစ္လက္လို႔ လူသိမ်ားၿပီး လူခ်စ္လူခင္လည္း အင္မတန္ ေပါမ်ားတဲ့ မင္းသားႀကီးဟာ ၂၀၂၀ခုႏွစ္ ေဖေဖာ္ဝါရီလအထိ တြက္ခ်က္ထားတဲ့ ကိန္းဂဏန္းမ်ားအရ ေဒၚလာသန္း(၃၅၀)ေက်ာ္ ႂကြယ္ဝခ်မ္းသာသူ ျဖစ္ပါတယ္။ လိုတိုင္းတ ရႏိုင္တဲ့ဘဝမွာ အဲ့ေလာက္မ်ားျပားတဲ့ ပိုက္ဆံေတြကို Tom Hanks တစ္ေယာက္ ဘယ္ေနရာမွာ သုံးစြဲေလ့ရွိလည္းဆိုတာ ၾကည့္လိုက္ရေအာင္။

Malibu က ဇိမ္ခံအိမ္ႀကီး
photo via therichest

ကမာၻေက်ာ္တဲ့ ဆယ္လီတစ္ေယာက္ ျဖစ္လာၿပီဆိုရင္ မရွိမျဖစ္ လိုအပ္တာတစ္ခုကေတာ့ အပ်ံစား၊ အလန္စား ဇိမ္ခံအိမ္ပါပဲ။ Tom Hanks ဟာလည္း လူထဲက လူတစ္ေယာက္ ျဖစ္တဲ့အတြက္ ဇိမ္ခံအိမ္ႀကီးတစ္လုံးကို ၂၀၁၆ခုႏွစ္က ဝယ္ယူခဲ့ပါတယ္။ အဆိုပါအိမ္ႀကီးဟာ ကယ္လီဖိုးနီးယားျပည္နယ္ Malibu မွာ တည္ရွိၿပီးေတာ့ တန္ဖိုး ေဒၚလာ(၂၆)သန္းနဲ႔ ေပးဝယ္ခဲ့ရတာ ျဖစ္ပါတယ္။

ဒီေငြေၾကးပမာဏဟာ ကမာၻေပၚက လူအမ်ားစု တစ္သက္လုံးေနလို႔ေတာင္ တစ္ခါမွ မျမင္ဖူး၊ မကိုင္ဖူးမယ့္ ပမာဏ ျဖစ္ပါတယ္။ အိမ္ရဲ႕အက်ယ္အဝန္းဟာ (၁၄၅၀၀) စတုရန္းေပ ရွိၿပီး ဧရာမၿခံဝန္းပုံစံမ်ိဳးနဲ႔ ဖြဲ႕စည္းထားတာ ျဖစ္ပါတယ္။ ဒါေပမဲ့လည္း ဒီအိမ္ႀကီးကို ၂၀၁၇ခုႏွစ္မွာ ျပန္ေရာင္းခဲ့ပါတယ္။ ျပန္ေရာင္းခဲ့တဲ့ ေဈးႏႈန္းကိုေတာ့ မေျပာျပခဲ့ပါဘူး။

Tom Hanks ဟာ နာရီေတြ စုေဆာင္းရတာ ဝါသနာပါသူပါ။
photo via therichest

တကယ္လို႔ မင္းသားႀကီး Tom Hanks ကို လက္ေဆာင္ေပးမယ္လို႔ စဥ္းစားဖူးရင္ လက္ပတ္နာရီ အေကာင္းစားကိုသာ ေ႐ြးခ်ယ္သင့္ပါတယ္။ သူဟာ လက္ပတ္နာရီေတြကို ႀကိဳက္ႏွစ္သက္သူ ျဖစ္ၿပီး ဆယ္စုႏွစ္ေပါင္းမ်ားစြာ တန္ဖိုးႀကီး နာရီေတြကို မထပ္ေအာင္ ဝတ္ဆင္ခဲ့ျခင္းက သက္ေသပါပဲ။ မင္းသားႀကီးဟာ Rolex လိုမ်ိဳး classic ဆန္တဲ့နာရီေတြကို အဓိကႏွစ္သက္ၿပီး စုေဆာင္းေလ့ရွိသူလည္း ျဖစ္ပါတယ္။

ဥပမာအနည္းငယ္ ေျပာရရင္ မင္းသားႀကီး ႀကိဳက္တဲ့ RolexExplorer လို နာရီမ်ိဳးဟာ အၾကမ္းခံၿပီးေတာ့ လြယ္လြယ္နဲ႔ မထိခိုက္ႏိုင္တာေၾကာင့္ နာမည္ႀကီးၿပီး တန္ဖိုးအားျဖင့္ ခန႔္မွန္းေခ် ေဒၚလာ(၆၃၉၀)ေလာက္ ရွိပါတယ္။ ဒါ့အျပင္ ေရငုတ္တဲ့လူေတြ ဝတ္ဖို႔အတြက္ ဒီဇိုင္းထုတ္ထားတဲ့  Rolex Sea-Dealer Rolex  လို နာရီမ်ိဳးဆိုရင္လည္း ခန႔္မွန္းေခ်ေဒၚလာ(၁၂၀၀၀)ေလာက္ တန္ေၾကးရွိပါတယ္။

မင္းသားႀကီးဟာ အလားတူနာရီေတြကို စုေဆာင္းထားတဲ့အျပင္ အျခားနာမည္ႀကီး brand ေတြ ျဖစ္တဲ့  Omega ၊ Bell & Ross တို႔လိုမ်ိဳး နာရီေတြကိုလည္း စုေဆာင္းထားပါေသးတယ္။

ပရိသတ္ေတြကို ေန႔လယ္စာဝယ္ေကြၽးတတ္တဲ့ မင္းသားႀကီး
photo via therichest

Tom Hanks ဟာ ေအာင္ျမင္ေက်ာ္ၾကားၿပီး နာမည္ႀကီးတဲ့ ဆယ္လီတစ္ေယာက္ ျဖစ္ေနေပမယ့္ ပရိသတ္ေတြနဲ႔ ရင္းရင္းႏွီးႏွီး ေနေလ့ရွိၿပီး သေဘာေကာင္းတဲ့သူအျဖစ္လည္း ေက်ာ္ၾကားပါတယ္။ ၂၀၁၈ခုႏွစ္တုန္းကဆိုရင္ In-N-Out ဘာဂါဆိုင္မွာ သြားစားရင္း သူ႔ရဲ႕ပရိသတ္ေတြနဲ႔ ေတြ႕ခဲ့လို႔ ပရိသတ္ေတြ မွာထားေတြ အကုန္လုံးကို ရွင္းေပးခဲ့ပါေသးတယ္။ အဲ့ဒါအျပင္ ပရိသတ္တစ္ေယာက္ခ်င္းဆီနဲ႔ စိတ္ရွည္လက္ရွည္ ဓာတ္ပုံတြဲ႐ိုက္ေပးခဲ့ပါေသးတယ္။ ကုန္က်စရိတ္ကို မေဖာ္ျပခဲ့ေပမယ့္လည္း ဒီအခ်က္ေလးက သေဘာက်ဖို႔ေကာင္းတဲ့ အခ်က္ေလး ျဖစ္ေနလို႔ ထည့္ေပးထားတာပါ။

လက္ႏွိပ္စက္ေတြကို စုေဆာင္းတတ္ပါေသးတယ္။
photo via therichest

လူတိုင္းမွာ ကိုယ္သေဘာက်တဲ့အရာေတြကို စုေဆာင္းတတ္တဲ့ အေလ့အက်င့္ေတြ ရွိတတ္ၾကပါတယ္။ ဥပမာ – တံဆိပ္ေခါင္းတို႔ ၊ ဖိနပ္တို႔ ၊ ပန္းခ်ီကားတို႔ကို စုေဆာင္းေလ့ ရွိၾကပါတယ္။ မင္းသားႀကီးကေတာ့ ထူးထူးျခားျခားပဲ လက္ႏွိပ္စက္ေတြ စုေဆာင္းရတာ ဝါသနာပါ,ပါတယ္။ သူဟာ အသက္(၁၉)ႏွစ္ အ႐ြယ္တည္းက လက္ႏွိပ္စက္ေတြကို စတင္စုေဆာင္းခဲ့တာ ျဖစ္ၿပီးေတာ့ ဒီအတြက္ကိုလည္း ေငြေၾကးပမာဏ အေတာ္အတန္ သုံးစြဲထားပါတယ္။

ငယ္ငယ္တည္းက စုေဆာင္းလာတာျဖစ္လို႔ မင္းသားႀကီးဆီမွာ လက္ႏွိပ္စက္ေပါင္း ရာနဲ႔ခ်ီၿပီး ရွိပါတယ္။ အဲ့ေလာက္မ်ားတဲ့ လက္ႏွိပ္စက္ေတြကို ထိန္းသိမ္းရတာ လြယ္တဲ့အလုပ္ မဟုတ္ဘူးဆိုတာေတာ့ ေတြးၾကည့္႐ုံနဲ႔ ရပါတယ္။ ဒါေၾကာင့္လည္း ေနာက္ပိုင္းမွာ သူ႔ရဲ႕လက္ႏွိပ္စက္ ေတာ္ေတာ္မ်ားမ်ားကို ေပးပစ္လိုက္တာ ျဖစ္ႏိုင္ပါတယ္။ အခုဆိုရင္ေတာ့ သူ႔ဆီမွာ လက္ႏွိပ္စက္ေပါင္း အလုံး(၁၂၀)ေက်ာ္ပဲ က်န္ရွိပါေတာ့တယ္။

သီးသန႔္ေလယာဥ္မ်ား
photo via therichest

Tom Hanks ဟာ သူ႔ရဲ႕႐ုပ္ရွင္ကားေတြကို promote လုပ္ဖို႔အတြက္ ႏွစ္ေပါင္းမ်ားစြာ ကမာၻအႏွံ႔ကို ခရီးသြားေနခဲ့ရသူ ျဖစ္ပါတယ္။ အလုပ္ကိစၥနဲ႔ သြားရတာအျပင္ အားလပ္တဲ့အခ်ိန္ေတြမွာလည္း ခရီးသြားရတာကို ႀကိဳက္ႏွစ္သက္သူ ျဖစ္ပါတယ္။ ခရီးေတြ ခဏခဏသြားေနရေတာ့ မင္းသားႀကီးကို အမ်ားသူငါ စီးနင္းလိုက္ပါေနတဲ့ ေလယာဥ္ေတြေပၚမွာမ်ား ဆုံမိမလားရယ္လို႔ေတာ့ မေတြးလိုက္ပါနဲ႔။ မ်ားေသာအားျဖင့္ သီးသန႔္ေလယာဥ္ေတြနဲ႔ပဲ ခရီးသြားတတ္တာေၾကာင့္ ျဖစ္ပါတယ္။

အလုပ္ကိစၥနဲ႔ သြားရတဲ့အခါမွာ ေလယာဥ္စရိတ္ေတြကို စတူဒီယိုက အကုန္က်ခံေပမယ့္ အားလပ္ရက္မွာ သြားတဲ့ခရီးေတြရဲ႕ ေလယာဥ္ကုန္က်စရိတ္ေတြကိုေတာ့ သူ႔ဘာသာ ကုန္က်ခံရတာ ျဖစ္ပါတယ္။ အကုန္လုံးသိတဲ့အတိုင္း မီလ်ံနာေတာင္ ျဖစ္ေနမွေတာ့ ဒီေလာက္ေလးက စာဖြဲ႕စရာမလိုပါဘူး။ ခဏခဏ သြားေနတဲ့အတြက္ ဒီေလယာဥ္ကုန္က်စရိတ္ေတြကလည္း ပမာဏတစ္ခုေတာ့ ရွိေနမွာပါ။

အပန္းေျဖခရီးမ်ား
photo via therichest

၂၀၁၇ခုႏွစ္တုန္းကဆိုရင္ Tom Hanks ဟာ တကယ့္ ထိတ္ထိတ္ႀကဲလူေတြျဖစ္တဲ့ Oprah ၊ Bruce Springsteen ၊ Obama တို႔မိသားစုနဲ႔အတူ အပန္းေျဖခရီးတစ္ခုကို အတူတူ သြားခဲ့ၾကပါေသးတယ္။ ဒီလိုလူေတြ စုၿပီး သြားတဲ့ခရီးကေတာ့ ေသခ်ာေပါက္ကို ေဈးႀကီးတဲ့ေနရာ ျဖစ္မွာပါ။ သူတို႔ သြားခဲ့တဲ့ေနရာကေတာ့ French Polynesia ႏိုင္ငံ ျဖစ္ပါတယ္။

အဲ့ဒီေနရာဟာ ကမာၻေပၚက တကယ့္ ႏွစ္သက္ဖို႔ေကာင္းတဲ့ ေနရာေတြထဲကတစ္ခု ျဖစ္ၿပီးေတာ့ အပန္းေျဖလို႔ေကာင္းတဲ့ ကြၽန္းေတြကလည္း တစ္ရာေက်ာ္ ရွိပါတယ္။ သူ႔တို႔သြားခဲ့တဲ့ ခရီးနဲ႔ပတ္သက္ၿပီး Tom Hanks မေက်မနပ္ ျဖစ္ခဲ့ရတဲ့ တစ္ခုတည္းေသာ အရာကေတာ့ စက္ဘီးစီးၿပီး ရႈခင္းၾကည့္ရတဲ့ ခရီးမွာ မိန္းကေလးစီးအ႐ြယ္ စက္ဘီးေသးေသးေလးကို ေပးတာ တစ္ခုပဲ ရွိပါသတဲ့။

အေပ်ာ္စီး ႐ြက္ေလွေတြ ငွားရမ္းျခင္း
photo via therichest

Tom Hanks ဟာ ခရီးထြက္ရတာနဲ႔ ပင္လယ္ထဲမွာ ႐ြက္လႊင့္ရတာကို သေဘာက်သူ ျဖစ္ပါတယ္။ သူဟာ ခရီးသြားဖို႔နဲ႔ ပတ္သက္လာရင္ ဘယ္ေလာက္ကုန္ကုန္ သြားမယ္ဆိုတဲ့ လူစားမ်ိဳးပါ။ ၂၀၀၄ခုႏွစ္တုန္းကလည္း ကမာၻေပၚက အႀကီးဆုံး အေပ်ာ္စီး႐ြက္ေလွကို ငွားရမ္းၿပီး သူ႔ရဲ႕အမ်ိဳးသမီးနဲ႔အတူ ႐ြက္လႊင့္ခဲ့ပါေသးတယ္။ အဲ့ဒီေလွဟာ (၂၄၆)ေပ ရွည္လ်ားၿပီး လူ (၁၂)ေယာက္အတြက္ ဇိမ္ခံအိပ္ခန္းေတြပါ ပါဝင္ပါတယ္။ ဒီ႐ြက္ေလွႀကီးနဲ႔ တူရကီႏိုင္ငံရဲ႕ ကမ္း႐ိုးတန္းတစ္ေလွ်ာက္ကို ေပ်ာ္ေပ်ာ္ပါးပါး ခရီးထြက္ခဲ့ၾကတာ ျဖစ္ပါတယ္။

ဒါ့အျပင္ ခရီးသြားေနရင္းနဲ႔ က်န္းမာေရးအတြက္ ေလ့က်င့္ခန္းလုပ္ခ်င္ရင္ လုပ္လို႔ရေအာင္ အထဲမွာ gym လည္း ပါပါေသးတယ္။ ကုန္က်စရိတ္ကို မေဖာ္ျပခဲ့ေပမယ့္လည္း အနည္းဆုံးေတာ့ ေဒၚလာ ေထာင္နဲ႔ခ်ီၿပီး ကုန္ခဲ့မွာပါ။

ပရဟိတေတြလည္း ျပဳလုပ္တတ္သူ
Photo: Deutsche Bank/ flickr

Tom Hanks ဟာ သူပိုင္ဆိုင္တဲ့ ေငြေၾကးဥစၥာေတြကို သူယုံၾကည္တဲ့အရာေတြအေပၚ ေထာက္ပံ့ေပးဖို႔နဲ႔ ပရဟိတလုပ္ငန္းေတြမွာ လႉဒါန္းဖို႔အတြက္လည္း သုံးစြဲပါတယ္။ သူကိုယ္တိုင္ကေတာ့ ဘာေတြကို ဘယ္ေလာက္ လႉဒါန္းခဲ့ပါတယ္လို႔ ထုတ္ေျပာေလ့ မရွိေပမယ့္ သူ႔အႏုပညာသက္တမ္းတစ္ေလွ်ာက္မွာ ခန႔္မွန္းေခ် တကၠသိုလ္ေက်ာင္းေပါင္း (၃၀)ေလာက္ကို ေထာက္ပံ့လႉဒါန္းခဲ့တယ္လို႔ မွတ္တမ္းအခ်ိဳ႕က ေဖာ္ျပထားပါတယ္။

သူ လႉဒါန္းခဲ့တဲ့ေနရာေတြထဲမွာ ကေလးငယ္ေတြနဲ႔ ဆယ္ေက်ာ္သက္႐ြယ္ေတြကို အာကာသအေၾကာင္း သင္ၾကားေပးတဲ့ ကိုယ္က်ိဳးမဖက္ သိပၸံစင္တာေတြ ပါဝင္သလို အိတ္ခ်္အိုင္ဗြီေရာဂါကို တိုက္ဖ်က္ေနၿပီး ကုသႏိုင္တဲ့ ေဆးဝါးေဖာ္စပ္ဖို႔အတြက္ သုေတသနေတြ ျပဳလုပ္ေနတဲ့ ေဆးပညာေဖာင္ေဒးရွင္းေတြပါ ပါဝင္ပါတယ္။ မင္းသားႀကီးဟာ သူကိုယ္တိုင္ကလည္း ဒီလိုအေၾကာင္းအရာေတြနဲ႔ ဆက္စပ္ေနတဲ့ ႐ုပ္ရွင္ေတြမွာ သ႐ုပ္ေဆာင္ထားဖူးတာက စိတ္ဝင္စားစရာေကာင္းတဲ့ အခ်က္တစ္ခုပါပဲ။

ကိုယ္ပိုင္စားဖိုမႉး ထားရွိျခင္း
photo via therichest

မင္းသားႀကီးဟာ အစားအစာေကာင္းေတြကို ႏွစ္ၿခိဳက္သူ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ကိုယ္ပိုင္စားဖိုမႉးပါ ထားရွိတာ ျဖစ္ပါတယ္။ သူ႔ရဲ႕ကိုယ္ပိုင္စားဖိုမႉးဟာ အဂၤလန္ႏိုင္ငံက ေတာ္ဝင္မိသားစုေတြကိုပါ ခ်က္ေကြၽးဖူးတဲ့ နာမည္ႀကီးစားဖိုမႉး Gary Rhodes ျဖစ္ပါတယ္။ ဒါေၾကာင့္ စားဖိုမႉးႀကီးအတြက္ က်သင့္မယ့္ အခေၾကးေငြဟာ ေတာ္႐ုံတန္႐ုံေတာ့ မဟုတ္ေလာက္ဘူးဆိုတာ ခန႔္မွန္းမိၾကမွာပါ။

သို႔ေပမယ့္ Gary Rhodes ဟာ ၂၀၁၉ခုႏွစ္မွာ ကြယ္လြန္သြားခဲ့ပါတယ္။ သူ႔ေနာက္ပိုင္း ငွားရမ္းထားတဲ့ စားဖိုမႉးေတြရဲ႕အေၾကာင္းကိုေတာ့ မသိရပါဘူး။ မင္းသားႀကီးဟာ အစားအစာေတြနဲ႔ ပတ္သက္ရင္ေတာ့ ဂ်ပန္ အစားအစာေတြနဲ႔ ဂရိအစားအစာေတြကို ႀကိဳက္ႏွစ္သက္သူ ျဖစ္ပါတယ္။

စားေသာက္ဆိုင္ေကာင္းေကာင္းေတြကို ႀကိဳက္ႏွစ္သက္ျခင္း
photo via therichest

Tom Hanks ဟာ သူ႔မွာ ကိုယ္ပိုင္ စားဖိုမႈး ရွိေနတာေတာင္ တစ္ခါတစ္ေလ အလြယ္စားလို႔ရတဲ့ ဘာဂါဆိုင္တို႔လို ေနရာမ်ိဳးေတြမွာလည္း စားတတ္ပါတယ္။ ဒါ့အျပင္ နာမည္ႀကီး စားေသာက္ဆိုင္ေတြမွာ တခမ္းတနား စားေသာက္ရတာကို ႀကိဳက္ႏွစ္သက္သူလည္း ျဖစ္ပါတယ္။  မင္းသားႀကီးဟာ ဝါရွင္တန္က နာမည္ႀကီး စားေသာက္ဆိုင္ျဖစ္တဲ့ Blue Duck Tavern ရဲ႕ အမာခံေဖာက္သည္တစ္ဦးလည္း ျဖစ္ပါတယ္။ အဆိုပါ စားေသာက္ဆိုင္ဟာ နာမည္ႀကီး ထိတ္ထိတ္ႀကဲေတြ လာစားေလ့ရွိတဲ့ဆိုင္ျဖစ္ၿပီး အေမရိကန္သမၼတ Barack Obama တို႔ဇနီးေမာင္ႏွံရဲ႕ အိမ္ေထာင္သက္(၁၇)ႏွစ္ျပည့္ အထိမ္းအမွတ္အျဖစ္ ပြဲက်င္းပခဲ့တဲ့ဆိုင္လည္း ျဖစ္ပါတယ္။

မင္းသားႀကီးဟာ ခုံရွစ္ခုံပဲ ထားရွိတဲ့ တကယ့္ထိပ္တန္း ဂ်ပန္စားေသာက္ဆိုင္ Kanda Matsuya မွာလည္း စားေလ့ရွိသလို အတၱလန္တာၿမိဳ႕က နာမည္ႀကီး စားေသာက္ဆိုင္ျဖစ္တဲ့ South City Kitchen မွာလည္း ညစာစားေလ့ ရွိပါတယ္။ အဆိုပါ South City Kitchen ဆိုရင္လည္း တကယ့္ နာမည္ႀကီးေတြျဖစ္တဲ့ Ben Affleck ၊ Kim Kardashian တို႔လို လူေတြ လာစားေနက်ဆိုင္ ျဖစ္ပါတယ္။

ဒါကေတာ့ ဂႏၴဝင္ မင္းသားႀကီး Tom Hanks ရဲ႕ ေငြေၾကးခ်မ္းသာမႈနဲ႔ သူႏွစ္သက္တဲ့အရာေတြအေပၚ ေငြေၾကးသုံးစြဲမႈေတြကို ေဖာ္ျပေပးခဲ့တာ ျဖစ္ပါတယ္။ ဖတ္ၿပီးလို႔ သေဘာက်တယ္ဆိုရင္ မိတ္ေဆြေတြလည္း ဖတ္ႏိုင္ေအာင္ ရွဲေပးသြားပါဦး။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular