HomeCelebs Update NewsInternationalအနှောင့်အယှက်ပေးတဲ့ Fan ဆီကနေ ဇနီးဖြစ်သူကို ကာကွယ်ပေးလိုက်တဲ့ Tom Hanks

အနှောင့်အယှက်ပေးတဲ့ Fan ဆီကနေ ဇနီးဖြစ်သူကို ကာကွယ်ပေးလိုက်တဲ့ Tom Hanks

မင်းသားကြီး Tom Hanks နဲ့ ဇနီးဖြစ်သူ သရုပ်ဆောင် Rita Wilson တို့ဟာ ညစာထွက်စားရင်း အနှောင့်အယှက်ပေးတဲ့ ပရိသတ်တစ်ယောက်နဲ့ တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီဖြစ်ရပ်မှာတော့ ပရိသတ်ထဲကတစ်ယောက်ဟာ မင်းသားကြီးရဲ့ ဇနီးသည် Rita Wilson ကို ကိုယ်ထိလက်ရောက် ကျူးလွန်ဖို့ ကြိုးစားခဲ့ပြီး မင်းသားကြီးက ကာကွယ်ပေးခဲ့တယ်လို့ သိရပါတယ်။

အသက်(၆၅)နှစ်အရွယ် ရှိကြပြီဖြစ်တဲ့ မင်းသားကြီး Tom Hanks နဲ့ ဇနီးသည် Rita Wilson တို့မောင်နှံဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညဘက်မှာ နယူးယော့ခ်မြို့မှာ ညစာထွက်စားခဲ့ကြပါတယ်။ အဲဒီနောက် ညစာစားပြီးအပြန် ရပ်ထားတဲ့ကားဆီကို လမ်းလျှောက်သွားရာမှာ ပရိသတ်တစုက အနောက်ကနေ လိုက်လာခဲ့တယ်လို့ သိရပါတယ်။

Photo: ritawilson/ Instagram

အဲဒီနောက်မှာတော့ လိုက်လာတဲ့ ပရိသတ်ထဲကတစ်ယောက်ဟာ မင်းသမီး Rita Wilson ကို အနောက်ကနေ ဝင်တိုက်လိုက်တာကြောင့် မင်းသမီးကြီးဟာ ချော်လဲတော့မလို ဖြစ်သွားခဲ့တယ်လို့ TMZ သတင်းဌာနက ရယူထားတဲ့ ဗွီဒီယိုအရ သိရပါတယ်။ မင်းသမီးကြီးကတော့ “မလုပ်ပါနဲ့”လို့ ပြောလိုက်ပြီး မင်းသားကြီးကတော့ ဒေါသထွက်သွားပုံ ရတာကြောင့် အဲဒီအုပ်စုကို လက်တစ်ဖက်နဲ့ တားလိုက်ပြီး “အနောက်ကို ဆုတ်နေလိုက်စမ်း” လို့ အော်ပြောလိုက်ကြောင်း သိရပါတယ်။

ဒါ့အပြင် “ငါ့မိန်းမကို လာတွန်းချတာလား…”လို့ ထပ်မံအော်ပြောလိုက်ပြီးမှ ဇနီးဖြစ်သူနောက်ကို လိုက်သွားပြီး ကားပေါ်တက်သွားခဲ့တယ်လို့ ဆိုပါတယ်။ မင်းသားကြီးဟာ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အလွန်စိတ်ဆိုး ဒေါသထွက်သွားဟန်လည်း ရှိပါတယ်။ လိုက်လာတဲ့ ပရိသတ်တွေကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မင်းသားကြီးကို “တောင်းပန်ပါတယ် Tom ရေ …”လို့ အော်ပြောပြီး တောင်းပန်လိုက်သံလည်း ဗွီဒီယိုထဲမှာ ကြားရပါတယ်။

Photo: ritawilson/ Instagram

မင်းသားကြီး Tom Hanks နဲ့ အဆိုတော်၊ မင်းသမီးကြီး Rita Wilson တို့ဟာ အိမ်ထောင်သက်တမ်းဟာ အခုဆိုရင်တော့ (၃၄)နှစ်ခန့် ရှိခဲ့ပြီ ဖြစ်ပါတယ်။ မင်းသားကြီးနဲ့ မင်းသမီးကြီးတို့ဟာ ၁၉၈၁ ခုနှစ်မှာ ABC ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ Bosom Buddies sitcom ဇာတ်လမ်းတွဲမှာ စတင်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ သို့သော်လည်း အဲဒီအချိန်တုန်းကတော့ မင်းသားကြီးဟာ ပထမအိမ်ထောင် Samantha Lewes နဲ့ ပေါင်းသင်းနေဆဲ ဖြစ်တာကြောင့် Rita Wilson နဲ့ မတွဲဖြစ်ခဲ့သေးပါဘူး။

အဲဒီနောက် Samantha နဲ့ ကွာရှင်းပြီး ၁၉၈၆ ခုနှစ်ရောက်တော့မှသာ နှစ်ယောက်သား လူသိရှင်ကြား တွဲခဲ့ကြတာ ဖြစ်ပါတယ်။ မင်းသားကြီးနဲ့ Rita တို့ရဲ့ အိမ်ထောင်ရေးမှာတော့ သားနှစ်ယောက် ထွန်းကားထားပါတယ်။ မင်းသားကြီးတို့ ဇနီးမောင်နှံဟာ ယနေ့အချိန်အထိ တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင်နဲ့ သစ္စာရှိရှိ လက်တွဲနေကြဆဲ ဖြစ်တာကြောင့် အန္တရာယ်၊ အခက်အခဲ တစုံတခုကျရောက်တိုင်းမှာ ဘေးကအတူရှိပေးတာဟာ ဆန်းတော့မဆန်းပါဘူးလို့ ဆိုရင်း … ။

Vancouver

Source: people/tmz

RELATED ARTICLES

Most Popular