HomeCelebs Update NewsInternationalသားဦးကိုယ်ဝန် လွယ်ထားရပြီဖြစ်တဲ့ Tom Hiddleston နဲ့ Zawe Ashton တို့စုံတွဲ

သားဦးကိုယ်ဝန် လွယ်ထားရပြီဖြစ်တဲ့ Tom Hiddleston နဲ့ Zawe Ashton တို့စုံတွဲ

သရုပ်ဆောင် Tom Hiddleston နဲ့ Zawe Ashton တို့စုံတွဲကတော့ မကြာခင်မှာ မိဘတွေ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ Tom ရဲ့ဇနီးလောင်း Zawe Ashton ကတော့ ဗုဒ္ဓဟူးနေ့မှာ ကျင်းပပြုလုပ်တဲ့ Mr. Malcolm’s List ရုပ်ရှင်ရဲ့ အထူးပွဲကို တက်ရောက်လာတာ ဖြစ်ပြီး ပေါ်လွင်နေပြီဖြစ်တဲ့ သူမရဲ့ကိုယ်ဝန်ကို မြင်တွေ့လိုက်ရတာ ဖြစ်ပါတယ်။

အသက်(၃၇)နှစ်ရှိပြီဖြစ်တဲ့ Zawe Ashton ဟာ Mr. Malcolm’s List သမိုင်းကြောင်းနောက်ခံ ရုပ်ရှင်ထဲမှာ Theo James ၊ Frieda Pinto ၊ Gemma Chan တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ရုပ်ရှင်အထူးပွဲကိုတော့ Zawe ဟာ ဒီဇိုင်နာ Sabina Bilenko Couture ရဲ့လက်ရာ စီးကွင့်တွေနဲ့ တလက်လက် တောက်ပတဲ့ tulle gown ကို ဝတ်ဆင်ပြီး ပွဲတက်လာတာ တွေ့ရပါတယ်။ Zawe တစ်ယောက် Tom ရဲ့ကိုယ်ဝန်ကို လွယ်ထားရတဲ့အကြောင်းကိုလည်း ဒီဇိုင်နာ Sabina ကပဲ အတည်ပြုပေးထားတာ ဖြစ်ပါတယ်။

Photo Credit: Andy Kropa/ INVISION/AP/SHUTTERSTOCK

အဆိုပါအထူးပွဲကိုတော့ ခင်ပွန်းလောင်းဖြစ်သူ Tom က အတူတူ တက်ရောက်ခဲ့ခြင်း မရှိပါဘူး။ Zawe ရဲ့ ရုပ်ရှင်အဖွဲ့သားတွေ အားလုံးကတော့ အတူတူ တက်ရောက်လာကြတာ တွေ့ရပါတယ်။ ကိုယ်ဝန်လွယ်ထားရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး People မဂ္ဂဇင်းဟာ Tom ရဲ့ကိုယ်စားလှယ်ဆီကို ဆက်သွယ် မေးမြန်းထားပေမယ့် လက်ရှိအချိန်ထိ တုံ့ပြန်ပြောကြားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Tom နဲ့ Zawe တို့ဟာ ၂၀၁၉ ခုနှစ်က ပြသခဲ့တဲ့ Betrayal ဘရော့ဒ်ဝေးပြဇာတ်မှာ အတူတူ တွဲဖက်သရုပ်ဆောင်ရာက ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။ အဲဒီနောက် ချစ်သူတွေအဖြစ် တရားဝင် ပွဲတက်ခဲ့တာကတော့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ပြုလုပ်ခဲ့တဲ့ Tony Awards ဆုပေးပွဲမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ၂၀၂၂ ခုနှစ် မတ်လမှာ ပြုလုပ်ခဲ့တဲ့ BAFTA Awards ဆုပေးပွဲမှာတော့ Zawe ရဲ့လက်သူကြွယ်မှာ လက်စွပ်တစ်ကွင်း တွေ့ရှိခဲ့တာကြောင့် နှစ်ဦးသား စေ့စပ်လိုက်ကြပြီလို့ သတင်းထွက်ပေါ်ခဲ့ကာ ရက်အနည်းငယ် အကြာမှာတော့ ဒီသတင်းကို အတည်ပြုနိုင်ခဲ့ပါတယ်။

Photo: twhiddleston/ Instagram

ဒါကိုကြည့်ခြင်းအားဖြင့် Tom တို့စုံတွဲဟာ သိုသိုသိပ်သိပ် နေထိုင်လေ့ရှိပြီး သူတို့နှစ်ဦးကြားက ကိစ္စတွေကို လူထုဆီ သိပ်ပြီးထုတ်ပြလေ့မရှိတာကို သိနိုင်မှာ ဖြစ်ပါတယ်။ သူတို့နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကတော့ Tom နဲ့ Zawe တို့ဟာ သိပ်ချစ်ကြတဲ့ ချစ်သူတွေဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် သိပ်ဂရုစိုက်ကြတယ်လို့လည်း ဆိုပါတယ်။ သို့သော်လည်း သူတို့ရဲ့အတွင်းရေးနဲ့ ပတ်သက်လာရင်တော့ သိုဝှက်စွာ နေထိုင်တတ်တယ်လို့ ဆိုပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular