HomeEntertainmentFilmNetflix ရဲ့ရုပ်ရှင်အသစ်မှာ Robert Pattinson နဲ့အပြိုင်ကြဲထားတဲ့ Tom Holland 

Netflix ရဲ့ရုပ်ရှင်အသစ်မှာ Robert Pattinson နဲ့အပြိုင်ကြဲထားတဲ့ Tom Holland 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မကြာခင်မှာ ထွက်ရှိလာတော့မယ့် Netflix ရဲ့ရုပ်ရှင်အသစ်မှာ မင်းသား Tom Holland နဲ့ Robert Pattinson တို့ ထိပ်တိုက် အပြိုင်သရုပ်ဆောင်ထားကြတာကို တွေ့ရပါတယ်။ The Devil All The Time လို့ အမည်ရတဲ့ ဒီဇာတ်ကားဟာ ယခုနှစ်အတွင်း မျှော်လင့်တကြီး စောင့်စားခံရတဲ့ ဇာတ်ကားတွေထဲမှာလည်း ပါဝင်ပါတယ်။

မင်းသား Tom Holland ဟာ Spider-Man ကာရိုက်တာနဲ့ လုံးဝမသက်ဆိုင်တဲ့ ဇာတ်ရုပ်တစ်ခုကို ဒီဇာတ်ကားထဲမှာ သရုပ်ဆောင်ထားပါတယ်။ Netflix က ပြသလိုက်တဲ့ ထွေလာထဲမှာတော့ Tom Holland ဟာ Arvin Russell ဆိုတဲ့ ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားပြီး သူ့ရဲ့မွေးနေ့မှာ ဖခင်ဖြစ်သူက သေနတ်တစ်လက် လက်ဆောင်ပေးတာကို ပြထားပါတယ်။ ဒါ့အပြင် သူတို့နေထိုင်တဲ့ အိုဟိုင်းယိုးပြည်နယ်က မြို့ငယ်လေးထဲမှာ မိစ္ဆာဆန်တဲ့ဖြစ်ရပ်တွေ ရှိနေတာကို Arvin တစ်ယောက် ဖော်ထုတ်ချင်နေတာကိုလည်း ပြထားပါသေးတယ်။

Photo via IMDb

Robert Pattinson ကတော့ ဒီဇာတ်ကားထဲမှာ တရားဟောဆရာတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။  ထွေလာထဲမှာတော့ Arvin ဟာ Preston Teagardin ဆိုတဲ့ တရားဟောဆရာနဲ့ ပတ်သက်ပြီး တစ်ခုခု မူမမှန်ဘူးဆိုတာ သတိထားမိနေတာကို ပြထားပါတယ်။ လူတွေက Preston ကို ယုံကြည်ကိုးကွယ်နေကြပေမယ့် သူ့ရဲ့တကယ့် ရည်ရွယ်ချက်တွေဟာ မရိုးသားဘူးလို့ Arvin က သိနေတာပါ။

နောက်ထပ်တစ်ခန်းမှာတော့ Arvin ဟာ Preston နဲ့ ထိပ်တိုက်တွေ့ပြီး “တဆိတ်လောက် တရားဟောဆရာကြီး … ခင်ဗျားမှာ အပြစ်သားတစ်ယောက်အတွက် အချိန်ရှိလား …” ဆိုပြီး သူ့ရဲ့ဘုရားကျောင်းထဲမှာ သွားမေးတဲ့အခန်းကို ပြထားပါတယ်။ မျက်စိတမှိတ်အတွင်းမှာပဲ Arvin ဟာ Preston ကို သေနတ်နဲ့ ချိန်ထားတာကိုလည်း ထွေလာထဲမှာ တွေ့လိုက်ရပါသေးတယ်။

Photo via IMDb

ဒါကတော့ The Devil All The Time ဆိုတဲ့ Netflix ရဲ့ရုပ်ရှင်အသစ် ထွေလာထဲက လတ်တလော မြင်တွေ့ထားရတဲ့ ဇာတ်ဝင်ခန်းတွေ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Tom Holland ဦးဆောင်ပါဝင်ပြီး Robert Pattinson အပြင် အခြားနာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Bill Skarsgard ၊ Riley Keough ၊ Jason Clarke ၊ Sebastian Stan ၊ Haley Bennett ၊ Eliza Scanlen နဲ့ Mia Wasikowska တို့လည်း ပါဝင်ထားပါတယ်။

Photo via IMDb

ဇာတ်လမ်းအကျဉ်းကတော့ အိုဟိုင်းယိုးပြည်နယ်က Knockemstiff ဆိုတဲ့ မြို့ငယ်လေးနဲ့ အဲ့ဒီ့မြို့လေးနားက တောအုပ်တစ်ခုနားမှာ အခြေတည်ပါတယ်။ မြို့နေလူထုထဲမှာလည်း အန္တရာယ်ရှိတဲ့ ဇာတ်ကောင်တွေနဲ့ ပြည့်နှက်နေပါတယ်။ သူတော်ကောင်းယောင်ဆောင်ထားတဲ့ တရားဟောဆရာတစ်ယောက်၊ လူလိမ်စုံတွဲတစ်တွဲ၊ ရိုးဖြောင့်မှုမရှိတဲ့ ရဲအရာရှိတို့ဟာ Arvin Russell ဆိုတဲ့ လူငယ်လေးတစ်ယောက်ဆီမှာ လာဆုံဆည်းကြပါတော့တယ်။ အကြောင်းကတော့ Arvin ဟာ သူနဲ့ သူ့မိသားစုဆီကို ကျရောက်လာတဲ့ မကောင်းတဲ့ဖြစ်ရပ်တစ်ခုကို တားဆီးဖို့ ကြိုးစားလို့ပဲ ဖြစ်ပါတယ်။ အချိန်ကာလကတော့ ဒုတိယကမ္ဘာစစ်ကာလနဲ့ အမေရိကန်၊ ဗီယက်နမ်စစ်ပွဲရဲ့ ကြားကာလကို အခြေခံ တည်ဆောက်ထားပါတယ်။

စာရေးဆရာ Donald Ray Pollock ရဲ့ ဝတ္ထုစာအုပ်ကို အခြေခံရိုက်ကူးထားပြီး လာမယ့် စက်တင်ဘာလ(၁၆)ရက်နေ့မှာ Netflix မှာ ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

မၾကာခင္မွာ ထြက္ရွိလာေတာ့မယ့္ Netflix ရဲ႕႐ုပ္ရွင္အသစ္မွာ မင္းသား Tom Holland နဲ႔ Robert Pattinson တို႔ ထိပ္တိုက္ အၿပိဳင္သ႐ုပ္ေဆာင္ထားၾကတာကို ေတြ႕ရပါတယ္။ The Devil All The Time လို႔ အမည္ရတဲ့ ဒီဇာတ္ကားဟာ ယခုႏွစ္အတြင္း ေမွ်ာ္လင့္တႀကီး ေစာင့္စားခံရတဲ့ ဇာတ္ကားေတြထဲမွာလည္း ပါဝင္ပါတယ္။

မင္းသား Tom Holland ဟာ Spider-Man ကာ႐ိုက္တာနဲ႔ လုံးဝမသက္ဆိုင္တဲ့ ဇာတ္႐ုပ္တစ္ခုကို ဒီဇာတ္ကားထဲမွာ သ႐ုပ္ေဆာင္ထားပါတယ္။ Netflix က ျပသလိုက္တဲ့ ေထြလာထဲမွာေတာ့ Tom Holland ဟာ Arvin Russell ဆိုတဲ့ ဇာတ္ေကာင္အျဖစ္ သ႐ုပ္ေဆာင္ထားၿပီး သူ႔ရဲ႕ေမြးေန႔မွာ ဖခင္ျဖစ္သူက ေသနတ္တစ္လက္ လက္ေဆာင္ေပးတာကို ျပထားပါတယ္။ ဒါ့အျပင္ သူတို႔ေနထိုင္တဲ့ အိုဟိုင္းယိုးျပည္နယ္က ၿမိဳ႕ငယ္ေလးထဲမွာ မိစာၦဆန္တဲ့ျဖစ္ရပ္ေတြ ရွိေနတာကို Arvin တစ္ေယာက္ ေဖာ္ထုတ္ခ်င္ေနတာကိုလည္း ျပထားပါေသးတယ္။

Photo via IMDb

Robert Pattinson ကေတာ့ ဒီဇာတ္ကားထဲမွာ တရားေဟာဆရာတစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။  ေထြလာထဲမွာေတာ့ Arvin ဟာ Preston Teagardin ဆိုတဲ့ တရားေဟာဆရာနဲ႔ ပတ္သက္ၿပီး တစ္ခုခု မူမမွန္ဘူးဆိုတာ သတိထားမိေနတာကို ျပထားပါတယ္။ လူေတြက Preston ကို ယုံၾကည္ကိုးကြယ္ေနၾကေပမယ့္ သူ႔ရဲ႕တကယ့္ ရည္႐ြယ္ခ်က္ေတြဟာ မ႐ိုးသားဘူးလို႔ Arvin က သိေနတာပါ။

ေနာက္ထပ္တစ္ခန္းမွာေတာ့ Arvin ဟာ Preston နဲ႔ ထိပ္တိုက္ေတြ႕ၿပီး “တဆိတ္ေလာက္ တရားေဟာဆရာႀကီး … ခင္ဗ်ားမွာ အျပစ္သားတစ္ေယာက္အတြက္ အခ်ိန္ရွိလား …” ဆိုၿပီး သူ႔ရဲ႕ဘုရားေက်ာင္းထဲမွာ သြားေမးတဲ့အခန္းကို ျပထားပါတယ္။ မ်က္စိတမွိတ္အတြင္းမွာပဲ Arvin ဟာ Preston ကို ေသနတ္နဲ႔ ခ်ိန္ထားတာကိုလည္း ေထြလာထဲမွာ ေတြ႕လိုက္ရပါေသးတယ္။

Photo via IMDb

ဒါကေတာ့ The Devil All The Time ဆိုတဲ့ Netflix ရဲ႕႐ုပ္ရွင္အသစ္ ေထြလာထဲက လတ္တေလာ ျမင္ေတြ႕ထားရတဲ့ ဇာတ္ဝင္ခန္းေတြ ျဖစ္ပါတယ္။ ဒီဇာတ္ကားမွာ Tom Holland ဦးေဆာင္ပါဝင္ၿပီး Robert Pattinson အျပင္ အျခားနာမည္ေက်ာ္ သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Bill Skarsgard ၊ Riley Keough ၊ Jason Clarke ၊ Sebastian Stan ၊ Haley Bennett ၊ Eliza Scanlen နဲ႔ Mia Wasikowska တို႔လည္း ပါဝင္ထားပါတယ္။

Photo via IMDb

ဇာတ္လမ္းအက်ဥ္းကေတာ့ အိုဟိုင္းယိုးျပည္နယ္က Knockemstiff ဆိုတဲ့ ၿမိဳ႕ငယ္ေလးနဲ႔ အဲ့ဒီ့ၿမိဳ႕ေလးနားက ေတာအုပ္တစ္ခုနားမွာ အေျခတည္ပါတယ္။ ၿမိဳ႕ေနလူထုထဲမွာလည္း အႏၲရာယ္ရွိတဲ့ ဇာတ္ေကာင္ေတြနဲ႔ ျပည့္ႏွက္ေနပါတယ္။ သူေတာ္ေကာင္းေယာင္ေဆာင္ထားတဲ့ တရားေဟာဆရာတစ္ေယာက္၊ လူလိမ္စုံတြဲတစ္တြဲ၊ ႐ိုးေျဖာင့္မႈမရွိတဲ့ ရဲအရာရွိတို႔ဟာ Arvin Russell ဆိုတဲ့ လူငယ္ေလးတစ္ေယာက္ဆီမွာ လာဆုံဆည္းၾကပါေတာ့တယ္။ အေၾကာင္းကေတာ့ Arvin ဟာ သူနဲ႔ သူ႔မိသားစုဆီကို က်ေရာက္လာတဲ့ မေကာင္းတဲ့ျဖစ္ရပ္တစ္ခုကို တားဆီးဖို႔ ႀကိဳးစားလို႔ပဲ ျဖစ္ပါတယ္။ အခ်ိန္ကာလကေတာ့ ဒုတိယကမာၻစစ္ကာလနဲ႔ အေမရိကန္၊ ဗီယက္နမ္စစ္ပြဲရဲ႕ ၾကားကာလကို အေျခခံ တည္ေဆာက္ထားပါတယ္။

စာေရးဆရာ Donald Ray Pollock ရဲ႕ ဝတၳဳစာအုပ္ကို အေျခခံ႐ိုက္ကူးထားၿပီး လာမယ့္ စက္တင္ဘာလ(၁၆)ရက္ေန႔မွာ Netflix မွာ ၾကည့္ရႈႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

Glasgow

Source: hollywood life

 

RELATED ARTICLES

Most Popular