HomeCelebs Update NewsInternational၂၀၂၁ခုနှစ်မှာ Live action ရုပ်ရှင်အဖြစ် ကြည့်ရှုရတော့မယ့် Tom & Jerry

၂၀၂၁ခုနှစ်မှာ Live action ရုပ်ရှင်အဖြစ် ကြည့်ရှုရတော့မယ့် Tom & Jerry

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အခုဆိုရင်တော့ ကမ္ဘာကျော် မတည့်အတူနေ နှစ်ယောက်ဖြစ်တဲ့ Tom နဲ့ Jerry ဟာ ပရိသတ်ရှေ့မှောက်ကို live action movie အနေနဲ့ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ပထမဆုံး တရားဝင်ထွေလာကို နိုဝင်ဘာလ(၁၈)ရက်နေ့မှာ ထွက်ရှိခဲ့ပြီး နယူးယော့ခ်မြို့က ရှေးအကျဆုံး ဟိုတယ်တစ်ခုမှာ သူတို့နှစ်ယောက် ဗြောင်းဆန်အောင် သောင်းကျန်းကြပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီထွေလာထဲမှာတော့ မူလလက်ဟောင်း Tom နဲ့ Jerry ကို ပုံစံအသစ်နဲ့ တင်ဆက်ထားပါတယ်။

photo via IMDb

Tom နဲ့ Jerry တို့နှစ်ယောက်ကိုတော့ animated ပုံစံနဲ့ မြင်တွေ့ရမှာ ဖြစ်ပြီး ကျန်တဲ့လူသရုပ်ဆောင်တွေကိုတော့ live-action အဖြစ် တင်ဆက်ထားတာကြောင့် ကြည့်နေကျပုံစံမျိုး မဟုတ်ဘဲ တစ်မျိုးလေး ဆန်းသစ်တဲ့ရသကို ခံစားရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ Tom နဲ့ Jerry တို့ဟာ New York ကို ရောက်ရှိလာပြီးနောက် လမ်းကွဲသွားကြပါတယ်။ Jerry ကတော့ ရာစုနှစ်အတွင်း အခမ်းနားဆုံး မင်္ဂလာဆောင် အခမ်းအနား ကျင်းပမယ့် ဟိုတယ်တစ်ခုကို ရောက်ရှိသွားပါတယ်။ Jerry ရဲ့ သောင်းကျန်းမှုကြောင့် ဟိုတယ်က စိတ်ရှုပ်လာရတဲ့အခါမှာတော့ သူ့ကို ရှင်းပစ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒီမှာတင် သူတို့ခေါ်ဆောင်လာတဲ့ ကြောင်တစ်ကောင်ဖြစ်တဲ့ Tom နဲ့ မြူးထူးပျော်ရွှင်စရာ နောက်ဆက်တွဲတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ Chloe Grace Moretz ၊ Michael Pena ၊ Rob Delaney ၊ Colin Jost နဲ့ Ken Jeong တို့ ဖြစ်ပြီးတော့ The Tim Story ရိုက်ကူးရေးအဖွဲ့က ၂၀၂၁ခုနှစ်မှာ ရုံတင်ပြသနိုင်ဖို့ စီစဉ်နေပါတယ်။ နှစ်ပေါင်း ရှစ်ဆယ်လောက် သတ်ပုတ်၊ ရန်ဖြစ်လာခဲ့တဲ့ Tom နဲ့ Jerry ကို ပုံစံသစ်နဲ့ ပြန်လည်မြင်တွေ့ရမှာမို့ အားလုံးလည်း စိတ်လှုပ်ရှားနေကြမယ်လို့ မျှော်လင့်ပါတယ်။

C 21

Source: indian express

(Zawgyi version)

အခုဆိုရင္ေတာ့ ကမာၻေက်ာ္ မတည့္အတူေန ႏွစ္ေယာက္ျဖစ္တဲ့ Tom နဲ႔ Jerry ဟာ ပရိသတ္ေရွ႕ေမွာက္ကို live action movie အေနနဲ႔ ေရာက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ရဲ႕ ပထမဆုံး တရားဝင္ေထြလာကို ႏိုဝင္ဘာလ(၁၈)ရက္ေန႔မွာ ထြက္ရွိခဲ့ၿပီး နယူးေယာ့ခ္ၿမိဳ႕က ေရွးအက်ဆုံး ဟိုတယ္တစ္ခုမွာ သူတို႔ႏွစ္ေယာက္ ေျဗာင္းဆန္ေအာင္ ေသာင္းက်န္းၾကပုံကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒီေထြလာထဲမွာေတာ့ မူလလက္ေဟာင္း Tom နဲ႔ Jerry ကို ပုံစံအသစ္နဲ႔ တင္ဆက္ထားပါတယ္။

photo via IMDb

Tom နဲ႔ Jerry တို႔ႏွစ္ေယာက္ကိုေတာ့ animated ပုံစံနဲ႔ ျမင္ေတြ႕ရမွာ ျဖစ္ၿပီး က်န္တဲ့လူသ႐ုပ္ေဆာင္ေတြကိုေတာ့ live-action အျဖစ္ တင္ဆက္ထားတာေၾကာင့္ ၾကည့္ေနက်ပုံစံမ်ိဳး မဟုတ္ဘဲ တစ္မ်ိဳးေလး ဆန္းသစ္တဲ့ရသကို ခံစားရမွာ ျဖစ္ပါတယ္။

ဇာတ္လမ္းကေတာ့ Tom နဲ႔ Jerry တို႔ဟာ New York ကို ေရာက္ရွိလာၿပီးေနာက္ လမ္းကြဲသြားၾကပါတယ္။ Jerry ကေတာ့ ရာစုႏွစ္အတြင္း အခမ္းနားဆုံး မဂၤလာေဆာင္ အခမ္းအနား က်င္းပမယ့္ ဟိုတယ္တစ္ခုကို ေရာက္ရွိသြားပါတယ္။ Jerry ရဲ႕ ေသာင္းက်န္းမႈေၾကာင့္ ဟိုတယ္က စိတ္ရႈပ္လာရတဲ့အခါမွာေတာ့ သူ႔ကို ရွင္းပစ္ဖို႔ ဆုံးျဖတ္လိုက္ၾကပါတယ္။ ဒီမွာတင္ သူတို႔ေခၚေဆာင္လာတဲ့ ေၾကာင္တစ္ေကာင္ျဖစ္တဲ့ Tom နဲ႔ ျမဴးထူးေပ်ာ္႐ႊင္စရာ ေနာက္ဆက္တြဲေတြကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

ဒီဇာတ္လမ္းမွာ ပါဝင္တဲ့ သ႐ုပ္ေဆာင္ေတြကေတာ့ Chloe Grace Moretz ၊ Michael Pena ၊ Rob Delaney ၊ Colin Jost နဲ႔ Ken Jeong တို႔ ျဖစ္ၿပီးေတာ့ The Tim Story ႐ိုက္ကူးေရးအဖြဲ႕က ၂၀၂၁ခုႏွစ္မွာ ႐ုံတင္ျပသႏိုင္ဖို႔ စီစဥ္ေနပါတယ္။ ႏွစ္ေပါင္း ရွစ္ဆယ္ေလာက္ သတ္ပုတ္၊ ရန္ျဖစ္လာခဲ့တဲ့ Tom နဲ႔ Jerry ကို ပုံစံသစ္နဲ႔ ျပန္လည္ျမင္ေတြ႕ရမွာမို႔ အားလုံးလည္း စိတ္လႈပ္ရွားေနၾကမယ္လို႔ ေမွ်ာ္လင့္ပါတယ္။

C 21

Source: indian express

RELATED ARTICLES

Most Popular