HomeEntertainmentFilmNo Way Home က Dark ဖြစ်ပြီး ရက်စက်လွန်းတယ်ဆိုတဲ့ Tom Holland

No Way Home က Dark ဖြစ်ပြီး ရက်စက်လွန်းတယ်ဆိုတဲ့ Tom Holland

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Spider-Man: No Way Home ဟာ Peter Parker အတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်ပြီး Dark ဖြစ်သလို ရက်စက်လွန်းတာကြောင့် ဝမ်းနည်းဖို့ကောင်းတယ်လို့ Tom Holland က ပြောလိုက်ပါတယ်။

ဒီရုပ်ရှင်ထဲမှာတော့ Far From Home ရဲ့ cliffhanger ဇာတ်သိမ်းနဲ့ တိုက်ရိုက် ချိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ Far From Home ထဲမှာတော့ Mysterio ကြောင့် Spider-Man က ဘယ်သူလည်းဆိုတာ တစ်ကမ္ဘာလုံးက သိသွားကြပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ထဲမှာတော့ Peter Parker ဟာ အဲ့ဒီပြဿနာကို ဖြေရှင်းဖို့ Doctor Strange ကို အကူအညီတောင်းရပါတော့တယ်။

photo via screenrant

ဒီရုပ်ရှင်ကတော့ ဒီဇင်ဘာလလယ်လောက်မှာ ထွက်ရှိလာမှာဖြစ်ပြီး Multiverse အကြောင်းတွေ ပါဝင်လာမှာကြောင့် ပရိသတ်တွေကလည်း အလွန်စိတ်ဝင်စားနေကြပါတယ်။ အကြောင်းကတော့ အရင်က Spider-Man နေရာမှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ Tobey Maguire နဲ့ Andrew Garfield တို့လည်း ပြန်လည် ပါဝင်လာနိုင်တာကြောင့် ဖြစ်ပါတယ်။ အခုချိန်ထိတော့ ဒီအချက်ဟာ တရားဝင် အတည်မပြုသေးပေမယ့်လည်း Leak ပေါင်းများစွာနဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ပါသေးတယ်။

Total Film သတင်းဌာနနဲ့ အင်တာဗျူးထဲမှာတော့ No Way Home ဟာ ပျော်ဖို့မကောင်းဘဲ Dark ဖြစ်လိမ့်မယ်လို့ Tom Holland က ပြောသွားပါတယ်။

“ဒီရုပ်ရှင်ထဲမှာ ပရိသတ်တွေချစ်တဲ့ ဇာတ်ကောင်တွေက အလွန်ဆိုးရွားတဲ့ ဖြစ်ရပ်တွေကို ကြုံတွေ့ရမှာပါ။ ဒီရုပ်ရှင်ကတော့ ကျွန်တော်တို့ ဖန်တီးခဲ့ဖူးတဲ့ အကောင်းဆုံး Spider-Man ရုပ်ရှင်ပါ။ ပရိသတ်တွေကတော့ ဒီရုပ်ရှင်ကို ကြည့်ရှုဖို့ မစောင့်နိုင်တော့ပေမယ့် ဒီရုပ်ရှင်က ပရိသတ်တွေအတွက် ရက်စက်လွန်းနေလောက်တာကြောင့် ကျွန်တော်ကတော့ အဆင်သင့်မဖြစ်သေးပါဘူး … ” လို့ Tom Holland က ဆိုထားပါတယ်။

photo via screenrant

Holland ရဲ့ စကားအတိုင်းဆိုရင်တော့ MCU ရဲ့ ပထမဆုံး Spider-Man ရုပ်ရှင်နှစ်ကားဟာ ပျော်စရာလေးတွေနဲ့ ရိုမန့်စ်ပုံစံလေးတွေ ပါဝင်ခဲ့ပေမယ့်လည်း တတိယမြောက်ရုပ်ရှင်ကတော့ အတော်လေးကို ကွဲပြားသွားမယ်လို့ ယူဆရပါတယ်။

ဒါ့အပြင် Spider-Man ရဲ့ အထင်ကရဗီလိန်တွေ ဖြစ်တဲ့ Doc Ock နဲ့ Green Goblin တို့လည်း ပြန်လည်ပါဝင်လာဦးမှာ ဖြစ်တာကြောင့် အနည်းဆုံးတော့ ဒီရုပ်ရှင်ထဲမှာ ဇာတ်ကောင်တစ်ယောက်လောက် သေဆုံးသွားနိုင်ပါတယ်။ MCU က ပရိသတ်တွေအတွက် ဘယ်လိုမျိူး အံ့ဩစရာတွေ ဖန်တီးပေးသွားမလည်းဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Spider-Man: No Way Home ဟာ Peter Parker အတြက္ အႀကီးမားဆုံး စိန္ေခၚမွုတစ္ခု ျဖစ္ၿပီး Dark ျဖစ္သလို ရက္စက္လြန္းတာေၾကာင့္ ဝမ္းနည္းဖို႔ေကာင္းတယ္လို႔ Tom Holland က ေျပာလိုက္ပါတယ္။

ဒီ႐ုပ္ရွင္ထဲမွာေတာ့ Far From Home ရဲ့ cliffhanger ဇာတ္သိမ္းနဲ႔ တိုက္ရိုက္ ခ်ိတ္ဆက္သြားမွာ ျဖစ္ပါတယ္။ Far From Home ထဲမွာေတာ့ Mysterio ေၾကာင့္ Spider-Man က ဘယ္သူလည္းဆိုတာ တစ္ကမၻာလုံးက သိသြားၾကပါတယ္။ ဒါေၾကာင့္ပဲ ဒီ႐ုပ္ရွင္ထဲမွာေတာ့ Peter Parker ဟာ အဲ့ဒီျပႆနာကို ေျဖရွင္းဖို႔ Doctor Strange ကို အကူအညီေတာင္းရပါေတာ့တယ္။

photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ဒီဇင္ဘာလလယ္ေလာက္မွာ ထြက္ရွိလာမွာျဖစ္ၿပီး Multiverse အေၾကာင္းေတြ ပါဝင္လာမွာေၾကာင့္ ပရိသတ္ေတြကလည္း အလြန္စိတ္ဝင္စားေနၾကပါတယ္။ အေၾကာင္းကေတာ့ အရင္က Spider-Man ေနရာမွာ သ႐ုပ္ေဆာင္ခဲ့ဖူးတဲ့ Tobey Maguire နဲ႔ Andrew Garfield တို႔လည္း ျပန္လည္ ပါဝင္လာနိုင္တာေၾကာင့္ ျဖစ္ပါတယ္။ အခုခ်ိန္ထိေတာ့ ဒီအခ်က္ဟာ တရားဝင္ အတည္မျပဳေသးေပမယ့္လည္း Leak ေပါင္းမ်ားစြာနဲ႔ ပရိသတ္ေတြကို ဆြဲေဆာင္ထားနိုင္ပါေသးတယ္။

Total Film သတင္းဌာနနဲ႔ အင္တာဗ်ဴးထဲမွာေတာ့ No Way Home ဟာ ေပ်ာ္ဖို႔မေကာင္းဘဲ Dark ျဖစ္လိမ့္မယ္လို႔ Tom Holland က ေျပာသြားပါတယ္။

“ဒီ႐ုပ္ရွင္ထဲမွာ ပရိသတ္ေတြခ်စ္တဲ့ ဇာတ္ေကာင္ေတြက အလြန္ဆိုးရြားတဲ့ ျဖစ္ရပ္ေတြကို ၾကဳံေတြ႕ရမွာပါ။ ဒီ႐ုပ္ရွင္ကေတာ့ ကၽြန္ေတာ္တို႔ ဖန္တီးခဲ့ဖူးတဲ့ အေကာင္းဆုံး Spider-Man ႐ုပ္ရွင္ပါ။ ပရိသတ္ေတြကေတာ့ ဒီ႐ုပ္ရွင္ကို ၾကည့္ရွုဖို႔ မေစာင့္နိုင္ေတာ့ေပမယ့္ ဒီ႐ုပ္ရွင္က ပရိသတ္ေတြအတြက္ ရက္စက္လြန္းေနေလာက္တာေၾကာင့္ ကၽြန္ေတာ္ကေတာ့ အဆင္သင့္မျဖစ္ေသးပါဘူး … ” လို႔ Tom Holland က ဆိုထားပါတယ္။

photo via screenrant

Holland ရဲ့ စကားအတိုင္းဆိုရင္ေတာ့ MCU ရဲ့ ပထမဆုံး Spider-Man ႐ုပ္ရွင္ႏွစ္ကားဟာ ေပ်ာ္စရာေလးေတြနဲ႔ ရိုမန႔္စ္ပုံစံေလးေတြ ပါဝင္ခဲ့ေပမယ့္လည္း တတိယေျမာက္႐ုပ္ရွင္ကေတာ့ အေတာ္ေလးကို ကြဲျပားသြားမယ္လို႔ ယူဆရပါတယ္။

ဒါ့အျပင္ Spider-Man ရဲ့ အထင္ကရဗီလိန္ေတြ ျဖစ္တဲ့ Doc Ock နဲ႔ Green Goblin တို႔လည္း ျပန္လည္ပါဝင္လာဦးမွာ ျဖစ္တာေၾကာင့္ အနည္းဆုံးေတာ့ ဒီ႐ုပ္ရွင္ထဲမွာ ဇာတ္ေကာင္တစ္ေယာက္ေလာက္ ေသဆုံးသြားနိုင္ပါတယ္။ MCU က ပရိသတ္ေတြအတြက္ ဘယ္လိုမ်ိဴး အံ့ဩစရာေတြ ဖန္တီးေပးသြားမလည္းဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular