HomeEntertainmentFilmRobert Pattinson ရဲ့ Batman နဲ့တွဲပြီး Superman အဖြစ် သရုပ်ဆောင်ချင်တဲ့ Tom Welling

Robert Pattinson ရဲ့ Batman နဲ့တွဲပြီး Superman အဖြစ် သရုပ်ဆောင်ချင်တဲ့ Tom Welling

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Smallville ဇာတ်လမ်းတွဲထဲမှာ Superman အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Tom Welling ဟာ Robert Pattinson ရဲ့ Batman နဲ့ တွဲဖက်ပြီး Superman အဖြစ် ပြန်လည်သရုပ်ဆောင်ချင်တယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောလိုက်ပါတယ်။

Smallville ဇာတ်လမ်းတွဲကတော့ ၂၀၀၁ ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ဇာတ်သိမ်းခဲ့ပါတယ်။ အဲ့ဒီဇာတ်လမ်းတွဲထဲမှာတော့ Tom Welling ဟာ Superman ဖြစ်မလာခင် Clark Kent ရဲ့ လူငယ်ဘဝအကြောင်းကို သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အများစုလည်း အကြိုက်တွေ့ခဲ့ကြပါတယ်။ ဒါ့အပြင် ၂၀၁၉ ခုနှစ်မှာတော့ Tom ဟာ Arrowverse ရဲ့ crossover တစ်ခုဖြစ်တဲ့ Crisis of Infinite Earths ထဲမှာလည်း Clark Kent အဖြစ် ပြန်လည်ပါဝင်ခဲ့ပါသေးတယ်။

photo via screenrant

၂၀၁၉ ခုနှစ်ထဲမှာပဲ Ben Affleck ထွက်ခွာသွားပြီးနောက်မှာတော့ Robert Pattinson ဟာ Bruce Wayne အနေနဲ့ ဆက်လက် သရုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ Robert Pattinson ရဲ့ Batman ရုပ်ရှင်ကတော့ ၂၀၂၂ ခုနှစ် မတ်လမှာ ရုံတင်သွားမယ်လို့ သိရပါတယ်။

အဲ့ဒီရုပ်ရှင်ထဲမှာတော့ Catwoman အနေနဲ့ Zoe Kravitz ၊ Penguin နေရာမှာတော့ Colin Farrell နဲ့ Alfred အနေနဲ့ Andy Serkis တို့က ပါဝင်သွားမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ကျွန်တော်တို့တွေ အကြိမ်ပေါင်းများစွာ မြင်ဖူးနေတဲ့ Batman ရဲ့ origin ကို ထပ်မံပြသတော့မှာ မဟုတ်ဘဲ Bruce ရဲ့ Batman ဖြစ်ခါစအချိန်ကို ပြသသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် sequel နှစ်ကားနဲ့ prequel တစ်ကားတို့လည်း ထပ်မံထွက်ရှိလာဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။

photo via screenrant

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတော့ Tom ဟာ Crisis of Infinite Earths ထဲမှာ Clark Kent အဖြစ် ပြန်လည်ပါဝင်ခဲ့ရတဲ့ အကြောင်းကို ပြောခဲ့ရုံသာမကဘဲ သူ့ရဲ့သူငယ်ချင်းဖြစ်သူ Robert Pattinson နဲ့အတူ Superman အဖြစ် သရုပ်ဆောင်ချင်တဲ့ အကြောင်းကိုပါ ပြောပြခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာမယ့် The Flash လို ရုပ်ရှင်မျိူးမှာရော ပါဝင်ချင်လားလို့ မေးမြန်းခဲ့တဲ့အပေါ်မှာတော့ Tom က စိတ်ဝင်စားကြောင်း ဖြေကြားခဲ့ပါတယ်။ Robert Pattinson ကလည်း သူ့ရဲ့သူငယ်ချင်း ဖြစ်တာကြောင့် The Batman ရုပ်ရှင်ရဲ့ sequel တစ်ခုခုမှာ ပါဝင်ချင်ကြောင်းကိုပါ ပြောပြခဲ့တာ ဖြစ်ပါတယ်။

Justice League ထဲမှာတော့ Ben Affleck ဟာ Batman အနေနဲ့ ပါဝင်ခဲ့တာကြောင့် Robert Pattinson ရဲ့ Batman ဟာ တစ်ခြား universe တစ်ခုမှာ ရှိနေတယ်လို့ ပြောလို့ရပါတယ်။ ဒါ့ကြောင့်ပဲ Robert Pattinson ရဲ့ universe ထဲမှာတော့ တစ်ခြား Superman လည်း ပါဝင်လာနိုင်ပါတယ်။ အကယ်၍ ကံကောင်းခဲ့မယ်ဆိုရင်တော့ ပရိသတ်တွေ ကြိုက်နှစ်သက်ခဲ့တဲ့ Tom Welling ကို Superman အနေနဲ့ sequel တစ်ခုခုမှာ မြင်တွေ့ရနိုင်ကောင်းပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Smallville ဇာတ္လမ္းတြဲထဲမွာ Superman အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ Tom Welling ဟာ Robert Pattinson ရဲ႕ Batman နဲ႔ တြဲဖက္ၿပီး Superman အျဖစ္ ျပန္လည္သ႐ုပ္ေဆာင္ခ်င္တယ္လို႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာလိုက္ပါတယ္။

Smallville ဇာတ္လမ္းတြဲကေတာ့ ၂၀၀၁ ခုႏွစ္မွာ စတင္ထြက္ရွိခဲ့ၿပီး ၂၀၁၁ ခုႏွစ္မွာ ဇာတ္သိမ္းခဲ့ပါတယ္။ အဲ့ဒီဇာတ္လမ္းတြဲထဲမွာေတာ့ Tom Welling ဟာ Superman ျဖစ္မလာခင္ Clark Kent ရဲ႕ လူငယ္ဘဝအေၾကာင္းကို သ႐ုပ္ေဆာင္ခဲ့ၿပီး ပရိသတ္အမ်ားစုလည္း အႀကိဳက္ေတြ႕ခဲ့ၾကပါတယ္။ ဒါ့အျပင္ ၂၀၁၉ ခုႏွစ္မွာေတာ့ Tom ဟာ Arrowverse ရဲ႕ crossover တစ္ခုျဖစ္တဲ့ Crisis of Infinite Earths ထဲမွာလည္း Clark Kent အျဖစ္ ျပန္လည္ပါဝင္ခဲ့ပါေသးတယ္။

photo via screenrant

၂၀၁၉ ခုႏွစ္ထဲမွာပဲ Ben Affleck ထြက္ခြာသြားၿပီးေနာက္မွာေတာ့ Robert Pattinson ဟာ Bruce Wayne အေနနဲ႔ ဆက္လက္ သ႐ုပ္ေဆာင္သြားမယ္လို႔ ေၾကညာခဲ့ပါတယ္။ Robert Pattinson ရဲ႕ Batman ႐ုပ္ရွင္ကေတာ့ ၂၀၂၂ ခုႏွစ္ မတ္လမွာ ႐ုံတင္သြားမယ္လို႔ သိရပါတယ္။

အဲ့ဒီ႐ုပ္ရွင္ထဲမွာေတာ့ Catwoman အေနနဲ႔ Zoe Kravitz ၊ Penguin ေနရာမွာေတာ့ Colin Farrell နဲ႔ Alfred အေနနဲ႔ Andy Serkis တို႔က ပါဝင္သြားမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာေတာ့ ကြၽန္ေတာ္တို႔ေတြ အႀကိမ္ေပါင္းမ်ားစြာ ျမင္ဖူးေနတဲ့ Batman ရဲ႕ origin ကို ထပ္မံျပသေတာ့မွာ မဟုတ္ဘဲ Bruce ရဲ႕ Batman ျဖစ္ခါစအခ်ိန္ကို ျပသသြားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ေနာက္ထပ္ sequel ႏွစ္ကားနဲ႔ prequel တစ္ကားတို႔လည္း ထပ္မံထြက္ရွိလာဖို႔ အစီအစဥ္ ရွိတယ္လို႔ သိရပါတယ္။

photo via screenrant

မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာေတာ့ Tom ဟာ Crisis of Infinite Earths ထဲမွာ Clark Kent အျဖစ္ ျပန္လည္ပါဝင္ခဲ့ရတဲ့ အေၾကာင္းကို ေျပာခဲ့႐ုံသာမကဘဲ သူ႔ရဲ႕သူငယ္ခ်င္းျဖစ္သူ Robert Pattinson နဲ႔အတူ Superman အျဖစ္ သ႐ုပ္ေဆာင္ခ်င္တဲ့ အေၾကာင္းကိုပါ ေျပာျပခဲ့ပါတယ္။

၂၀၂၂ ခုႏွစ္မွာ ထြက္ရွိလာမယ့္ The Flash လို ႐ုပ္ရွင္မ်ိဴးမွာေရာ ပါဝင္ခ်င္လားလို႔ ေမးျမန္းခဲ့တဲ့အေပၚမွာေတာ့ Tom က စိတ္ဝင္စားေၾကာင္း ေျဖၾကားခဲ့ပါတယ္။ Robert Pattinson ကလည္း သူ႔ရဲ႕သူငယ္ခ်င္း ျဖစ္တာေၾကာင့္ The Batman ႐ုပ္ရွင္ရဲ႕ sequel တစ္ခုခုမွာ ပါဝင္ခ်င္ေၾကာင္းကိုပါ ေျပာျပခဲ့တာ ျဖစ္ပါတယ္။

Justice League ထဲမွာေတာ့ Ben Affleck ဟာ Batman အေနနဲ႔ ပါဝင္ခဲ့တာေၾကာင့္ Robert Pattinson ရဲ႕ Batman ဟာ တစ္ျခား universe တစ္ခုမွာ ရွိေနတယ္လို႔ ေျပာလို႔ရပါတယ္။ ဒါ့ေၾကာင့္ပဲ Robert Pattinson ရဲ႕ universe ထဲမွာေတာ့ တစ္ျခား Superman လည္း ပါဝင္လာႏိုင္ပါတယ္။ အကယ္၍ ကံေကာင္းခဲ့မယ္ဆိုရင္ေတာ့ ပရိသတ္ေတြ ႀကိဳက္ႏွစ္သက္ခဲ့တဲ့ Tom Welling ကို Superman အေနနဲ႔ sequel တစ္ခုခုမွာ ျမင္ေတြ႕ရႏိုင္ေကာင္းပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular