HomeEntertainmentFilmစူပါဟီးရိုး origin အကြောင်းတွေကို ရိုက်ထားတဲ့ IMDbအများဆုံးရုပ်ရှင်(၇)ကား

စူပါဟီးရိုး origin အကြောင်းတွေကို ရိုက်ထားတဲ့ IMDbအများဆုံးရုပ်ရှင်(၇)ကား

အခုနောက်ပိုင်းမှာ စူပါဟီးရိုးရုပ်ရှင်တွေဟာ တော်တော်လေးကို အောင်မြင်လာပြီးတော့ နာမည်ကြီးလာခဲ့ပါတယ်။ ဒါပေမယ့်လည်း တစ်ချို့ကားတွေက ကောင်းပြီးတော့ တစ်ချို့ကားတွေကတော့ ထင်သလောက် ဖြစ်မလာတာတွေလည်း ရှိပါတယ်။ ဒါ့အပြင် စူပါဟီးရိုးတစ်ယောက်ရဲ့ origin ဇာတ်လမ်းတွေအပေါ် မူတည်ပြီးတော့ စူပါဟီးရိုးဇာတ်လမ်းတစ်ခုက အောင်မြင်နိုင်သလို ကျဆုံးလည်း ကျဆုံးနိုင်ပါတယ်။ အဲ့ဒီလိုမျိုး စူပါဟီးရိုးတွေရဲ့ origin ဇာတ်လမ်းတွေကို ရိုက်ထားတဲ့ ကားတွေထဲက IMDb အမြင့်ဆုံးရထားတဲ့ ဇာတ်ကား (၇) ကားကို တင်ဆက်ပေးချင်ပါတယ်။

(7) Watchmen (2009) – 7.6
photo via screenrant

ဒီကားက ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Zack Snyder ရိုက်ကူးထားတဲ့အပြင် comic ကိုတော့ Alan Moore ကရေးခဲ့တာ ဖြစ်ပါတယ်။သိပ်မကြာသေးခင်ကမှ Watchmen comic ကို အခြေခံပြီး ဇာတ်လမ်းတွဲအဖြစ် ပြန်ရိုက်ကူးထားပါသေးတယ်။ ၁၉၈၅ ခုနှစ်မှာတော့ အမေရိကန်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ဟာ စစ်အေးတိုက်ပွဲဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် အနားယူထားတဲ့ စူပါဟီးရိုးအဖွဲ့တစ်ခုက သူတို့ထဲက အဖွဲ့ဝင်တစ်ယောက်သေဆုံးသွားတာကြောင့် အဖွဲ့သားတွေ ပြန်လည်စုစည်းပြီးတော့ လိုက်လံစုံစမ်းရပါတော့တယ်။ ဒီကားကတော့ ဆုပေါင်း ၂၂ ဆုမှာ စံကာတင်စာရင်း ဝင်ခဲ့ပြီးတော့ ၁၁ ဆု ရခဲ့ပါတယ်။

(6) X-Men: First Class (2011) – 7.7
photo via screenrant

X-Men: First Class ကတော့ လုံးဝကို origin ဇာတ်လမ်းတစ်ခုလို့ ပြောလို့မရပေမယ့် ဒီကားက သန္ဓေပြောင်းလူသားတွေ သူတို့ကိုယ်သူတို့ ဘယ်လိုမျိုး လူထုကို ချပြခဲ့တယ်ဆိုတာတွေ၊ X-Men နဲ့ The Brotherhood of Mutants တို့လိုမျိုး အဖွဲ့တွေကို ဘယ်လို ဖွဲ့စည်းခဲ့တယ်ဆိုတာတွေ၊ သူတို့ရဲ့ စူပါဟီးရိုးနာမည်တွေကို ဘယ်လိုရွေးချယ်ခဲ့တယ်ဆိုတာတွေနဲ့ Charles Xavier က  Xavier’s School ကို ဘယ်လို တည်ထောင်ခဲ့တယ်ဆိုတာတွေကို ရိုက်ပြထားတာကြောင့် origin တစ်ခုလို့တော့ သတ်မှတ်လို့ရပါတယ်။ ဆုပေါင်း ၃၉ ခုမှာ စံကာတင်စာရင်း ဝင်ခဲ့ပြီးတော့ ဆုပေါင်း ၂၁ ကို ရရှိခဲ့ပါတယ်။

(5) Iron Man (2008) – 7.9
photo via screenrant

ဒီကားကတော့ ဘာမှသိပ်အများကြီး ညွှန်းစရာလိုမယ် မထင်ပါဘူး။ Marvel universe ရဲ့အစပိုင်း ဇာတ်ကားဖြစ်ပြီးတော့ တော်တော်လည်း အောင်မြင်ခဲ့တဲ့ ဇာတ်ကားပါ။ ဉာဏ်ကြီးရှင်၊ ဘီလျံနာ၊ ပရဟိတသမား၊ စက်မှုလုပ်ငန်းပိုင်းနဲ့ ကျွမ်းကျင်တဲ့ အင်ဂျင်နီယာ တစ်ယောက်ဖြစ်တဲ့ Tony Stark က သူနောက်ဆုံးတီထွင်ထားတဲ့ လက်နက်ကို သရုပ်ပြနေတဲ့အချိန်မှာ အကြမ်းဖက်သမားတစ်စုရဲ့ ဖမ်းတာကို ခံလိုက်ရပါတယ်။ နောက်မှာတော့ သူက စက်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ သူ့ရဲ့ပထမဦးဆုံးဝတ်စုံကို သူ့ကိုဖမ်းထားတဲ့ ဂူထဲမှာပဲ တီထွင်ခဲ့ပါတယ်။ ဒီကားက အော်စကာဆုနှစ်ဆုအတွက် စံကာတင်စာရင်း ဝင်ခဲ့ပြီးတော့ အခြားဆုပေါင်း ၆၅ ဆုကို စံကာတင်စာရင်း ဝင်ခဲ့ပြီး ၂၁ ဆု ရခဲ့ပါတယ်။

(4) Deadpool (2016) – 8.0
photo via screenrant

ဒီကားက ၂၀၁၆ ခုနှစ်မှာ ဝင်ငွေအများဆုံး အာရ်-ရိပ်တက် စူပါဟီးရိုး ရုပ်ရှင် ဖြစ်ခဲ့ပါတယ်။ Joker ကတော့ ပြီးခဲ့တဲ့နှစ်မှာ ကျော်သွားပေမယ့် စူပါဟီးရိုးကားလို့ သတ်မှတ်လို့ မရတာကြောင့် Deadpool ကတော့ အခုချိန်ထိ ဝင်ငွေအများဆုံး အာရ်-ရိပ်တက် စူပါဟီးရိုး ရုပ်ရှင် ဖြစ်နေဆဲပါ။ ဒါ့အပြင် Comic ကိုအခြေခံပြီး ရိုက်ထားတဲ့ အာရ်-ရိပ်တက် ရုပ်ရှင်တွေထဲမှာလည်း ဒုတိယ ဝင်ငွေအများဆုံး ဇာတ်ကား ဖြစ်ပါတယ်။ ဆုပေါင်း ၇၅ ဆုမှာ စံကာတင်စာရင်း ဝင်ခဲ့ပြီးတော့ ၂၈ ဆု ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Ryan Reynolds က Wade Wilson အဖြစ် သရုပ်ဆောင်ထားပြီး သူ့ကို သန္ဓေပြောင်းလူသားဖြစ်စေခဲ့တဲ့ လူကို လက်စားချေဖို့အတွက် လိုက်လံရှာဖွေ ပါတော့တယ်။

(3) Guardians Of The Galaxy (2014) – 8.0
photo via screenrant

ဇာတ်လမ်းကတော့ Morag လို့ခေါ်တဲ့ ဂြိုလ်ကနေ Peter ဟာ Ronan လိုချင်နေတဲ့ အရမ်းကို တန်ဖိုးကြီးတဲ့ ပစ္စည်းတစ်ခုနဲ့ လွတ်မြောက်လာခဲ့ပါတယ်။ ဒါ့အပြင် သူဟာ မထင်မှတ်ထားတဲ့ သူတွေနဲ့ ပေါင်းစည်းမိပြီး Ronan က စကြဝဠာကြီးကို ဖျက်စီးမယ့် ရန်ကနေ ကာကွယ်ရပါတော့တယ်။ အော်စကာဆုနှစ်ဆုအတွက် စံကာတင်စာရင်းဝင်ခဲ့ပြီး အခြားဆုပေါင်း ၁၀၀ ကိုလည်း စံကာတင်စာရင်းဝင်ခဲ့ကာ ၅၂ ဆု ရခဲ့ပါတယ်။

(2) Batman Begins (2005) – 8.2
photo via screenrant

ဒီကားကတော့ Christopher Nolan က ရိုက်ကူးခဲ့တာ ဖြစ်ပြီးတော့ Batman trilogy ထဲမှာဆိုရင် The Dark Knight က IMDb အမြင့်ဆုံး ဖြစ်ပါတယ်။ ဒါပေမဲ့လည်း The Dark Knight က Batman ရဲ့ origin ဇာတ်လမ်းမဟုတ်တာကြောင့် ဒီ(၇) ကားထဲမှာတော့ မပါပါဘူး။ ဒီကားကတော့ Bruce Wayne က ဘယ်လိုမျိုး Batman ဖြစ်လာတယ်ဆိုတာကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာပါတဲ့ နေရာတွေကလည်း CGI သုံးထားတာ မဟုတ်ဘဲနဲ့ တကယ့်နေရာမှာ သွားပြီး ရိုက်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကလည်း အံ့ဩမှင်သက်ဖွယ်ကောင်းလောက်အောင် ရိုက်ပြထားတာ တွေ့ရမှာပါ။ အော်စကာဆုတစ်ဆုအတွက် စံကာတင်စာရင်း ဝင်ခဲ့ပြီး အခြားဆုပေါင်း ၇၂ ဆုကို စံကာတင်စာရင်းဝင်ခဲ့ပြီးတော့ ၁၄ ဆုကို ရရှိခဲ့ပါတယ်။

(1) Spider-Man: Into The Spider-Verse (2018) – 8.4
photo via screenrant

ဒီကားကလည်း ပြီးခဲ့တဲ့နှစ်တွေတုန်းက အတော်လေးကို ပေါက်ခဲ့တဲ့ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Miles Morales ဆိုတဲ့ ကောင်လေးနဲ့ သူ့ရဲ့စွန့်စားခန်းအကြောင်းကို ရိုက်ထားတာပါ။ အဲ့ဒီကောင်လေးဟာ Spider-Man ဖြစ်လာပြီးတော့ နောက်ပိုင်းမှာတော့ သူ့ရဲ့သူငယ်ချင်းတွေနဲ့အတူ ကမ္ဘာကြီးကို ကယ်တင်ကြဖို့အတွက် ကြိုးစားရပါတော့တယ်။ အော်စကာဆု တစ်ဆု ရထားပြီးတော့ အခြားဆုပေါင်း ၅၄ ဆု စံကာတင်စာရင်း ဝင်ခဲ့ပြီးတော့ ၇၇ ဆု ရရှိခဲ့ပါတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

အခုေနာက္ပိုင္းမွာ စူပါဟီး႐ိုး႐ုပ္ရွင္ေတြဟာ ေတာ္ေတာ္ေလးကို ေအာင္ျမင္လာၿပီးေတာ့ နာမည္ႀကီးလာခဲ့ပါတယ္။ ဒါေပမယ့္လည္း တစ္ခ်ိဳ႕ကားေတြက ေကာင္းၿပီးေတာ့ တစ္ခ်ိဳ႕ကားေတြကေတာ့ ထင္သေလာက္ ျဖစ္မလာတာေတြလည္း ရွိပါတယ္။ ဒါ့အျပင္ စူပါဟီး႐ိုးတစ္ေယာက္ရဲ႕ origin ဇာတ္လမ္းေတြအေပၚ မူတည္ၿပီးေတာ့ စူပါဟီး႐ိုးဇာတ္လမ္းတစ္ခုက ေအာင္ျမင္ႏိုင္သလို က်ဆုံးလည္း က်ဆုံးႏိုင္ပါတယ္။ အဲ့ဒီလိုမ်ိဳး စူပါဟီး႐ိုးေတြရဲ႕ origin ဇာတ္လမ္းေတြကို ႐ိုက္ထားတဲ့ ကားေတြထဲက IMDb အျမင့္ဆုံးရထားတဲ့ ဇာတ္ကား (၇) ကားကို တင္ဆက္ေပးခ်င္ပါတယ္။

(7) Watchmen (2009) – 7.6
photo via screenrant

ဒီကားက ၂၀၀၉ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး Zack Snyder ႐ိုက္ကူးထားတဲ့အျပင္ comic ကိုေတာ့ Alan Moore ကေရးခဲ့တာ ျဖစ္ပါတယ္။သိပ္မၾကာေသးခင္ကမွ Watchmen comic ကို အေျခခံၿပီး ဇာတ္လမ္းတြဲအျဖစ္ ျပန္႐ိုက္ကူးထားပါေသးတယ္။ ၁၉၈၅ ခုႏွစ္မွာေတာ့ အေမရိကန္ႏိုင္ငံနဲ႔ ႐ုရွားႏိုင္ငံတို႔ဟာ စစ္ေအးတိုက္ပြဲျဖစ္ေနခဲ့ပါတယ္။ ဒါ့အျပင္ အနားယူထားတဲ့ စူပါဟီး႐ိုးအဖြဲ႕တစ္ခုက သူတို႔ထဲက အဖြဲ႕ဝင္တစ္ေယာက္ေသဆုံးသြားတာေၾကာင့္ အဖြဲ႕သားေတြ ျပန္လည္စုစည္းၿပီးေတာ့ လိုက္လံစုံစမ္းရပါေတာ့တယ္။ ဒီကားကေတာ့ ဆုေပါင္း ၂၂ ဆုမွာ စံကာတင္စာရင္း ဝင္ခဲ့ၿပီးေတာ့ ၁၁ ဆု ရခဲ့ပါတယ္။

(6) X-Men: First Class (2011) – 7.7
photo via screenrant

X-Men: First Class ကေတာ့ လုံးဝကို origin ဇာတ္လမ္းတစ္ခုလို႔ ေျပာလို႔မရေပမယ့္ ဒီကားက သေႏၶေျပာင္းလူသားေတြ သူတို႔ကိုယ္သူတို႔ ဘယ္လိုမ်ိဳး လူထုကို ခ်ျပခဲ့တယ္ဆိုတာေတြ၊ X-Men နဲ႔ The Brotherhood of Mutants တို႔လိုမ်ိဳး အဖြဲ႕ေတြကို ဘယ္လို ဖြဲ႕စည္းခဲ့တယ္ဆိုတာေတြ၊ သူတို႔ရဲ႕ စူပါဟီး႐ိုးနာမည္ေတြကို ဘယ္လိုေ႐ြးခ်ယ္ခဲ့တယ္ဆိုတာေတြနဲ႔ Charles Xavier က  Xavier’s School ကို ဘယ္လို တည္ေထာင္ခဲ့တယ္ဆိုတာေတြကို ႐ိုက္ျပထားတာေၾကာင့္ origin တစ္ခုလို႔ေတာ့ သတ္မွတ္လို႔ရပါတယ္။ ဆုေပါင္း ၃၉ ခုမွာ စံကာတင္စာရင္း ဝင္ခဲ့ၿပီးေတာ့ ဆုေပါင္း ၂၁ ကို ရရွိခဲ့ပါတယ္။

(5) Iron Man (2008) – 7.9
photo via screenrant

ဒီကားကေတာ့ ဘာမွသိပ္အမ်ားႀကီး ၫႊန္းစရာလိုမယ္ မထင္ပါဘူး။ Marvel universe ရဲ႕အစပိုင္း ဇာတ္ကားျဖစ္ၿပီးေတာ့ ေတာ္ေတာ္လည္း ေအာင္ျမင္ခဲ့တဲ့ ဇာတ္ကားပါ။ ဉာဏ္ႀကီးရွင္၊ ဘီလ်ံနာ၊ ပရဟိတသမား၊ စက္မႈလုပ္ငန္းပိုင္းနဲ႔ ကြၽမ္းက်င္တဲ့ အင္ဂ်င္နီယာ တစ္ေယာက္ျဖစ္တဲ့ Tony Stark က သူေနာက္ဆုံးတီထြင္ထားတဲ့ လက္နက္ကို သ႐ုပ္ျပေနတဲ့အခ်ိန္မွာ အၾကမ္းဖက္သမားတစ္စုရဲ႕ ဖမ္းတာကို ခံလိုက္ရပါတယ္။ ေနာက္မွာေတာ့ သူက စက္ပစၥည္းေတြနဲ႔ ျပဳလုပ္ထားတဲ့ သူ႔ရဲ႕ပထမဦးဆုံးဝတ္စုံကို သူ႔ကိုဖမ္းထားတဲ့ ဂူထဲမွာပဲ တီထြင္ခဲ့ပါတယ္။ ဒီကားက ေအာ္စကာဆုႏွစ္ဆုအတြက္ စံကာတင္စာရင္း ဝင္ခဲ့ၿပီးေတာ့ အျခားဆုေပါင္း ၆၅ ဆုကို စံကာတင္စာရင္း ဝင္ခဲ့ၿပီး ၂၁ ဆု ရခဲ့ပါတယ္။

(4) Deadpool (2016) – 8.0
photo via screenrant

ဒီကားက ၂၀၁၆ ခုႏွစ္မွာ ဝင္ေငြအမ်ားဆုံး အာရ္-ရိပ္တက္ စူပါဟီး႐ိုး ႐ုပ္ရွင္ ျဖစ္ခဲ့ပါတယ္။ Joker ကေတာ့ ၿပီးခဲ့တဲ့ႏွစ္မွာ ေက်ာ္သြားေပမယ့္ စူပါဟီး႐ိုးကားလို႔ သတ္မွတ္လို႔ မရတာေၾကာင့္ Deadpool ကေတာ့ အခုခ်ိန္ထိ ဝင္ေငြအမ်ားဆုံး အာရ္-ရိပ္တက္ စူပါဟီး႐ိုး ႐ုပ္ရွင္ ျဖစ္ေနဆဲပါ။ ဒါ့အျပင္ Comic ကိုအေျခခံၿပီး ႐ိုက္ထားတဲ့ အာရ္-ရိပ္တက္ ႐ုပ္ရွင္ေတြထဲမွာလည္း ဒုတိယ ဝင္ေငြအမ်ားဆုံး ဇာတ္ကား ျဖစ္ပါတယ္။ ဆုေပါင္း ၇၅ ဆုမွာ စံကာတင္စာရင္း ဝင္ခဲ့ၿပီးေတာ့ ၂၈ ဆု ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Ryan Reynolds က Wade Wilson အျဖစ္ သ႐ုပ္ေဆာင္ထားၿပီး သူ႔ကို သေႏၶေျပာင္းလူသားျဖစ္ေစခဲ့တဲ့ လူကို လက္စားေခ်ဖို႔အတြက္ လိုက္လံရွာေဖြ ပါေတာ့တယ္။

(3) Guardians Of The Galaxy (2014) – 8.0
photo via screenrant

ဇာတ္လမ္းကေတာ့ Morag လို႔ေခၚတဲ့ ၿဂိဳလ္ကေန Peter ဟာ Ronan လိုခ်င္ေနတဲ့ အရမ္းကို တန္ဖိုးႀကီးတဲ့ ပစၥည္းတစ္ခုနဲ႔ လြတ္ေျမာက္လာခဲ့ပါတယ္။ ဒါ့အျပင္ သူဟာ မထင္မွတ္ထားတဲ့ သူေတြနဲ႔ ေပါင္းစည္းမိၿပီး Ronan က စၾကဝဠာႀကီးကို ဖ်က္စီးမယ့္ ရန္ကေန ကာကြယ္ရပါေတာ့တယ္။ ေအာ္စကာဆုႏွစ္ဆုအတြက္ စံကာတင္စာရင္းဝင္ခဲ့ၿပီး အျခားဆုေပါင္း ၁၀၀ ကိုလည္း စံကာတင္စာရင္းဝင္ခဲ့ကာ ၅၂ ဆု ရခဲ့ပါတယ္။

(2) Batman Begins (2005) – 8.2
photo via screenrant

ဒီကားကေတာ့ Christopher Nolan က ႐ိုက္ကူးခဲ့တာ ျဖစ္ၿပီးေတာ့ Batman trilogy ထဲမွာဆိုရင္ The Dark Knight က IMDb အျမင့္ဆုံး ျဖစ္ပါတယ္။ ဒါေပမဲ့လည္း The Dark Knight က Batman ရဲ႕ origin ဇာတ္လမ္းမဟုတ္တာေၾကာင့္ ဒီ(၇) ကားထဲမွာေတာ့ မပါပါဘူး။ ဒီကားကေတာ့ Bruce Wayne က ဘယ္လိုမ်ိဳး Batman ျဖစ္လာတယ္ဆိုတာကို ႐ိုက္ျပထားတာ ျဖစ္ပါတယ္။ ဇာတ္လမ္းထဲမွာပါတဲ့ ေနရာေတြကလည္း CGI သုံးထားတာ မဟုတ္ဘဲနဲ႔ တကယ့္ေနရာမွာ သြားၿပီး ႐ိုက္ထားတာ ျဖစ္ပါတယ္။ ဇာတ္လမ္းကလည္း အံ့ဩမွင္သက္ဖြယ္ေကာင္းေလာက္ေအာင္ ႐ိုက္ျပထားတာ ေတြ႕ရမွာပါ။ ေအာ္စကာဆုတစ္ဆုအတြက္ စံကာတင္စာရင္း ဝင္ခဲ့ၿပီး အျခားဆုေပါင္း ၇၂ ဆုကို စံကာတင္စာရင္းဝင္ခဲ့ၿပီးေတာ့ ၁၄ ဆုကို ရရွိခဲ့ပါတယ္။

(1) Spider-Man: Into The Spider-Verse (2018) – 8.4
photo via screenrant

ဒီကားကလည္း ၿပီးခဲ့တဲ့ႏွစ္ေတြတုန္းက အေတာ္ေလးကို ေပါက္ခဲ့တဲ့ကား ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ Miles Morales ဆိုတဲ့ ေကာင္ေလးနဲ႔ သူ႔ရဲ႕စြန႔္စားခန္းအေၾကာင္းကို ႐ိုက္ထားတာပါ။ အဲ့ဒီေကာင္ေလးဟာ Spider-Man ျဖစ္လာၿပီးေတာ့ ေနာက္ပိုင္းမွာေတာ့ သူ႔ရဲ႕သူငယ္ခ်င္းေတြနဲ႔အတူ ကမာၻႀကီးကို ကယ္တင္ၾကဖို႔အတြက္ ႀကိဳးစားရပါေတာ့တယ္။ ေအာ္စကာဆု တစ္ဆု ရထားၿပီးေတာ့ အျခားဆုေပါင္း ၅၄ ဆု စံကာတင္စာရင္း ဝင္ခဲ့ၿပီးေတာ့ ၇၇ ဆု ရရွိခဲ့ပါတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular