HomeEntertainmentFilmစံချိန်တင် ဝင်ငွေအများဆုံး ရရှိထားတဲ့ animated ရုပ်ရှင်များ 

စံချိန်တင် ဝင်ငွေအများဆုံး ရရှိထားတဲ့ animated ရုပ်ရှင်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Animated movie တွေဟာ ရုပ်ရှင်ချစ်သူတေွကြားထဲမှာ ခိုင်မာတဲ့ စျေးကွက်နေရာကို ရရှိထားပြီး အခြားသော ရုပ်ရှင်အမျိုးအစားတွေလိုပဲ ဒေါ်လာဘီလျံနဲ့ချီပြီး ဝင်ငွေတွေ ရရှိနိုင်ပါတယ်။ ရုပ်ရှင်တစ်ကားဟာ သုံးစွဲထားတဲ့ ဘတ်ဂျက်ထက် နှစ်ဆလောက် ဝင်ငွေရရင်တောင် အမြတ်အစွန်းက သိပ်များနေပြီလို့ ပြောလို့ရပါတယ်။ တစ်ချို့ animated movie တွေကတော့ ဘတ်ဂျက်ထက် အဆပေါင်းများစွာ ကျော်လွန်ပြီး ဘီလျံနဲ့ချီတဲ့ ဝင်ငွေတွေကို ရရှိထားကြပါတယ်။ အခုဖော်ပြပေးချင်တာကတော့ ထွက်ပြီးခဲ့သမျှ animated movie တွေထဲက ဝင်ငွေအများဆုံး ရရှိထားတဲ့ animated movie များပဲ ဖြစ်ပါတယ်။

(7) ZOOTOPIA
photo via screenrant

ပရိသတ်တွေကြားထဲမှာ တစ်ခဲနက် အားပေးမှုရရှိခဲ့တဲ့ Zootopia ကို Walt Disney Animation စတူဒီယိုက ၂၀၁၆ခုနှစ်မှာ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ animated movie တွေ ရရှိနိုင်တဲ့ ဆုတွေ တော်တော်များများကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အော်စကာဆု၊ ရွှေကမ္ဘာလုံးဆု၊ Annie ဆုနဲ့ Critics Choice ဆုတွေအပြင် အခြားဆုတွေကိုလည်း ဆွတ်ခူးထားပါတယ်။

ဇာတ်လမ်းကတော့ တိရိစ္ဆာန်တွေက လူတွေလိုမျိုးနေထိုင်နေကြတဲ့ လောကကြီးမှာ ရဲတပ်ဖွဲ့ဝင်အသစ်လေးဖြစ်တဲ့ ယုန်မလေးနဲ့ လူလိမ်ဖြစ်တဲ့ မြေခွေးတို့က အကြောင်းကိစ္စတစ်ခုကြောင့် အတူတူ အလုပ်လုပ်ကြတဲ့အခါ ဖြစ်ပေါ်လာတဲ့ အလွဲလေးတွေကို ကြည့်ရှုရမှာပါ။ ပေါ့ပေါ့ပါးပါးနဲ့  ကြည့်လို့ကောင်းတဲ့ကားလေး ဖြစ်ပါတယ်။  IMDb 8.0 ရရှိထားပြီး ဝင်ငွေအနေနဲ့လည်း ဒေါ်လာ (၁.၀၂၃)ဘီလျံ ရရှိခဲ့ပါတယ်။

(6) FINDING DORY
photo via screenrant

Pixar စတူဒီယိုက ၂၀၁၆ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ Finding Dory ကတော့ Finding Nemo ရဲ့ အဆက် ဖြစ်ပါတယ်။ IMDb (7.3) ရရှိထားပြီး BAFTA ဆုအတွက်လည်း စံကာတင်စာရင်းဝင်ခဲ့ပြီး အခြားဆုပေါင်း(၁၇)ဆုကိုလည်း ရရှိခဲ့ပါတယ်။

ဒီကားထဲမှာတော့ ငါးလေး Dory ဟာ ပျောက်ဆုံးသွားတဲ့ သူ့ရဲ့မိဘတွေကို ပြန်လည်ရှာဖွေတာ ဖြစ်ပါတယ်။ ရုံတင်ပြီး ပထမအပတ်မှာတင် ဝင်ငွေဒေါ်လာ(၁၃၅)သန်း ရရှိခဲ့ပြီး ရုံချပြီးနောက် အသားတင်ဝင်ငွေမှာတော့ ဒေါ်လာ(၁.၀၂၉)ဘီလျံ ရရှိခဲ့ပါတယ်။ Pixar စတူဒီယိုဟာ တကယ်ကောင်းမွန်တဲ့ animated movie ပေါင်းများစွာကို ထုတ်လုပ်ခဲ့ပေမယ့် ဘီလျံနဲ့ချီပြီး ဝင်ငွေရရှိခဲ့တာဆိုလို့ Finding Dory အပါအဝင် လေးကားသာ ရှိခဲ့ပါတယ်။

(5) DESPICABLE ME 3
photo via screenrant

ဒီကားကိုတော့ Universal စတူဒီယိုက ၂၀၁၇ခုနှစ်မှာ ထုတ်လုပ်ခဲ့တာပါ။ IMDb ကတော့ (6.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Gru က သူ့ရဲ့ ပျောက်ဆုံးနေတဲ့ အမွှာညီအစ်ကို Dru ကို ရှာတွေ့သွားတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ ဒီကားဟာ ပထမဆုံး ရုံတင်တဲ့အပတ်မှာတင် ဒေါ်လာ(၇၂)သန်း ရရှိခဲ့ပြီး စုစုပေါင်း အသားတင်ဝင်ငွေ ဒေါ်လာ(၁.၀၃၄) ဘီလျံအထိ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၇ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ animated movie တွေထဲက ဝင်ငွေအများဆုံး ဇာတ်ကားတစ်ကားလည်း ဖြစ်ခဲ့ပါတယ်။

(4) TOY STORY 3 & 4
photo via screenrant

Toy Story ဇာတ်ကားတွေဟာ ၁၉၉၅ခုနှစ်တည်းက Pixar စတူဒီယိုကနေ စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၀ခုနှစ်မှာတော့ Toy Story 3 ထွက်လာခဲ့ပြီး IMDb (8.3) ရရှိခဲ့ပါတယ်။ ဆုအနေနဲ့ အော်စကာ(၂)ဆု ရရှိခဲ့ပြီး ဝက်ဝက်ကွဲ အောင်မြင်တဲ့ဇာတ်ကား ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားဟာ animated movie တွေထဲမှာ ပထမဦးဆုံး ဒေါ်လာတစ်ဘီလျံကျော် ဝင်ငွေရရှိခဲ့တဲ့ဇာတ်ကား ဖြစ်ပြီး အတိအကျဆိုရင် ဒေါ်လာ(၁.၀၆၇)ဘီလျံ ရရှိခဲ့ပါတယ်။

၂၀၁၉ခုနှစ်မှာတော့ Toy Story 4 ထပ်မံထွက်ရှိလာခဲ့ပြီး ဝင်ငွေအနေနဲ့ ဒေါ်လာ(၁.၀၇၃)ဘီလျံ ရရှိခဲ့ပါတယ်။ Best Animation Pictures အဖြစ် အော်စကာဆု(၁)ဆုလည်း ရရှိခဲ့ပြီး rating ကတော့ IMDb (7.8) ရရှိထားပါတယ်။

(3) MINIONS
photo via screenrant

Minions ကတော့ Universal စတူဒီယိုက ၂၀၁၅ခုနှစ်မှာ ထုတ်လုပ်ခဲ့တာဖြစ်ပြီး IMDb (6.4) ရရှိထားပါတယ်။ ဒီကားဟာ DESPICABLE ME ရဲ့ spin-off လည်း ဖြစ်ပါတယ်။ Minion လေးတွေဟာ လူကြိုက်အရမ်းများခဲ့ပြီး သူ့ရဲ့ ပထမကားထက်တောင် ဝင်ငွေက ပိုများခဲ့ပါတယ်။ ဒါ့အပြင် BAFTA  ဆုအတွက်လည်း စံကာတင်စာရင်း ဝင်ခဲ့ပါသေးတယ်။

ဇာတ်လမ်းကတော့ minion လေး သုံးကောင်ဟာ သူ့တို့ရဲ့သခင်အသစ်ကို လိုက်ရှာနေရင်းနဲ့ ကမ္ဘာကြီးကို အုပ်စိုးဖို့အတွက် ကြံစည်နေတဲ့ စူပါဗီလိန် Scarlet Overkill နဲ့ တွေ့ဆုံခဲ့ကြပြီးတော့ အဖွဲ့ကျသွားခဲ့ပါတယ်။ ဒီကားဟာ ရုံတင်တင်ချင်း ပထမအပတ်မှာ ဒေါ်လာ(၁၁၅)သန်း ရရှိခဲ့ပြီး စုစုပေါင်းဝင်ငွေအနေနဲ့ ဒေါ်လာ (၁.၁၅၉)ဘီလျံ ရရှိခဲ့ပါတယ်။

(2) INCREDIBLES 2
photo via screenrant

Pixar စတူဒီယိုဟာ Incredibles 1 ကို ၂၀၀၄ခုနှစ်မှာ ထုတ်လုပ်ခဲ့ပြီး (၁၄)နှစ်အကြာမှာ Incredibles 2 ကို ထပ်မံထုတ်လုပ်ခဲ့ပါတယ်။ ၂၀၁၈ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Incredibles 2 ဟာ အော်စကာဆုတစ်ဆုအတွက် စံကာတင်စာရင်းဝင်ခဲ့ပြီး အခြားဆုပေါင်း(၁၂)ဆုလည်း ရရှိခဲ့ပါတယ်။

ဇာတ်လမ်းကတော့ Mr. Incredible တို့ မိသားစုဟာ မစ်ရှင်တစ်ခုကို ပြုလုပ်ရမှာဖြစ်ပြီး အကြောင်းတစ်ခုကြောင့် နေရာတွေ ပြောင်းလဲကုန်ပြီးတော့ အမျိုးသမီးဖြစ်သူ Elastic girl က ကမ္ဘာကြီးကို ကယ်တင်နေတဲ့အချိန်မှာ Mr. Incredible က အိမ်အလုပ်တွေကို လုပ်နေရပါတယ်။ ရယ်ရယ်မောမောနဲ့ ကြည့်ရမယ့်ကားလေးဖြစ်ပြီး ရုံတင်တဲ့ ပထမအပတ်မှာတင် ဒေါ်လာ(၁၈၂)သန်း ရရှိခဲ့ပါတယ်။ စုစုပေါင်းဝင်ငွေအနေနဲ့ကတော့ ဒေါ်လာ (၁.၂၄၃)ဘီလျံကို ရယူပေးနိုင်ခဲ့ပါတယ်။

(1) FROZEN 1 & 2
photo via screenrant

animated movie တွေထဲမှာ ဝင်ငွေအများဆုံး ရရှိထားတဲ့ ဇာတ်ကားနှစ်ကားကတော့ Frozen 1 နဲ့ Frozen 2 တို့ ဖြစ်ပါတယ်။ Frozen 1 ကိုတော့ Disney စတူဒီယိုက ၂၀၁၃ခုနှစ်မှာ ထုတ်လုပ်ခဲ့ပြီး အော်စကာဆု(၂)ဆု ရရှိခဲ့တဲ့အပြင် အခြားဆုပေါင်း(၇၉)ဆုကိုလည်း ရရှိထားပါတယ်။ ဝင်ငွေအနေနဲ့ Frozen 1 ဟာ ဒေါ်လာ(၁.၂၈)ဘီလျံ ရရှိခဲ့ပါတယ်။

Frozen 2 ကတော့ ၂၀၁၉ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အော်စကာဆုတစ်ဆုအတွက် စံကာတင်စာရင်း ဝင်ခဲ့တဲ့အပြင် အခြားဆုပေါင်း(၁၅)ဆုကိုလည်း ဆွတ်ခူးထားပါသေးတယ်။ ဝင်ငွေအနေနဲ့ကတော့ ဒေါ်လာ(၁.၅)ဘီလျံ ရရှိထားပြီး ဝင်ငွေအများဆုံး animated movie အဖြစ် လက်ရှိအချိန်မှာ ရပ်တည်နေပါတယ်။

ဒါကတော့ ပရိသတ်တွေလည်း အကြိုက်တွေ့ခဲ့ကြပြီး ငွေကြေးအရလည်း အောင်မြင်မှုတေွ ရရှိခဲ့ကြတဲ့ ဝင်ငွေအများဆုံး animated movie တွေပဲ ဖြစ်ပါတယ်။ ဘယ်ကားတွေက စာဖတ်သူတို့ အကြိုက် ဖြစ်ခဲ့လည်းဆိုတာ ပြောပြခဲ့ပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

Animated movie ေတြဟာ ႐ုပ္ရွင္ခ်စ္သူေတြၾကားထဲမွာ ခိုင္မာတဲ့ ေစ်းကြက္ေနရာကို ရရွိထားၿပီး အျခားေသာ ႐ုပ္ရွင္အမ်ိဳးအစားေတြလိုပဲ ေဒၚလာဘီလ်ံနဲ႔ခ်ီၿပီး ဝင္ေငြေတြ ရရွိႏိုင္ပါတယ္။ ႐ုပ္ရွင္တစ္ကားဟာ သုံးစြဲထားတဲ့ ဘတ္ဂ်က္ထက္ ႏွစ္ဆေလာက္ ဝင္ေငြရရင္ေတာင္ အျမတ္အစြန္းက သိပ္မ်ားေနၿပီလို႔ ေျပာလို႔ရပါတယ္။ တစ္ခ်ိဳ႕ animated movie ေတြကေတာ့ ဘတ္ဂ်က္ထက္ အဆေပါင္းမ်ားစြာ ေက်ာ္လြန္ၿပီး ဘီလ်ံနဲ႔ခ်ီတဲ့ ဝင္ေငြေတြကို ရရွိထားၾကပါတယ္။ အခုေဖာ္ျပေပးခ်င္တာကေတာ့ ထြက္ၿပီးခဲ့သမွ် animated movie ေတြထဲက ဝင္ေငြအမ်ားဆုံး ရရွိထားတဲ့ animated movie မ်ားပဲ ျဖစ္ပါတယ္။

(7) ZOOTOPIA
photo via screenrant

ပရိသတ္ေတြၾကားထဲမွာ တစ္ခဲနက္ အားေပးမႈရရွိခဲ့တဲ့ Zootopia ကို Walt Disney Animation စတူဒီယိုက ၂၀၁၆ခုႏွစ္မွာ ထုတ္လုပ္ခဲ့တာ ျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ animated movie ေတြ ရရွိႏိုင္တဲ့ ဆုေတြ ေတာ္ေတာ္မ်ားမ်ားကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ေအာ္စကာဆု၊ ေ႐ႊကမာၻလုံးဆု၊ Annie ဆုနဲ႔ Critics Choice ဆုေတြအျပင္ အျခားဆုေတြကိုလည္း ဆြတ္ခူးထားပါတယ္။

ဇာတ္လမ္းကေတာ့ တိရိစာၦန္ေတြက လူေတြလိုမ်ိဳးေနထိုင္ေနၾကတဲ့ ေလာကႀကီးမွာ ရဲတပ္ဖြဲ႕ဝင္အသစ္ေလးျဖစ္တဲ့ ယုန္မေလးနဲ႔ လူလိမ္ျဖစ္တဲ့ ေျမေခြးတို႔က အေၾကာင္းကိစၥတစ္ခုေၾကာင့္ အတူတူ အလုပ္လုပ္ၾကတဲ့အခါ ျဖစ္ေပၚလာတဲ့ အလြဲေလးေတြကို ၾကည့္ရႈရမွာပါ။ ေပါ့ေပါ့ပါးပါးနဲ႔  ၾကည့္လို႔ေကာင္းတဲ့ကားေလး ျဖစ္ပါတယ္။  IMDb 8.0 ရရွိထားၿပီး ဝင္ေငြအေနနဲ႔လည္း ေဒၚလာ (၁.၀၂၃)ဘီလ်ံ ရရွိခဲ့ပါတယ္။

(6) FINDING DORY
photo via screenrant

Pixar စတူဒီယိုက ၂၀၁၆ခုႏွစ္မွာ ထုတ္လုပ္ခဲ့တဲ့ Finding Dory ကေတာ့ Finding Nemo ရဲ႕ အဆက္ ျဖစ္ပါတယ္။ IMDb (7.3) ရရွိထားၿပီး BAFTA ဆုအတြက္လည္း စံကာတင္စာရင္းဝင္ခဲ့ၿပီး အျခားဆုေပါင္း(၁၇)ဆုကိုလည္း ရရွိခဲ့ပါတယ္။

ဒီကားထဲမွာေတာ့ ငါးေလး Dory ဟာ ေပ်ာက္ဆုံးသြားတဲ့ သူ႔ရဲ႕မိဘေတြကို ျပန္လည္ရွာေဖြတာ ျဖစ္ပါတယ္။ ႐ုံတင္ၿပီး ပထမအပတ္မွာတင္ ဝင္ေငြေဒၚလာ(၁၃၅)သန္း ရရွိခဲ့ၿပီး ႐ုံခ်ၿပီးေနာက္ အသားတင္ဝင္ေငြမွာေတာ့ ေဒၚလာ(၁.၀၂၉)ဘီလ်ံ ရရွိခဲ့ပါတယ္။ Pixar စတူဒီယိုဟာ တကယ္ေကာင္းမြန္တဲ့ animated movie ေပါင္းမ်ားစြာကို ထုတ္လုပ္ခဲ့ေပမယ့္ ဘီလ်ံနဲ႔ခ်ီၿပီး ဝင္ေငြရရွိခဲ့တာဆိုလို႔ Finding Dory အပါအဝင္ ေလးကားသာ ရွိခဲ့ပါတယ္။

(5) DESPICABLE ME 3
photo via screenrant

ဒီကားကိုေတာ့ Universal စတူဒီယိုက ၂၀၁၇ခုႏွစ္မွာ ထုတ္လုပ္ခဲ့တာပါ။ IMDb ကေတာ့ (6.3) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Gru က သူ႔ရဲ႕ ေပ်ာက္ဆုံးေနတဲ့ အမႊာညီအစ္ကို Dru ကို ရွာေတြ႕သြားတဲ့ဇာတ္လမ္း ျဖစ္ပါတယ္။ ဒီကားဟာ ပထမဆုံး ႐ုံတင္တဲ့အပတ္မွာတင္ ေဒၚလာ(၇၂)သန္း ရရွိခဲ့ၿပီး စုစုေပါင္း အသားတင္ဝင္ေငြ ေဒၚလာ(၁.၀၃၄) ဘီလ်ံအထိ ရရွိခဲ့ပါတယ္။ ဒါ့အျပင္ ၂၀၁၇ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ animated movie ေတြထဲက ဝင္ေငြအမ်ားဆုံး ဇာတ္ကားတစ္ကားလည္း ျဖစ္ခဲ့ပါတယ္။

(4) TOY STORY 3 & 4
photo via screenrant

Toy Story ဇာတ္ကားေတြဟာ ၁၉၉၅ခုႏွစ္တည္းက Pixar စတူဒီယိုကေန စတင္ထုတ္လုပ္ခဲ့တာ ျဖစ္ပါတယ္။ ၂၀၁၀ခုႏွစ္မွာေတာ့ Toy Story 3 ထြက္လာခဲ့ၿပီး IMDb (8.3) ရရွိခဲ့ပါတယ္။ ဆုအေနနဲ႔ ေအာ္စကာ(၂)ဆု ရရွိခဲ့ၿပီး ဝက္ဝက္ကြဲ ေအာင္ျမင္တဲ့ဇာတ္ကား ျဖစ္ခဲ့ပါတယ္။ ဒါ့အျပင္ ဒီဇာတ္ကားဟာ animated movie ေတြထဲမွာ ပထမဦးဆုံး ေဒၚလာတစ္ဘီလ်ံေက်ာ္ ဝင္ေငြရရွိခဲ့တဲ့ဇာတ္ကား ျဖစ္ၿပီး အတိအက်ဆိုရင္ ေဒၚလာ(၁.၀၆၇)ဘီလ်ံ ရရွိခဲ့ပါတယ္။

၂၀၁၉ခုႏွစ္မွာေတာ့ Toy Story 4 ထပ္မံထြက္ရွိလာခဲ့ၿပီး ဝင္ေငြအေနနဲ႔ ေဒၚလာ(၁.၀၇၃)ဘီလ်ံ ရရွိခဲ့ပါတယ္။ Best Animation Pictures အျဖစ္ ေအာ္စကာဆု(၁)ဆုလည္း ရရွိခဲ့ၿပီး rating ကေတာ့ IMDb (7.8) ရရွိထားပါတယ္။

(3) MINIONS
photo via screenrant

Minions ကေတာ့ Universal စတူဒီယိုက ၂၀၁၅ခုႏွစ္မွာ ထုတ္လုပ္ခဲ့တာျဖစ္ၿပီး IMDb (6.4) ရရွိထားပါတယ္။ ဒီကားဟာ DESPICABLE ME ရဲ႕ spin-off လည္း ျဖစ္ပါတယ္။ Minion ေလးေတြဟာ လူႀကိဳက္အရမ္းမ်ားခဲ့ၿပီး သူ႔ရဲ႕ ပထမကားထက္ေတာင္ ဝင္ေငြက ပိုမ်ားခဲ့ပါတယ္။ ဒါ့အျပင္ BAFTA  ဆုအတြက္လည္း စံကာတင္စာရင္း ဝင္ခဲ့ပါေသးတယ္။

ဇာတ္လမ္းကေတာ့ minion ေလး သုံးေကာင္ဟာ သူ႔တို႔ရဲ႕သခင္အသစ္ကို လိုက္ရွာေနရင္းနဲ႔ ကမာၻႀကီးကို အုပ္စိုးဖို႔အတြက္ ႀကံစည္ေနတဲ့ စူပါဗီလိန္ Scarlet Overkill နဲ႔ ေတြ႕ဆုံခဲ့ၾကၿပီးေတာ့ အဖြဲ႕က်သြားခဲ့ပါတယ္။ ဒီကားဟာ ႐ုံတင္တင္ခ်င္း ပထမအပတ္မွာ ေဒၚလာ(၁၁၅)သန္း ရရွိခဲ့ၿပီး စုစုေပါင္းဝင္ေငြအေနနဲ႔ ေဒၚလာ (၁.၁၅၉)ဘီလ်ံ ရရွိခဲ့ပါတယ္။

(2) INCREDIBLES 2
photo via screenrant

Pixar စတူဒီယိုဟာ Incredibles 1 ကို ၂၀၀၄ခုႏွစ္မွာ ထုတ္လုပ္ခဲ့ၿပီး (၁၄)ႏွစ္အၾကာမွာ Incredibles 2 ကို ထပ္မံထုတ္လုပ္ခဲ့ပါတယ္။ ၂၀၁၈ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Incredibles 2 ဟာ ေအာ္စကာဆုတစ္ဆုအတြက္ စံကာတင္စာရင္းဝင္ခဲ့ၿပီး အျခားဆုေပါင္း(၁၂)ဆုလည္း ရရွိခဲ့ပါတယ္။

ဇာတ္လမ္းကေတာ့ Mr. Incredible တို႔ မိသားစုဟာ မစ္ရွင္တစ္ခုကို ျပဳလုပ္ရမွာျဖစ္ၿပီး အေၾကာင္းတစ္ခုေၾကာင့္ ေနရာေတြ ေျပာင္းလဲကုန္ၿပီးေတာ့ အမ်ိဳးသမီးျဖစ္သူ Elastic girl က ကမာၻႀကီးကို ကယ္တင္ေနတဲ့အခ်ိန္မွာ Mr. Incredible က အိမ္အလုပ္ေတြကို လုပ္ေနရပါတယ္။ ရယ္ရယ္ေမာေမာနဲ႔ ၾကည့္ရမယ့္ကားေလးျဖစ္ၿပီး ႐ုံတင္တဲ့ ပထမအပတ္မွာတင္ ေဒၚလာ(၁၈၂)သန္း ရရွိခဲ့ပါတယ္။ စုစုေပါင္းဝင္ေငြအေနနဲ႔ကေတာ့ ေဒၚလာ (၁.၂၄၃)ဘီလ်ံကို ရယူေပးႏိုင္ခဲ့ပါတယ္။

(1) FROZEN 1 & 2
photo via screenrant

animated movie ေတြထဲမွာ ဝင္ေငြအမ်ားဆုံး ရရွိထားတဲ့ ဇာတ္ကားႏွစ္ကားကေတာ့ Frozen 1 နဲ႔ Frozen 2 တို႔ ျဖစ္ပါတယ္။ Frozen 1 ကိုေတာ့ Disney စတူဒီယိုက ၂၀၁၃ခုႏွစ္မွာ ထုတ္လုပ္ခဲ့ၿပီး ေအာ္စကာဆု(၂)ဆု ရရွိခဲ့တဲ့အျပင္ အျခားဆုေပါင္း(၇၉)ဆုကိုလည္း ရရွိထားပါတယ္။ ဝင္ေငြအေနနဲ႔ Frozen 1 ဟာ ေဒၚလာ(၁.၂၈)ဘီလ်ံ ရရွိခဲ့ပါတယ္။

Frozen 2 ကေတာ့ ၂၀၁၉ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး ေအာ္စကာဆုတစ္ဆုအတြက္ စံကာတင္စာရင္း ဝင္ခဲ့တဲ့အျပင္ အျခားဆုေပါင္း(၁၅)ဆုကိုလည္း ဆြတ္ခူးထားပါေသးတယ္။ ဝင္ေငြအေနနဲ႔ကေတာ့ ေဒၚလာ(၁.၅)ဘီလ်ံ ရရွိထားၿပီး ဝင္ေငြအမ်ားဆုံး animated movie အျဖစ္ လက္ရွိအခ်ိန္မွာ ရပ္တည္ေနပါတယ္။

ဒါကေတာ့ ပရိသတ္ေတြလည္း အႀကိဳက္ေတြ႕ခဲ့ၾကၿပီး ေငြေၾကးအရလည္း ေအာင္ျမင္မႈေတြ ရရွိခဲ့ၾကတဲ့ ဝင္ေငြအမ်ားဆုံး animated movie ေတြပဲ ျဖစ္ပါတယ္။ ဘယ္ကားေတြက စာဖတ္သူတို႔ အႀကိဳက္ ျဖစ္ခဲ့လည္းဆိုတာ ေျပာျပခဲ့ပါဦး။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular