HomeCelebs Update NewsInternationalကိုရိုးနားကူးစက်ခံလိုက်ရတဲ့ Game of Thrones သရုပ်ဆောင်Kristofer Hivju

ကိုရိုးနားကူးစက်ခံလိုက်ရတဲ့ Game of Thrones သရုပ်ဆောင်Kristofer Hivju

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Kristofer Hivju ကိုတော့ နာမည်ကျော် HBO စီးရီး Game of Thrones ထဲက Tormund Giantsbane အဖြစ် မြန်မာပရိသတ်တွေ သိကြပါတယ်။ စိတ်မကောင်းစရာနဲ့ပဲ Kristofer ဟာလည်း ကိုရိုးနားဗိုင်းရပ်စ် ကူးစက်ခံလိုက်ရပြီလို့ သိရပါတယ်။

ရောဂါပိုးကူးစက်ခံထားရတဲ့အကြောင်းကို Kristofer က သူ့ရဲ့ Instagram မှာ အသိပေးခဲ့တာဖြစ်ပြီး သူနဲ့အတူမိသားစုတစ်ခုလုံး သီးသန့်ခွဲကာ နေထိုင်နေကြပြီး ပရိသတ်တွေကိုလည်း အထူးသတိထားကြဖို့ သတိပေးထားပါတယ်။ သူ့ရဲ့ IG ပို့စ်မှာတော့ ဇနီးသည်နဲ့အတူ ရိုက်ထားတဲ့ ဆယ်လ်ဖီပုံကိုတင်ပြီး အခုလို အသိပေးလိုက်တာ ဖြစ်ပါတယ်။

Photo: khivju/ Instagram

“နော်ဝေကနေ နှုတ်ဆက်လိုက်ပါတယ်ဗျာ။ ပြောရမှာ စိတ်မကောင်းစရာပါပဲ။ ကျွန်တော် ဒီနေ့ပဲ COVID-19 ကိုရိုးနားဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ သိရပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုတစ်ခုလုံးကတော့ လိုအပ်တဲ့ အချိန်အတိုင်းအတာ တစ်ခုအထိ သီးသန့်ခွဲနေနေကြပါပြီ။ ကျွန်တော်တို့ နေလို့တော့ကောင်းနေပါတယ်။ ကျွန်တော့်မှာဆိုရင်လည်း လက္ခဏာက အအေးမိတာလောက်ပဲ ရှိပါတယ်။ တစ်ချို့လူတွေမှာတော့ တကယ့်အပြင်းအထန် ရောဂါဝေဒနာ ခံစားနေရတာမျိုး ရှိပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်သတိပေးချင်တာက အထူးဂရုစိုက်ပါ။ လက်ဆေးပါ။ တစ်ခြားလူတွေနဲ့ တစ်မီတာခွဲအကွာမှာ နေပါ။ ဒါမှမဟုတ် သီးသန့်နေထိုင်ပါ။ ဒီရောဂါပိုး မပျံ့ပွားရအောင် ခင်ဗျားတို့လုပ်နိုင်သမျှ အကုန်သာ လုပ်ကြပါ။ ကျွန်တော်တို့ အတူတူကြိုးစားကြမယ်ဆိုရင် ဒီပိုးကို တိုက်ဖျက်နိုင်မှာပါ….”

Photo: khivju/ Instagram

“တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ကြပါ။ ခပ်ဝေးဝေး ခပ်ခွာခွာ နေကြပါ။ ကျန်းမာရေးကောင်းအောင် ဂရုစိုက်ပါ။ ကိုယ့်နိုင်ငံက တရားဝင်ထုတ်ပြန်ထားတဲ့ ကျန်းမာရေးအသိပေးဝက်ဘ်ဆိုဒ်တွေက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာပါ။ ဒါက ကိုယ့်တစ်ယောက်တည်း ကောင်းဖို့အတွက် မဟုတ်ပါဘူး။ ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းတစ်ခုလုံးအတွက်ရော၊ ပြီးတော့ အထူးသဖြင့် ဖြစ်နိုင်ချေတအားများတဲ့ သက်ကြီးရွယ်အိုတွေ၊ နဂိုရောဂါအခံရှိသူတွေအတွက်ကိုပါ ကာကွယ်ပေးပြီးသား ဖြစ်စေပါတယ်…” လို့ ပြောထားပါတယ်။

LaNina

(Zawgyi Version)

Kristofer Hivju ကိုေတာ့ နာမည္ေက်ာ္ HBO စီးရီး Game of Thrones ထဲက Tormund Giantsbane အျဖစ္ ျမန္မာပရိသတ္ေတြ သိၾကပါတယ္။ စိတ္မေကာင္းစရာနဲ႔ပဲ Kristofer ဟာလည္း ကို႐ိုးနားဗိုင္းရပ္စ္ ကူးစက္ခံလိုက္ရၿပီလို႔ သိရပါတယ္။

ေရာဂါပိုးကူးစက္ခံထားရတဲ့အေၾကာင္းကို Kristofer က သူ႔ရဲ႕ Instagram မွာ အသိေပးခဲ့တာျဖစ္ၿပီး သူနဲ႔အတူမိသားစုတစ္ခုလုံး သီးသန႔္ခြဲကာ ေနထိုင္ေနၾကၿပီး ပရိသတ္ေတြကိုလည္း အထူးသတိထားၾကဖို႔ သတိေပးထားပါတယ္။ သူ႔ရဲ႕ IG ပို႔စ္မွာေတာ့ ဇနီးသည္နဲ႔အတူ ႐ိုက္ထားတဲ့ ဆယ္လ္ဖီပုံကိုတင္ၿပီး အခုလို အသိေပးလိုက္တာ ျဖစ္ပါတယ္။

Photo: khivju/ Instagram

“ေနာ္ေဝကေန ႏႈတ္ဆက္လိုက္ပါတယ္ဗ်ာ။ ေျပာရမွာ စိတ္မေကာင္းစရာပါပဲ။ ကြၽန္ေတာ္ ဒီေန႔ပဲ COVID-19 ကို႐ိုးနားဗိုင္းရပ္စ္ ကူးစက္ခံထားရတယ္လို႔ သိရပါတယ္။ ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့္မိသားစုတစ္ခုလုံးကေတာ့ လိုအပ္တဲ့ အခ်ိန္အတိုင္းအတာ တစ္ခုအထိ သီးသန႔္ခြဲေနေနၾကပါၿပီ။ ကြၽန္ေတာ္တို႔ ေနလို႔ေတာ့ေကာင္းေနပါတယ္။ ကြၽန္ေတာ့္မွာဆိုရင္လည္း လကၡဏာက အေအးမိတာေလာက္ပဲ ရွိပါတယ္။ တစ္ခ်ိဳ႕လူေတြမွာေတာ့ တကယ့္အျပင္းအထန္ ေရာဂါေဝဒနာ ခံစားေနရတာမ်ိဳး ရွိပါတယ္။ အဲ့ဒါေၾကာင့္ ကြၽန္ေတာ္သတိေပးခ်င္တာက အထူးဂ႐ုစိုက္ပါ။ လက္ေဆးပါ။ တစ္ျခားလူေတြနဲ႔ တစ္မီတာခြဲအကြာမွာ ေနပါ။ ဒါမွမဟုတ္ သီးသန႔္ေနထိုင္ပါ။ ဒီေရာဂါပိုး မပ်ံ႕ပြားရေအာင္ ခင္ဗ်ားတို႔လုပ္ႏိုင္သမွ် အကုန္သာ လုပ္ၾကပါ။ ကြၽန္ေတာ္တို႔ အတူတူႀကိဳးစားၾကမယ္ဆိုရင္ ဒီပိုးကို တိုက္ဖ်က္ႏိုင္မွာပါ….”

Photo: khivju/ Instagram

“တစ္ေယာက္နဲ႔တစ္ေယာက္ ဂ႐ုစိုက္ၾကပါ။ ခပ္ေဝးေဝး ခပ္ခြာခြာ ေနၾကပါ။ က်န္းမာေရးေကာင္းေအာင္ ဂ႐ုစိုက္ပါ။ ကိုယ့္ႏိုင္ငံက တရားဝင္ထုတ္ျပန္ထားတဲ့ က်န္းမာေရးအသိေပးဝက္ဘ္ဆိုဒ္ေတြက ထုတ္ျပန္ထားတဲ့ လမ္းၫႊန္ခ်က္ေတြကို လိုက္နာပါ။ ဒါက ကိုယ့္တစ္ေယာက္တည္း ေကာင္းဖို႔အတြက္ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ လူမႈအသိုင္းအဝိုင္းတစ္ခုလုံးအတြက္ေရာ၊ ၿပီးေတာ့ အထူးသျဖင့္ ျဖစ္ႏိုင္ေခ်တအားမ်ားတဲ့ သက္ႀကီး႐ြယ္အိုေတြ၊ နဂိုေရာဂါအခံရွိသူေတြအတြက္ကိုပါ ကာကြယ္ေပးၿပီးသား ျဖစ္ေစပါတယ္…” လို႔ ေျပာထားပါတယ္။

LaNina

RELATED ARTICLES

Most Popular