HomeEntertainmentFilmFan Theory အရ သွေးစုပ်ဖုတ်ကောင်တွေ ဖြစ်နေတယ်ဆိုတဲ့ Toy Story ထဲကအရုပ်များ

Fan Theory အရ သွေးစုပ်ဖုတ်ကောင်တွေ ဖြစ်နေတယ်ဆိုတဲ့ Toy Story ထဲကအရုပ်များ

နာမည်ကြီး ရုပ်ရှင်တွေတိုင်းမှာတော့ Fan Theory တွေ ရှိကြပါတယ်။ fan theory ဆိုတာကတော့ ဒါရိုက်တာတွေ၊ ဇာတ်ညွှန်းရေးဆရာတွေက တင်ဆက်ထားတဲ့ ဇာတ်လမ်းပုံစံနဲ့ မတူညီဘဲ ပရိသတ်တွေက စဉ်းစားထားတဲ့ အခြားသော ရှုထောင့်၊ အမြင်နဲ့ ဖြစ်နိုင်ချေတွေကို ပြောတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်လိုရုပ်ရှင်မှာမဆို Dark ဖြစ်တဲ့ Fan Theory တွေ ရှိကြပြီး အထူးသဖြင့် Disney နဲ့ Pixar တို့လို Animation တွေမှာတော့ Dark Theory တွေ အများဆုံးပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Toy Story ထဲက အရုပ်တွေဟာ သွေးစုပ်ဖုတ်ကောင်တွေနဲ့ သဘောတရားချင်း တူညီနေတယ်ဆိုတဲ့ Fan Theory တစ်ခုကို ဖော်ပြပေးချင်ပါတယ်။

photo via screenrant

ဒီသီအိုရီအရ ဆိုရင်တော့ အရုပ်တွေဟာ သွေးစုပ်ဖုတ်ကောင်တွေလိုမျိူး မသေမျိူးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ ဆက်လက် အသက်ရှင်ဖို့အတွက် သွေးအစား ကလေးတွေရဲ့ ပျော်ရွှင်မှုကို စားသုံးကြတာလို့ ဆိုပါတယ်။ ပြောရမယ်ဆိုရင်တော့ သူတို့ရဲ့ပိုင်ရှင်တွေကပဲ သူတို့ကို ဆက်လက် ရှင်သန်စေခဲ့တာ ဖြစ်ပါတယ်။ သူတို့တွေဟာ ကလေးတွေရဲ့ ပျော်ရွှင်မှုတွေကို စားသုံးလို့ရနေသရွေ့ သေဆုံးသွားမှာ မဟုတ်တာကြောင့် မသေမျိူးလို့ ပြောတာလည်း ဖြစ်ပါတယ်။

Toy Story Franchise တစ်ခုလုံးမှာတော့ အရုပ်တွေဟာ အချစ်မခံရမှာကို ကြောက်ကြသလို သူတို့ကို မကစားတော့မှာကိုလည်း စိုးရိမ်ကြတာကို မြင်တွေ့ခဲ့ရပါတယ်။ အကြောင်းကတော့ ကလေးတွေက သူတို့နဲ့ ကစားမှသာ ကလေးတွေရဲ့ ပျော်ရွှင်မှုကို စားသုံးပြီး ဆက်လက် အသက်ရှင်နိုင်တာကြောင့်ပါပဲ။ ဒါကြောင့်ပဲ သူတို့ရဲ့ ပိုင်ရှင်က အရုပ်တွေနဲ့ မကစားတော့တဲ့ အရွယ်ရောက်တဲ့ အချိန်မှာတော့ နောက်ထပ် ပိုင်ရှင်တစ်ယောက်ဆီကို ရောက်သွားပြီး ဆက်လက် အသက်ရှင်သန်ဖို့ ကြိုးစားကြတာပါလို့ ဒီသီအိုရီက ဆိုပါတယ်။

photo via screenrant

Toy Story Franchise ကတော့ မိသားစုနဲ့အတူ ကြည့်ရှုလို့ကောင်းတဲ့ ရုပ်ရှင်တွေ ဖြစ်တာကြောင့် ဒီသီအိုရီကတော့ ဇာတ်လမ်းနဲ့ မလိုက်ဖက်လောက်အောင် Dark ဖြစ်လွန်းနေပါတယ်။ ဒါတင်မက ယခုဖော်ပြထားတဲ့ သီအိုရီနဲ့ နောက်ထပ် သီအိုရီတစ်ခုကလည်း ဆက်စပ်နေပါသေးတယ်။ အဲဒါကတော့ ပျော်ရွှင်မှုတွေကို အချိန်မီ စားသုံးခွင့်မရဘဲ သေဆုံးသွားတဲ့ အရုပ်တွေကိုတော့ ပိုင်ရှင်တွေက သေနေမှန်း မသိဘဲ အလောင်းကောင်ကြီးနဲ့ ကစားနေမိမယ်ဆိုတဲ့ သီအိုရီပဲ ဖြစ်ပါတယ်။

ဒါကတော့ fan theory ဆိုတဲ့အတိုင်း မတူညီတဲ့ ရှုထောင့်၊ အတွေးအမြင်တွေကို သိရှိရတဲ့အတွက် စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ သို့သော်လည်း မူလဇာတ်လမ်းကို ဒီသီအိုရီတွေအတိုင်း ကြည့်ရှုခံစားရမယ်လို့တော့ မည်သူကမှ မဆိုလိုတဲ့အတွက် ကိုယ်ရှုမြင်တဲ့အတိုင်း ခံစားနိုင်ပါတယ်လို့ ဆိုလိုက်ပါရစေ။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular