HomeEntertainmentFilmToy Story ဇာတ်လမ်းထဲက Woody နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာအချက်များ

Toy Story ဇာတ်လမ်းထဲက Woody နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာအချက်များ

 ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Toy Story ဇာတ်လမ်းဟာ ၁၉၉၅ခုနှစ်ကတည်းက စတင်ထွက်ရှိခဲ့ပြီး စီးပွားရေးအနေနဲ့ရော ပရိသတ်တွေကြားထဲမှာရော အလွန်အောင်မြင်ခဲ့ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ Woody ဆိုတဲ့ ကောင်းဘွိုင်အရုပ်လေးပဲ ဖြစ်ပြီး အဲ့ဒီဇာတ်ကောင်နေရာမှာ Tom Hanks က အသံသရုပ်ဆောင်ထားပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ Woody နဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

စတင်ဖန်တီးခဲ့တုန်းက Woody ရဲ့ပုံစံဟာ အခုပုံစံနဲ့ အတော်လေးကို ကွာခြားပါတယ်။
photo via screenrant

တကယ်တော့ ၁၉၈၈ခုနှစ်မှာ Pixer က ထုတ်လုပ်ခဲ့ပြီး အော်စကာဆု ရရှိခဲ့တဲ့ ဇာတ်လမ်းတိုလေး Tin Toy ထဲမှာတည်းက Woody ကို ထည့်သွင်းဖို့ စီစဉ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက Woody ရဲ့ ပုံကြမ်းကိုတော့ အပေါ်ကပုံမှာ ကြည့်ရှုနိုင်ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ အကြောင်းအမျိူးမျိူးကြောင့် အပယ်ခံလိုက်ရပြီး အဓိက ဇာတ်ကောင်ဟာ Tinny ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Pixer ဟာ Tin Toy ရဲ့ sequel အနေနဲ့ Toy Story ကို ထုတ်လုပ်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကျမှ Woody ဟာ အဓိကဇာတ်ကောင်အဖြစ် ထည့်သွင်းခံခဲ့ရတာ ဖြစ်ပြီး သူ့ရဲ့ပုံစံကလည်း ဖန်တီးကာစတုန်းက ပုံစံနဲ့မတူဘဲ ပြောင်းလဲသွားခဲ့ပါတယ်။

သူဟာ အာဏာရှင်တစ်ယောက်လည်း ဖြစ်ခဲ့ဖူးပါတယ်။
photo via screenrant

Pixar စတူဒီယိုက Toy Story ဇာတ်ကားကို ပထမဆုံး စမ်းသပ်နေတဲ့အချိန်တုန်းက Woody ဟာ ကျွန်တော်တို့ သိထားကြတဲ့ Woody နဲ့ လုံးဝကို မတူညီပါဘူး။ အကြောင်းကတော့ အဲ့ဒီတုန်းက Woody ရဲ့မျက်နှာဟာ လူယုတ်မာရုပ်ပေါက်နေပြီး တစ်ခြားအရုပ်တွေရဲ့ ခေါင်းဆောင်ဆိုတာထက် ပိုပြီးတော့ အာဏာရှင်ဆန်ဆန် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီဗားရှင်းထဲမှာတော့ Woody ဟာ Buzz ကိုတောင် သတ်ပစ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ နောက်ပိုင်းကျမှသာ အဲ့ဒီဇာတ်လမ်းတွေဟာ မကောင်းဘူးလို့ ယူဆပြီးတော့ ပြောင်းလဲပစ်ခဲ့တာ ဖြစ်ပါတယ်။

Woody ဟာ Andy အဖေရဲ့ လက်ဆင့်ကမ်းအမွေ ဖြစ်ပါတယ်။
photo via screenrant

လူအများစုဟာ ငယ်ဘဝကို Toy Story ဇာတ်ကားတွေ ကြည့်ရှုရင်း ကြီးပြင်းလာကြပြီး ဒီအရုပ်လေးကို အလွန်လူကြိုက်များခဲ့ကြပေမယ့်လည်း တကယ်တမ်းမှာ‌တော့ Woody ဟာ ကလေးတွေ ကြိုက်နှစ်သက်လေ့ရှိတဲ့ သာမန်အရုပ်ပုံစံမျိုး မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့်လည်း Woody ဟာ Andy အတွက် အရေးအပါဆုံး အရာတစ်ခုဖြစ်ပါတယ်လို့ Toy Story ရဲ့ animator ဖြစ်သူ John Lassiter က ပြောခဲ့ပါတယ်။ အကြောင်းကတော့ မူလတုန်းက Woody ဟာ Andy အဖေရဲ့အရုပ်လေး ဖြစ်ခဲ့ပြီး Andy ဟာ သူ့အဖေဆီက ဒီအရုပ်လေးကို လက်ဆင့်ကမ်း ရရှိခဲ့တာကြောင့် Woody ကို အကြိုက်ဆုံး ဖြစ်နေရတာပါ။

Woody မှာလည်း နာမည်အပြည့်အစုံ ရှိပါတယ်။
photo via screenrant

Buzz ရဲ့ နာမည်အပြည့်အစုံဆိုရင် Buzz Lightyear မှန်း လူတိုင်းသိကြပေမယ့်လည်း Woody မှာလည်း အလားတူ နာမည်အပြည့်အစုံ ရှိတယ်ဆိုတာကိုတော့ သိပ်ပြီးမသိကြပါဘူး။ ပရိသတ်အများစု အတွက်ကတော့ Woody လိုဇာတ်ကောင်မျိူးဟာ နာမည်အပြည့်အစုံ မလိုအပ်ပေမယ့်လည်း တကယ်တော့ သူ့မှာလည်း နာမည်အပြည့်အစုံ ရှိပါတယ်။ Toy Story 3 ရဲ့ ဒါရိုက်တာ Lee Unkrich ရဲ့ ပြောကြားချက်အရ ဆိုရင်တော့ သူ့ရဲ့နာမည်အပြည့်အစုံဟာ Woody Pride ဖြစ်တယ်လို့ သိရပါတယ်။

Woody ဆိုတဲ့ နာမည်ရဲ့ဇာစ်မြစ်
photo via screenrant

Woody Strode ဟာ NFL (National Football League) မှာ ပထမဆုံးကစားခဲ့တဲ့ အမေရိကန်-အာဖရိကန် လူမျိူးတစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ရှေးခေတ် ရုပ်ရှင်အများစုမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ Pixar ကတော့ ဒီဇာတ်ကောင်ကို Woody Strode ကို အစွဲပြုပြီးတော့ အခုလိုမျိူး Woody လို့ နာမည်ပေးခဲ့တာ ဖြစ်ပါတယ်။

မူလတုန်းက Toy Story 2 ကို ဆက်လက်ဖန်တီးသွားဖို့ အစီအစဉ် မရှိခဲ့ပါဘူး။
photo via screenrant

Pixar ဟာ ၁၉၉၅ခုနှစ်မှာ Toy Story ကို ထုတ်လုပ်ခဲ့ပြီးနောက်မှာ ဒုတိယဇာတ်ကားကို ဆက်လက်ပြီး ထုတ်လုပ်ဖို့ အစီအစဉ် မရှိခဲ့ပါဘူး။ ဒါ့အပြင် အဲ့ဒီအချိန်တုန်းက animated movie တွေကို ဖန်တီးရတာဟာ အခုချိန်ထက် အများကြီး ပိုပြီးခက်ခဲတာကြောင့်လည်း ပါပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ Toy Story ရဲ့ animator ဖြစ်သူ John Lasseter ဟာ လေဆိပ်ကိုသွားရင်း ကလေးတစ်ယောက်က လက်ထဲမှာ Woody အရုပ်ကို ကိုင်ထားတာ မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒါကြောင့်ပဲ John ဟာ Toy Story 2 ကို ဖန်တီးဖို့အတွက် အားတက်သွားပြီး Pixar ကလည်း အောင်မြင်နိုင်ချေတွေကို မြင်ခဲ့တာကြောင့် ဆက်လက်ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကတော့ Toy Story animated movie ထဲမှာ ပါဝင်ခဲ့တဲ့ ဇာတ်ကောင်လေး Woody နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အချက်တချို့ပဲ ဖြစ်ပါတယ်။ အခုလိုဆောင်းပါးတွေ ဖတ်ရှုရတာ နှစ်သက်တယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & See First လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Toy Story ဇာတ္လမ္းဟာ ၁၉၉၅ခုႏွစ္ကတည္းက စတင္ထြက္ရွိခဲ့ၿပီး စီးပြားေရးအေနနဲ႔ေရာ ပရိသတ္ေတြၾကားထဲမွာေရာ အလြန္ေအာင္ျမင္ခဲ့ပါတယ္။ ဒီဇာတ္လမ္းရဲ႕ အဓိကဇာတ္ေကာင္ကေတာ့ Woody ဆိုတဲ့ ေကာင္းဘြိဳင္အ႐ုပ္ေလးပဲ ျဖစ္ၿပီး အဲ့ဒီဇာတ္ေကာင္ေနရာမွာ Tom Hanks က အသံသ႐ုပ္ေဆာင္ထားပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ ပရိသတ္ေတြ ႀကိဳက္ႏွစ္သက္ၾကတဲ့ Woody နဲ႔ ပတ္သက္ၿပီး စိတ္ဝင္စားဖို႔ေကာင္းတဲ့ အခ်က္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

စတင္ဖန္တီးခဲ့တုန္းက Woody ရဲ႕ပုံစံဟာ အခုပုံစံနဲ႔ အေတာ္ေလးကို ကြာျခားပါတယ္။
photo via screenrant

တကယ္ေတာ့ ၁၉၈၈ခုႏွစ္မွာ Pixer က ထုတ္လုပ္ခဲ့ၿပီး ေအာ္စကာဆု ရရွိခဲ့တဲ့ ဇာတ္လမ္းတိုေလး Tin Toy ထဲမွာတည္းက Woody ကို ထည့္သြင္းဖို႔ စီစဥ္ခဲ့ၾကတာ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္တုန္းက Woody ရဲ႕ ပုံၾကမ္းကိုေတာ့ အေပၚကပုံမွာ ၾကည့္ရႈႏိုင္ပါတယ္။ ဒါေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ အပယ္ခံလိုက္ရၿပီး အဓိက ဇာတ္ေကာင္ဟာ Tinny ျဖစ္သြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Pixer ဟာ Tin Toy ရဲ႕ sequel အေနနဲ႔ Toy Story ကို ထုတ္လုပ္ဖို႔ စီစဥ္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္က်မွ Woody ဟာ အဓိကဇာတ္ေကာင္အျဖစ္ ထည့္သြင္းခံခဲ့ရတာ ျဖစ္ၿပီး သူ႔ရဲ႕ပုံစံကလည္း ဖန္တီးကာစတုန္းက ပုံစံနဲ႔မတူဘဲ ေျပာင္းလဲသြားခဲ့ပါတယ္။

သူဟာ အာဏာရွင္တစ္ေယာက္လည္း ျဖစ္ခဲ့ဖူးပါတယ္။
photo via screenrant

Pixar စတူဒီယိုက Toy Story ဇာတ္ကားကို ပထမဆုံး စမ္းသပ္ေနတဲ့အခ်ိန္တုန္းက Woody ဟာ ကြၽန္ေတာ္တို႔ သိထားၾကတဲ့ Woody နဲ႔ လုံးဝကို မတူညီပါဘူး။ အေၾကာင္းကေတာ့ အဲ့ဒီတုန္းက Woody ရဲ႕မ်က္ႏွာဟာ လူယုတ္မာ႐ုပ္ေပါက္ေနၿပီး တစ္ျခားအ႐ုပ္ေတြရဲ႕ ေခါင္းေဆာင္ဆိုတာထက္ ပိုၿပီးေတာ့ အာဏာရွင္ဆန္ဆန္ ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ အဲ့ဒီဗားရွင္းထဲမွာေတာ့ Woody ဟာ Buzz ကိုေတာင္ သတ္ပစ္ဖို႔ ႀကိဳးစားခဲ့ပါေသးတယ္။ ေနာက္ပိုင္းက်မွသာ အဲ့ဒီဇာတ္လမ္းေတြဟာ မေကာင္းဘူးလို႔ ယူဆၿပီးေတာ့ ေျပာင္းလဲပစ္ခဲ့တာ ျဖစ္ပါတယ္။

Woody ဟာ Andy အေဖရဲ႕ လက္ဆင့္ကမ္းအေမြ ျဖစ္ပါတယ္။
photo via screenrant

လူအမ်ားစုဟာ ငယ္ဘဝကို Toy Story ဇာတ္ကားေတြ ၾကည့္ရႈရင္း ႀကီးျပင္းလာၾကၿပီး ဒီအ႐ုပ္ေလးကို အလြန္လူႀကိဳက္မ်ားခဲ့ၾကေပမယ့္လည္း တကယ္တမ္းမွာ‌ေတာ့ Woody ဟာ ကေလးေတြ ႀကိဳက္ႏွစ္သက္ေလ့ရွိတဲ့ သာမန္အ႐ုပ္ပုံစံမ်ိဳး မဟုတ္ခဲ့ပါဘူး။ ဒါေပမယ့္လည္း Woody ဟာ Andy အတြက္ အေရးအပါဆုံး အရာတစ္ခုျဖစ္ပါတယ္လို႔ Toy Story ရဲ႕ animator ျဖစ္သူ John Lassiter က ေျပာခဲ့ပါတယ္။ အေၾကာင္းကေတာ့ မူလတုန္းက Woody ဟာ Andy အေဖရဲ႕အ႐ုပ္ေလး ျဖစ္ခဲ့ၿပီး Andy ဟာ သူ႔အေဖဆီက ဒီအ႐ုပ္ေလးကို လက္ဆင့္ကမ္း ရရွိခဲ့တာေၾကာင့္ Woody ကို အႀကိဳက္ဆုံး ျဖစ္ေနရတာပါ။

Woody မွာလည္း နာမည္အျပည့္အစုံ ရွိပါတယ္။
photo via screenrant

Buzz ရဲ႕ နာမည္အျပည့္အစုံဆိုရင္ Buzz Lightyear မွန္း လူတိုင္းသိၾကေပမယ့္လည္း Woody မွာလည္း အလားတူ နာမည္အျပည့္အစုံ ရွိတယ္ဆိုတာကိုေတာ့ သိပ္ၿပီးမသိၾကပါဘူး။ ပရိသတ္အမ်ားစု အတြက္ကေတာ့ Woody လိုဇာတ္ေကာင္မ်ိဴးဟာ နာမည္အျပည့္အစုံ မလိုအပ္ေပမယ့္လည္း တကယ္ေတာ့ သူ႔မွာလည္း နာမည္အျပည့္အစုံ ရွိပါတယ္။ Toy Story 3 ရဲ႕ ဒါ႐ိုက္တာ Lee Unkrich ရဲ႕ ေျပာၾကားခ်က္အရ ဆိုရင္ေတာ့ သူ႔ရဲ႕နာမည္အျပည့္အစုံဟာ Woody Pride ျဖစ္တယ္လို႔ သိရပါတယ္။

Woody ဆိုတဲ့ နာမည္ရဲ႕ဇာစ္ျမစ္
photo via screenrant

Woody Strode ဟာ NFL (National Football League) မွာ ပထမဆုံးကစားခဲ့တဲ့ အေမရိကန္-အာဖရိကန္ လူမ်ိဴးတစ္ေယာက္ ျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ ေရွးေခတ္ ႐ုပ္ရွင္အမ်ားစုမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ဖူးတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္လည္း ျဖစ္ပါတယ္။ Pixar ကေတာ့ ဒီဇာတ္ေကာင္ကို Woody Strode ကို အစြဲျပဳၿပီးေတာ့ အခုလိုမ်ိဴး Woody လို႔ နာမည္ေပးခဲ့တာ ျဖစ္ပါတယ္။

မူလတုန္းက Toy Story 2 ကို ဆက္လက္ဖန္တီးသြားဖို႔ အစီအစဥ္ မရွိခဲ့ပါဘူး။
photo via screenrant

Pixar ဟာ ၁၉၉၅ခုႏွစ္မွာ Toy Story ကို ထုတ္လုပ္ခဲ့ၿပီးေနာက္မွာ ဒုတိယဇာတ္ကားကို ဆက္လက္ၿပီး ထုတ္လုပ္ဖို႔ အစီအစဥ္ မရွိခဲ့ပါဘူး။ ဒါ့အျပင္ အဲ့ဒီအခ်ိန္တုန္းက animated movie ေတြကို ဖန္တီးရတာဟာ အခုခ်ိန္ထက္ အမ်ားႀကီး ပိုၿပီးခက္ခဲတာေၾကာင့္လည္း ပါပါတယ္။ ဒီလိုနဲ႔ တစ္ရက္မွာေတာ့ Toy Story ရဲ႕ animator ျဖစ္သူ John Lasseter ဟာ ေလဆိပ္ကိုသြားရင္း ကေလးတစ္ေယာက္က လက္ထဲမွာ Woody အ႐ုပ္ကို ကိုင္ထားတာ ျမင္ေတြ႕ခဲ့ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ John ဟာ Toy Story 2 ကို ဖန္တီးဖို႔အတြက္ အားတက္သြားၿပီး Pixar ကလည္း ေအာင္ျမင္ႏိုင္ေခ်ေတြကို ျမင္ခဲ့တာေၾကာင့္ ဆက္လက္ဖန္တီးခဲ့ၾကတာ ျဖစ္ပါတယ္။

ဒါကေတာ့ Toy Story animated movie ထဲမွာ ပါဝင္ခဲ့တဲ့ ဇာတ္ေကာင္ေလး Woody နဲ႔ ပတ္သက္တဲ့ စိတ္ဝင္စားစရာ အခ်က္တခ်ိဳ႕ပဲ ျဖစ္ပါတယ္။ အခုလိုေဆာင္းပါးေတြ ဖတ္ရႈရတာ ႏွစ္သက္တယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & See First လုပ္ထားေပးပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular