HomeEntertainmentFilmTrain to Busan ရဲ့အဆက် Peninsula ရုပ်ရှင်အကြောင်း သိထားဖို့လိုသမျှ

Train to Busan ရဲ့အဆက် Peninsula ရုပ်ရှင်အကြောင်း သိထားဖို့လိုသမျှ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

လူတိုင်းကို ထိုင်ရာကမထ ရင်တမမနဲ့ ကြည့်ရှုစေခဲ့တဲ့ Train to Busan ရုပ်ရှင်ထွက်ရှိပြီး လေးနှစ်အကြာမှာတော့ နောက်ဆက်တွဲ ရုပ်ရှင်အဖြစ် Peninsula ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Peninsula လို့ နာမည်ပေးထားတဲ့ ဒီရုပ်ရှင်အသစ်ဟာ Train to Busan ဇာတ်ကားထဲက အဖြစ်အပျက်တွေအပြီး လေးနှစ်အကြာ ကာလကို ဇာတ်အိမ်တည် ပြသသွားမှာ ဖြစ်ပါတယ်။ ပထမဇာတ်ကားဖြစ်တဲ့ Train to Busan ထဲမှာ မင်းသား Gong Yoo ရဲ့ သူရဲကောင်းဆန်တဲ့ လုပ်ရပ်၊ Seok Woo ရဲ့ အနစ်နာခံ၊ပေးဆပ်မှုတွေနဲ့ ဇာတ်သိမ်းထားတာကြောင့် အခုလာမယ့် ရုပ်ရှင်ထဲမှာရော ဘယ်လိုပတ်သက် ဆက်နွယ်မှုတွေ ပါဝင်မှာလည်းဆိုတာ ပရိသတ်တွေကတော့ စိတ်ဝင်စားနေကြမှာပါ။

Photo: fyi_filmkorea/ Instagram

Peninsula ကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ Yeong Sang Ho ကတော့ အခုလာမယ့်ဇာတ်ကားဟာ Train to Busan နဲ့ ဇာတ်လမ်းပိုင်းမှာ တိုက်ရိုက်ပတ်သက်တာမျိုး ရှိမှာမဟုတ်ဘဲ ကာရိုက်တာအသစ်တွေကို တွေ့ရမှာပါလို့ ကြေငြာချက်မှာ ပြောကြားထားပါတယ်။

“ဇွန်ဘီတွေအားလုံးကို အစိုးရက သုတ်သင်နှိမ်နင်းပြီးတဲ့အချိန်မှာ ကိုရီးယားနိုင်ငံနယ်မြေထဲမှာ ဒီကောင်တွေက မရှိတော့ပါဘူး။ ဒါကြောင့်လည်း ရုပ်ရှင်နာမည်က ကျွန်းဆွယ်လို့ အဓိပ္ပာယ်ရတဲ့ Peninsula လို့ ပေးထားတာပါ.. ” လို့ ဒါရိုက်တာ Yeong Sang Ho က Screen Daily သတင်းဌာနကို ပြောထားပါတယ်။

Photo via imdb

ဇာတ်လမ်းကတော့ Jung Seok ဆိုတဲ့ စစ်သားတစ်ယောက်ဟာ တစ်ချိန်က တောင်ကိုရီးယားနိုင်ငံပိုင် ဖြစ်ခဲ့ပြီး ဇွန်ဘီတွေရှိနေတဲ့ ကျွန်းဆွယ်တစ်ခုကနေ လွတ်မြောက်လာရာက စတင်ပါတယ်။ Jung Seok ဟာ အဲ့ဒီ့နေရာကနေ လွတ်မြောက်လာခဲ့ပေမယ့် အဲ့ဒီ့ကျွန်းဆွယ်မှာ ရှိနေတဲ့ အဖိုးတန်အရာတစ်ခုကို ယူလာခဲ့ဖို့ အဖွဲ့တစ်ဖွဲ့နဲ့ ပြန်လည်စေလွှတ်ခံခဲ့ရပါတယ်။ သို့ပေမယ့် အဲ့ဒီ့နေရာမှာ အသက်ရှင်ကျန်ရစ်နေတဲ့ လူတွေနဲ့ တွေ့ရတဲ့အခါမှာတော့ Jung Seok တို့အဖွဲ့ အကြပ်ရိုက်ရပါတော့တယ်။

Photo via imdb

Jung Seok နေရာမှာတော့ မင်းသား Gang Dong Won က သရုပ်ဆောင်ထားပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ Gang Dong Won ဟာလည်း ဘူဆန်မြို့မှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ တစ်ခြားပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Lee Jung Hyun ၊ Lee Re ၊ Kwon Hae Ryo ၊ Kim Min Jae နဲ့ Lee Ye Won တို့ ဖြစ်ပါတယ်။

ရုပ်ရှင်ထုတ်လုပ်ရေးအပိုင်းမှာတော့ တော်တော်လေး ခမ်းနားကြီးကျယ်အောင် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ ဘတ်ဂျက်အနေနဲ့ အမေရိကန်ဒေါ်လာ(၁၆)သန်း သုံးစွဲထားပြီး ဒါဟာ Train to Busan မှာ သုံးခဲ့တဲ့ ဘတ်ဂျက်ရဲ့ နှစ်ဆ ဖြစ်ပါတယ်။ Train to Busan မှာတော့ ရထားဘူတာတွေ၊ ရထားတွဲတွေပေါ်မှာ အဓိက ရိုက်ကူးခဲ့ပေမယ့် အခုလာမယ့် Peninsula ကတော့ ပိုပြီးကျယ်ပြန့် ကြီးမားတဲ့ နေရာတွေမှာ ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။

Photo via imdb

ရုပ်ရှင်ရိုက်ကူးဖန်တီးမှုအပိုင်းမှာတော့ ဒါရိုက်တာ Yeong Sang Ho ဟာ အခြားသော နာမည်ကြီးကမ္ဘာပျက်ကိန်း ရုပ်ရှင်တွေရဲ့ လွှမ်းမိုးမှုတွေနဲ့ မှီငြမ်းဖန်တီးထားတယ်လို့ သိရပါတယ်။ Land of the Dead ၊ Mad Max ၊ Mad Max: Fury Road ၊ The Road စတဲ့ ရုပ်ရှင်တွေကနေ စိတ်ကူးအိုင်ဒီယာတွေ ကွန့်မြူးထားတာပါ။ ဒါ့အပြင် ဂျပန်မန်ဂါတွေဖြစ်တဲ့ Akira နဲ့ Dragon Head တို့ဆီကလည်း မှီငြမ်းကိုးကားထားသေးတယ်လို့ ဆိုပါတယ်။

Peninsula ရုပ်ရှင်ကိုတော့ ၂၀၂၀ခုနှစ် ဩဂုတ်လမှာ ကိုရီးယားနိုင်ငံတစ်ဝှမ်း ရုံတင်ပြသမယ်လို့ ခန့်မှန်းထားကြပါတယ်။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

လူတိုင္းကို ထိုင္ရာကမထ ရင္တမမနဲ႔ ၾကည့္ရႈေစခဲ့တဲ့ Train to Busan ႐ုပ္ရွင္ထြက္ရွိၿပီး ေလးႏွစ္အၾကာမွာေတာ့ ေနာက္ဆက္တြဲ ႐ုပ္ရွင္အျဖစ္ Peninsula ထြက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။

Peninsula လို႔ နာမည္ေပးထားတဲ့ ဒီ႐ုပ္ရွင္အသစ္ဟာ Train to Busan ဇာတ္ကားထဲက အျဖစ္အပ်က္ေတြအၿပီး ေလးႏွစ္အၾကာ ကာလကို ဇာတ္အိမ္တည္ ျပသသြားမွာ ျဖစ္ပါတယ္။ ပထမဇာတ္ကားျဖစ္တဲ့ Train to Busan ထဲမွာ မင္းသား Gong Yoo ရဲ႕ သူရဲေကာင္းဆန္တဲ့ လုပ္ရပ္၊ Seok Woo ရဲ႕ အနစ္နာခံ၊ေပးဆပ္မႈေတြနဲ႔ ဇာတ္သိမ္းထားတာေၾကာင့္ အခုလာမယ့္ ႐ုပ္ရွင္ထဲမွာေရာ ဘယ္လိုပတ္သက္ ဆက္ႏြယ္မႈေတြ ပါဝင္မွာလည္းဆိုတာ ပရိသတ္ေတြကေတာ့ စိတ္ဝင္စားေနၾကမွာပါ။

Photo: fyi_filmkorea/ Instagram

Peninsula ကို ႐ိုက္ကူးထားတဲ့ ဒါ႐ိုက္တာ Yeong Sang Ho ကေတာ့ အခုလာမယ့္ဇာတ္ကားဟာ Train to Busan နဲ႔ ဇာတ္လမ္းပိုင္းမွာ တိုက္႐ိုက္ပတ္သက္တာမ်ိဳး ရွိမွာမဟုတ္ဘဲ ကာ႐ိုက္တာအသစ္ေတြကို ေတြ႕ရမွာပါလို႔ ေၾကျငာခ်က္မွာ ေျပာၾကားထားပါတယ္။

“ဇြန္ဘီေတြအားလုံးကို အစိုးရက သုတ္သင္ႏွိမ္နင္းၿပီးတဲ့အခ်ိန္မွာ ကိုရီးယားႏိုင္ငံနယ္ေျမထဲမွာ ဒီေကာင္ေတြက မရွိေတာ့ပါဘူး။ ဒါေၾကာင့္လည္း ႐ုပ္ရွင္နာမည္က ကြၽန္းဆြယ္လို႔ အဓိပၸာယ္ရတဲ့ Peninsula လို႔ ေပးထားတာပါ.. ” လို႔ ဒါ႐ိုက္တာ Yeong Sang Ho က Screen Daily သတင္းဌာနကို ေျပာထားပါတယ္။

Photo via imdb

ဇာတ္လမ္းကေတာ့ Jung Seok ဆိုတဲ့ စစ္သားတစ္ေယာက္ဟာ တစ္ခ်ိန္က ေတာင္ကိုရီးယားႏိုင္ငံပိုင္ ျဖစ္ခဲ့ၿပီး ဇြန္ဘီေတြရွိေနတဲ့ ကြၽန္းဆြယ္တစ္ခုကေန လြတ္ေျမာက္လာရာက စတင္ပါတယ္။ Jung Seok ဟာ အဲ့ဒီ့ေနရာကေန လြတ္ေျမာက္လာခဲ့ေပမယ့္ အဲ့ဒီ့ကြၽန္းဆြယ္မွာ ရွိေနတဲ့ အဖိုးတန္အရာတစ္ခုကို ယူလာခဲ့ဖို႔ အဖြဲ႕တစ္ဖြဲ႕နဲ႔ ျပန္လည္ေစလႊတ္ခံခဲ့ရပါတယ္။ သို႔ေပမယ့္ အဲ့ဒီ့ေနရာမွာ အသက္ရွင္က်န္ရစ္ေနတဲ့ လူေတြနဲ႔ ေတြ႕ရတဲ့အခါမွာေတာ့ Jung Seok တို႔အဖြဲ႕ အၾကပ္႐ိုက္ရပါေတာ့တယ္။

Photo via imdb

Jung Seok ေနရာမွာေတာ့ မင္းသား Gang Dong Won က သ႐ုပ္ေဆာင္ထားပါတယ္။ တိုက္တိုက္ဆိုင္ဆိုင္ပဲ Gang Dong Won ဟာလည္း ဘူဆန္ၿမိဳ႕မွာ ေမြးဖြားခဲ့သူ ျဖစ္ပါတယ္။ တစ္ျခားပါဝင္ထားတဲ့ သ႐ုပ္ေဆာင္ေတြကေတာ့ Lee Jung Hyun ၊ Lee Re ၊ Kwon Hae Ryo ၊ Kim Min Jae နဲ႔ Lee Ye Won တို႔ ျဖစ္ပါတယ္။

႐ုပ္ရွင္ထုတ္လုပ္ေရးအပိုင္းမွာေတာ့ ေတာ္ေတာ္ေလး ခမ္းနားႀကီးက်ယ္ေအာင္ ျပင္ဆင္ထားတယ္လို႔ သိရပါတယ္။ ဘတ္ဂ်က္အေနနဲ႔ အေမရိကန္ေဒၚလာ(၁၆)သန္း သုံးစြဲထားၿပီး ဒါဟာ Train to Busan မွာ သုံးခဲ့တဲ့ ဘတ္ဂ်က္ရဲ႕ ႏွစ္ဆ ျဖစ္ပါတယ္။ Train to Busan မွာေတာ့ ရထားဘူတာေတြ၊ ရထားတြဲေတြေပၚမွာ အဓိက ႐ိုက္ကူးခဲ့ေပမယ့္ အခုလာမယ့္ Peninsula ကေတာ့ ပိုၿပီးက်ယ္ျပန႔္ ႀကီးမားတဲ့ ေနရာေတြမွာ ႐ိုက္ကူးထားတယ္လို႔ ဆိုပါတယ္။

Photo via imdb

႐ုပ္ရွင္႐ိုက္ကူးဖန္တီးမႈအပိုင္းမွာေတာ့ ဒါ႐ိုက္တာ Yeong Sang Ho ဟာ အျခားေသာ နာမည္ႀကီးကမာၻပ်က္ကိန္း ႐ုပ္ရွင္ေတြရဲ႕ လႊမ္းမိုးမႈေတြနဲ႔ မွီျငမ္းဖန္တီးထားတယ္လို႔ သိရပါတယ္။ Land of the Dead ၊ Mad Max ၊ Mad Max: Fury Road ၊ The Road စတဲ့ ႐ုပ္ရွင္ေတြကေန စိတ္ကူးအိုင္ဒီယာေတြ ကြန႔္ျမဴးထားတာပါ။ ဒါ့အျပင္ ဂ်ပန္မန္ဂါေတြျဖစ္တဲ့ Akira နဲ႔ Dragon Head တို႔ဆီကလည္း မွီျငမ္းကိုးကားထားေသးတယ္လို႔ ဆိုပါတယ္။

Peninsula ႐ုပ္ရွင္ကိုေတာ့ ၂၀၂၀ခုႏွစ္ ဩဂုတ္လမွာ ကိုရီးယားႏိုင္ငံတစ္ဝွမ္း ႐ုံတင္ျပသမယ္လို႔ ခန႔္မွန္းထားၾကပါတယ္။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular