HomeEntertainmentFilmTrilogy အဖြစ် ပြန်လည်ရိုက်ကူးသွားမယ့် The Exorcist

Trilogy အဖြစ် ပြန်လည်ရိုက်ကူးသွားမယ့် The Exorcist

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

၁၉၇၃ ခုနှစ်က ထွက်ရှိခဲ့ပြီး နာမည်ကြီး ဂန္ထဝင် Horror ရုပ်ရှင်တစ်ကားဖြစ်တဲ့ The Exorcist ကို Universal Pictures နဲ့ Blumhouse Productions တို့က Trilogy အနေနဲ့ ပြန်လည်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

ဒီ Trilogy ထဲက ပထမဆုံးရုပ်ရှင်ကတော့ ၂၀၂၃ ခုနှစ်မှာ ထွက်ရှိလာမယ်လို့ ကြေညာထားပါတယ်။ ၁၉၇၃ ခုနှစ်က ထွက်ရှိထားတဲ့ The Exorcist ကတော့ Horror ရုပ်ရှင်ကားတွေထဲမှာ ရှားရှားပါးပါး အော်စကာနှစ်ဆုတောင် ရရှိထားတဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ ၁၉၇၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး စာရေးဆရာ William Peter Blatty ရေးသားထားတဲ့ The Exorcist ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

photo via screenrant

ယခင်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ ကောင်မလေးတစ်ယောက်ဟာ မကောင်းဆိုးဝါး ပူးကပ်ခံနေရတာကြောင့် သူမရဲ့မိခင်ဖြစ်သူက ဘုန်းတော်ကြီးနှစ်ပါးရဲ့ အကူအညီနဲ့ အဲ့ဒီကောင်မလေးကို ကယ်တင်ဖို့ ကြိုးစားတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ အသစ်ပြန်ရိုက်သွားမယ့် Trilogy ကတော့ ဒီဇာတ်လမ်းကိုပဲ ခေတ်သစ် ဗားရှင်းအနေနဲ့ ပြန်လည်ရိုက်ကူးမှာမျိုး မဟုတ်ဘဲ ၁၉၇၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ရဲ့ sequel အဆက်ပုံစံမျိူး ဖန်တီးသွားမှာလို့ သိရပါတယ်။

Universal Pictures က တရားဝင် ကြေညာထားတဲ့ သတင်းအရ ဒီ Trilogy ရဲ့ ပထမဆုံးရုပ်ရှင်ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၁၃)ရက်မှာ ရုံတင်သွားမယ်လို့ သိရပါတယ်။ နောက်ထပ် ထွက်ရှိလာဦးမယ့် ရုပ်ရှင်နှစ်ကားကတော့ ဘယ်အချိန်မှာ ထွက်ရှိလာမယ်ဆိုတာကို မသိရသေးပါဘူး။ ဒါ့အပြင် ဒီ Trilogy ကို ရိုက်ကူးဖို့အတွက် အခုမှ ပြင်ဆင်နေဆဲ ဖြစ်တာကြောင့် ဇာတ်လမ်းနဲ့ ပတ်သက်တဲ့ သတင်းတွေကိုလည်း မသိရသေးပါဘူး။

photo via screenrant

ဒီ Trilogy ရဲ့ ပထမဆုံးရုပ်ရှင်ကတောင် ၂၀၂၃ ခုနှစ်မှ ထွက်ရှိလာမှာ ဖြစ်တာကြောင့် ပရိသတ်တွေကတော့ အချိန်အတော်ကြာ စောင့်ရဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လောလောဆယ်မှာ Horror ပရိသတ်တွေ စောင့်မျှော်နေတဲ့ လူသတ်သမား Michael Myers ရဲ့ Halloween Trilogy လိုမျိူး The Exorcist Trilogy ကလည်း အောက်တိုဘာလအတွင်းမှာပဲ ထွက်ရှိလာမှာပါ။ The Exorcist Trilogy နဲ့ ပတ်သက်ပြီး နောက်ထပ် သတင်းအသစ်တွေ ရှိလာရင်လည်း ဖော်ပြပေးသွားပါဦးမယ်။

Legos

Source: Screenrant

(Zawgyi Version)

၁၉၇၃ ခုႏွစ္က ထြက္ရွိခဲ့ၿပီး နာမည္ႀကီး ဂႏၴဝင္ Horror ႐ုပ္ရွင္တစ္ကားျဖစ္တဲ့ The Exorcist ကို Universal Pictures နဲ႔ Blumhouse Productions တို႔က Trilogy အေနနဲ႔ ျပန္လည္႐ိုက္ကူးသြားမယ္လို႔ သိရပါတယ္။

ဒီ Trilogy ထဲက ပထမဆုံး႐ုပ္ရွင္ကေတာ့ ၂၀၂၃ ခုႏွစ္မွာ ထြက္ရွိလာမယ္လို႔ ေၾကညာထားပါတယ္။ ၁၉၇၃ ခုႏွစ္က ထြက္ရွိထားတဲ့ The Exorcist ကေတာ့ Horror ႐ုပ္ရွင္ကားေတြထဲမွာ ရွားရွားပါးပါး ေအာ္စကာႏွစ္ဆုေတာင္ ရရွိထားတဲ့ ႐ုပ္ရွင္တစ္ကား ျဖစ္ပါတယ္။ ဒီဇာတ္လမ္းကေတာ့ ၁၉၇၁ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး စာေရးဆရာ William Peter Blatty ေရးသားထားတဲ့ The Exorcist ဝတၳဳကို ျပန္လည္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။

photo via screenrant

ယခင္က ထြက္ရွိခဲ့တဲ့ ႐ုပ္ရွင္ရဲ႕ ဇာတ္လမ္းအက်ဥ္းကေတာ့ ေကာင္မေလးတစ္ေယာက္ဟာ မေကာင္းဆိုးဝါး ပူးကပ္ခံေနရတာေၾကာင့္ သူမရဲ႕မိခင္ျဖစ္သူက ဘုန္းေတာ္ႀကီးႏွစ္ပါးရဲ႕ အကူအညီနဲ႔ အဲ့ဒီေကာင္မေလးကို ကယ္တင္ဖို႔ ႀကိဳးစားတဲ့အေၾကာင္းပဲ ျဖစ္ပါတယ္။ အသစ္ျပန္႐ိုက္သြားမယ့္ Trilogy ကေတာ့ ဒီဇာတ္လမ္းကိုပဲ ေခတ္သစ္ ဗားရွင္းအေနနဲ႔ ျပန္လည္႐ိုက္ကူးမွာမ်ိဳး မဟုတ္ဘဲ ၁၉၇၃ ခုႏွစ္က ထြက္ရွိခဲ့တဲ့ ႐ုပ္ရွင္ရဲ႕ sequel အဆက္ပုံစံမ်ိဴး ဖန္တီးသြားမွာလို႔ သိရပါတယ္။

Universal Pictures က တရားဝင္ ေၾကညာထားတဲ့ သတင္းအရ ဒီ Trilogy ရဲ႕ ပထမဆုံး႐ုပ္ရွင္ဟာ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလ (၁၃)ရက္မွာ ႐ုံတင္သြားမယ္လို႔ သိရပါတယ္။ ေနာက္ထပ္ ထြက္ရွိလာဦးမယ့္ ႐ုပ္ရွင္ႏွစ္ကားကေတာ့ ဘယ္အခ်ိန္မွာ ထြက္ရွိလာမယ္ဆိုတာကို မသိရေသးပါဘူး။ ဒါ့အျပင္ ဒီ Trilogy ကို ႐ိုက္ကူးဖို႔အတြက္ အခုမွ ျပင္ဆင္ေနဆဲ ျဖစ္တာေၾကာင့္ ဇာတ္လမ္းနဲ႔ ပတ္သက္တဲ့ သတင္းေတြကိုလည္း မသိရေသးပါဘူး။

photo via screenrant

ဒီ Trilogy ရဲ႕ ပထမဆုံး႐ုပ္ရွင္ကေတာင္ ၂၀၂၃ ခုႏွစ္မွ ထြက္ရွိလာမွာ ျဖစ္တာေၾကာင့္ ပရိသတ္ေတြကေတာ့ အခ်ိန္အေတာ္ၾကာ ေစာင့္ရဦးမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ေလာေလာဆယ္မွာ Horror ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနတဲ့ လူသတ္သမား Michael Myers ရဲ႕ Halloween Trilogy လိုမ်ိဴး The Exorcist Trilogy ကလည္း ေအာက္တိုဘာလအတြင္းမွာပဲ ထြက္ရွိလာမွာပါ။ The Exorcist Trilogy နဲ႔ ပတ္သက္ၿပီး ေနာက္ထပ္ သတင္းအသစ္ေတြ ရွိလာရင္လည္း ေဖာ္ျပေပးသြားပါဦးမယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular