HomeEntertainmentFilmTurning Red Animated ရုပ်ရှင်ရဲ့ ဖန်တီးမှုနောက်ကွယ်က စိတ်ဝင်စားစရာအချက်များ

Turning Red Animated ရုပ်ရှင်ရဲ့ ဖန်တီးမှုနောက်ကွယ်က စိတ်ဝင်စားစရာအချက်များ

Turning Red ရုပ်ရှင်ကတော့ ယခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ ထွက်ရှိခဲ့ပြီး IMDb (7.0) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Mei Lee ဆိုတဲ့ အသက်(၁၃)နှစ်အရွယ် ကောင်မလေးတစ်ယောက်အကြောင်းကို ဖော်ပြထားတာ ဖြစ်ပါတယ်။ ထူးခြားတာကတော့ သူမဟာ စိတ်လှုပ်ရှားမှုတစ်ခုခု ဖြစ်သွားတိုင်းမှာ အနီရောင်ပန်ဒါဝက်ဝံအဖြစ် ပြောင်းလဲသွားတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ Turning Red Animated ရုပ်ရှင်နောက်ကွယ်က စိတ်ဝင်စားစရာတေွကို ဖော်ပြပေးချင်ပါတယ်။

(1) ဒီရုပ်ရှင်ဟာ ဒါရိုက်တာရဲ့ ငယ်ဘဝကို အခြေခံပြီး ဖန်တီးထားတာပါ။

photo via screenrant

ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Domee Shi ဟာ ကနေဒါနိုင်ငံမှာ ဆယ်ကျော်သက်အရွယ် အာရှသူအနေနဲ့ နေထိုင်ခဲ့တဲ့ သူမရဲ့ငယ်ဘဝကို အခြေခံပြီး ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် Mei ရဲ့မိခင်ဖြစ်သူကို ဖန်တီးတဲ့ အချိန်မှာတော့ ဒါရိုက်တာ Domee Shi ဟာ သူမရဲ့မိခင်ကိုပဲ အခြေခံပြီး ဖန်တီးထားတာ ဖြစ်သလို Mei ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ Abby ကိုလည်း သူမရဲ့ အချစ်ဆုံးသူငယ်ချင်းကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။

(2) Anime တွေကိုလည်း အခြေခံပြီး ဖန်တီးထားပါတယ်။

photo via screenrant

Turning Red ရုပ်ရှင်ကတော့ 2D ဖြစ်တဲ့ Anime စတိုင်လ်နဲ့ Pixar ရဲ့ 3D စတိုင်လ်တို့ကို ရောစပ်ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါရိုက်တာ Domee Shi ကတော့ Anime တွေထဲက ဇာတ်ကောင်တွေရဲ့ မျက်နှာအမူအယာတွေနဲ့ တုံ့ပြန်မှုတွေကို သဘောကျတယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါကိုကြည့်ပြီး ဇာတ်ကောင်တွေဟာ ဘာတွေခံစားနေရတယ် ဆိုတာကို ပရိသတ်တွေအတွက် ပိုမိုနားလည်ရ လွယ်ကူစေတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ထဲမှာတော့ Anime တွေထဲကလို မျက်လုံးက တောက်ပလာတာမျိူးတွေကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

(3) Mei ရဲ့ ကျောင်းဟာ အပြင်မှာ တကယ် ရှိပါတယ်။

photo via screenrant

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ ဒီရုပ်ရှင်ကို ဖန်တီးသူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေကို ပြန်လည်ဖန်တီးထားတာ ဖြစ်ပြီး Mei တို့ တက်နေတဲ့ မူလတန်းကျောင်းဟာလည်း အပြင်မှာ တကယ်ရှိပါတယ်။ အဲဒီကျောင်းကတော့ Toronto မှာ တည်ရှိပြီး Lester B. Pearson လို့ ခေါ်ပါတယ်။ ဒီကျောင်းရဲ့ အမည်ကတော့ ကနေဒါနိုင်ငံရဲ့ ဝန်ကြီးတစ်ယောက်အမည်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးထားတာ ဖြစ်ပါတယ်။

(4) Twilight ရဲ့ Parody လည်း ပါဝင်နေပါတယ်။

photo via screenrant

Mei ရဲ့ သူငယ်ချင်းဖြစ်တဲ့ Priya ကို ပထမဆုံး မြင်တွေ့ရတဲ့ အချိန်မှာတော့ သူမဟာ Vampire Romance စာအုပ်တစ်အုပ်ကို ကိုင်ထားတာ တွေ့ရပါတယ်။ ဒီစာအုပ်ရဲ့ အမည်ကတော့ Nightfall လို့ တွေ့ခဲ့ရပြီး ဒီအချက်ဟာ Stephenie Meyer ရဲ့ နာမည်ကြီးဝတ္ထုဖြစ်တဲ့ Twilight ကို Parody လုပ်ထားတယ်ဆိုတာ သိသာစေပါတယ်။

(5) Tyler ဟာ Mei ရဲ့သူငယ်ချင်း ဖြစ်လာမှာကို Foreshadow ပြထားပါတယ်။

photo via screenrant

ဇာတ်လမ်းအစမှာတော့ Tyler ဟာ Mei တို့အဖွဲ့နဲ့ မတည့်ဘဲ Mei ဟာလည်း သူမရဲ့ အရှက်ရစရာအကောင်းဆုံး အချိန်တွေမှာ Tyler နဲ့ တည့်တည့်တိုးလေ့ ရှိပါတယ်။ Tyler ကလည်း သူမကို လှောင်ပြောင်လေ့ ရှိပေမယ့် ဇာတ်လမ်းအဆုံးမှာတော့ သူတို့ဟာ သူငယ်ချင်းတွေ ဖြစ်သွားကြပါတယ်။ ဒီအချက်ကိုတော့ ဇာတ်လမ်းအစကတည်းက Foreshadow ပြထားပါတယ်။

Mei ကတော့ များသောအားဖြင့် အနီရောင်နဲ့ ပန်းရောင်တွေကို ဝတ်ဆင်လေ့ရှိပြီး Miriam ကတော့ အစိမ်းရောင်၊ Abby ကတော့ ခရမ်းရောင်နဲ့ Priya ကတော့ အဝါရောင်တို့ကို ဝတ်ဆင်လေ့ ရှိပါတယ်။ Tyler ကတော့ အပြာရောင်ကို ဝတ်ဆင်လေ့ရှိပြီး သူတို့အားလုံးရဲ့ အရောင်တွေဟာ လိုက်ဖက်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

(6) လကြတ်ခြင်းဟာ အပြင်မှာ တကယ်ဖြစ်ခဲ့ပါတယ်။

photo via screenrant

Mei ရဲ့ မိသားစုတွေဟာ သူမကို အနီရောင်ဝက်ဝံအဖြစ် မပြောင်းတော့အောင် အစီအရင် ပြုလုပ်ဖို့အတွက် အနီရောင်လ ဖြစ်တဲ့အချိန်ကို စောင့်ဆိုင်းခဲ့ရပါတယ်။ အနီရောင်လ ဖြစ်တာဟာ တကယ်တော့ လကြတ်တာပဲ ဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီရုပ်ရှင်ထဲက အဖြစ်အပျက်တွေအပြီး နောက်တစ်ရက်မှာ အနီရောင်လ တကယ်ဖြစ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ကတော့ ၂၀၀၂ ခုနှစ် မေလမှာ ဇာတ်အိမ်တည်ထားပြီး ဇာတ်လမ်းရဲ့ အဆုံးသတ်ချိန်မှာတော့ မေလ (၂၅)ရက်နေ့ ဖြစ်နေပါတယ်။ ဒါကိုတော့ ရုပ်ရှင်ထဲက ပြက္ခဒိန်တွေမှာ မြင်တွေ့ခဲ့ရတာ ဖြစ်ပြီး အပြင်လောကမှာတော့ ၂၀၀၂ ခုနှစ် မေလ (၂၆)ရက်နေ့မှာ တကယ်ပဲ လကြတ်တဲ့ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပါတယ်။

(7) မူလတုန်းကတော့ Ming ကို ဗီလိန်အဖြစ် ဖန်တီးခဲ့တာပါ။

photo via screenrant

Disney နဲ့ Pixar တို့ရဲ့ နောက်ပိုင်းထွက်တဲ့ Animation တွေဟာ ဗီလိန်စစ်စစ် မပါဝင်ကြဘဲ Turning Red ဟာလည်း အလားတူပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Ming ဟာ ကောင်းစေချင်လို့ ပြုလုပ်ပေမယ့် တခြားသူတွေကို ထိခိုက်စေတာမျိူး ရှိပေမယ့်လည်း ဗီလိန်စစ်စစ်ကြီးတော့ မဟုတ်ပါဘူး။ မူလဖန်တီးခါစတုန်းကတော့ Ming ကို ဗီလိန်အဖြစ် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းထဲမှာတော့ Ming ဟာ Mei ကို အားပေးရမယ့်အစား Mei ရဲ့ခံစားချက်တွေကို ထည့်မတွက်ဘဲ သူမရဲ့ကျိန်စာကို အသုံးချကာ စီးပွားရှာတာမျိူး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါကတော့ Turning Red Animated ရုပ်ရှင်ရဲ့ နောက်ကွယ်က စိတ်ဝင်စားစရာ အချက်တချို့ပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရှုရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular