HomeCelebs Update NewsInternationalဇာတ်လမ်းတွဲတစ်ခုတည်းမှာ အတူသရုပ်ဆောင်ရင်း ဖူးစာဆုံခဲ့ကြသူများ

ဇာတ်လမ်းတွဲတစ်ခုတည်းမှာ အတူသရုပ်ဆောင်ရင်း ဖူးစာဆုံခဲ့ကြသူများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ရုပ်ရှင်လောကမှာ Tom Cruise နဲ့ Nicole Kidman တို့အပြင် Brad Pitt နဲ့ Angelina Jolie တို့လိုပဲ ရုပ်ရှင်အတူရိုက်ရင်း၊ တီဗွီရှိုး အတူတူရိုက်ရင်းနဲ့ တစ်ယောက်နဲ့တစ်ယောက် လက်ထပ်ယူတဲ့အထိ ချစ်ခင်နှစ်သက်သွားကြတဲ့ စုံတွဲတွေများစွာ ရှိပါတယ်။ သို့ပေမယ့် ဒီလိုချစ်ကြိုက်ကြတဲ့ နေရာမှာ တစ်ခါတစ်လေတော့လည်း ကျော်မကောင်းကြားမကောင်း ရှိတတ်ပါတယ်။ အထူးသဖြင့် တစ်ယောက်၊ ဒါမှမဟုတ် နှစ်ယောက်စလုံးမှာ ဆိုင်သူကိုယ်စီ ရှိပြီးမှ ချစ်ကြိုက်သွားကြတာမျိုး ဖြစ်ပါတယ်။ အခုဖော်ပြပေးသွားမှာကတော့ ဇာတ်လမ်းတွဲတစ်ခုတည်းမှာ ဆုံတွေ့ပြီး ချစ်ကြိုက်ကာ ဖူးစာဆုံသွားကြတဲ့ နာမည်ကျော်စုံတွဲများပဲ ဖြစ်ပါတယ်။

Anna Paquin နဲ့ Stephen Moyer (True Blood)
photo via screenrant

Anna Paquin နဲ့ Stephen Moyer တို့စုံတွဲကတော့ ၂၀၀၇ခုနှစ်မှာ True Blood ဇာတ်လမ်းတွဲ ရိုက်ကူးနေစဉ်မှာပဲ ချက်ချင်း ချစ်ကြိုက်သွားကြတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့ရဲ့ဇာတ်လမ်းတွဲ မပြီးပြတ်သေးခင် ၂၀၀၉ခုနှစ်မှာပဲ စေ့စပ်ခဲ့ကြပြီး ၂၀၁၀ခုနှစ်မှာတော့ တရားဝင် လက်ထပ်ခဲ့ကြပါတယ်။ Moyer ရဲ့ အရင်အိမ်ထောင်က သမီးနှစ်ယောက်အပြင် အမွှာကလေးတွေကိုပါ ထပ်မံပိုင်ဆိုင်ထားကြပြီး ကောင်းမွန်တဲ့ အိမ်ထောင်ရေးတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါတယ်။ True Blood ဇာတ်လမ်းတွဲကိုလည်း ၂၀၁၄ခုနှစ်အထိ ဆက်လက် ထုတ်လွှင့်ခဲ့ပြီး သူတို့သရုပ်ဆောင်ခဲ့တဲ့ Bill နဲ့ Sookie နေရာမှာ တစ်ခြားသရုပ်ဆောင်တွေသာ ဖြစ်ခဲ့မယ်ဆိုရင် ဒီလိုဆုံတွေ့ခဲ့နိုင်ပါ့မလားဆိုတာ တွေးစရာပဲ ဖြစ်ပါတယ်။

Mila Kunis နဲ့ Ashton Kutcher (That ’70s Show)
photo via screenrant

Kunis နဲ့ Kutcher တို့ကတော့ အတူတွဲဖက်သရုပ်ဆောင်ခဲ့စဉ်က ဖူးစာမဆုံသေးဘဲ နှစ်အတော်လေး ကြာပြီးမှ လက်ထပ်ဖြစ်ခဲ့ကြတာပါ။ သူတို့နှစ်ယောက်ဟာ ၁၉၉၀ခုနှစ် နှောင်းပိုင်းလောက်က That ’70s Show ဆိုတဲ့ ကျောင်းသားအချစ် ဇာတ်လမ်းတွဲမှာ အတူတွဲသရုပ်ဆောင်ခဲ့ကြပါတယ်။ စီးရီးတစ်ခုပြီးတိုင်း သရုပ်ဆောင်တွေကတော့ တစ်နေရာစီမှာ ကွဲကွာနေလေ့ရှိပေမယ့် Kunis နဲ့ Kutcher တို့ရဲ့ girlfriend နဲ့ boyfriend ဆိုတဲ့ ဂုဏ်ဒြပ်လေးတစ်ခုကတော့ ဖန်သားပြင်ပေါ်မှာ အမြဲတည်ရှိနေခဲ့ပါတယ်။

Kunis ဟာ Home Alone ဇာတ်ကားမှာ ကလေးသရုပ်ဆောင်အဖြစ် နာမည်ကြီးခဲ့တဲ့ Macaulay Culkin နဲ့ ၂၀၀၂ခုနှစ်ကနေ ၂၀၁၁ခုနှစ်အထိ တွဲခုတ်နေခဲ့ချိန် Kutcher ကတော့ ရုပ်ရှင်မင်းသမီးကြီး Demi Moore နဲ့  ၂၀၀၅ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့အတွဲဟာ ၂၀၁၁ခုနှစ်မှာ ကွာရှင်းခဲ့ကြပါတယ်။ ကံတရားလို့ပဲ ဆိုရမလိုပါပဲ။ ၂၀၁၂ခုနှစ်မှာတော့ Kunis နဲ့ Kutcher တို့ဟာ ပြန်လက်တွဲခဲ့ကြပြီး အချိန်ကြာ သမီးရည်းစားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ သူတို့ရဲ့အချစ်ရေးက တကယ်ဖြစ်လာတဲ့အခါမှာ ပရိသတ်တွေလည်း များစွာကျေနပ်ပီတိ ဖြစ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ Kunis နဲ့ Kutcher  ဟာ ၂၀၁၅ခုနှစ်မှာ တရားဝင်လက်ထပ်ခဲ့ကြပြီး အခုဆိုရင်တော့ ကလေးနှစ်ယောက် ထွန်းကားခဲ့ပါပြီ။

Jared Padalecki နဲ့ Genevieve Cortese (Supernatural)
photo via screenrant

နာမည်ကျော် စီးရီးတစ်ခုဖြစ်တဲ့ Supernatural ဇာတ်လမ်းတွဲက အဓိကသရုပ်ဆောင် Sam Winchester လို့ လူသိများတဲ့ Padalecki ဟာ ၂၀၁၀ခုနှစ်လောက်မှာတော့ ဇာတ်လမ်းတွဲထဲမှာ အတူတွဲဖက် သရုပ်ဆောင်ဖူးတဲ့ Cortese နဲ့ စေ့စပ်ခဲ့ပါတယ်။ Cortese ဟာဆိုရင်တော့ ဇာတ်လမ်းထဲမှာ မကြာခဏ ပေါ်လိုက်ပျောက်လိုက် သရုပ်ဆောင်ခဲ့ရတဲ့ နတ်ဆိုး Ruby ဖြစ်ပါတယ်။ သူတို့စုံတွဲဟာ အခုထိ တွဲလက်တွေမြဲနေပြီး သားသမီးသုံးယောက် ရှိနေပါပြီ။ Padalecki ဟာ New York မြို့ရဲ့ MOMA ပြတိုက်မှာရှိပြီး Cortese အကြိုက်ဆုံးဖြစ်တဲ့ Jules Bastien-Lepage ရဲ့ နာမည်‌ကျော်ပန်းချီကား “Joan of Arc” အရှေ့မှာ ချစ်ရေးဆိုခဲ့လို့ သူတို့အချစ်ရေးဟာ ကဗျာဆန်တယ်လို့ ပြောစမှတ်ပြုခဲ့ကြပါတယ်။

Jennifer Garner နဲ့ Scott Foley (Felicity)
photo via screenrant

Jennifer ဟာ Daredevil ဇာတ်ကားကို ရိုက်ကူးရင်းနဲ့ တွဲဖက်သရုပ်ဆောင် Ben Affleck နဲ့ ချစ်ကြိုက်ပြီး လက်မထပ်ခင်မှာ အိမ်ထောင်ကျဖူးခဲ့ပါသေးတယ်။ သူကတော့ ၁၉၉၈ခုနှစ်က တီဗွီရှိုးတစ်ခုဖြစ်တဲ့ Felicity မှာ အတူတွဲ သရုပ်ဆောင်ဖူးတဲ့ သရုပ်ဆောင် Scott Foley ဖြစ်ပါတယ်။ Jennifer နဲ့ Foley ဟာ ချစ်သူအဖြစ်တွဲပြီး နှစ်နှစ်အကြာမှာ လက်ထပ်ခဲ့ပေမယ့် သုံးနှစ်ကြာ ပေါင်းသင်းပြီးနောက်မှာတော့ ပြန်လည်ကွာရှင်းခဲ့ကြပါတယ်။ ဇာတ်လမ်းတွဲမှာ ဆုံတဲ့ ဒီဖူးစာကတော့ သိပ်ပြီးမခိုင်မာခဲ့ဘူးလို့ ပြောရမှာပါ။ Jennifer ဟာ ၂၀၀၄ခုနှစ်ဝန်းကျင်တုန်းကလည်း Alias ရှိုးမှာ အတူတွဲသရုပ်ဆောင်ဖူးတဲ့ Michael Vartan နဲ့လည်း တွဲခုတ်ခဲ့ဖူးပါသေးတယ်။

Kit Harington နဲ့ Rose Leslie (Game of Thrones)
photo via screenrant

ဇာတ်လမ်းထဲမှာ “You know nothing Jon Snow … ” လို့ ပြတ်သားစွာ ပြောခဲ့ဖူးတဲ့ အမျိုးသမီးဟာ တကယ့်အပြင်မှာ သရုပ်ဆောင် Kit Harington ရဲ့ နှလုံးသားကို သိမ်းပိုက်သွားလိမ့်မယ်လို့ ဘယ်သူကမှ ကြိုမသိခဲ့ကြပါဘူး။ Game of Thrones စီးရီးမှာ Jon Snow နဲ့ သူ့ရဲ့အချစ်ဦး Ygritte အဖြစ် သရုပ်ဆောင်ခဲ့ကြတဲ့ Harington နဲ့ Leslie တို့ဟာ ၂၀၁၁ခုနှစ် ဇာတ်လမ်းရိုက်ကူးနေဆဲ ကာလမှာပဲ စတင်ဒိတ်လုပ်ခဲ့ကြပြီးတော့ ဇာတ်လမ်းထဲကအတိုင်း တကယ့်ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ခြောက်နှစ်ကြာ တွဲပြီးနောက် ၂၀၁၈ခုနှစ်မှာ တရားဝင် လက်ထပ်ခဲ့ကြပါတယ်။ ၂၀၂၀ခုနှစ် စက်တင်ဘာလမှာတော့ မဂ္ဂဇင်းရိုက်ကွင်းတစ်ခုမှာ Leslie ဟာ ကိုယ်ဝန်အရင့်အမာ လွယ်ထားရတာကို ရှင်းလင်းစွာ တွေ့ခဲ့ရပါတယ်။

ရိုက်ကွင်းမှာ ဒီလိုပဲတွေ့ဆုံပြီး ချစ်ကြိုက်ကာ အကြောင်းပါသွားကြတဲ့ စုံတွဲတွေဟာ ရုပ်ရှင်လောကမှာ အများကြီးရှိသလို တစ်ခြားအနုပညာလောကတွေမှာလည်း ရှိပါတယ်။ တစ်ခြားစုံတွဲပေါင်းများစွာ ရှိသေးတဲ့ထဲက စာဖတ်သူတို့ သိတာရှိရင်လည်း မျှဝေပေးသွားပါဦး။

C 21

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

႐ုပ္ရွင္ေလာကမွာ Tom Cruise နဲ႔ Nicole Kidman တို႔အျပင္ Brad Pitt နဲ႔ Angelina Jolie တို႔လိုပဲ ႐ုပ္ရွင္အတူ႐ိုက္ရင္း၊ တီဗြီရႈိး အတူတူ႐ိုက္ရင္းနဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္ လက္ထပ္ယူတဲ့အထိ ခ်စ္ခင္ႏွစ္သက္သြားၾကတဲ့ စုံတြဲေတြမ်ားစြာ ရွိပါတယ္။ သို႔ေပမယ့္ ဒီလိုခ်စ္ႀကိဳက္ၾကတဲ့ ေနရာမွာ တစ္ခါတစ္ေလေတာ့လည္း ေက်ာ္မေကာင္းၾကားမေကာင္း ရွိတတ္ပါတယ္။ အထူးသျဖင့္ တစ္ေယာက္၊ ဒါမွမဟုတ္ ႏွစ္ေယာက္စလုံးမွာ ဆိုင္သူကိုယ္စီ ရွိၿပီးမွ ခ်စ္ႀကိဳက္သြားၾကတာမ်ိဳး ျဖစ္ပါတယ္။ အခုေဖာ္ျပေပးသြားမွာကေတာ့ ဇာတ္လမ္းတြဲတစ္ခုတည္းမွာ ဆုံေတြ႕ၿပီး ခ်စ္ႀကိဳက္ကာ ဖူးစာဆုံသြားၾကတဲ့ နာမည္ေက်ာ္စုံတြဲမ်ားပဲ ျဖစ္ပါတယ္။

Anna Paquin နဲ႔ Stephen Moyer (True Blood)
photo via screenrant

Anna Paquin နဲ႔ Stephen Moyer တို႔စုံတြဲကေတာ့ ၂၀၀၇ခုႏွစ္မွာ True Blood ဇာတ္လမ္းတြဲ ႐ိုက္ကူးေနစဥ္မွာပဲ ခ်က္ခ်င္း ခ်စ္ႀကိဳက္သြားၾကတာ ျဖစ္ပါတယ္။ ဒီလိုနဲ႔ သူတို႔ရဲ႕ဇာတ္လမ္းတြဲ မၿပီးျပတ္ေသးခင္ ၂၀၀၉ခုႏွစ္မွာပဲ ေစ့စပ္ခဲ့ၾကၿပီး ၂၀၁၀ခုႏွစ္မွာေတာ့ တရားဝင္ လက္ထပ္ခဲ့ၾကပါတယ္။ Moyer ရဲ႕ အရင္အိမ္ေထာင္က သမီးႏွစ္ေယာက္အျပင္ အမႊာကေလးေတြကိုပါ ထပ္မံပိုင္ဆိုင္ထားၾကၿပီး ေကာင္းမြန္တဲ့ အိမ္ေထာင္ေရးတစ္ခုအျဖစ္ ဆက္လက္တည္ရွိေနဆဲ ျဖစ္ပါတယ္။ True Blood ဇာတ္လမ္းတြဲကိုလည္း ၂၀၁၄ခုႏွစ္အထိ ဆက္လက္ ထုတ္လႊင့္ခဲ့ၿပီး သူတို႔သ႐ုပ္ေဆာင္ခဲ့တဲ့ Bill နဲ႔ Sookie ေနရာမွာ တစ္ျခားသ႐ုပ္ေဆာင္ေတြသာ ျဖစ္ခဲ့မယ္ဆိုရင္ ဒီလိုဆုံေတြ႕ခဲ့ႏိုင္ပါ့မလားဆိုတာ ေတြးစရာပဲ ျဖစ္ပါတယ္။

Mila Kunis နဲ႔ Ashton Kutcher (That ’70s Show)
photo via screenrant

Kunis နဲ႔ Kutcher တို႔ကေတာ့ အတူတြဲဖက္သ႐ုပ္ေဆာင္ခဲ့စဥ္က ဖူးစာမဆုံေသးဘဲ ႏွစ္အေတာ္ေလး ၾကာၿပီးမွ လက္ထပ္ျဖစ္ခဲ့ၾကတာပါ။ သူတို႔ႏွစ္ေယာက္ဟာ ၁၉၉၀ခုႏွစ္ ေႏွာင္းပိုင္းေလာက္က That ’70s Show ဆိုတဲ့ ေက်ာင္းသားအခ်စ္ ဇာတ္လမ္းတြဲမွာ အတူတြဲသ႐ုပ္ေဆာင္ခဲ့ၾကပါတယ္။ စီးရီးတစ္ခုၿပီးတိုင္း သ႐ုပ္ေဆာင္ေတြကေတာ့ တစ္ေနရာစီမွာ ကြဲကြာေနေလ့ရွိေပမယ့္ Kunis နဲ႔ Kutcher တို႔ရဲ႕ girlfriend နဲ႔ boyfriend ဆိုတဲ့ ဂုဏ္ျဒပ္ေလးတစ္ခုကေတာ့ ဖန္သားျပင္ေပၚမွာ အၿမဲတည္ရွိေနခဲ့ပါတယ္။

Kunis ဟာ Home Alone ဇာတ္ကားမွာ ကေလးသ႐ုပ္ေဆာင္အျဖစ္ နာမည္ႀကီးခဲ့တဲ့ Macaulay Culkin နဲ႔ ၂၀၀၂ခုႏွစ္ကေန ၂၀၁၁ခုႏွစ္အထိ တြဲခုတ္ေနခဲ့ခ်ိန္ Kutcher ကေတာ့ ႐ုပ္ရွင္မင္းသမီးႀကီး Demi Moore နဲ႔  ၂၀၀၅ခုႏွစ္မွာ လက္ထပ္ခဲ့ပါတယ္။ ဒါေပမယ့္ သူတို႔အတြဲဟာ ၂၀၁၁ခုႏွစ္မွာ ကြာရွင္းခဲ့ၾကပါတယ္။ ကံတရားလို႔ပဲ ဆိုရမလိုပါပဲ။ ၂၀၁၂ခုႏွစ္မွာေတာ့ Kunis နဲ႔ Kutcher တို႔ဟာ ျပန္လက္တြဲခဲ့ၾကၿပီး အခ်ိန္ၾကာ သမီးရည္းစားအျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ သူတို႔ရဲ႕အခ်စ္ေရးက တကယ္ျဖစ္လာတဲ့အခါမွာ ပရိသတ္ေတြလည္း မ်ားစြာေက်နပ္ပီတိ ျဖစ္ခဲ့ၾကပါတယ္။ ဒီလိုနဲ႔ Kunis နဲ႔ Kutcher  ဟာ ၂၀၁၅ခုႏွစ္မွာ တရားဝင္လက္ထပ္ခဲ့ၾကၿပီး အခုဆိုရင္ေတာ့ ကေလးႏွစ္ေယာက္ ထြန္းကားခဲ့ပါၿပီ။

Jared Padalecki နဲ႔ Genevieve Cortese (Supernatural)
photo via screenrant

နာမည္ေက်ာ္ စီးရီးတစ္ခုျဖစ္တဲ့ Supernatural ဇာတ္လမ္းတြဲက အဓိကသ႐ုပ္ေဆာင္ Sam Winchester လို႔ လူသိမ်ားတဲ့ Padalecki ဟာ ၂၀၁၀ခုႏွစ္ေလာက္မွာေတာ့ ဇာတ္လမ္းတြဲထဲမွာ အတူတြဲဖက္ သ႐ုပ္ေဆာင္ဖူးတဲ့ Cortese နဲ႔ ေစ့စပ္ခဲ့ပါတယ္။ Cortese ဟာဆိုရင္ေတာ့ ဇာတ္လမ္းထဲမွာ မၾကာခဏ ေပၚလိုက္ေပ်ာက္လိုက္ သ႐ုပ္ေဆာင္ခဲ့ရတဲ့ နတ္ဆိုး Ruby ျဖစ္ပါတယ္။ သူတို႔စုံတြဲဟာ အခုထိ တြဲလက္ေတြၿမဲေနၿပီး သားသမီးသုံးေယာက္ ရွိေနပါၿပီ။ Padalecki ဟာ New York ၿမိဳ႕ရဲ႕ MOMA ျပတိုက္မွာရွိၿပီး Cortese အႀကိဳက္ဆုံးျဖစ္တဲ့ Jules Bastien-Lepage ရဲ႕ နာမည္‌ေက်ာ္ပန္းခ်ီကား “Joan of Arc” အေရွ႕မွာ ခ်စ္ေရးဆိုခဲ့လို႔ သူတို႔အခ်စ္ေရးဟာ ကဗ်ာဆန္တယ္လို႔ ေျပာစမွတ္ျပဳခဲ့ၾကပါတယ္။

Jennifer Garner နဲ႔ Scott Foley (Felicity)
photo via screenrant

Jennifer ဟာ Daredevil ဇာတ္ကားကို ႐ိုက္ကူးရင္းနဲ႔ တြဲဖက္သ႐ုပ္ေဆာင္ Ben Affleck နဲ႔ ခ်စ္ႀကိဳက္ၿပီး လက္မထပ္ခင္မွာ အိမ္ေထာင္က်ဖူးခဲ့ပါေသးတယ္။ သူကေတာ့ ၁၉၉၈ခုႏွစ္က တီဗြီရႈိးတစ္ခုျဖစ္တဲ့ Felicity မွာ အတူတြဲ သ႐ုပ္ေဆာင္ဖူးတဲ့ သ႐ုပ္ေဆာင္ Scott Foley ျဖစ္ပါတယ္။ Jennifer နဲ႔ Foley ဟာ ခ်စ္သူအျဖစ္တြဲၿပီး ႏွစ္ႏွစ္အၾကာမွာ လက္ထပ္ခဲ့ေပမယ့္ သုံးႏွစ္ၾကာ ေပါင္းသင္းၿပီးေနာက္မွာေတာ့ ျပန္လည္ကြာရွင္းခဲ့ၾကပါတယ္။ ဇာတ္လမ္းတြဲမွာ ဆုံတဲ့ ဒီဖူးစာကေတာ့ သိပ္ၿပီးမခိုင္မာခဲ့ဘူးလို႔ ေျပာရမွာပါ။ Jennifer ဟာ ၂၀၀၄ခုႏွစ္ဝန္းက်င္တုန္းကလည္း Alias ရႈိးမွာ အတူတြဲသ႐ုပ္ေဆာင္ဖူးတဲ့ Michael Vartan နဲ႔လည္း တြဲခုတ္ခဲ့ဖူးပါေသးတယ္။

Kit Harington နဲ႔ Rose Leslie (Game of Thrones)
photo via screenrant

ဇာတ္လမ္းထဲမွာ “You know nothing Jon Snow … ” လို႔ ျပတ္သားစြာ ေျပာခဲ့ဖူးတဲ့ အမ်ိဳးသမီးဟာ တကယ့္အျပင္မွာ သ႐ုပ္ေဆာင္ Kit Harington ရဲ႕ ႏွလုံးသားကို သိမ္းပိုက္သြားလိမ့္မယ္လို႔ ဘယ္သူကမွ ႀကိဳမသိခဲ့ၾကပါဘူး။ Game of Thrones စီးရီးမွာ Jon Snow နဲ႔ သူ႔ရဲ႕အခ်စ္ဦး Ygritte အျဖစ္ သ႐ုပ္ေဆာင္ခဲ့ၾကတဲ့ Harington နဲ႔ Leslie တို႔ဟာ ၂၀၁၁ခုႏွစ္ ဇာတ္လမ္း႐ိုက္ကူးေနဆဲ ကာလမွာပဲ စတင္ဒိတ္လုပ္ခဲ့ၾကၿပီးေတာ့ ဇာတ္လမ္းထဲကအတိုင္း တကယ့္ခ်စ္သူေတြ ျဖစ္ခဲ့ၾကပါတယ္။ ဒီလိုနဲ႔ ေျခာက္ႏွစ္ၾကာ တြဲၿပီးေနာက္ ၂၀၁၈ခုႏွစ္မွာ တရားဝင္ လက္ထပ္ခဲ့ၾကပါတယ္။ ၂၀၂၀ခုႏွစ္ စက္တင္ဘာလမွာေတာ့ မဂၢဇင္း႐ိုက္ကြင္းတစ္ခုမွာ Leslie ဟာ ကိုယ္ဝန္အရင့္အမာ လြယ္ထားရတာကို ရွင္းလင္းစြာ ေတြ႕ခဲ့ရပါတယ္။

႐ိုက္ကြင္းမွာ ဒီလိုပဲေတြ႕ဆုံၿပီး ခ်စ္ႀကိဳက္ကာ အေၾကာင္းပါသြားၾကတဲ့ စုံတြဲေတြဟာ ႐ုပ္ရွင္ေလာကမွာ အမ်ားႀကီးရွိသလို တစ္ျခားအႏုပညာေလာကေတြမွာလည္း ရွိပါတယ္။ တစ္ျခားစုံတြဲေပါင္းမ်ားစြာ ရွိေသးတဲ့ထဲက စာဖတ္သူတို႔ သိတာရွိရင္လည္း မွ်ေဝေပးသြားပါဦး။

C 21

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular