HomeCelebs Update NewsInternational(၁၁)နှစ်ကြာပြီးနောက် မြင်တွေ့ရမယ့် The Vampire Diaries သရုပ်ဆောင်တွေရဲ့ အနေအထား

(၁၁)နှစ်ကြာပြီးနောက် မြင်တွေ့ရမယ့် The Vampire Diaries သရုပ်ဆောင်တွေရဲ့ အနေအထား

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပရိသတ်တွေ အားပေးခဲ့ကြတဲ့ The Vampire Dairies ဇာတ်လမ်းတွဲဟာ အခုဆိုရင် (၁၁)နှစ်တိတိ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၀၉ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့က စတင်ထုတ်လွှင့်ခဲ့ပြီး ၂၀၁၇ခုနှစ် မေလအထိ အပိုင်းပေါင်း(၁၇၁)ပိုင်းနဲ့ season (၈)ခု ထုတ်လွှင့်ခဲ့တဲ့ ဒီစီးရီးဟာ အမာခံပရိသတ်များစွာ ရရှိထားခဲ့ပါတယ်။ ဇာတ်လမ်းတွဲက ပြီးဆုံးသွားခဲ့ပေမယ့် ဒီထဲက သရုပ်ဆောင်တွေကတော့ သူတို့ရဲ့ဘဝခရီးကို အနုပညာနယ်ပယ်ထဲမှာ ဆက်လက်လျှောက်လှမ်းနေကြဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ရှိုးထုတ်လွှင့်ပြီး (၁၁)နှစ်အကြာမှာ The Vampire Dairies သရုပ်ဆောင်တွေ ဘယ်ရောက်နေကြပြီလည်းဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

Nina Dobrev
Photo: nina/ Instagram

အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသမီး Nina Dobrev ဟာ ငယ်ငယ်လေးနဲ့ မိဘတွေကို ဆုံးရှုံးသွားပြီး သွေးစုပ်ဖုတ်ကောင် ညီအစ်ကိုနှစ်ဦးနဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း ဖြစ်ခဲ့တဲ့ ကောင်မလေး Elena Gilbert အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် Nina ဟာ Elena နဲ့ တစ်ရုပ်တည်း ဆင်တူတဲ့ သွေးစုပ်ဖုတ်ကောင် အမျိုးသမီး Katherine Pierce နဲ့ Gilbert အိမ်က အမျိုးသမီးတွေရဲ့ original ဖြစ်တဲ့ Amara အဖြစ်ပါ စုစုပေါင်း ကာရိုက်တာ သုံးခုမှာ သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။ သူမဟာ season (၈)ခုမှာ (၆)ခုအထိ ပါဝင်ခဲ့ပြီး ရှိုးရဲ့ နောက်ဆုံးဇာတ်သိမ်းပိုင်းမှာတော့ ပြန်လည်ပါဝင်ခဲ့ပါတယ်။

Nina ဟာ Vampire Diaries အလွန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အခြားစီးရီးတွေမှာ သရုပ်ဆောင်ထားပါတယ်။ xXx: Return of Xander Cage ၊ Lucky Day အစရှိတဲ့ ရုပ်ရှင်တွေမှာ ပါဝင်ထားသလို CBS က ထုတ်လွှင့်တဲ့ Fam ဇာတ်လမ်းတွဲမှာလည်း ပါဝင်ထားပါသေးတယ်။ လက်ရှိမှာတော့ သူမဟာ ချစ်သူအသစ် ရထားပါတယ်။ သူမရဲ့ချစ်သူကတော့ အိုလံပစ်အားကစားသမား Shaun White ဖြစ်ပါတယ်။

Paul Wesley
Photo: paulwesley/ Instagram

Paul Wesley ကတော့ အခုဆိုရင် အသက်(၃၈)နှစ် ရှိပါပြီ။ သူကတော့ သွေးစုပ်ဖုတ်ကောင် Salvatore ညီအစ်ကိုနှစ်ယောက်ထဲက အငယ်ဖြစ်သူ Stefan နေရာက သရုပ်ဆောင်ခဲ့ပါတယ်။ Paul ဟာ Vampire Diaries အပြီးမှာလည်း နောက်ထပ် ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ Tell Me A Story စီးရီးနဲ့ ၂၀၂၀ခုနှစ်မှာ အသစ်ထွက်ရှိထားတဲ့ Defending Jacob ဇာတ်လမ်းတွဲထဲမှာလည်း Chris Evans ၊ Michelle Dockery တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

Paul ဟာ သရုပ်ဆောင်အပြင် ဒါရိုက်တာအဖြစ်လည်း လုပ်ကိုင်ကာ ဘရော့ဒ်ဝေးပြဇာတ်တွေမှာလည်း သရုပ်ဆောင်ထားပါသေးတယ်။ The Vampire Diaries ထဲက အပိုင်းတော်တော်များများကိုလည်း သူကိုယ်တိုင် ရိုက်ကူးပေးထားတာပါ။ Paul ဟာ Ines de Ramon ဆိုတဲ့ ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ထားပါတယ်။

Ian Somerhalder
Photo: iansomerhalder/ Instagram

အသက်(၄၁)နှစ်အရွယ် ရှိပြီဖြစ်တဲ့ မင်းသား Ian Somerhalder ဟာ Vampire Diaries ထဲမှာတော့ Salvatore ညီအစ်ကိုထဲက အစ်ကိုကြီး Damon အဖြစ် သရုပ်ဆောင်ထားသူပါ။ Ian ဟာ စီးရီးရဲ့ season (၈)ခုလုံးမှာ ပါဝင်ခဲ့ရသူဖြစ်ပြီး လက်ရှိမှာတော့ Twilight ဇာတ်ကားထဲက သရုပ်ဆောင် Nikki Reed နဲ့ လက်ထပ်ထားသူ ဖြစ်ပါတယ်။ သူတို့နှစ်ဦးမှာတော့ Bodhi ဆိုတဲ့ အသက်(၃)နှစ်အရွယ် သမီးလေးတစ်ယောက် ထွန်းကားထားပါတယ်။ မကြာသေးခင်ကမှ သူ သရုပ်ဆောင်ထားတဲ့ စီးရီးကတော့ V Wars ဖြစ်ပါတယ်။

Kat Graham
Photo: katgraham/ Instagram

Kat Graham ကတော့ စုန်းမလေး Bonnie Bennett နေရာကနေ သရုပ်ဆောင်ထားသူပါ။ သူမဟာ Elena နဲ့ Caroline တို့ရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်ပြီး လူ့ပြည်နဲ့ ပရလောကသားတွေရဲ့ကြားမှာ ဖျန်ဖြေသူတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။

Kat ဟာ သရုပ်ဆောင်တစ်ယောက်တင် မဟုတ်ဘဲ အဆိုတော်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမဟာ စတူဒီယိုအယ်လ်ဘမ် နှစ်ချပ် ထုတ်ဝေထားတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး အခြားရုပ်ရှင်များနဲ့ ကာတွန်းရုပ်ရှင်တွေမှာလည်း အသံသရုပ်ဆောင်ထားပါသေးတယ်။ သူမဟာ အခုဆိုရင်တော့ အသက်(၃၁)နှစ် ရှိပြီ ဖြစ်ပါတယ်။

Candice King
Photo: candiceking/ Instagram

Candice King ကတော့ အထက်တန်းကျောင်းက cheerleader ကောင်မလေးတစ်ယောက်ကနေ သွေးစုပ်ဖုတ်ကောင်ဘဝကို ပြောင်းလဲသွားတဲ့ အချောအလှကောင်မလေး Caroline Forbes အဖြစ် သရုပ်ဆောင်ထားသူပါ။ Candice ဟာ The Vampire Diaries ရဲ့ spin-off စီးရီးဖြစ်တဲ့ The Originals ထဲမှာလည်း Caroline အဖြစ်နဲ့ပဲ ထပ်မံပါဝင်ထားပါသေးတယ်။

သူမဟာ ယခုဆိုရင်တော့ အသက်(၃၃)နှစ် ရှိနေပြီဖြစ်ပါတယ်။ သူမရဲ့ ယခင်နာမည်ကတော့ Candice Accola ဖြစ်ပြီး ၂၀၁၄ခုနှစ်မှာ The Fray ရော့ခ်တီးဝိုင်းက အဖွဲ့ဝင် Joe King နဲ့ လက်ထပ်ခဲ့ပြီး Candice King ဖြစ်သွားခဲ့တာပါ။ သူမမှာ Florence May King လို့ခေါ်တဲ့ အသက်(၄)နှစ်အရွယ် သမီးလေးတစ်ယောက်ရှိပြီး နောက်ထပ်တစ်ယောက်ကိုလည်း ကိုယ်ဝန်လွယ်ထားရပါတယ်။

Steven R. McQueen
Photo: steven_r_mcqueen/ Instagram

Elena ရဲ့မောင်လေး Jeremy Gilbert အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသားကတော့ Steven R. McQueen ဖြစ်ပါတယ်။ Jeremy ဟာ Vampire Diaries ထဲမှာတော့ Elena ရဲ့ ချစ်လှစွာသော မောင်လေး ဖြစ်ပြီး vampire hunter ဖြစ်ဖို့ မြို့ကနေ ထွက်ခွာသွားသူလည်း ဖြစ်ပါတယ်။ Steven ဟာ လက်ရှိမှာတော့ အသက်(၃၂)နှစ်ရှိနေပါပြီ။ Steven ဟာ အချို့စီးရီးတွေမှာ တစ်ပိုင်းစ၊ နှစ်ပိုင်းစ ပါဝင်ထားတာမျိုး ရှိပေမယ့် သရုပ်ဆောင်အလုပ်ကို အဲ့လောက်ကြီး မလုပ်တော့တာကို တွေ့ရပါတယ်။

Steven ဟာ လက်ရှိမှာတော့ သူ့ရဲ့အင်စတာဂရမ်အကောင့်ကနေ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုဆိုင်ရာ အသိပညာပေးတာ၊ ပလတ်စတစ်လျှော့ချရေး စတာတွေအတွက် တက်ကြွလှုပ်ရှားနေသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Vampire Diaries အဖွဲ့သားတွေနဲ့လည်း အခုထိ မိတ်ဆွေတွေအဖြစ် ရှိနေတုန်းပါပဲ။ Steven ဟာ Alexandra Silva ဆိုတဲ့ မော်ဒယ်လ်တစ်ယောက်နဲ့ ၂၀၁၈ခုနှစ်မှာ လက်ထပ်သွားပြီ ဖြစ်ပါတယ်။

Matthew Davis
Photo: matthewdavis/ Instagram

မင်းသား Matthew Davis ကတော့ အထက်တန်းကျောင်းက သမိုင်းဆရာ Alaric Saltzman အဖြစ် သရုပ်ဆောင်ထားပြီး နောက်ပိုင်းမှာတော့ Elena ရဲ့ အတွင်းလူ မိသားစုတစ်ပိုင်းအဖြစ် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ Matthew ဟာ Vampire Diaries အပြီးမှာတော့ နောက်ထပ် spin-off စီးရီးဖြစ်တဲ့ Legacies မှာလည်း Salvatore ကျောင်းက ကျောင်းအုပ်ဆရာအဖြစ် ထပ်မံပါဝင်ထားပါသေးတယ်။

Matthew ဟာ အသက်(၄၂)နှစ်ရှိပြီဖြစ်ပြီး သရုပ်ဆောင် Kiley Casciano နဲ့ ၂၀၁၈ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ အခုဆိုရင်တော့ ငါးလအရွယ် သမီးလေးတစ်ယောက်ကို ထွန်းကားထားပါတယ်။

ဒါကတော့ Vampire Diaries ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ အဓိကဇာတ်ကောင်အချို့ရဲ့ ယနေ့လက်ရှိ အခြေအနေများ ဖြစ်ပါတယ်။ ဖတ်မိလို့ နှစ်သက်တယ်ဆိုရင် မိတ်ဆွေတွေလည်း ဖတ်ရအောင် ရှဲပေးသွားပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ပရိသတ္ေတြ အားေပးခဲ့ၾကတဲ့ The Vampire Dairies ဇာတ္လမ္းတြဲဟာ အခုဆိုရင္ (၁၁)ႏွစ္တိတိ ၾကာျမင့္ခဲ့ၿပီ ျဖစ္ပါတယ္။ ၂၀၀၉ခုႏွစ္ စက္တင္ဘာလ(၁၀)ရက္ေန႔က စတင္ထုတ္လႊင့္ခဲ့ၿပီး ၂၀၁၇ခုႏွစ္ ေမလအထိ အပိုင္းေပါင္း(၁၇၁)ပိုင္းနဲ႔ season (၈)ခု ထုတ္လႊင့္ခဲ့တဲ့ ဒီစီးရီးဟာ အမာခံပရိသတ္မ်ားစြာ ရရွိထားခဲ့ပါတယ္။ ဇာတ္လမ္းတြဲက ၿပီးဆုံးသြားခဲ့ေပမယ့္ ဒီထဲက သ႐ုပ္ေဆာင္ေတြကေတာ့ သူတို႔ရဲ႕ဘဝခရီးကို အႏုပညာနယ္ပယ္ထဲမွာ ဆက္လက္ေလွ်ာက္လွမ္းေနၾကဆဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ရႈိးထုတ္လႊင့္ၿပီး (၁၁)ႏွစ္အၾကာမွာ The Vampire Dairies သ႐ုပ္ေဆာင္ေတြ ဘယ္ေရာက္ေနၾကၿပီလည္းဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။

Nina Dobrev
Photo: nina/ Instagram

အသက္(၃၁)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ မင္းသမီး Nina Dobrev ဟာ ငယ္ငယ္ေလးနဲ႔ မိဘေတြကို ဆုံးရႈံးသြားၿပီး ေသြးစုပ္ဖုတ္ေကာင္ ညီအစ္ကိုႏွစ္ဦးနဲ႔ သုံးပြင့္ဆိုင္အခ်စ္ဇာတ္လမ္း ျဖစ္ခဲ့တဲ့ ေကာင္မေလး Elena Gilbert အျဖစ္ သ႐ုပ္ေဆာင္ခဲ့ပါတယ္။ ဒါ့အျပင္ Nina ဟာ Elena နဲ႔ တစ္႐ုပ္တည္း ဆင္တူတဲ့ ေသြးစုပ္ဖုတ္ေကာင္ အမ်ိဳးသမီး Katherine Pierce နဲ႔ Gilbert အိမ္က အမ်ိဳးသမီးေတြရဲ႕ original ျဖစ္တဲ့ Amara အျဖစ္ပါ စုစုေပါင္း ကာ႐ိုက္တာ သုံးခုမွာ သ႐ုပ္ေဆာင္ထားခဲ့တာ ျဖစ္ပါတယ္။ သူမဟာ season (၈)ခုမွာ (၆)ခုအထိ ပါဝင္ခဲ့ၿပီး ရႈိးရဲ႕ ေနာက္ဆုံးဇာတ္သိမ္းပိုင္းမွာေတာ့ ျပန္လည္ပါဝင္ခဲ့ပါတယ္။

Nina ဟာ Vampire Diaries အလြန္မွာေတာ့ ႐ုပ္ရွင္ဇာတ္ကားေတြနဲ႔ အျခားစီးရီးေတြမွာ သ႐ုပ္ေဆာင္ထားပါတယ္။ xXx: Return of Xander Cage ၊ Lucky Day အစရွိတဲ့ ႐ုပ္ရွင္ေတြမွာ ပါဝင္ထားသလို CBS က ထုတ္လႊင့္တဲ့ Fam ဇာတ္လမ္းတြဲမွာလည္း ပါဝင္ထားပါေသးတယ္။ လက္ရွိမွာေတာ့ သူမဟာ ခ်စ္သူအသစ္ ရထားပါတယ္။ သူမရဲ႕ခ်စ္သူကေတာ့ အိုလံပစ္အားကစားသမား Shaun White ျဖစ္ပါတယ္။

Paul Wesley
Photo: paulwesley/ Instagram

Paul Wesley ကေတာ့ အခုဆိုရင္ အသက္(၃၈)ႏွစ္ ရွိပါၿပီ။ သူကေတာ့ ေသြးစုပ္ဖုတ္ေကာင္ Salvatore ညီအစ္ကိုႏွစ္ေယာက္ထဲက အငယ္ျဖစ္သူ Stefan ေနရာက သ႐ုပ္ေဆာင္ခဲ့ပါတယ္။ Paul ဟာ Vampire Diaries အၿပီးမွာလည္း ေနာက္ထပ္ ဇာတ္လမ္းတြဲေတြမွာ ပါဝင္သ႐ုပ္ေဆာင္ထားတာ ေတြ႕ရပါတယ္။ Tell Me A Story စီးရီးနဲ႔ ၂၀၂၀ခုႏွစ္မွာ အသစ္ထြက္ရွိထားတဲ့ Defending Jacob ဇာတ္လမ္းတြဲထဲမွာလည္း Chris Evans ၊ Michelle Dockery တို႔နဲ႔အတူ ပါဝင္သ႐ုပ္ေဆာင္ထားပါေသးတယ္။

Paul ဟာ သ႐ုပ္ေဆာင္အျပင္ ဒါ႐ိုက္တာအျဖစ္လည္း လုပ္ကိုင္ကာ ဘေရာ့ဒ္ေဝးျပဇာတ္ေတြမွာလည္း သ႐ုပ္ေဆာင္ထားပါေသးတယ္။ The Vampire Diaries ထဲက အပိုင္းေတာ္ေတာ္မ်ားမ်ားကိုလည္း သူကိုယ္တိုင္ ႐ိုက္ကူးေပးထားတာပါ။ Paul ဟာ Ines de Ramon ဆိုတဲ့ က်န္းမာေရးဝန္ထမ္း အမ်ိဳးသမီးတစ္ေယာက္နဲ႔ လက္ထပ္ထားပါတယ္။

Ian Somerhalder
Photo: iansomerhalder/ Instagram

အသက္(၄၁)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ မင္းသား Ian Somerhalder ဟာ Vampire Diaries ထဲမွာေတာ့ Salvatore ညီအစ္ကိုထဲက အစ္ကိုႀကီး Damon အျဖစ္ သ႐ုပ္ေဆာင္ထားသူပါ။ Ian ဟာ စီးရီးရဲ႕ season (၈)ခုလုံးမွာ ပါဝင္ခဲ့ရသူျဖစ္ၿပီး လက္ရွိမွာေတာ့ Twilight ဇာတ္ကားထဲက သ႐ုပ္ေဆာင္ Nikki Reed နဲ႔ လက္ထပ္ထားသူ ျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးမွာေတာ့ Bodhi ဆိုတဲ့ အသက္(၃)ႏွစ္အ႐ြယ္ သမီးေလးတစ္ေယာက္ ထြန္းကားထားပါတယ္။ မၾကာေသးခင္ကမွ သူ သ႐ုပ္ေဆာင္ထားတဲ့ စီးရီးကေတာ့ V Wars ျဖစ္ပါတယ္။

Kat Graham
Photo: katgraham/ Instagram

Kat Graham ကေတာ့ စုန္းမေလး Bonnie Bennett ေနရာကေန သ႐ုပ္ေဆာင္ထားသူပါ။ သူမဟာ Elena နဲ႔ Caroline တို႔ရဲ႕ အခ်စ္ဆုံးသူငယ္ခ်င္းတစ္ေယာက္ျဖစ္ၿပီး လူ႔ျပည္နဲ႔ ပရေလာကသားေတြရဲ႕ၾကားမွာ ဖ်န္ေျဖသူတစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။

Kat ဟာ သ႐ုပ္ေဆာင္တစ္ေယာက္တင္ မဟုတ္ဘဲ အဆိုေတာ္တစ္ေယာက္လည္း ျဖစ္ပါတယ္။ သူမဟာ စတူဒီယိုအယ္လ္ဘမ္ ႏွစ္ခ်ပ္ ထုတ္ေဝထားတဲ့ အဆိုေတာ္တစ္ေယာက္ျဖစ္ၿပီး အျခား႐ုပ္ရွင္မ်ားနဲ႔ ကာတြန္း႐ုပ္ရွင္ေတြမွာလည္း အသံသ႐ုပ္ေဆာင္ထားပါေသးတယ္။ သူမဟာ အခုဆိုရင္ေတာ့ အသက္(၃၁)ႏွစ္ ရွိၿပီ ျဖစ္ပါတယ္။

Candice King
Photo: candiceking/ Instagram

Candice King ကေတာ့ အထက္တန္းေက်ာင္းက cheerleader ေကာင္မေလးတစ္ေယာက္ကေန ေသြးစုပ္ဖုတ္ေကာင္ဘဝကို ေျပာင္းလဲသြားတဲ့ အေခ်ာအလွေကာင္မေလး Caroline Forbes အျဖစ္ သ႐ုပ္ေဆာင္ထားသူပါ။ Candice ဟာ The Vampire Diaries ရဲ႕ spin-off စီးရီးျဖစ္တဲ့ The Originals ထဲမွာလည္း Caroline အျဖစ္နဲ႔ပဲ ထပ္မံပါဝင္ထားပါေသးတယ္။

သူမဟာ ယခုဆိုရင္ေတာ့ အသက္(၃၃)ႏွစ္ ရွိေနၿပီျဖစ္ပါတယ္။ သူမရဲ႕ ယခင္နာမည္ကေတာ့ Candice Accola ျဖစ္ၿပီး ၂၀၁၄ခုႏွစ္မွာ The Fray ေရာ့ခ္တီးဝိုင္းက အဖြဲ႕ဝင္ Joe King နဲ႔ လက္ထပ္ခဲ့ၿပီး Candice King ျဖစ္သြားခဲ့တာပါ။ သူမမွာ Florence May King လို႔ေခၚတဲ့ အသက္(၄)ႏွစ္အ႐ြယ္ သမီးေလးတစ္ေယာက္ရွိၿပီး ေနာက္ထပ္တစ္ေယာက္ကိုလည္း ကိုယ္ဝန္လြယ္ထားရပါတယ္။

Steven R. McQueen
Photo: steven_r_mcqueen/ Instagram

Elena ရဲ႕ေမာင္ေလး Jeremy Gilbert အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ မင္းသားကေတာ့ Steven R. McQueen ျဖစ္ပါတယ္။ Jeremy ဟာ Vampire Diaries ထဲမွာေတာ့ Elena ရဲ႕ ခ်စ္လွစြာေသာ ေမာင္ေလး ျဖစ္ၿပီး vampire hunter ျဖစ္ဖို႔ ၿမိဳ႕ကေန ထြက္ခြာသြားသူလည္း ျဖစ္ပါတယ္။ Steven ဟာ လက္ရွိမွာေတာ့ အသက္(၃၂)ႏွစ္ရွိေနပါၿပီ။ Steven ဟာ အခ်ိဳ႕စီးရီးေတြမွာ တစ္ပိုင္းစ၊ ႏွစ္ပိုင္းစ ပါဝင္ထားတာမ်ိဳး ရွိေပမယ့္ သ႐ုပ္ေဆာင္အလုပ္ကို အဲ့ေလာက္ႀကီး မလုပ္ေတာ့တာကို ေတြ႕ရပါတယ္။

Steven ဟာ လက္ရွိမွာေတာ့ သူ႔ရဲ႕အင္စတာဂရမ္အေကာင့္ကေန ရာသီဥတု ေဖာက္ျပန္ေျပာင္းလဲမႈဆိုင္ရာ အသိပညာေပးတာ၊ ပလတ္စတစ္ေလွ်ာ့ခ်ေရး စတာေတြအတြက္ တက္ႂကြလႈပ္ရွားေနသူလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ Vampire Diaries အဖြဲ႕သားေတြနဲ႔လည္း အခုထိ မိတ္ေဆြေတြအျဖစ္ ရွိေနတုန္းပါပဲ။ Steven ဟာ Alexandra Silva ဆိုတဲ့ ေမာ္ဒယ္လ္တစ္ေယာက္နဲ႔ ၂၀၁၈ခုႏွစ္မွာ လက္ထပ္သြားၿပီ ျဖစ္ပါတယ္။

Matthew Davis
Photo: matthewdavis/ Instagram

မင္းသား Matthew Davis ကေတာ့ အထက္တန္းေက်ာင္းက သမိုင္းဆရာ Alaric Saltzman အျဖစ္ သ႐ုပ္ေဆာင္ထားၿပီး ေနာက္ပိုင္းမွာေတာ့ Elena ရဲ႕ အတြင္းလူ မိသားစုတစ္ပိုင္းအျဖစ္ ပါဝင္ခဲ့သူ ျဖစ္ပါတယ္။ Matthew ဟာ Vampire Diaries အၿပီးမွာေတာ့ ေနာက္ထပ္ spin-off စီးရီးျဖစ္တဲ့ Legacies မွာလည္း Salvatore ေက်ာင္းက ေက်ာင္းအုပ္ဆရာအျဖစ္ ထပ္မံပါဝင္ထားပါေသးတယ္။

Matthew ဟာ အသက္(၄၂)ႏွစ္ရွိၿပီျဖစ္ၿပီး သ႐ုပ္ေဆာင္ Kiley Casciano နဲ႔ ၂၀၁၈ခုႏွစ္မွာ လက္ထပ္ခဲ့ပါတယ္။ အခုဆိုရင္ေတာ့ ငါးလအ႐ြယ္ သမီးေလးတစ္ေယာက္ကို ထြန္းကားထားပါတယ္။

ဒါကေတာ့ Vampire Diaries ဇာတ္လမ္းတြဲထဲမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၾကတဲ့ အဓိကဇာတ္ေကာင္အခ်ိဳ႕ရဲ႕ ယေန႔လက္ရွိ အေျခအေနမ်ား ျဖစ္ပါတယ္။ ဖတ္မိလို႔ ႏွစ္သက္တယ္ဆိုရင္ မိတ္ေဆြေတြလည္း ဖတ္ရေအာင္ ရွဲေပးသြားပါဦး။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular