HomeCelebs Update NewsInternationalTwilight ထဲက Edward နေရာမှာ သရုပ်ဆောင်ဖို့ နီးစပ်ခဲ့တဲ့ Jamie Campbell Bower

Twilight ထဲက Edward နေရာမှာ သရုပ်ဆောင်ဖို့ နီးစပ်ခဲ့တဲ့ Jamie Campbell Bower

Twilight ရုပ်ရှင်တွေထဲမှာ ဗီလိန် Caius အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Jamie Campbell Bower ဟာ Robert Pattinson ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ Edward နေရာမှာ သရုပ်ဆောင်ဖို့ နီးစပ်ခဲ့တယ်လို့ သိရပါတယ်။ Jamie Campbell Bower ကတော့ မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Stranger Things ဇာတ်လမ်းတွဲ Season 4 ထဲမှာလည်း အဓိကဗီလိန်ဖြစ်တဲ့ Vecna နေရာက ပါဝင်ခဲ့ပြီး Twilight ထဲမှာတော့ New Moon ၊ Breaking Down Part 1 နဲ့ 2 တို့မှာ Caius အဖြစ်နဲ့ ပါဝင်ခဲ့ပါတယ်။

photo via screenrant

Caius ကတော့ စွမ်းအားအကြီးဆုံး Vampire Coven ဖြစ်တဲ့ Volturi ရဲ့ ခေါင်းဆောင်သုံးယောက်ထဲက တစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ခေါင်းဆောင်သုံးယောက်ထဲမှာ အရက်စက်ဆုံးလည်း ဖြစ်ပြီး Bella ဟာ သွေးစုပ်ဖုတ်ကောင်တွေအကြောင်း သိနေတဲ့ လူသားတစ်ယောက် ဖြစ်တာကြောင့် သူမကို သေစေချင်နေတဲ့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Caius ဟာ Edward နဲ့ Bella တို့ရဲ့ ရန်သူ ဖြစ်လာပါတော့တယ်။

Happy Sad Confused ဆိုတဲ့ Podcast ထဲမှာတော့ Jamie Campbell Bower ဟာ Edward နေရာမှာ ပါဝင်ဖို့အတွက် Twilight ရုပ်ရှင် ဖန်တီးသူတွေနဲ့ ဆွေးနွေးခဲ့ဖူးတယ်လို့ ပြောပြသွားပါတယ်။ ဖန်တီးသူတွေကလည်း Jamie Campbell Bower ကို ဒီဇာတ်ကောင်အတွက် လူရွေးပွဲ ဝင်ပြိုင်စေခဲ့ပေမယ့်လည်း အဲဒီအချိန်တုန်းကတော့ Jamie ဟာ Sweeney Todd ရုပ်ရှင်ထဲမှာ ပါဝင်နေတာကြောင့် လူရွေးပွဲ မဝင်ဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဖန်တီးသူတွေဟာ Jamie ကို လက်မလျှော့သေးဘဲ Caius နေရာအတွက် ထပ်မံကမ်းလှမ်းခဲ့ပြီး Jamie ကလည်း လူရွေးပွဲမှာ ဒိုင်ယာလော့ခ်တွေ မေ့သွားခဲ့တာတောင် အရွေးချယ်ခံခဲ့ရပါတယ်။

photo via screenrant

Twilight ရုပ်ရှင်ထဲက Robert Pattinson နေရာမှာ Jamie Campbell Bower က သရုပ်ဆောင်ဖြစ်သွားမယ် ဆိုရင်လည်း ပရိသတ်တွေအနေနဲ့ မတူညီတဲ့ Edward ဗားရှင်းကို မြင်တွေ့ခဲ့ရမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Jamie Campbell Bower ကလည်း နာမည်ကြီးရုပ်ရှင်တွေမှာ ပါဝင်ခဲ့ဖူးပြီး Stranger Things ထဲမှာ Vecna အဖြစ် ပါဝင်ပြီးနောက်မှာတော့ ယခင်ကထက်ပိုပြီး အောင်မြင်မှုတွေများစွာ ရရှိလာခဲ့ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular