HomeEntertainmentFilmTwilight ရုပ်ရှင်ဇာတ်ကားတွေရဲ့ နောက်ကွယ်က လူသိပ်မသိသေးတဲ့အချက်များ 

Twilight ရုပ်ရှင်ဇာတ်ကားတွေရဲ့ နောက်ကွယ်က လူသိပ်မသိသေးတဲ့အချက်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The Twilight Saga လို့ ခေါ်ကြတဲ့ Twilight ရုပ်ရှင်ကားတွေဟာ သူ့ခေတ်အခါမှာ ပရိသတ်အားပေးမှုကို သောက်သောက်လဲ ရရှိခဲ့ပြီး စီးပွားရေးအရ အတော်လေး အောင်မြင်ခဲ့တဲ့ ရုပ်ရှင် franchise တစ်ခု ဖြစ်ပါတယ်။ ၂၀၀၈ခုနှစ်မှာ Twilight ရုပ်ရှင်ကို ပထမဆုံး ရုံတင်ပြသခဲ့ပြီး ၂၀၁၂ခုနှစ်အထိ ဆက်တိုက် ငါးကားတိတိ ထုတ်လုပ် ပြသခဲ့ရာမှာ စုစုပေါင်း box-office ဝင်ငွေ ဒေါ်လာ(၃.၃)ဘီလျံ ရရှိခဲ့တာ ဖြစ်ပါတယ်။ သွေးစုပ်ဖုတ်ကောင်နဲ့ လူသား ကောင်မလေးတို့ကြားက အချစ်ဇာတ်လမ်းကို ရိုမန့်တစ်ဆန်ဆန် ရိုက်ကူးပြထားတဲ့ ဇာတ်လမ်းဖြစ်ပေမယ့် သူ့ရဲ့ရိုက်ကွင်းနောက်ကွယ်မှာတော့ စိတ်ဝင်စားစရာကိစ္စတွေ ဖြစ်ပျက်ခဲ့ပါတယ်။

Kristen Stewart ဟာ ပထမဆုံးရုပ်ရှင် စရိုက်ချိန်မှာ အသက်မပြည့်သေးပါဘူး။
Photo via IMDb

ကာရိုက်တာတစ်ခုအတွက် သရုပ်ဆောင် ရွေးချယ်ပြီဆိုရင် အခြားအရာတွေထက် ကာရိုက်တာနဲ့ တကယ့်သရုပ်ဆောင်ရဲ့ အသက်အရွယ် တူညီနေဖို့ကလည်း အရေးကြီးပါတယ်။ ဒီအချက်ကို မစဉ်းစားတဲ့ တချို့ရုပ်ရှင်တွေဆိုရင် ကာရိုက်တာက အထက်တန်းကျောင်းသား ဖြစ်နေပေမယ့် သရုပ်ဆောင်က အသက်သုံးဆယ်နားကပ်နေတဲ့အခါမျိုးမှာ ကြည့်ရတဲ့ ပရိသတ်အတွက် စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။

Twilight ရဲ့ casting ရွေးချယ်တဲ့ အဖွဲ့သားတွေဟာ ဒီအချက်ကိုတော့ ကောင်းကောင်း ထည့်သွင်းစဉ်းစားခဲ့ကြပါတယ်။ မိန်းကာရိုက်တာ Bella အဖြစ် သရုပ်ဆောင်ဖို့ Kristen Stewart ကို ရွေးချယ်တုန်းက သူမဟာ အသက်(၁၇)နှစ်သာ ရှိပါသေးတယ်။ ဒီအချက်ကြောင့်ပဲ ရိုက်ကူးရေးအဖွဲ့သားတွေမှာ အခက်အခဲတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ အဲ့ဒါကတော့ ရိုက်ကူးရေး ပြုလုပ်ခဲ့တဲ့ Oregon ပြည်နယ်ဟာ အသက်(၁၈)နှစ် မပြည့်သေးရင် ရိုက်ကူးရေး ပြုလုပ်ဖို့ ခွင့်မပြုတာကြောင့် ဖြစ်ပါတယ်။

ဒါရိုက်တာ Catherine Hardwicke ကဆိုရင် Kristen Stewart က အသက်မပြည့်သေးတာကြောင့် ဇာတ်လမ်းတွေ သွားမရှုပ်ဖို့နဲ့ ရှုပ်မိရင် အဖမ်းခံရမယ့်အကြောင်း Robert Pattinson ကို သတိပေးခဲ့ရတဲ့အထိပါပဲ။

Robert Pattinson ဟာ သူ့ရဲ့ကာရိုက်တာကို မနှစ်သက်ပါဘူး။
Photo via IMDb

သရုပ်ဆောင်တွေမှာ ဇာတ်ကောင်ကို အရူးအမူး ကြိုက်လွန်းလို့ သရုပ်ဆောင်ပါရစေဆိုပြီး ခခယယနဲ့ ဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်တွေ ရှိသလို ငွေတစ်မျက်နှာနဲ့ မကြိုက်ဘဲ သရုပ်ဆောင်ခဲ့ရတဲ့ ဇာတ်ကောင်တွေလည်း ရှိတတ်ကြပါတယ်။ Robert Pattinson အတွက်တော့ Edward Cullen ဆိုတဲ့ ဇာတ်ကောင်ဟာ တော်တော်လေး မုန်းစရာ ဖြစ်ခဲ့ပါတယ်။

ဒီဇာတ်ကောင်ကို ဘယ်လောက်ထိ မုန်းလည်းဆိုတာကိုတော့ ၂၀၀၈ခုနှစ်က Empire မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပွင့်ပွင့်လင်းလင်းကို ပြောပြခဲ့တဲ့အထိပါပဲ။ “ဇာတ်ညွှန်းကို သေချာဖတ်မိလေလေ အဲ့ဒီ့ဇာတ်ကောင်ကို မုန်းလာလေလေပဲ။ အဲ့ဒါကြောင့် စိတ်ဓာတ်ကျနေတဲ့ အရူးတစ်ယောက်လို သူ့ကိုယ်သူ မုန်းနေတဲ့သူအဖြစ်နဲ့ အဲ့ကောင်ကို ကျွန်တော် သရုပ်ဆောင်ခဲ့တယ်။ ပြီးတော့ သူက အသက်(၁၀၈)နှစ် ရှိနေတဲ့ လူပျို သွေးစုပ်ဖုတ်ကောင်တစ်ကောင်လေ။ အဲ့တော့ သူ့မှာ ပြဿနာတွေ ရှိနေမှာပေါ့ဗျာ… ” လို့ Robert က ပြောခဲ့ဖူးပါတယ်။

စာရေးသူ Stephenie Meyer သရုပ်ဆောင်စေချင်ခဲ့တဲ့သူတွေ တစ်ယောက်မှ မပါဝင်ခဲ့ပါဘူး။
Photo: dpanabaker/ Instagram/ IMDb

Twilight ရုပ်ရှင်ဇာတ်ကားတွေဟာ စာရေးဆရာမ Stephenie Meyer ရဲ့ ဝတ္ထုတွေကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါကြောင့်လည်း သူမရဲ့စာအုပ်တွေကို ရုပ်ရှင်ပြန်ရိုက်တော့မယ်လို့ သိရတဲ့အချိန်မှာ မိန်းဇာတ်ကောင်တွေကို သူမရဲ့စိတ်ကူးနဲ့ ရွေးချယ်ထားခဲ့ပါတယ်။ ဒါကတော့ စာရေးသူအများစု ပြုလုပ်နေကျအရာတစ်ခုပါပဲ။

သို့ပေမယ့် တကယ်တမ်း casting အဖွဲ့က သရုပ်ဆောင်တွေ ရွေးချယ်တဲ့အခါမှာတော့ သူမ စိတ်ကူးထားတဲ့ သရုပ်ဆောင်တွေ တစ်ယောက်မှ ပါဝင်လာခဲ့ခြင်း မရှိပါဘူး။ Stephenie ဟာ ၂၀၀၇ခုနှစ် နှောင်းပိုင်းလောက်မှာ Twilight ရုပ်ရှင်အတွက် သူမ စိတ်ကူးနဲ့ ရွေးချယ်ထားတဲ့ သရုပ်ဆောင်စာရင်းကို သူမရဲ့ဘလော့ဂ်မှာ တင်ပေးခဲ့ပါသေးတယ်။

သူမ ရွေးချယ်ထားတဲ့ သရုပ်ဆောင်တွေကတော့ Edward နေရာမှာ Logan Lerman ၊ Bella နေရာမှာတော့ The Flash စီးရီးထဲက Killer Frost နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသမီး Danielle Panabaker ကို ရွေးချယ်ထားတာပါ။ ဒါ့အပြင် Henry Cavill ၊ Emily Browning နဲ့ Ellen Page တို့ကိုလည်း အခြားဇာတ်ကောင်တွေအတွက် ရွေးချယ်ခဲ့ပါသေးတယ်။

Taylor Lautner ဟာ Sequel တွေမှာ လူစားထိုးခံရမလို ဖြစ်ခဲ့ပါသေးတယ်။
Photo via IMDb

Twilight Saga ရဲ့ ဒရာမာအရှုပ်အထွေး အများစုဟာ သွေးစုပ်ဖုတ်ကောင်တွေ၊ သမန်းဝံပုလွေတွေကနေ ဖြစ်လာတာ မဟုတ်ဘဲ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရုပ်ရှင်ထုတ်လုပ်သူတွေဟာ New Moon ကနေစပြီး သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းအတွက် မတူညီတဲ့ Jacob ဇာတ်ကောင်ကို လိုချင်ခဲ့ကြပုံ ရပါတယ်။

ဒါကိုတော့ သတင်းစာရှင်းလင်းပွဲမှာ New Moon အတွက် ဇာတ်လမ်းအကျဉ်းချုပ် ဖတ်ကြားခဲ့ရာမှာ သိသာစေခဲ့ပါတယ်။ “New Moon မှာ Bella Swan (Kristen Stewart) ဟာ ရုတ်တရက် ထွက်ခွာသွားတဲ့ ချစ်သူ ဗန်ပိုင်းယား Edward Cullen (Robert Pattinson) ကြောင့် ကြေကွဲ ပြိုလဲနေခဲ့ပေမယ့် ငြင်းဆန်မရတဲ့ Jacob Black ရဲ့ နွေးထွေးမှုကြောင့် သူမရဲ့စိတ်ဝိဉာဉ်တွေဟာ ကြင်နာမှုတွေ ပြန်လည်ရရှိခဲ့ပါတယ်…  ” လို့ ဖော်ပြခဲ့ပါတယ်။

ဒီအခါမှာ ပရိသတ်တွေဟာ Jacob နေရာမှာ Taylor Lautner ရဲ့ နာမည် မပါဝင်ခဲ့တာကို ချက်ချင်းဆိုသလိုပဲ သတိထားမိခဲ့ကြပါတယ်။ Taylor ရဲ့နာမည်ကို ချန်ထားခဲ့ရတဲ့ အကြောင်းကတော့ ပီဒီတွေဟာ သူ့ကို ထပ်ပြီးသရုပ်ဆောင်ခိုင်းဦးမှာလားဆိုတာ ဝေခွဲမရသေးတာကြောင့်လို့ ဆိုပါတယ်။ Twilight ရဲ့ ဒုတိယစာအုပ်မှာ Jacob ဇာတ်ကောင်ဟာ ရုပ်ပိုင်းဆိုင်ရာမှာ ပြောင်းလဲမှုတေွ ဖြစ်လာကြောင်း ဖော်ပြထားတဲ့အတွက် ရုပ်ရှင်ထုတ်လုပ်သူတွေဟာ နောက်ထပ် သရုပ်ဆောင်တစ်ယောက်ကို ထပ်ရွေးဖို့ စဉ်းစားခဲ့ကြပါတယ်။ ဒါကြောင့်ပဲ Taylor ဟာ သူ့ဇာတ်ကောင်ကို လက်မလွှတ်ရဖို့အတွက် ပေါင်သုံးဆယ်လောက် တက်လာအောင် ခန္ဓာကိုယ်ကို train ခဲ့ရပါတယ်။

ရုပ်ရှင်ရဲ့ဇာတ်သိမ်းဟာ ဝတ္ထုနဲ့ လုံးဝမတူညီပါဘူး။
Photo via screenrant

စာအုပ်ထဲမှာတော့ Bella ၊ Edward နဲ့ Cullen မိသားစုတစ်ခုလုံးဟာ Renesmee က immortal ကလေး မဟုတ်ဘူးဆိုတာကို တော်ဝင်မိသားစု ယုံကြည်လက်ခံလာအောင် ကြိုးစားကြတာဖြစ်ပြီး Volturi နဲ့ တွေ့ဆုံမှုမှာ သက်သေလိုက်ပေးဖို့ အင်အားစုဆောင်းခြင်းက ကြီးမားတဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်ပါတယ်။

ဒါတင်မက စာအုပ်ထဲမှာဆိုရင် ကာရိုက်တာအသစ်တွေနဲ့လည်း မိတ်ဆက်ပေးထားပြီး သူတို့ရဲ့ အားရစရာ စွမ်းအားအသစ်တွေကိုလည်း ထည့်သွင်းထားပါသေးတယ်။ စာဖတ်သူအများစုဟာ ဒီအင်အားစုကို ပိုင်ဆိုင်ထားတဲ့ Cullen မိသားစုဟာ သေချာပေါက် Volturi တို့နဲ့ ထိပ်တိုက်တွေ့ပြီး သွေးမြေကျတဲ့အထိ တိုက်ပွဲဝင်ကြမယ်လို့ ခန့်မှန်းထားကြတာပါ။ သို့ပေမယ့် စာအုပ်ထဲမှာတော့ Volturi မထွက်ခွာသွားခင်မှာ Bella က အားလုံးကို သူမရဲ့ shield အစွမ်းနဲ့ ကာကွယ်ပေးတယ်ဆိုပြီး ဇာတ်သိမ်းထားပါတယ်။

ဒါကြောင့်လည်း ရုပ်ရှင်ထုတ်လုပ်သူတွေဟာ ဒီ့ထက်ပိုစိတ်လှုပ်ရှားစရာကောင်းတဲ့ ဇာတ်သိမ်းတစ်ခုကို ဖန်တီးဖို့ စဉ်းစားခဲ့ကြတာ ဖြစ်ပါတယ်။ Alice ရဲ့ အမြင်အာရုံထဲမှာပဲ ဖြစ်ပျက်ခဲ့တာ မှန်ပေမယ့် နှစ်ဖက်စလုံးမှာ အထိနာတဲ့ တိုက်ပွဲတစ်ခုကို ယူဆောင်ပေးခဲ့တာကတော့ စာအုပ်ထက်ကောင်းတဲ့ ဇာတ်သိမ်းလို့ ပြောရမှာပါ။

ဒါကတော့ Twilight Saga ရဲ့ ဇာတ်ကားနောက်ကွယ်က စိတ်ဝင်စားစရာအချက်တွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ Twilight ရဲ့ ဇာတ်ကောင်တွေ ရှိရင်လည်း ပြန်လည်မျှဝေခဲ့ပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

The Twilight Saga လို႔ ေခၚၾကတဲ့ Twilight ႐ုပ္ရွင္ကားေတြဟာ သူ႔ေခတ္အခါမွာ ပရိသတ္အားေပးမႈကို ေသာက္ေသာက္လဲ ရရွိခဲ့ၿပီး စီးပြားေရးအရ အေတာ္ေလး ေအာင္ျမင္ခဲ့တဲ့ ႐ုပ္ရွင္ franchise တစ္ခု ျဖစ္ပါတယ္။ ၂၀၀၈ခုႏွစ္မွာ Twilight ႐ုပ္ရွင္ကို ပထမဆုံး ႐ုံတင္ျပသခဲ့ၿပီး ၂၀၁၂ခုႏွစ္အထိ ဆက္တိုက္ ငါးကားတိတိ ထုတ္လုပ္ ျပသခဲ့ရာမွာ စုစုေပါင္း box-office ဝင္ေငြ ေဒၚလာ(၃.၃)ဘီလ်ံ ရရွိခဲ့တာ ျဖစ္ပါတယ္။ ေသြးစုပ္ဖုတ္ေကာင္နဲ႔ လူသား ေကာင္မေလးတို႔ၾကားက အခ်စ္ဇာတ္လမ္းကို ႐ိုမန႔္တစ္ဆန္ဆန္ ႐ိုက္ကူးျပထားတဲ့ ဇာတ္လမ္းျဖစ္ေပမယ့္ သူ႔ရဲ႕႐ိုက္ကြင္းေနာက္ကြယ္မွာေတာ့ စိတ္ဝင္စားစရာကိစၥေတြ ျဖစ္ပ်က္ခဲ့ပါတယ္။

Kristen Stewart ဟာ ပထမဆုံး႐ုပ္ရွင္ စ႐ိုက္ခ်ိန္မွာ အသက္မျပည့္ေသးပါဘူး။
Photo via IMDb

ကာ႐ိုက္တာတစ္ခုအတြက္ သ႐ုပ္ေဆာင္ ေ႐ြးခ်ယ္ၿပီဆိုရင္ အျခားအရာေတြထက္ ကာ႐ိုက္တာနဲ႔ တကယ့္သ႐ုပ္ေဆာင္ရဲ႕ အသက္အ႐ြယ္ တူညီေနဖို႔ကလည္း အေရးႀကီးပါတယ္။ ဒီအခ်က္ကို မစဥ္းစားတဲ့ တခ်ိဳ႕႐ုပ္ရွင္ေတြဆိုရင္ ကာ႐ိုက္တာက အထက္တန္းေက်ာင္းသား ျဖစ္ေနေပမယ့္ သ႐ုပ္ေဆာင္က အသက္သုံးဆယ္နားကပ္ေနတဲ့အခါမ်ိဳးမွာ ၾကည့္ရတဲ့ ပရိသတ္အတြက္ စိတ္အေႏွာင့္အယွက္ ျဖစ္ေစပါတယ္။

Twilight ရဲ႕ casting ေ႐ြးခ်ယ္တဲ့ အဖြဲ႕သားေတြဟာ ဒီအခ်က္ကိုေတာ့ ေကာင္းေကာင္း ထည့္သြင္းစဥ္းစားခဲ့ၾကပါတယ္။ မိန္းကာ႐ိုက္တာ Bella အျဖစ္ သ႐ုပ္ေဆာင္ဖို႔ Kristen Stewart ကို ေ႐ြးခ်ယ္တုန္းက သူမဟာ အသက္(၁၇)ႏွစ္သာ ရွိပါေသးတယ္။ ဒီအခ်က္ေၾကာင့္ပဲ ႐ိုက္ကူးေရးအဖြဲ႕သားေတြမွာ အခက္အခဲတစ္ခုနဲ႔ ရင္ဆိုင္ခဲ့ရပါေသးတယ္။ အဲ့ဒါကေတာ့ ႐ိုက္ကူးေရး ျပဳလုပ္ခဲ့တဲ့ Oregon ျပည္နယ္ဟာ အသက္(၁၈)ႏွစ္ မျပည့္ေသးရင္ ႐ိုက္ကူးေရး ျပဳလုပ္ဖို႔ ခြင့္မျပဳတာေၾကာင့္ ျဖစ္ပါတယ္။

ဒါ႐ိုက္တာ Catherine Hardwicke ကဆိုရင္ Kristen Stewart က အသက္မျပည့္ေသးတာေၾကာင့္ ဇာတ္လမ္းေတြ သြားမရႈပ္ဖို႔နဲ႔ ရႈပ္မိရင္ အဖမ္းခံရမယ့္အေၾကာင္း Robert Pattinson ကို သတိေပးခဲ့ရတဲ့အထိပါပဲ။

Robert Pattinson ဟာ သူ႔ရဲ႕ကာ႐ိုက္တာကို မႏွစ္သက္ပါဘူး။
Photo via IMDb

သ႐ုပ္ေဆာင္ေတြမွာ ဇာတ္ေကာင္ကို အ႐ူးအမူး ႀကိဳက္လြန္းလို႔ သ႐ုပ္ေဆာင္ပါရေစဆိုၿပီး ခခယယနဲ႔ ဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ ဇာတ္ေကာင္ေတြ ရွိသလို ေငြတစ္မ်က္ႏွာနဲ႔ မႀကိဳက္ဘဲ သ႐ုပ္ေဆာင္ခဲ့ရတဲ့ ဇာတ္ေကာင္ေတြလည္း ရွိတတ္ၾကပါတယ္။ Robert Pattinson အတြက္ေတာ့ Edward Cullen ဆိုတဲ့ ဇာတ္ေကာင္ဟာ ေတာ္ေတာ္ေလး မုန္းစရာ ျဖစ္ခဲ့ပါတယ္။

ဒီဇာတ္ေကာင္ကို ဘယ္ေလာက္ထိ မုန္းလည္းဆိုတာကိုေတာ့ ၂၀၀၈ခုႏွစ္က Empire မဂၢဇင္းနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ပြင့္ပြင့္လင္းလင္းကို ေျပာျပခဲ့တဲ့အထိပါပဲ။ “ဇာတ္ၫႊန္းကို ေသခ်ာဖတ္မိေလေလ အဲ့ဒီ့ဇာတ္ေကာင္ကို မုန္းလာေလေလပဲ။ အဲ့ဒါေၾကာင့္ စိတ္ဓာတ္က်ေနတဲ့ အ႐ူးတစ္ေယာက္လို သူ႔ကိုယ္သူ မုန္းေနတဲ့သူအျဖစ္နဲ႔ အဲ့ေကာင္ကို ကြၽန္ေတာ္ သ႐ုပ္ေဆာင္ခဲ့တယ္။ ၿပီးေတာ့ သူက အသက္(၁၀၈)ႏွစ္ ရွိေနတဲ့ လူပ်ိဳ ေသြးစုပ္ဖုတ္ေကာင္တစ္ေကာင္ေလ။ အဲ့ေတာ့ သူ႔မွာ ျပႆနာေတြ ရွိေနမွာေပါ့ဗ်ာ… ” လို႔ Robert က ေျပာခဲ့ဖူးပါတယ္။

စာေရးသူ Stephenie Meyer သ႐ုပ္ေဆာင္ေစခ်င္ခဲ့တဲ့သူေတြ တစ္ေယာက္မွ မပါဝင္ခဲ့ပါဘူး။
Photo: dpanabaker/ Instagram/ IMDb

Twilight ႐ုပ္ရွင္ဇာတ္ကားေတြဟာ စာေရးဆရာမ Stephenie Meyer ရဲ႕ ဝတၳဳေတြကို အေျခခံၿပီး ႐ိုက္ကူးထားတာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း သူမရဲ႕စာအုပ္ေတြကို ႐ုပ္ရွင္ျပန္႐ိုက္ေတာ့မယ္လို႔ သိရတဲ့အခ်ိန္မွာ မိန္းဇာတ္ေကာင္ေတြကို သူမရဲ႕စိတ္ကူးနဲ႔ ေ႐ြးခ်ယ္ထားခဲ့ပါတယ္။ ဒါကေတာ့ စာေရးသူအမ်ားစု ျပဳလုပ္ေနက်အရာတစ္ခုပါပဲ။

သို႔ေပမယ့္ တကယ္တမ္း casting အဖြဲ႕က သ႐ုပ္ေဆာင္ေတြ ေ႐ြးခ်ယ္တဲ့အခါမွာေတာ့ သူမ စိတ္ကူးထားတဲ့ သ႐ုပ္ေဆာင္ေတြ တစ္ေယာက္မွ ပါဝင္လာခဲ့ျခင္း မရွိပါဘူး။ Stephenie ဟာ ၂၀၀၇ခုႏွစ္ ေႏွာင္းပိုင္းေလာက္မွာ Twilight ႐ုပ္ရွင္အတြက္ သူမ စိတ္ကူးနဲ႔ ေ႐ြးခ်ယ္ထားတဲ့ သ႐ုပ္ေဆာင္စာရင္းကို သူမရဲ႕ဘေလာ့ဂ္မွာ တင္ေပးခဲ့ပါေသးတယ္။

သူမ ေ႐ြးခ်ယ္ထားတဲ့ သ႐ုပ္ေဆာင္ေတြကေတာ့ Edward ေနရာမွာ Logan Lerman ၊ Bella ေနရာမွာေတာ့ The Flash စီးရီးထဲက Killer Frost ေနရာမွာ သ႐ုပ္ေဆာင္ထားတဲ့ မင္းသမီး Danielle Panabaker ကို ေ႐ြးခ်ယ္ထားတာပါ။ ဒါ့အျပင္ Henry Cavill ၊ Emily Browning နဲ႔ Ellen Page တို႔ကိုလည္း အျခားဇာတ္ေကာင္ေတြအတြက္ ေ႐ြးခ်ယ္ခဲ့ပါေသးတယ္။

Taylor Lautner ဟာ Sequel ေတြမွာ လူစားထိုးခံရမလို ျဖစ္ခဲ့ပါေသးတယ္။
Photo via IMDb

Twilight Saga ရဲ႕ ဒရာမာအရႈပ္အေထြး အမ်ားစုဟာ ေသြးစုပ္ဖုတ္ေကာင္ေတြ၊ သမန္းဝံပုေလြေတြကေန ျဖစ္လာတာ မဟုတ္ဘဲ သုံးပြင့္ဆိုင္ အခ်စ္ဇာတ္လမ္းေၾကာင့္ ျဖစ္ေပၚလာတာ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ႐ုပ္ရွင္ထုတ္လုပ္သူေတြဟာ New Moon ကေနစၿပီး သုံးပြင့္ဆိုင္ အခ်စ္ဇာတ္လမ္းအတြက္ မတူညီတဲ့ Jacob ဇာတ္ေကာင္ကို လိုခ်င္ခဲ့ၾကပုံ ရပါတယ္။

ဒါကိုေတာ့ သတင္းစာရွင္းလင္းပြဲမွာ New Moon အတြက္ ဇာတ္လမ္းအက်ဥ္းခ်ဳပ္ ဖတ္ၾကားခဲ့ရာမွာ သိသာေစခဲ့ပါတယ္။ “New Moon မွာ Bella Swan (Kristen Stewart) ဟာ ႐ုတ္တရက္ ထြက္ခြာသြားတဲ့ ခ်စ္သူ ဗန္ပိုင္းယား Edward Cullen (Robert Pattinson) ေၾကာင့္ ေၾကကြဲ ၿပိဳလဲေနခဲ့ေပမယ့္ ျငင္းဆန္မရတဲ့ Jacob Black ရဲ႕ ေႏြးေထြးမႈေၾကာင့္ သူမရဲ႕စိတ္ဝိဉာဥ္ေတြဟာ ၾကင္နာမႈေတြ ျပန္လည္ရရွိခဲ့ပါတယ္…  ” လို႔ ေဖာ္ျပခဲ့ပါတယ္။

ဒီအခါမွာ ပရိသတ္ေတြဟာ Jacob ေနရာမွာ Taylor Lautner ရဲ႕ နာမည္ မပါဝင္ခဲ့တာကို ခ်က္ခ်င္းဆိုသလိုပဲ သတိထားမိခဲ့ၾကပါတယ္။ Taylor ရဲ႕နာမည္ကို ခ်န္ထားခဲ့ရတဲ့ အေၾကာင္းကေတာ့ ပီဒီေတြဟာ သူ႔ကို ထပ္ၿပီးသ႐ုပ္ေဆာင္ခိုင္းဦးမွာလားဆိုတာ ေဝခြဲမရေသးတာေၾကာင့္လို႔ ဆိုပါတယ္။ Twilight ရဲ႕ ဒုတိယစာအုပ္မွာ Jacob ဇာတ္ေကာင္ဟာ ႐ုပ္ပိုင္းဆိုင္ရာမွာ ေျပာင္းလဲမႈေတြ ျဖစ္လာေၾကာင္း ေဖာ္ျပထားတဲ့အတြက္ ႐ုပ္ရွင္ထုတ္လုပ္သူေတြဟာ ေနာက္ထပ္ သ႐ုပ္ေဆာင္တစ္ေယာက္ကို ထပ္ေ႐ြးဖို႔ စဥ္းစားခဲ့ၾကပါတယ္။ ဒါေၾကာင့္ပဲ Taylor ဟာ သူ႔ဇာတ္ေကာင္ကို လက္မလႊတ္ရဖို႔အတြက္ ေပါင္သုံးဆယ္ေလာက္ တက္လာေအာင္ ခႏၶာကိုယ္ကို train ခဲ့ရပါတယ္။

႐ုပ္ရွင္ရဲ႕ဇာတ္သိမ္းဟာ ဝတၳဳနဲ႔ လုံးဝမတူညီပါဘူး။
Photo via screenrant

စာအုပ္ထဲမွာေတာ့ Bella ၊ Edward နဲ႔ Cullen မိသားစုတစ္ခုလုံးဟာ Renesmee က immortal ကေလး မဟုတ္ဘူးဆိုတာကို ေတာ္ဝင္မိသားစု ယုံၾကည္လက္ခံလာေအာင္ ႀကိဳးစားၾကတာျဖစ္ၿပီး Volturi နဲ႔ ေတြ႕ဆုံမႈမွာ သက္ေသလိုက္ေပးဖို႔ အင္အားစုေဆာင္းျခင္းက ႀကီးမားတဲ့ အစိတ္အပိုင္းအျဖစ္ ပါဝင္ပါတယ္။

ဒါတင္မက စာအုပ္ထဲမွာဆိုရင္ ကာ႐ိုက္တာအသစ္ေတြနဲ႔လည္း မိတ္ဆက္ေပးထားၿပီး သူတို႔ရဲ႕ အားရစရာ စြမ္းအားအသစ္ေတြကိုလည္း ထည့္သြင္းထားပါေသးတယ္။ စာဖတ္သူအမ်ားစုဟာ ဒီအင္အားစုကို ပိုင္ဆိုင္ထားတဲ့ Cullen မိသားစုဟာ ေသခ်ာေပါက္ Volturi တို႔နဲ႔ ထိပ္တိုက္ေတြ႕ၿပီး ေသြးေျမက်တဲ့အထိ တိုက္ပြဲဝင္ၾကမယ္လို႔ ခန႔္မွန္းထားၾကတာပါ။ သို႔ေပမယ့္ စာအုပ္ထဲမွာေတာ့ Volturi မထြက္ခြာသြားခင္မွာ Bella က အားလုံးကို သူမရဲ႕ shield အစြမ္းနဲ႔ ကာကြယ္ေပးတယ္ဆိုၿပီး ဇာတ္သိမ္းထားပါတယ္။

ဒါေၾကာင့္လည္း ႐ုပ္ရွင္ထုတ္လုပ္သူေတြဟာ ဒီ့ထက္ပိုစိတ္လႈပ္ရွားစရာေကာင္းတဲ့ ဇာတ္သိမ္းတစ္ခုကို ဖန္တီးဖို႔ စဥ္းစားခဲ့ၾကတာ ျဖစ္ပါတယ္။ Alice ရဲ႕ အျမင္အာ႐ုံထဲမွာပဲ ျဖစ္ပ်က္ခဲ့တာ မွန္ေပမယ့္ ႏွစ္ဖက္စလုံးမွာ အထိနာတဲ့ တိုက္ပြဲတစ္ခုကို ယူေဆာင္ေပးခဲ့တာကေတာ့ စာအုပ္ထက္ေကာင္းတဲ့ ဇာတ္သိမ္းလို႔ ေျပာရမွာပါ။

ဒါကေတာ့ Twilight Saga ရဲ႕ ဇာတ္ကားေနာက္ကြယ္က စိတ္ဝင္စားစရာအခ်က္ေတြပဲ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ Twilight ရဲ႕ ဇာတ္ေကာင္ေတြ ရွိရင္လည္း ျပန္လည္မွ်ေဝခဲ့ပါဦး။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

 

RELATED ARTICLES

Most Popular