HomeEntertainmentFilmTwilight ရုပ်ရှင်ထဲမှာ ပါဝင်ဖို့ ငြင်းပယ်ခံခဲ့ရတဲ့ နာမည်ကြီး သရုပ်ဆောင်များ

Twilight ရုပ်ရှင်ထဲမှာ ပါဝင်ဖို့ ငြင်းပယ်ခံခဲ့ရတဲ့ နာမည်ကြီး သရုပ်ဆောင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Twilight Franchise ဟာ သရုပ်ဆောင်တွေများစွာကို ပိုမိုအောင်မြင်တဲ့ သရုပ်ဆောင်တွေ ဖြစ်လာခဲ့ပြီး အထူးသဖြင့် Robert Pattinson နဲ့ Kristen Stewart တို့ နှစ်ယောက်ဟာလည်း နာမည်ကြီး သရုပ်ဆောင်တွေ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း သရုပ်ဆောင်တွေကို ရွေးချယ်တဲ့အချိန်မှာတော့ သရုပ်ဆောင်လုနီးပါး ဖြစ်ခဲ့ပေမယ့်လည်း ငြင်းပယ်ခံခဲ့ရသူတွေ ရှိပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Twilight ရုပ်ရှင်ထဲမှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့တဲ့ နာမည်ကြီး သရုပ်ဆောင်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Lucy Hale
photo via screenrant

Lucy Hale ဟာ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Pretty Little Liars ဇာတ်လမ်းတွဲထဲမှာ ပါဝင်ခဲ့သူ ဖြစ်ပြီး How I Met Your Mother ဇာတ်လမ်းတွဲထဲမှာလည်း ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပါသေးတယ်။ အဓိကကတော့ Pretty Little Liars ဇာတ်လမ်းတွဲနဲ့ အောင်မြင်လာပြီး Truth or Dare နဲ့ Fantasy Island ရုပ်ရှင်တွေထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ သူမကတော့ Volturi အဖွဲ့အစည်းထဲက Dakota Fanning သရုပ်ဆောင်ထားတဲ့ Jane နေရာမှာ ပါဝင်ဖို့ လူရေွးပွဲပြိုင်ခဲ့ပြီး ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့ ငြင်းပယ်ခံခဲ့ရပါတယ်။

(2) Michelle Trachtenberg
photo via screenrant

သူမကတော့ Buffy the Vampire Slayer ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပြီး Paramount ဟာ Twilight ရုပ်ရှင်ကို စတင်ဖန်တီးဖို့ စီစဉ်နေတုန်းကတော့ သူမကို Bella နေရာမှာ ပါဝင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ Twilight ရုပ်ရှင်ကို စတင်ဖန်တီးတော့မယ့် အချိန်မှာတော့ ၂၀၀၈ ခုနှစ် ဖြစ်နေပြီး Michelle ကလည်း ဆယ်ကျော်သက်နေရာမှာ သရုပ်ဆောင်ဖို့အတွက် အသက်ကြီးနေပြီ ဖြစ်တာကြောင့် ငြင်းပယ်ခံခဲ့ရပါတယ်။

(3) Ben Barnes
photo via screenrant

Ben Barnes ကတော့ The Chronicles of Narnia ရုပ်ရှင်တွေနဲ့ Westworld ဇာတ်လမ်းတွဲတို့မှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ အစတုန်းကတော့ သူဟာ Edward Cullen နေရာမှာ သရုပ်ဆောင်လုနီးပါး ဖြစ်ခဲ့ပေမယ့်လည်း အပေါ်မှာဖော်ပြထားတဲ့ Michelle Trachtenberg လိုပဲ ဆယ်ကျော်သက်နေရာမှာ သရုပ်ဆောင်ဖို့ အသက်ကြီးနေတာကြောင့် ငြင်းပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ နောက်ပိုင်းမှာလည်း Volturi အဖွဲ့အစည်းထဲက Aro နေရာမှာ သရုပ်ဆောင်ဖို့ နီးစပ်ခဲ့ပါသေးတယ်။

(4) Henry Cavill
photo via screenrant

အခုချိန်မှာ လူတိုင်းနီးပါး သိကြတဲ့ Henry Cavill ဟာလည်း Twilight မှာ ပါဝင်ဖို့ နီးစပ်ခဲ့သူတွေထဲက တစ်ယောက် ဖြစ်ပါတယ်။ တကယ်တော့ Twilight စာအုပ်ကို ရေးသားခဲ့တဲ့ စာရေးဆရာမ Stephenie Meyer ကိုယ်တိုင်က Henry Cavill ကို Edward အနေနဲ့ ပါဝင်စေချင်ခဲ့တာ ဖြစ်ပါတယ်။ သူကလည်း Edward ဇာတ်ကောင်နေရာမှာ ပါဝင်ဖို့ အသက်ကြီးနေတာကြောင့် ငြင်းပယ်ခံခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာတော့ စာရေးဆရာမ Stephenie Meyer ဟာ Henry Cavill ကို Carlisle Cullen နေရာမှာ ပါဝင်ဖို့ Campaigne တွေတောင် ပြုလုပ်ခဲ့ပါသေးတယ်။

(5) Lilly Collins
photo via screenrant

Emily in Paris ဇာတ်လမ်းတွဲထဲမှာ ပါဝင်ခဲ့တဲ့ Lilly Collins ကလည်း Twilight ထဲက Bella နေရာမှာ သရုပ်ဆောင်ဖို့ လူရွေးပွဲ ဝင်ပြိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း စိတ်မကောင်းစွာနဲ့ပဲ သူမဟာ Bella နေရာမှာ သရုပ်ဆောင်ဖို့ မနီးစပ်ခဲ့ပါဘူး။ အဲ့ဒီနောက်ပိုင်းမှာတော့ သူမဟာ နာမည်ကြီး ရုပ်ရှင်တွေများစွာမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။

(6) Dave Franco
photo via screenrant

Dave Franco ကတော့ Now You See Me နဲ့ 21 Jump Street တို့လို နာမည်ကြီး ရုပ်ရှင်တွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူဟာ ဒီလိုရုပ်ရှင်တွေမှာ မပါဝင်ခင်တုန်းကတော့ Twilight ထဲက Edward နေရာမှာ ပါဝင်ဖို့ လူရွေးပွဲ ဝင်ပြိုင်ခဲ့ပါသေးတယ်။ သူကတော့ အကြောင်းအမျိူးမျိူးကြောင့် ဒီဇာတ်ကောင်ကို မရရှိခဲ့ဘဲ ဘာကြောင့် လူရွေးပွဲမှာ အရွေးမခံရတာလည်း ဆိုတာတော့ မပြောခဲ့ပါဘူး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Twilight Franchise ဟာ သ႐ုပ္ေဆာင္ေတြမ်ားစြာကို ပိုမိုေအာင္ျမင္တဲ့ သ႐ုပ္ေဆာင္ေတြ ျဖစ္လာခဲ့ၿပီး အထူးသျဖင့္ Robert Pattinson နဲ႔ Kristen Stewart တို႔ ႏွစ္ေယာက္ဟာလည္း နာမည္ႀကီး သ႐ုပ္ေဆာင္ေတြ ျဖစ္လာခဲ့ပါတယ္။ ဒါေပမယ့္လည္း ႐ုပ္ရွင္ေတြရဲ႕ ထုံးစံအတိုင္း သ႐ုပ္ေဆာင္ေတြကို ေ႐ြးခ်ယ္တဲ့အခ်ိန္မွာေတာ့ သ႐ုပ္ေဆာင္လုနီးပါး ျဖစ္ခဲ့ေပမယ့္လည္း ျငင္းပယ္ခံခဲ့ရသူေတြ ရွိပါတယ္။ ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ Twilight ႐ုပ္ရွင္ထဲမွာ ပါဝင္ဖို႔ ျငင္းဆန္ခဲ့တဲ့ နာမည္ႀကီး သ႐ုပ္ေဆာင္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) Lucy Hale
photo via screenrant

Lucy Hale ဟာ ၂၀၁၀ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Pretty Little Liars ဇာတ္လမ္းတြဲထဲမွာ ပါဝင္ခဲ့သူ ျဖစ္ၿပီး How I Met Your Mother ဇာတ္လမ္းတြဲထဲမွာလည္း ဧည့္သည္သ႐ုပ္ေဆာင္အေနနဲ႔ ပါဝင္ခဲ့ပါေသးတယ္။ အဓိကကေတာ့ Pretty Little Liars ဇာတ္လမ္းတြဲနဲ႔ ေအာင္ျမင္လာၿပီး Truth or Dare နဲ႔ Fantasy Island ႐ုပ္ရွင္ေတြထဲမွာလည္း ပါဝင္ခဲ့ပါတယ္။ သူမကေတာ့ Volturi အဖြဲ႕အစည္းထဲက Dakota Fanning သ႐ုပ္ေဆာင္ထားတဲ့ Jane ေနရာမွာ ပါဝင္ဖို႔ လူေရြးပြဲၿပိဳင္ခဲ့ၿပီး ဒီဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ ျငင္းပယ္ခံခဲ့ရပါတယ္။

(2) Michelle Trachtenberg
photo via screenrant

သူမကေတာ့ Buffy the Vampire Slayer ဇာတ္လမ္းတြဲထဲမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့သူ ျဖစ္ၿပီး Paramount ဟာ Twilight ႐ုပ္ရွင္ကို စတင္ဖန္တီးဖို႔ စီစဥ္ေနတုန္းကေတာ့ သူမကို Bella ေနရာမွာ ပါဝင္ဖို႔ ကမ္းလွမ္းခဲ့ပါတယ္။ Twilight ႐ုပ္ရွင္ကို စတင္ဖန္တီးေတာ့မယ့္ အခ်ိန္မွာေတာ့ ၂၀၀၈ ခုႏွစ္ ျဖစ္ေနၿပီး Michelle ကလည္း ဆယ္ေက်ာ္သက္ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ အသက္ႀကီးေနၿပီ ျဖစ္တာေၾကာင့္ ျငင္းပယ္ခံခဲ့ရပါတယ္။

(3) Ben Barnes
photo via screenrant

Ben Barnes ကေတာ့ The Chronicles of Narnia ႐ုပ္ရွင္ေတြနဲ႔ Westworld ဇာတ္လမ္းတြဲတို႔မွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ဖူးပါတယ္။ အစတုန္းကေတာ့ သူဟာ Edward Cullen ေနရာမွာ သ႐ုပ္ေဆာင္လုနီးပါး ျဖစ္ခဲ့ေပမယ့္လည္း အေပၚမွာေဖာ္ျပထားတဲ့ Michelle Trachtenberg လိုပဲ ဆယ္ေက်ာ္သက္ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ အသက္ႀကီးေနတာေၾကာင့္ ျငင္းပယ္ခံခဲ့ရတာ ျဖစ္ပါတယ္။ ဒါတင္မကေသးဘဲ ေနာက္ပိုင္းမွာလည္း Volturi အဖြဲ႕အစည္းထဲက Aro ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ နီးစပ္ခဲ့ပါေသးတယ္။

(4) Henry Cavill
photo via screenrant

အခုခ်ိန္မွာ လူတိုင္းနီးပါး သိၾကတဲ့ Henry Cavill ဟာလည္း Twilight မွာ ပါဝင္ဖို႔ နီးစပ္ခဲ့သူေတြထဲက တစ္ေယာက္ ျဖစ္ပါတယ္။ တကယ္ေတာ့ Twilight စာအုပ္ကို ေရးသားခဲ့တဲ့ စာေရးဆရာမ Stephenie Meyer ကိုယ္တိုင္က Henry Cavill ကို Edward အေနနဲ႔ ပါဝင္ေစခ်င္ခဲ့တာ ျဖစ္ပါတယ္။ သူကလည္း Edward ဇာတ္ေကာင္ေနရာမွာ ပါဝင္ဖို႔ အသက္ႀကီးေနတာေၾကာင့္ ျငင္းပယ္ခံခဲ့ရပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ စာေရးဆရာမ Stephenie Meyer ဟာ Henry Cavill ကို Carlisle Cullen ေနရာမွာ ပါဝင္ဖို႔ Campaigne ေတြေတာင္ ျပဳလုပ္ခဲ့ပါေသးတယ္။

(5) Lilly Collins
photo via screenrant

Emily in Paris ဇာတ္လမ္းတြဲထဲမွာ ပါဝင္ခဲ့တဲ့ Lilly Collins ကလည္း Twilight ထဲက Bella ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ လူေ႐ြးပြဲ ဝင္ၿပိဳင္ခဲ့ပါေသးတယ္။ ဒါေပမယ့္လည္း စိတ္မေကာင္းစြာနဲ႔ပဲ သူမဟာ Bella ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ မနီးစပ္ခဲ့ပါဘူး။ အဲ့ဒီေနာက္ပိုင္းမွာေတာ့ သူမဟာ နာမည္ႀကီး ႐ုပ္ရွင္ေတြမ်ားစြာမွာ ပါဝင္ခြင့္ရခဲ့ပါတယ္။

(6) Dave Franco
photo via screenrant

Dave Franco ကေတာ့ Now You See Me နဲ႔ 21 Jump Street တို႔လို နာမည္ႀကီး ႐ုပ္ရွင္ေတြမ်ားစြာမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့သူ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း သူဟာ ဒီလို႐ုပ္ရွင္ေတြမွာ မပါဝင္ခင္တုန္းကေတာ့ Twilight ထဲက Edward ေနရာမွာ ပါဝင္ဖို႔ လူေ႐ြးပြဲ ဝင္ၿပိဳင္ခဲ့ပါေသးတယ္။ သူကေတာ့ အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ ဒီဇာတ္ေကာင္ကို မရရွိခဲ့ဘဲ ဘာေၾကာင့္ လူေ႐ြးပြဲမွာ အေ႐ြးမခံရတာလည္း ဆိုတာေတာ့ မေျပာခဲ့ပါဘူး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular