HomeEntertainmentFilmThe Flash ထွေလာထဲက Barryနှစ်ယောက်ရဲ့ လျှပ်စီးအရောင်ဟာ ဘာကြောင့်မတူတာလဲ?

The Flash ထွေလာထဲက Barryနှစ်ယောက်ရဲ့ လျှပ်စီးအရောင်ဟာ ဘာကြောင့်မတူတာလဲ?

မကြာခင်က ထွက်ရှိခဲ့တဲ့ The Flash ထွေလာထဲမှာတော့ Barry Allen နှစ်ယောက်ကို မြင်တွေ့ခဲ့ရပြီး သူတို့ရဲ့လျှပ်စီးအရောင်တွေကလည်း မတူညီကြပါဘူး။ တကယ်တော့ အဲဒီလျှပ်စီးအရောင်ဟာ Speedster တစ်ယောက်အနေနဲ့ ဘယ်လောက်ထိ စွမ်းအားကြီးတယ်ဆိုတာ တိုက်ရိုက်ပြသနေတဲ့အရာ ဖြစ်ပါတယ်။ အခုလို အရောင်ကွဲပြားနေတာကြောင့် သူတို့နှစ်ယောက်ရဲ့ စွမ်းအား Level ဟာလည်း မတူညီသလို Speed Force နဲ့ ချိတ်ဆက်မှုမှာလည်း ကွဲပြားနေမှာ ဖြစ်ပါတယ်။

photo via wb discovery

Speed Force ဆိုတာကတော့ Speedster တစ်ယောက်ကို စွမ်းအားတွေ ပိုကြီးလာစေတဲ့ Extra Dimensional Source တစ်ခု ဖြစ်ပါတယ်။ လိမ္မော်ရောင်ကတော့ ကောမစ်ထဲက Flash ရဲ့မြင်တွေ့နေကျ လျှပ်စီးအရောင်ဖြစ်ပါတယ်။ တကယ်လို့ Speedster တစ်ယောက်ရဲ့ လျှပ်စီးအရောင်ဟာ အပြာရောင်အဖြစ် ပြောင်းသွားတယ် ဆိုရင်တော့ သူဟာ Speed Force နဲ့ ပိုပြီးတော့ ချိတ်ဆက်မှု အားကောင်းသွားလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း DC Universe ထဲက Flash ကတော့ စတင်ပါဝင်လာကတည်းက အပြာရောင် ဖြစ်နေပါတယ်။

ဒီထွေလာထဲမှာတော့ DC Universe ရဲ့ အဓိက Flash ဟာ လိမ္မော်ရောင်လျှပ်စီး ဖြစ်နေပြီး အခြား Universe ရဲ့ Flash ကတော့ အပြာရောင်လျှပ်စီး ဖြစ်နေပါတယ်။ ဒါကြောင့်ပဲ The Flash ရုပ်ရှင်ဟာ ကောမစ်ထဲကအတိုင်းသာ ဖန်တီးသွားမယ် ဆိုရင်တော့ DC Universe ရဲ့ အဓိက Flash ထက် အခြား Universe က Flash က ပိုပြီးစွမ်းအားကြီးနေမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အခြား Universe က Flash ဟာ DC Universe ရဲ့ အဓိက Flash ကို Power Up ဖြစ်လာအောင် သင်ပေးတာကို မြင်တွေ့ရနိုင်ပါတယ်။

photo via wb discovery

နောက်ထပ် ဖြစ်နိုင်ချေတစ်ခုကတော့ ဒီရုပ်ရှင်ဟာ ကောမစ်ထဲကအချက်ကို ပြောင်းပြန်ဖန်တီးသွားမှာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုသာ ပြောင်းပြန်ဖန်တီးသွားမယ် ဆိုရင်တော့ လိမ္မော်ရောင်ဟာ Speed Force နဲ့ ပိုမိုချိတ်ဆက်မှုကောင်းတဲ့ သင်္ကေတတစ်ခု ဖြစ်နေပါလိမ့်မယ်။ ဒါ့အပြင် အပေါ်မှာ ဖော်ပြခဲ့သလိုပဲ DC Universe ရဲ့ အဓိက Flash ဟာ Justice League ရုပ်ရှင်မှာ စတင်ပါဝင်လာတဲ့ အချိန်ကတည်းက အပြာရောင်လျှပ်စီး ဖြစ်နေတာပါ။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ထဲမှာတော့ လျှပ်စီးအရောင်ကို ပြောင်းပြန်ဖန်တီးသွားမယ် ဆိုရင်တော့ အရင်ကထွက်ထားတဲ့ ရုပ်ရှင်နဲ့ ပိုမိုအချိတ်အဆက်မိနေမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular