HomeCharacterAnti-Hero တစ်ယောက်ဖြစ်တဲ့ Punisher အကြောင်း စိတ်ဝင်စားစရာများ

Anti-Hero တစ်ယောက်ဖြစ်တဲ့ Punisher အကြောင်း စိတ်ဝင်စားစရာများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

သူ့ရဲ့နာမည်အရင်းကတော့ Frank Castle ဖြစ်ပြီးတော့ Punisher ဆိုပြီးတော့ လူသိများပါတယ်။ ၁၉၇၄ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ The Amazing Spider-Man #129 ဆိုတဲ့ကောမစ်ထဲမှာ သူဟာ ပထမဆုံး Marvel ကောမစ်လောကထဲကို ဝင်ရောက်လာခဲ့ပါတယ်။ သူဟာ ဟိုးအရင်ကတည်းက ဆိုလိုရုပ်ရှင်ထွက်ခဲ့ပြီးတော့ ပရိသတ်တွေတော်တော်များများလည်း ပိုင်ဆိုင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ သူ့ရဲ့အကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

သူဟာ စာအုပ်တွေဖတ်ရတာကို ကြိုက်နှစ်သက်ပါတယ်။
photo via cbr

နည်းနည်းတော့ ထူးဆန်းသလိုဖြစ်နေပေမယ့်လည်း သူဟာ စာအုပ်တွေဖတ်ရတာကို တကယ်ကြိုက်နှစ်သက်တာ ဖြစ်ပါတယ်။ သူဟာ တစ်ယောက်ယောက်နဲ့ တိုက်ခိုက်ဖို့အတွက် ပြင်ဆင်နေတဲ့အချိန်မှာဆိုရင် စာကြည့်တိုက်ကိုသွားပြီးတော့ စာဖတ်လေ့ရှိပါတယ်။ သူဟာ စာအုပ်တွေကိုဖတ်ပြီးတော့ တိုက်ခိုက်တဲ့အခါမှာ အသုံးပြုတဲ့ နည်းဗျူဟာတွေကို ဖန်တီးတာဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ philosophy နဲ့ဆိုင်တဲ့ စာအုပ်တွေကို ကြိုက်နှစ်သက်တဲ့အပြင် ကလေးဘဝကတည်းက ကဗျာတွေ ဖတ်ရတာကိုလည်း ကြိုက်နှစ်သူ ဖြစ်ပါတယ်။

ဗီယက်နမ်စစ်ပွဲမှာလည်း ပါဝင်တိုက်ခိုက်ခဲ့ဖူးပါတယ်။
photo via cbr

သူဟာလည်း တစ်ခြားဇာတ်ကောင်တွေတော်တော်များများလိုပဲ ဗီယက်နမ်နဲ့အမေရိကန်စစ်ပွဲမှာ ပါဝင်ခဲ့ဖူးပါသေးတယ်။ အဲ့ဒီမှာပဲ သူဟာ တိုက်ခိုက်ရေးဗျူဟာတွေနဲ့ သေနတ်ပစ်သင်တန်းတွေအပြင် ယာဉ်တွေတော်တော်များများကိုလည်း ပျက်သွားရင် ပြင်တတ်အောင် လေ့ကျင့်ခဲ့ရပါတယ်။ သူဟာ လေ့ကျင့်မှုတွေအများကြီးကိုလုပ်ခဲ့ပြီး တိုက်ခိုက်တဲ့နေရာမှာ ကျွမ်းကျင်နေပေမယ့်လည်း စစ်ပွဲအတွင်းအချိန်မှာတော့ စစ်ပွဲထဲက တစ်ခြားသူတွေလိုပဲ ကြောက်လန့်နေပြီးတော့ သတ်ဖြတ်ဖို့အတွက်ကို နှောင့်နှေးနေခဲ့ပါတယ်။

အဲ့လိုနဲ့နောက်ပိုင်းမှာတော့ သူဟာ သတ်ဖြတ်ဖို့အတွက် လက်မတွန့်တော့တဲ့အပြင် အဲ့လိုတိုက်ခိုက်တဲ့နေရာမှာလည်း အရမ်းကိုကျွမ်းကျင်တာကြောင့် အဲ့ဒီအချက်တွေကပဲ သူ့ရဲ့မိသားစုအသတ်ခံလိုက်ရတဲ့အချိန်မှာ Punisher ဖြစ်လာစေခဲ့တာပါ။ Punisher ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာလည်း အဲ့ဒီစစ်ပွဲအတွင်းမှာ ကြုံတွေ့ခဲ့ရတာတွေကြောင့် လူအများကြီးနဲ့ တိုက်ခိုက်ရတဲ့အခါမှာလည်း သူဟာ အသာအယာတိုက်ခိုက်နိုင်တာ ဖြစ်ပါတယ်။

ရဲနဲ့စစ်သားတွေအပေါ်မှာ ညှာတာမှုထားပါတယ်။
photo via cbr

သူဟာလည်း စစ်သားဟောင်းတစ်ယောက်ဖြစ်တာကြောင့် တစ်ခြားစစ်သားတွေနဲ့ ရဲတွေအပေါ်မှာ ညှာတာမှုရှိပါတယ်။ သူတို့တွေဟာ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်နေတဲ့သူတွေ ဖြစ်တာကြောင့် သူဟာ စစ်သားတွေနဲ့ရဲတွေကို လေးစားမှုတစ်ခုနဲ့ ဆက်ဆံလေ့ရှိပါတယ်။ ရဲတွေနဲ့ စစ်သားတွေဟာ သူ့ရဲ့နောက်ကိုလိုက်နေရင်တောင်မှ သူဟာ သူတို့ကိုရန်သူတွေလို့ မသတ်မှတ်တဲ့အပြင် တတ်နိုင်သလောက် တိုက်ခိုက်တာကို ရှောင်ကြဉ်ပါတယ်။

ဒါ့အပြင် အဲ့ဒီရဲတွေနဲ့စစ်သားတွေဟာ အကျင့်ပျက်ပြီး သူ့ကိုအတုယူကာ သာမန်ပြည်သူတွေကို တိုက်ခိုက်ခဲ့ရင်တောင်မှ သူတို့ကို မသတ်ခင်မှာ အဲ့ဒီလုပ်ရပ်တွေကို ရပ်လိုက်ဖို့အတွက် အခွင့်အရေးတစ်ခုပေးပါသေးတယ်။ အကြောင်းကတော့ သူဟာ ရဲတွေနဲ့စစ်သားတွေအပေါ်မှာ လေးစားမှုရှိလို့သာ အဲ့လိုမျိုး အခွင့်အရေးပေးတာဖြစ်ပြီးတော့ တစ်ခြားသူတွေဆိုရင်တော့ အခွင့်အရေးမပေးဘဲ တန်းပြီးတော့ သတ်ပစ်ပါတယ်။

သူဟာ သူ့ကိုလိုက်ပြီး အတုခိုးတဲ့သူတွေကို မုန်းပါတယ်။
photo via cbr

သူ့ရဲ့ရင်ဘတ်က အရိုးခေါင်းပုံတံဆိပ်ဟာ သူ့ရဲ့သင်္ကေတတစ်ခုလိုတောင် ဖြစ်နေပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကလည်း လူတွေကိုကူညီဖို့အတွက်မဟုတ်ဘဲ သေဖို့အတွက် ထိုက်တန်တဲ့သူတွေကို သတ်ဖြတ်ဖို့ပဲ ဖြစ်ပါတယ်။ သူ့ရဲ့လုပ်ရပ်တွေကြောင့်လည်း လူတွေဟာ နှစ်ခြမ်းကွဲသွားပြီးတော့ သူ့ကိုမုန်းတီးတဲ့သူတွေနဲ့ သူ့ကိုအားကျတဲ့လူတွေလည်း ရှိလာခဲ့ပါတယ်။

ဒါပေမယ့်လည်း တစ်ချို့သူတွေဟာ သူ့ကိုအားကျပြီးတော့ သူလုပ်သလိုလိုက်လုပ်ကာ သူ့ရဲ့သင်္ကေတဖြစ်တဲ့ အရိုးခေါင်းတံဆိပ်ကိုပါ ဝတ်ဆင်ပြီးတော့ သူ့ရဲ့လက်ခံမှုကို လိုချင်ကြတဲ့သူတွေလည်း ရှိကြပါတယ်။ အဲ့လိုလူတွေိကိုတော့ သူဟာအရမ်းကိုမုန်းပြီးတော့ ချက်ချင်းခြေရာခံပြီးတော့ လိုက်လံသတ်ဖြတ်လေ့ရှိပါတယ်။

အရိုးခေါင်းပုံစံတံဆိပ်ရဲ့ origin များ
photo via cbr

အဲ့ဒီအရိုးခေါင်းပုံစံတံဆိပ်ဟာ သူ့ရဲ့သင်္ကေတတစ်ခုဖြစ်ပြီးတော့ အဲ့ဒီအရိုးခေါင်းပုံစံဖြစ်လာရတဲ့အကြောင်းအရင်းတွေက အမျိုးမျိုး ရှိပါတယ်။ ပထမဆုံး origin ကတော့ သူဟာ ဗီယက်နမ်စစ်ပွဲအတွင်းမှာ အဲ့ဒီတံဆိပ်ကိုရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာတော့ သူဟာ ရန်သူဘက်က စနိုက်ပါတစ်ယောက်ရဲ့နောက်ကို လိုက်နေရင်းနဲ့ သူဟာ အဖမ်းခံလိုက်ရပါတယ်။ အဖမ်းခံနေရာကနေ လွတ်သွားတဲ့အချိန်မှာတော့ သူဟာ အဲ့ဒီစနိုက်ပါကို သတိပေးတဲ့အနေနဲ့ သူ့ကိုဖမ်းထားတဲ့သူတွေကို သတ်ပြီးတော့ သူတို့ရဲ့ရင်ဘတ်ပေါ်မှာ အရိုးခေါင်းပုံကို ဆွဲခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း Punisher ဖြစ်လာတဲ့အချိန်မှာလည်း သူဟာ အဲ့ဒီအရိုးခေါင်းတံဆိပ်ကို သုံးခဲ့ပါတယ်။ နောက်ထပ်တစ်ခုကတော့ Punisher MAX ဆိုတဲ့ကောမစ်ထဲမှာ ဖြစ်ပြီးတော့ သူဟာ အဲ့ဒီအရိုးခေါင်းတံဆိပ်ကို အိမ်မက်မက်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ အဲ့ဒီအိမ်မက်ကို တောက်လျှောက်မက်နေတာကြောင့် သူ့ရဲ့ရင်ဘတ်မှာ အဲ့ဒီတံဆိပ်ကို ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဒီ origin နှစ်ခုကတော့ ကောမစ်ထဲမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး Live Action တွေထဲမှာတော့ ပြောင်းလဲသွားတာတွေ ရှိခဲ့ပါတယ်။

သူ့မှာ နောက်ထပ်ကလေးတစ်ယောက် ရှိပါသေးတယ်။
photo via cbr

Frank ဟာ သူ့ရဲ့မိသားစုတစ်ခုလုံး အသတ်ခံလိုက်ရတာကြောင့် အဲ့ဒီလူသတ်သမားတွေကို လက်စားချေဖို့အတွက် လိုက်လံစုံစမ်းရင်းကနေ Punisher ဖြစ်လာတယ်ဆိုတာကိုတော့ လူတိုင်းသိကြမှာပါ။ အဲ့ဒီနောက်မှာတော့ သူဟာ သံယောဇဉ်တွယ်စရာ ဘာမှမရှိတော့ဘဲ သေဖို့ထိုက်တန်တယ်လို့ သူထင်တဲ့သူတွေကို လိုက်လံသတ်ဖြတ်နေပါတော့တယ်။

အဲ့လိုနဲ့ သူဟာ နောက်ထပ်မိန်းကလေးတွေနဲ့ အပျော်တွဲခဲ့ဖူးပြီး အဲ့ဒီထဲကတစ်ယောက်ကတော့ ကိုယ်ဝန်ရသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီမိန်းကလေးဟာ Frank ကို အဲ့ဒီကိုယ်ဝန်အကြောင်း ဘာမှမပြောဘဲ သူတစ်ယောက်တည်း မွေးထားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Barracuda လို့ခေါ်တဲ့ဗီလိန်တစ်ယောက်က အဲ့ဒီကလေးကို ပြန်ပေးဆွဲသွားတဲ့အချိန်ကျမှ သူ့မှာ နောက်ထပ်ကလေးတစ်ယောက် ရှိနေတာကို သိရပါတော့တယ်။

သူဟာ Captain America ကို လေးစားအားကျပါတယ်။
photo via cbr

သူဟာ ဉပဒေတွေကို လေးစားမှုမရှိဘဲ သူမှန်တယ်ထင်တာကို လုပ်တတ်တဲ့သူတစ်ယောက်ဖြစ်ပေမယ့်လည်း အပေါ်မှာပြောခဲ့သလို ရဲတွေ ၊ စစ်သားတွေအပေါ်မှာ လေးစားမှုရှိပါတယ်။ ဒါ့အပြင် သူဟာ လုံးဝကိုလေးစားပြီး အားကျတဲ့ဟီးရိုးတစ်ယောက်ကတော့ Captain America ပဲဖြစ်ပါတယ်။ သူဟာ စစ်သားတစ်ယောက်ဖြစ်ခဲ့တဲ့အချိန်တုန်းကတော့ Cap ဟာ သူ့ကိုလေ့ကျင့်ပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း အဲ့ဒီလေ့ကျင့်ရေးထဲမှာတော့ Cap ဟာသူ့ကို ဘာပဲလုပ်လုပ် ၊ သူဟာ လုံးဝကိုပြန်ပြီးတော့ မတိုက်ခိုက်ခဲ့ပါဘူး။ နှစ်တွေအများကြီးကြာသွားတဲ့အချိန်မှာတော့ Civil War ကောမစ်ထဲမှာ သူဟာ Cap ရဲ့ထိန်းသိမ်းမှုအောက်မှာရှိနေတဲ့ ရာဇဝတ်ကောင်နှစ်ယောက်ကို သတ်ပစ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Cap ဟာ သူ့ကို တိုက်ခိုက်ခဲ့ပေမယ့်လည်း သူဟာ လုံးဝကိုပြန်ပြီးတော့ မတိုက်ခိုက်ခဲ့ပါဘူး။ ဒါ့အပြင် Frank ဟာသူ့ကိုအားကျတဲ့သူတွေကိုလည်း သူ့အစား Cap ကိုပဲ နမူနာထားပြီးတော့ Cap လိုမျိုး နေထိုင်ကြပါဆိုပြီးတော့လည်း ပြောခဲ့ဖူးပါသေးတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

သူ႔ရဲ႕နာမည္အရင္းကေတာ့ Frank Castle ျဖစ္ၿပီးေတာ့ Punisher ဆိုၿပီးေတာ့ လူသိမ်ားပါတယ္။ ၁၉၇၄ ခုႏွစ္တုန္းက ထြက္ခဲ့တဲ့ The Amazing Spider-Man #129 ဆိုတဲ့ေကာမစ္ထဲမွာ သူဟာ ပထမဆုံး Marvel ေကာမစ္ေလာကထဲကို ဝင္ေရာက္လာခဲ့ပါတယ္။ သူဟာ ဟိုးအရင္ကတည္းက ဆိုလို႐ုပ္ရွင္ထြက္ခဲ့ၿပီးေတာ့ ပရိသတ္ေတြေတာ္ေတာ္မ်ားမ်ားလည္း ပိုင္ဆိုင္ထားသူ တစ္ေယာက္ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ စိတ္ဝင္စားဖို႔ေကာင္းတဲ့ သူ႔ရဲ႕အေၾကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

သူဟာ စာအုပ္ေတြဖတ္ရတာကို ႀကိဳက္ႏွစ္သက္ပါတယ္။
photo via cbr

နည္းနည္းေတာ့ ထူးဆန္းသလိုျဖစ္ေနေပမယ့္လည္း သူဟာ စာအုပ္ေတြဖတ္ရတာကို တကယ္ႀကိဳက္ႏွစ္သက္တာ ျဖစ္ပါတယ္။ သူဟာ တစ္ေယာက္ေယာက္နဲ႔ တိုက္ခိုက္ဖို႔အတြက္ ျပင္ဆင္ေနတဲ့အခ်ိန္မွာဆိုရင္ စာၾကည့္တိုက္ကိုသြားၿပီးေတာ့ စာဖတ္ေလ့ရွိပါတယ္။ သူဟာ စာအုပ္ေတြကိုဖတ္ၿပီးေတာ့ တိုက္ခိုက္တဲ့အခါမွာ အသုံးျပဳတဲ့ နည္းဗ်ဴဟာေတြကို ဖန္တီးတာျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ philosophy နဲ႔ဆိုင္တဲ့ စာအုပ္ေတြကို ႀကိဳက္ႏွစ္သက္တဲ့အျပင္ ကေလးဘဝကတည္းက ကဗ်ာေတြ ဖတ္ရတာကိုလည္း ႀကိဳက္ႏွစ္သူ ျဖစ္ပါတယ္။

ဗီယက္နမ္စစ္ပြဲမွာလည္း ပါဝင္တိုက္ခိုက္ခဲ့ဖူးပါတယ္။
photo via cbr

သူဟာလည္း တစ္ျခားဇာတ္ေကာင္ေတြေတာ္ေတာ္မ်ားမ်ားလိုပဲ ဗီယက္နမ္နဲ႔အေမရိကန္စစ္ပြဲမွာ ပါဝင္ခဲ့ဖူးပါေသးတယ္။ အဲ့ဒီမွာပဲ သူဟာ တိုက္ခိုက္ေရးဗ်ဴဟာေတြနဲ႔ ေသနတ္ပစ္သင္တန္းေတြအျပင္ ယာဥ္ေတြေတာ္ေတာ္မ်ားမ်ားကိုလည္း ပ်က္သြားရင္ ျပင္တတ္ေအာင္ ေလ့က်င့္ခဲ့ရပါတယ္။ သူဟာ ေလ့က်င့္မႈေတြအမ်ားႀကီးကိုလုပ္ခဲ့ၿပီး တိုက္ခိုက္တဲ့ေနရာမွာ ကြၽမ္းက်င္ေနေပမယ့္လည္း စစ္ပြဲအတြင္းအခ်ိန္မွာေတာ့ စစ္ပြဲထဲက တစ္ျခားသူေတြလိုပဲ ေၾကာက္လန႔္ေနၿပီးေတာ့ သတ္ျဖတ္ဖို႔အတြက္ကို ေႏွာင့္ေႏွးေနခဲ့ပါတယ္။

အဲ့လိုနဲ႔ေနာက္ပိုင္းမွာေတာ့ သူဟာ သတ္ျဖတ္ဖို႔အတြက္ လက္မတြန႔္ေတာ့တဲ့အျပင္ အဲ့လိုတိုက္ခိုက္တဲ့ေနရာမွာလည္း အရမ္းကိုကြၽမ္းက်င္တာေၾကာင့္ အဲ့ဒီအခ်က္ေတြကပဲ သူ႔ရဲ႕မိသားစုအသတ္ခံလိုက္ရတဲ့အခ်ိန္မွာ Punisher ျဖစ္လာေစခဲ့တာပါ။ Punisher ျဖစ္လာၿပီးတဲ့ေနာက္ပိုင္းမွာလည္း အဲ့ဒီစစ္ပြဲအတြင္းမွာ ႀကဳံေတြ႕ခဲ့ရတာေတြေၾကာင့္ လူအမ်ားႀကီးနဲ႔ တိုက္ခိုက္ရတဲ့အခါမွာလည္း သူဟာ အသာအယာတိုက္ခိုက္ႏိုင္တာ ျဖစ္ပါတယ္။

ရဲနဲ႔စစ္သားေတြအေပၚမွာ ညႇာတာမႈထားပါတယ္။
photo via cbr

သူဟာလည္း စစ္သားေဟာင္းတစ္ေယာက္ျဖစ္တာေၾကာင့္ တစ္ျခားစစ္သားေတြနဲ႔ ရဲေတြအေပၚမွာ ညႇာတာမႈရွိပါတယ္။ သူတို႔ေတြဟာ တိုင္းျပည္အတြက္ တာဝန္ထမ္းေဆာင္ေနတဲ့သူေတြ ျဖစ္တာေၾကာင့္ သူဟာ စစ္သားေတြနဲ႔ရဲေတြကို ေလးစားမႈတစ္ခုနဲ႔ ဆက္ဆံေလ့ရွိပါတယ္။ ရဲေတြနဲ႔ စစ္သားေတြဟာ သူ႔ရဲ႕ေနာက္ကိုလိုက္ေနရင္ေတာင္မွ သူဟာ သူတို႔ကိုရန္သူေတြလို႔ မသတ္မွတ္တဲ့အျပင္ တတ္ႏိုင္သေလာက္ တိုက္ခိုက္တာကို ေရွာင္ၾကဥ္ပါတယ္။

ဒါ့အျပင္ အဲ့ဒီရဲေတြနဲ႔စစ္သားေတြဟာ အက်င့္ပ်က္ၿပီး သူ႔ကိုအတုယူကာ သာမန္ျပည္သူေတြကို တိုက္ခိုက္ခဲ့ရင္ေတာင္မွ သူတို႔ကို မသတ္ခင္မွာ အဲ့ဒီလုပ္ရပ္ေတြကို ရပ္လိုက္ဖို႔အတြက္ အခြင့္အေရးတစ္ခုေပးပါေသးတယ္။ အေၾကာင္းကေတာ့ သူဟာ ရဲေတြနဲ႔စစ္သားေတြအေပၚမွာ ေလးစားမႈရွိလို႔သာ အဲ့လိုမ်ိဳး အခြင့္အေရးေပးတာျဖစ္ၿပီးေတာ့ တစ္ျခားသူေတြဆိုရင္ေတာ့ အခြင့္အေရးမေပးဘဲ တန္းၿပီးေတာ့ သတ္ပစ္ပါတယ္။

သူဟာ သူ႔ကိုလိုက္ၿပီး အတုခိုးတဲ့သူေတြကို မုန္းပါတယ္။
photo via cbr

သူ႔ရဲ႕ရင္ဘတ္က အ႐ိုးေခါင္းပုံတံဆိပ္ဟာ သူ႔ရဲ႕သေကၤတတစ္ခုလိုေတာင္ ျဖစ္ေနပါတယ္။ သူ႔ရဲ႕ရည္႐ြယ္ခ်က္ကလည္း လူေတြကိုကူညီဖို႔အတြက္မဟုတ္ဘဲ ေသဖို႔အတြက္ ထိုက္တန္တဲ့သူေတြကို သတ္ျဖတ္ဖို႔ပဲ ျဖစ္ပါတယ္။ သူ႔ရဲ႕လုပ္ရပ္ေတြေၾကာင့္လည္း လူေတြဟာ ႏွစ္ျခမ္းကြဲသြားၿပီးေတာ့ သူ႔ကိုမုန္းတီးတဲ့သူေတြနဲ႔ သူ႔ကိုအားက်တဲ့လူေတြလည္း ရွိလာခဲ့ပါတယ္။

ဒါေပမယ့္လည္း တစ္ခ်ိဳ႕သူေတြဟာ သူ႔ကိုအားက်ၿပီးေတာ့ သူလုပ္သလိုလိုက္လုပ္ကာ သူ႔ရဲ႕သေကၤတျဖစ္တဲ့ အ႐ိုးေခါင္းတံဆိပ္ကိုပါ ဝတ္ဆင္ၿပီးေတာ့ သူ႔ရဲ႕လက္ခံမႈကို လိုခ်င္ၾကတဲ့သူေတြလည္း ရွိၾကပါတယ္။ အဲ့လိုလူေတြိကိုေတာ့ သူဟာအရမ္းကိုမုန္းၿပီးေတာ့ ခ်က္ခ်င္းေျခရာခံၿပီးေတာ့ လိုက္လံသတ္ျဖတ္ေလ့ရွိပါတယ္။

အ႐ိုးေခါင္းပုံစံတံဆိပ္ရဲ႕ origin မ်ား
photo via cbr

အဲ့ဒီအ႐ိုးေခါင္းပုံစံတံဆိပ္ဟာ သူ႔ရဲ႕သေကၤတတစ္ခုျဖစ္ၿပီးေတာ့ အဲ့ဒီအ႐ိုးေခါင္းပုံစံျဖစ္လာရတဲ့အေၾကာင္းအရင္းေတြက အမ်ိဳးမ်ိဳး ရွိပါတယ္။ ပထမဆုံး origin ကေတာ့ သူဟာ ဗီယက္နမ္စစ္ပြဲအတြင္းမွာ အဲ့ဒီတံဆိပ္ကိုေ႐ြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ သူဟာ ရန္သူဘက္က စႏိုက္ပါတစ္ေယာက္ရဲ႕ေနာက္ကို လိုက္ေနရင္းနဲ႔ သူဟာ အဖမ္းခံလိုက္ရပါတယ္။ အဖမ္းခံေနရာကေန လြတ္သြားတဲ့အခ်ိန္မွာေတာ့ သူဟာ အဲ့ဒီစႏိုက္ပါကို သတိေပးတဲ့အေနနဲ႔ သူ႔ကိုဖမ္းထားတဲ့သူေတြကို သတ္ၿပီးေတာ့ သူတို႔ရဲ႕ရင္ဘတ္ေပၚမွာ အ႐ိုးေခါင္းပုံကို ဆြဲခဲ့ပါတယ္။ အဲ့ဒီေနာက္ပိုင္း Punisher ျဖစ္လာတဲ့အခ်ိန္မွာလည္း သူဟာ အဲ့ဒီအ႐ိုးေခါင္းတံဆိပ္ကို သုံးခဲ့ပါတယ္။ ေနာက္ထပ္တစ္ခုကေတာ့ Punisher MAX ဆိုတဲ့ေကာမစ္ထဲမွာ ျဖစ္ၿပီးေတာ့ သူဟာ အဲ့ဒီအ႐ိုးေခါင္းတံဆိပ္ကို အိမ္မက္မက္ခဲ့တာ ျဖစ္ပါတယ္။ သူဟာ အဲ့ဒီအိမ္မက္ကို ေတာက္ေလွ်ာက္မက္ေနတာေၾကာင့္ သူ႔ရဲ႕ရင္ဘတ္မွာ အဲ့ဒီတံဆိပ္ကို ေရးဆြဲခဲ့တာ ျဖစ္ပါတယ္။ ဒီ origin ႏွစ္ခုကေတာ့ ေကာမစ္ထဲမွာ ျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး Live Action ေတြထဲမွာေတာ့ ေျပာင္းလဲသြားတာေတြ ရွိခဲ့ပါတယ္။

သူ႔မွာ ေနာက္ထပ္ကေလးတစ္ေယာက္ ရွိပါေသးတယ္။
photo via cbr

Frank ဟာ သူ႔ရဲ႕မိသားစုတစ္ခုလုံး အသတ္ခံလိုက္ရတာေၾကာင့္ အဲ့ဒီလူသတ္သမားေတြကို လက္စားေခ်ဖို႔အတြက္ လိုက္လံစုံစမ္းရင္းကေန Punisher ျဖစ္လာတယ္ဆိုတာကိုေတာ့ လူတိုင္းသိၾကမွာပါ။ အဲ့ဒီေနာက္မွာေတာ့ သူဟာ သံေယာဇဥ္တြယ္စရာ ဘာမွမရွိေတာ့ဘဲ ေသဖို႔ထိုက္တန္တယ္လို႔ သူထင္တဲ့သူေတြကို လိုက္လံသတ္ျဖတ္ေနပါေတာ့တယ္။

အဲ့လိုနဲ႔ သူဟာ ေနာက္ထပ္မိန္းကေလးေတြနဲ႔ အေပ်ာ္တြဲခဲ့ဖူးၿပီး အဲ့ဒီထဲကတစ္ေယာက္ကေတာ့ ကိုယ္ဝန္ရသြားခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီမိန္းကေလးဟာ Frank ကို အဲ့ဒီကိုယ္ဝန္အေၾကာင္း ဘာမွမေျပာဘဲ သူတစ္ေယာက္တည္း ေမြးထားခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ Barracuda လို႔ေခၚတဲ့ဗီလိန္တစ္ေယာက္က အဲ့ဒီကေလးကို ျပန္ေပးဆြဲသြားတဲ့အခ်ိန္က်မွ သူ႔မွာ ေနာက္ထပ္ကေလးတစ္ေယာက္ ရွိေနတာကို သိရပါေတာ့တယ္။

သူဟာ Captain America ကို ေလးစားအားက်ပါတယ္။
photo via cbr

သူဟာ ဉပေဒေတြကို ေလးစားမႈမရွိဘဲ သူမွန္တယ္ထင္တာကို လုပ္တတ္တဲ့သူတစ္ေယာက္ျဖစ္ေပမယ့္လည္း အေပၚမွာေျပာခဲ့သလို ရဲေတြ ၊ စစ္သားေတြအေပၚမွာ ေလးစားမႈရွိပါတယ္။ ဒါ့အျပင္ သူဟာ လုံးဝကိုေလးစားၿပီး အားက်တဲ့ဟီး႐ိုးတစ္ေယာက္ကေတာ့ Captain America ပဲျဖစ္ပါတယ္။ သူဟာ စစ္သားတစ္ေယာက္ျဖစ္ခဲ့တဲ့အခ်ိန္တုန္းကေတာ့ Cap ဟာ သူ႔ကိုေလ့က်င့္ေပးခဲ့ပါတယ္။

ဒါေပမယ့္လည္း အဲ့ဒီေလ့က်င့္ေရးထဲမွာေတာ့ Cap ဟာသူ႔ကို ဘာပဲလုပ္လုပ္ ၊ သူဟာ လုံးဝကိုျပန္ၿပီးေတာ့ မတိုက္ခိုက္ခဲ့ပါဘူး။ ႏွစ္ေတြအမ်ားႀကီးၾကာသြားတဲ့အခ်ိန္မွာေတာ့ Civil War ေကာမစ္ထဲမွာ သူဟာ Cap ရဲ႕ထိန္းသိမ္းမႈေအာက္မွာရွိေနတဲ့ ရာဇဝတ္ေကာင္ႏွစ္ေယာက္ကို သတ္ပစ္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Cap ဟာ သူ႔ကို တိုက္ခိုက္ခဲ့ေပမယ့္လည္း သူဟာ လုံးဝကိုျပန္ၿပီးေတာ့ မတိုက္ခိုက္ခဲ့ပါဘူး။ ဒါ့အျပင္ Frank ဟာသူ႔ကိုအားက်တဲ့သူေတြကိုလည္း သူ႔အစား Cap ကိုပဲ နမူနာထားၿပီးေတာ့ Cap လိုမ်ိဳး ေနထိုင္ၾကပါဆိုၿပီးေတာ့လည္း ေျပာခဲ့ဖူးပါေသးတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular