HomeEntertainmentFilm၂၀၂၂ ခုနှစ်ထဲမှာ ထွက်ရှိလာမယ့် The Umbrella Academy Season 3

၂၀၂၂ ခုနှစ်ထဲမှာ ထွက်ရှိလာမယ့် The Umbrella Academy Season 3

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The Umbrella Academy Season 3 ကတော့ ၂၀၂၂ ခုနှစ်အတွင်းမှာပဲ ထွက်ရှိလာပါမယ်လို့ Netflix က အတည်ပြုခဲ့ပါတယ်။ Season 2 ကတော့ ထွက်ခဲ့တာ (၂) နှစ်လောက်တောင် ရှိနေပြီ ဖြစ်ပါတယ်။ Season 2 ထဲမှာတော့ Umbrella Academy အဖွဲ့သားတွေဟာ အတိတ်ကို ရောက်သွားကြပြီး နောက်ထပ်ကမ္ဘာပျက်ကိန်း တစ်ခုကို ထပ်မံတားဆီးခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ လက်ရှိအချိန်ကို ပြန်ရောက်လာတဲ့အခါမှာ Umbrella Academy ဆိုတာ မရှိတော့ဘဲ Sparrow Academy ဆိုပြီး ပြောင်းလဲသွားခဲ့ပါတယ်။

photo via screenrant

Season 3 ထဲမှာလည်း Vanya အနေနဲ့ Elliot Page ၊ Luther အနေနဲ့ Tom Hopper ၊ Diego အနေနဲ့ David Castaneda ၊ Allison အနေနဲ့ Emmy Raver-Lampman ၊ Klaus အနေနဲ့ Robert Sheehan ၊ Five အနေနဲ့ Aidan Gallagher နဲ့ Ben နေရာမှာတော့ Justin H. Min တို့က ပြန်လည်ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ လောလောဆယ် ထွက်ရှိထားတဲ့ Season နှစ်ခုလုံးဟာ ကောင်းမွန်တဲ့ ဝေဖန်မှုတွေ ရရှိထားပြီး ၂၀၁၉ ခုနှစ်မှာ Netflix ရဲ့ တတိယမြောက် ရေပန်းအစားဆုံး ဇာတ်လမ်းတွဲ ဖြစ်ခဲ့ပါတယ်။

Season 3 ရဲ့ ရိုက်ကူးရေးကတော့ ဖေဖော်ဝါရီလတုန်းက စတင်ရိုက်ကူးခဲ့ပြီး ရိုက်ကူးရေး ပြီးဆုံးသွားတာကတော့ တစ်လလောက် ရှိနေပါပြီ။ Season 3 ကတော့ ၂၀၂၂ ခုနှစ်အတွင်းမှာ ထွက်ရှိလာမယ်လို့ Netflix က ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း ထွက်ရှိလာမယ့် ရက်အတိအကျကိုတော့ မသိရသေးပါဘူး။

photo via screenrant

ပရိသတ်တွေဟာ ဒီဇာတ်လမ်းတွဲကို စောင့်မျှော်နေရတာ (၂) နှစ်လောက်တောင် ရှိပြီ ဖြစ်ပြီး မကြာခင်အချိန်မှာတော့ Season 3 ကို ကြည့်ရှုခွင့် ရတော့မှာ ဖြစ်ပါတယ်။ Season 2 ကတော့ Cliffhanger နဲ့ အဆုံးသတ်သွားတာကြောင့် ပရိသတ်တွေဟာ အားမလိုအားမရ ဖြစ်ခဲ့ရပါတယ်။ အခုချိန်မှာတော့ Season 3 ထွက်လာတော့မှာ ဖြစ်တာကြောင့် ပရိသတ်တွေအတွက် ဘယ်လိုအံ့အားသင့်စရာတွေ ယူဆောင်လာပေးဦးမလည်း ဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

The Umbrella Academy Season 3 ကေတာ့ ၂၀၂၂ ခုႏွစ္အတြင္းမွာပဲ ထြက္ရွိလာပါမယ္လို႔ Netflix က အတည္ျပဳခဲ့ပါတယ္။ Season 2 ကေတာ့ ထြက္ခဲ့တာ (၂) ႏွစ္ေလာက္ေတာင္ ရွိေနၿပီ ျဖစ္ပါတယ္။ Season 2 ထဲမွာေတာ့ Umbrella Academy အဖြဲ႕သားေတြဟာ အတိတ္ကို ေရာက္သြားၾကၿပီး ေနာက္ထပ္ကမာၻပ်က္ကိန္း တစ္ခုကို ထပ္မံတားဆီးခဲ့ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ လက္ရွိအခ်ိန္ကို ျပန္ေရာက္လာတဲ့အခါမွာ Umbrella Academy ဆိုတာ မရွိေတာ့ဘဲ Sparrow Academy ဆိုၿပီး ေျပာင္းလဲသြားခဲ့ပါတယ္။

photo via screenrant

Season 3 ထဲမွာလည္း Vanya အေနနဲ႔ Elliot Page ၊ Luther အေနနဲ႔ Tom Hopper ၊ Diego အေနနဲ႔ David Castaneda ၊ Allison အေနနဲ႔ Emmy Raver-Lampman ၊ Klaus အေနနဲ႔ Robert Sheehan ၊ Five အေနနဲ႔ Aidan Gallagher နဲ႔ Ben ေနရာမွာေတာ့ Justin H. Min တို႔က ျပန္လည္ပါဝင္လာဦးမွာ ျဖစ္ပါတယ္။ ေလာေလာဆယ္ ထြက္ရွိထားတဲ့ Season ႏွစ္ခုလုံးဟာ ေကာင္းမြန္တဲ့ ေဝဖန္မႈေတြ ရရွိထားၿပီး ၂၀၁၉ ခုႏွစ္မွာ Netflix ရဲ႕ တတိယေျမာက္ ေရပန္းအစားဆုံး ဇာတ္လမ္းတြဲ ျဖစ္ခဲ့ပါတယ္။

Season 3 ရဲ႕ ႐ိုက္ကူးေရးကေတာ့ ေဖေဖာ္ဝါရီလတုန္းက စတင္႐ိုက္ကူးခဲ့ၿပီး ႐ိုက္ကူးေရး ၿပီးဆုံးသြားတာကေတာ့ တစ္လေလာက္ ရွိေနပါၿပီ။ Season 3 ကေတာ့ ၂၀၂၂ ခုႏွစ္အတြင္းမွာ ထြက္ရွိလာမယ္လို႔ Netflix က ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္လည္း ထြက္ရွိလာမယ့္ ရက္အတိအက်ကိုေတာ့ မသိရေသးပါဘူး။

photo via screenrant

ပရိသတ္ေတြဟာ ဒီဇာတ္လမ္းတြဲကို ေစာင့္ေမွ်ာ္ေနရတာ (၂) ႏွစ္ေလာက္ေတာင္ ရွိၿပီ ျဖစ္ၿပီး မၾကာခင္အခ်ိန္မွာေတာ့ Season 3 ကို ၾကည့္ရႈခြင့္ ရေတာ့မွာ ျဖစ္ပါတယ္။ Season 2 ကေတာ့ Cliffhanger နဲ႔ အဆုံးသတ္သြားတာေၾကာင့္ ပရိသတ္ေတြဟာ အားမလိုအားမရ ျဖစ္ခဲ့ရပါတယ္။ အခုခ်ိန္မွာေတာ့ Season 3 ထြက္လာေတာ့မွာ ျဖစ္တာေၾကာင့္ ပရိသတ္ေတြအတြက္ ဘယ္လိုအံ့အားသင့္စရာေတြ ယူေဆာင္လာေပးဦးမလည္း ဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular