HomeEntertainmentFilmအောင်မြင်သင့်သလောက် မအောင်မြင်ခဲ့တဲ့ စိတ္တဇလျှို့ဝှက်သည်းဖို ဇာတ်ကားကောင်းများ 

အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့တဲ့ စိတ္တဇလျှို့ဝှက်သည်းဖို ဇာတ်ကားကောင်းများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

လျှို့ဝှက်သည်းဖို ဇာတ်လမ်းတွေဟာ ကြည့်ရှုနေသူကို ထိုင်ရာက မထချင်အောင် ဘာတွေဆက်ဖြစ်လာမလည်းဆိုတဲ့မေးခွန်းတွေနဲ့ ဆွဲဆောင်ထားလေ့ရှိပါတယ်။ စိတ္တဇ လျှို့ဝှက်သည်းဖို ဇာတ်လမ်းအမျိူးအစားတွေ ဆိုရင်‌တော့ ဇာတ်လမ်းကိုက စိတ်ဝင်စားဖို့ကောင်းသလို၊ ဘယ်အရာက အစစ်အမှန်လည်း ဆိုတာမျိူး မေးခွန်းတွေနဲ့ ဇာတ်သိမ်းသွားရင်တောင် သင့်ကို တွေးစရာတွေ အများကြီး ပေးခဲ့မှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့တဲ့ စိတ္တဇ လျှို့ဝှက်သည်းဖို ဇာတ်ကားတွေကို ဖော်ပြပေးချင်ပါတယ်။

(7) Hard Candy
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၅ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.1) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကောင်မလေးတစ်ယောက်ဟာ သူမနဲ့ လိုင်းပေါ်မှာတွေ့ဆုံခဲ့တဲ့ ဓာတ်ပုံဆရာကို အပြင်မှာတွေ့ဖို့အတွက် ချိန်းလိုက်ပါတယ်။ အဲ့ဒီ့နောက်မှာတော့ သူမဟာ အဲ့ဒီဓာတ်ပုံဆရာကို အကွက်ဆင်ပြီး ဆေးခတ်ပြီးတော့ ဖမ်းလိုက်ပါတယ်။ အကြောင်းကတော့ အဲ့ဒီဓာတ်ပုံဆရာဟာ အသက်မပြည့်သေးတဲ့ ကောင်မလေးတွေကို ပြန်ပေးဆွဲထားတဲ့အကြောင်း သိနေလို့ဖြစ်ပြီး သူ့ဆီက ဝန်ခံချက်ယူဖို့ ကြိုးစားချင်လို့ ဖြစ်ပါတယ်။ Patrick Wilson ၊ Ellen Page နဲ့ Sandra Oh တို့က ပါဝင်ထားကြပါတယ်။

(6) Frailty
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၁ခုနှစ်မှာ ထွက်ရှိထားတာ ဖြစ်ပြီးတော့ IMDb (7.2) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အောက်ခြေအလုပ်သမားတစ်ယောက်ဟာ အကြားအမြင်ပုံစံမျိူးတွေ ရရှိလာရာက စပါတယ်။ အဲ့ဒီအကြားအမြင်ထဲမှာ မကောင်းဆိုးဝါးလို့ ဖော်ပြသွားတဲ့သူတွေကို သူက လိုက်လံသတ်ဖြတ်ရမယ် ဆိုပြီးတော့ ခံယူလိုက်ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ Texas ပြည်နယ်တစ်လျှောက်မှာ လူတွေအများကြီးကို သတ်ပစ်ခဲ့ပါတယ်။ ဒါ့အပြင် သူ့မှာလည်း သားနှစ်ယောက် ရှိပြီး သားအငယ်လေးကတော့ သူ့ရဲ့အဖေကို ယုံကြည်ပါတယ်။ သားအကြီးကတော့ အဲ့ဒါတေွကို မယုံကြည်ပေမယ့်လည်း သူ့ရဲ့အဖေကို မတားဆီးနိုင်ခဲ့ပါဘူး။ နောက်ထပ် နှစ်နှစ်ဆယ် ကြာတဲ့အချိန်မှာတော့ သားအကြီးဟာ ရဲစခန်းကို လာရောက်ပြီး ဖြစ်ကြောင်းကုန်စင် အားလုံးကို ဝန်ခံခဲ့ပါတယ်။ သရုပ်ဆောင်တွေကတော့ Matt O’Leary ၊ Bill Paxton နဲ့ Matthew McConaughey တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

(5) Take Shelter
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၁ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.4) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Curtis ဆိုသူဟာ သူ့ရဲ့မိသားစုနဲ့အတူ Ohio မြို့လေးမှာ နေထိုင်နေပါတယ်။ အဲ့ဒီနောက်မှာတော့  သူဟာ အိပ်မက်ဆိုးတွေကို မက်နေခဲ့ပြီး အဲ့ဒီအိပ်မက်ဆိုးတွေကနေတစ်ဆင့် ထင်ယောင်ထင်မှားတွေ ဖြစ်လာတဲ့အချိန်မှာတော့ သူ့ရဲ့မိသားစုဟာ အန္တရာယ် ရှိလာပါတော့တယ်။ Michael Shannon ၊ Jessica Chastain နဲ့ Shea Whigham တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

(4) Burning
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၈ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.5) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ကောင်လေးတစ်ယောက်ဟာ delivery သမား လုပ်နေပြီးတော့ တစ်နေ့မှာ သူ့ရဲ့ငယ်သူငယ်ချင်း ကောင်မလေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ သူမဟာ အာဖရိကကို ခရီးထွက်ဖို့ စီစဉ်ထားတာကြောင့် သူမရဲ့ကြောင်လေးကို စောင့်ရှောက်ခိုင်းခဲ့ပါတယ်။ အဲ့ဒီခရီးကနေ ပြန်လာတဲ့အချိန်မှာတော့ သူမနဲ့အတူ နောက်ထပ် ယောကျာ်းတစ်ယောက် ပါလာခဲ့ပြီး သိပ်မကြာခင်မှာပဲ အဲ့ဒီကောင်မလေးဟာ ပျောက်ဆုံးသွားပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Yoo Ah-In ၊ Steven Yeun နဲ့ Jun Jong-seo တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(3) Nocturnal Animals
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၆ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.5) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Susan ဆိုတဲ့ အမျိူးသမီးတစ်ယောက်ဟာ တစ်ရက်မှာ သူ့ရဲ့ခင်ပွန်းဟောင်း ရေးသားထားတဲ့ ဝတ္ထုအသစ်ရဲ့ စာမူတွေကို ရရှိခဲ့ပါတယ်။ အဲ့ဒီဝတ္ထုကလည်း အလွန်ဆွဲဆောင်မှု ရှိတာကြောင့် ဖတ်နေရင်းနဲ့ နောက်ပိုင်းမှာမှ တဖြည်းဖြည်းနဲ့ အဲ့ဒီဝတ္ထုဟာ သူတို့ရဲ့အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ အမှန်တရားတွေကို ရင်ဆိုင်မိစေပါတော့တယ်။ Jake Gyllenhaal ၊ Amy Adams နဲ့ Michael Shannon တို့က ပါဝင်သရုပ်ဆောင်ထားပြီး အော်စကာဆုတစ်ခုအတွက် စံကာတင်စာရင်းဝင်ခဲ့ပါတယ်။

(2) The Machinist
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၄ခုနှစ်တုန်းက ထွက်ရှိခဲ့တာ ဖြစ်ပြီးတော့ IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တော်ရုံနဲ့ အိပ်မပျော်တတ်တဲ့ စက်ရုံအလုပ်သမားတစ်ယောက်ဟာ လနဲ့ချီပြီးတော့ မအိပ်ဘဲ နေခဲ့တာကြောင့် အလုပ်မှာရော အိမ်မှာပါ ထူးခြားတဲ့ ဖြစ်ရပ်တွေ ဖြစ်လာခဲ့ပါတယ်။ ထူးဆန်းတဲ့ လူတစ်ယောက်က သူ့ရဲ့နောက်ကို အမြဲတမ်းလိုက်နေပေမယ့်လည်း အဲ့ဒီလူကို သူကိုယ်တိုင်ကလွဲရင် တစ်ခြားသူတွေက သတိမထားမိကြပါဘူး။ သရုပ်ဆောင်တွေကတော့ Christian Bale ၊ Jennifer Jason Leigh နဲ့ Aitana Sanchez-Gijon တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(1) The Game
photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၇ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.8) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ချမ်းသာတဲ့ ဘဏ်ပိုင်ရှင်သူဌေးတစ်ယောက်ဟာ ထူးဆန်းတဲ့ဂိမ်းတစ်ခုကို ကစားဖို့အတွက် အခွင့်အရေးရခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ သူဟာ ဂိမ်းနဲ့ တကယ့်လက်တွေ့ဘဝကို မခွဲခြားနိုင်တော့တဲ့အချိန်မှာ သူ့ရဲ့ဘဝဟာ လုံးဝ ပြောင်းလဲသွားခဲ့ပါတယ်။ Michael Douglas ၊ Sea Penn နဲ့ Deborah Kara Unger တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒါကတော့ ဇာတ်ကားကောင်းတွေ ဖြစ်ပေမယ့် နာမည်ကြီးသင့်သလောက် မကြီး၊ အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့တဲ့ စိတ္တဇ လျှို့ဝှက်သည်းဖိုဇာတ်ကားများ ဖြစ်ပါတယ်။ စာဖတ်သူတို့ ကြည့်ဖူးတဲ့ အခြားဇာတ်ကားကောင်းတွေ ရှိရင်လည်း ပြန်လည်မျှဝေခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

လွ်ိဳ႕ဝွက္သည္းဖို ဇာတ္လမ္းေတြဟာ ၾကည့္ရႈေနသူကို ထိုင္ရာက မထခ်င္ေအာင္ ဘာေတြဆက္ျဖစ္လာမလည္းဆိုတဲ့ေမးခြန္းေတြနဲ႔ ဆြဲေဆာင္ထားေလ့ရွိပါတယ္။ စိတၱဇ လွ်ိဳ႕ဝွက္သည္းဖို ဇာတ္လမ္းအမ်ိဴးအစားေတြ ဆိုရင္‌ေတာ့ ဇာတ္လမ္းကိုက စိတ္ဝင္စားဖို႔ေကာင္းသလို၊ ဘယ္အရာက အစစ္အမွန္လည္း ဆိုတာမ်ိဴး ေမးခြန္းေတြနဲ႔ ဇာတ္သိမ္းသြားရင္ေတာင္ သင့္ကို ေတြးစရာေတြ အမ်ားႀကီး ေပးခဲ့မွာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ ေအာင္ျမင္သင့္သေလာက္ မေအာင္ျမင္ခဲ့တဲ့ စိတၱဇ လွ်ိဳ႕ဝွက္သည္းဖို ဇာတ္ကားေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) Hard Candy
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၀၅ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (7.1) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ေကာင္မေလးတစ္ေယာက္ဟာ သူမနဲ႔ လိုင္းေပၚမွာေတြ႕ဆုံခဲ့တဲ့ ဓာတ္ပုံဆရာကို အျပင္မွာေတြ႕ဖို႔အတြက္ ခ်ိန္းလိုက္ပါတယ္။ အဲ့ဒီ့ေနာက္မွာေတာ့ သူမဟာ အဲ့ဒီဓာတ္ပုံဆရာကို အကြက္ဆင္ၿပီး ေဆးခတ္ၿပီးေတာ့ ဖမ္းလိုက္ပါတယ္။ အေၾကာင္းကေတာ့ အဲ့ဒီဓာတ္ပုံဆရာဟာ အသက္မျပည့္ေသးတဲ့ ေကာင္မေလးေတြကို ျပန္ေပးဆြဲထားတဲ့အေၾကာင္း သိေနလို႔ျဖစ္ၿပီး သူ႔ဆီက ဝန္ခံခ်က္ယူဖို႔ ႀကိဳးစားခ်င္လို႔ ျဖစ္ပါတယ္။ Patrick Wilson ၊ Ellen Page နဲ႔ Sandra Oh တို႔က ပါဝင္ထားၾကပါတယ္။

(6) Frailty
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၀၁ခုႏွစ္မွာ ထြက္ရွိထားတာ ျဖစ္ၿပီးေတာ့ IMDb (7.2) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ေအာက္ေျခအလုပ္သမားတစ္ေယာက္ဟာ အၾကားအျမင္ပုံစံမ်ိဴးေတြ ရရွိလာရာက စပါတယ္။ အဲ့ဒီအၾကားအျမင္ထဲမွာ မေကာင္းဆိုးဝါးလို႔ ေဖာ္ျပသြားတဲ့သူေတြကို သူက လိုက္လံသတ္ျဖတ္ရမယ္ ဆိုၿပီးေတာ့ ခံယူလိုက္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ Texas ျပည္နယ္တစ္ေလွ်ာက္မွာ လူေတြအမ်ားႀကီးကို သတ္ပစ္ခဲ့ပါတယ္။ ဒါ့အျပင္ သူ႔မွာလည္း သားႏွစ္ေယာက္ ရွိၿပီး သားအငယ္ေလးကေတာ့ သူ႔ရဲ႕အေဖကို ယုံၾကည္ပါတယ္။ သားအႀကီးကေတာ့ အဲ့ဒါေတြကို မယုံၾကည္ေပမယ့္လည္း သူ႔ရဲ႕အေဖကို မတားဆီးႏိုင္ခဲ့ပါဘူး။ ေနာက္ထပ္ ႏွစ္ႏွစ္ဆယ္ ၾကာတဲ့အခ်ိန္မွာေတာ့ သားအႀကီးဟာ ရဲစခန္းကို လာေရာက္ၿပီး ျဖစ္ေၾကာင္းကုန္စင္ အားလုံးကို ဝန္ခံခဲ့ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Matt O’Leary ၊ Bill Paxton နဲ႔ Matthew McConaughey တို႔က ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(5) Take Shelter
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၁ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (7.4) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Curtis ဆိုသူဟာ သူ႔ရဲ႕မိသားစုနဲ႔အတူ Ohio ၿမိဳ႕ေလးမွာ ေနထိုင္ေနပါတယ္။ အဲ့ဒီေနာက္မွာေတာ့  သူဟာ အိပ္မက္ဆိုးေတြကို မက္ေနခဲ့ၿပီး အဲ့ဒီအိပ္မက္ဆိုးေတြကေနတစ္ဆင့္ ထင္ေယာင္ထင္မွားေတြ ျဖစ္လာတဲ့အခ်ိန္မွာေတာ့ သူ႔ရဲ႕မိသားစုဟာ အႏၲရာယ္ ရွိလာပါေတာ့တယ္။ Michael Shannon ၊ Jessica Chastain နဲ႔ Shea Whigham တို႔က ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(4) Burning
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၈ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.5) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ေကာင္ေလးတစ္ေယာက္ဟာ delivery သမား လုပ္ေနၿပီးေတာ့ တစ္ေန႔မွာ သူ႔ရဲ႕ငယ္သူငယ္ခ်င္း ေကာင္မေလးနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာ သူမဟာ အာဖရိကကို ခရီးထြက္ဖို႔ စီစဥ္ထားတာေၾကာင့္ သူမရဲ႕ေၾကာင္ေလးကို ေစာင့္ေရွာက္ခိုင္းခဲ့ပါတယ္။ အဲ့ဒီခရီးကေန ျပန္လာတဲ့အခ်ိန္မွာေတာ့ သူမနဲ႔အတူ ေနာက္ထပ္ ေယာက်ာ္းတစ္ေယာက္ ပါလာခဲ့ၿပီး သိပ္မၾကာခင္မွာပဲ အဲ့ဒီေကာင္မေလးဟာ ေပ်ာက္ဆုံးသြားပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Yoo Ah-In ၊ Steven Yeun နဲ႔ Jun Jong-seo တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(3) Nocturnal Animals
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၆ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (7.5) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Susan ဆိုတဲ့ အမ်ိဴးသမီးတစ္ေယာက္ဟာ တစ္ရက္မွာ သူ႔ရဲ႕ခင္ပြန္းေဟာင္း ေရးသားထားတဲ့ ဝတၳဳအသစ္ရဲ႕ စာမူေတြကို ရရွိခဲ့ပါတယ္။ အဲ့ဒီဝတၳဳကလည္း အလြန္ဆြဲေဆာင္မႈ ရွိတာေၾကာင့္ ဖတ္ေနရင္းနဲ႔ ေနာက္ပိုင္းမွာမွ တျဖည္းျဖည္းနဲ႔ အဲ့ဒီဝတၳဳဟာ သူတို႔ရဲ႕အိမ္ေထာင္ေရးနဲ႔ ပတ္သက္တဲ့ အမွန္တရားေတြကို ရင္ဆိုင္မိေစပါေတာ့တယ္။ Jake Gyllenhaal ၊ Amy Adams နဲ႔ Michael Shannon တို႔က ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ေအာ္စကာဆုတစ္ခုအတြက္ စံကာတင္စာရင္းဝင္ခဲ့ပါတယ္။

(2) The Machinist
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၀၄ခုႏွစ္တုန္းက ထြက္ရွိခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (7.7) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ေတာ္႐ုံနဲ႔ အိပ္မေပ်ာ္တတ္တဲ့ စက္႐ုံအလုပ္သမားတစ္ေယာက္ဟာ လနဲ႔ခ်ီၿပီးေတာ့ မအိပ္ဘဲ ေနခဲ့တာေၾကာင့္ အလုပ္မွာေရာ အိမ္မွာပါ ထူးျခားတဲ့ ျဖစ္ရပ္ေတြ ျဖစ္လာခဲ့ပါတယ္။ ထူးဆန္းတဲ့ လူတစ္ေယာက္က သူ႔ရဲ႕ေနာက္ကို အၿမဲတမ္းလိုက္ေနေပမယ့္လည္း အဲ့ဒီလူကို သူကိုယ္တိုင္ကလြဲရင္ တစ္ျခားသူေတြက သတိမထားမိၾကပါဘူး။ သ႐ုပ္ေဆာင္ေတြကေတာ့ Christian Bale ၊ Jennifer Jason Leigh နဲ႔ Aitana Sanchez-Gijon တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(1) The Game
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၁၉၉၇ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.8) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ခ်မ္းသာတဲ့ ဘဏ္ပိုင္ရွင္သူေဌးတစ္ေယာက္ဟာ ထူးဆန္းတဲ့ဂိမ္းတစ္ခုကို ကစားဖို႔အတြက္ အခြင့္အေရးရခဲ့ပါတယ္။ ဒါေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ သူဟာ ဂိမ္းနဲ႔ တကယ့္လက္ေတြ႕ဘဝကို မခြဲျခားႏိုင္ေတာ့တဲ့အခ်ိန္မွာ သူ႔ရဲ႕ဘဝဟာ လုံးဝ ေျပာင္းလဲသြားခဲ့ပါတယ္။ Michael Douglas ၊ Sea Penn နဲ႔ Deborah Kara Unger တို႔က ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

ဒါကေတာ့ ဇာတ္ကားေကာင္းေတြ ျဖစ္ေပမယ့္ နာမည္ႀကီးသင့္သေလာက္ မႀကီး၊ ေအာင္ျမင္သင့္သေလာက္ မေအာင္ျမင္ခဲ့တဲ့ စိတၱဇ လွ်ိဳ႕ဝွက္သည္းဖိုဇာတ္ကားမ်ား ျဖစ္ပါတယ္။ စာဖတ္သူတို႔ ၾကည့္ဖူးတဲ့ အျခားဇာတ္ကားေကာင္းေတြ ရွိရင္လည္း ျပန္လည္မွ်ေဝခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular