HomeEntertainmentFilmဧပြီလအတွင်း ထွက်ရှိလာမယ့် အမိုက်စားကိုရီးယားစီးရီးအသစ်များ

ဧပြီလအတွင်း ထွက်ရှိလာမယ့် အမိုက်စားကိုရီးယားစီးရီးအသစ်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အခုရက်ပိုင်းတွေမှာ ဗိုင်းရပ်စ်ကိုကြောက်ရလို့ အိမ်မှာပဲနေရတာ များနေတဲ့အချိန်မျိုးမှာ ဒရာမာတွေ ကြည့်ရှုခြင်းဟာ အကောင်းဆုံးအချိန်ဖြုန်းနည်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ယခုဧပြီလမှာ အသစ်ထွက်ရှိလာမယ့် ဒရာမာအသစ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Best Mistake 2
Photo via soompi

၂၀၁၉တုန်းက လူကြိုက်များခဲ့တဲ့ ဒရာမာ Best Mistake ရဲ့ အဆက် Best Mistake 2 ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အထက်တန်းကျောင်းက ကျောင်းသားလူငယ်တွေရဲ့ သဘောသဘာဝနဲ့ သူတို့ကြားက အချစ်ရိုမန့်စ်ဇာတ်လမ်းတွေကို ရိုက်ပြထားတာပါ။ ယခုအသစ်ထွက်ရှိလာတဲ့ Season အသစ်မှာ ပထမဇာတ်လမ်းတွဲထဲက အဓိကသရုပ်ဆောင်တွေ ဆက်လက်ပါဝင်သလို ဇာတ်ကောင်အသစ်တွေလည်း ထပ်တိုးပါဝင်လာမှာ ဖြစ်ပါတယ်။

သရုပ်ဆောင်တွေကတော့ Lee Eun Jae ၊ Kang Yool ၊ Lee Jung Joon ၊ Park E Hyun ၊ Yoon Jun Won နဲ့ Choi Chan Yi အစရှိတဲ့ သရုပ်ဆောင်တွေ ပါဝင်ပါတယ်။ ဧပြီလ(၂)ရက်နေ့မှာ စတင်ထုတ်လွှင့်ပြသမှာဖြစ်ပြီး KOK TV ရဲ့ YouTube channel ကနေ အပတ်စဉ် အင်္ဂါနဲ့ ကြာသပတေးနေ့တိုင်း ကိုရီးယားစံတော်ချိန် ညနေ(၆)နာရီမှာ ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။

How to Buy A Friend
Photo via soompi

ဒီဒရာမာလေးကတော့ ဝက်ဘ်ကာတွန်းစီးရီးတစ်ခုအပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းအရာကတော့ အထက်တန်းကျောင်းတက်နေတဲ့ ကျောင်းသားသုံးယောက်ရဲ့ မတူညီတဲ့ဘဝတွေကြားက ခင်မင်မှုသံယောဇဉ်အကြောင်းကို ရိုက်ပြထားတာပါ။ စာရေးရာမှာ ပါရမီထုံပေမယ့် ကျောင်းစာမှာ စိတ်မဝင်စားတဲ့ကျောင်းသားတစ်ယောက်၊ ကျောင်းမှာ ထိတ်ထိတ်ကြဲ နာမည်ကြီး ပေါ်ပြူလာဖြစ်တဲ့ ကျောင်းသူလေးတစ်ဦး၊ ကိုယ့်ဝမ်းကိုယ်ကျောင်းပြီး အသက်မွေးနေရလို့ ကျောင်းစာပေါ်မှာ စိတ်မဝင်စားနိုင်တဲ့ ခပ်ဆိုးဆိုးကျောင်းသားတစ်ဦးတို့ကြားက မတူညီတဲ့ဘဝတွေနဲ့ ရုန်းကန်ရမှုတွေကို ကြည့်ရှုရမှာပါ။

ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Lee Shin Young ၊ Shin Seung Ho ၊ Kim So Hye ၊ Oh Hee Joon ၊ Min Do Hee စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ ဧပြီလ(၆)ရက်နေ့မှာ KBS 2 ရုပ်သံလိုင်းကနေ စတင်ထုတ်လွှင့်မှာဖြစ်ပြီး အပတ်စဉ် တနင်္လာနေ့နဲ့ အင်္ဂါနေ့တိုင်း ကိုရီးယားစံတော်ချိန် ည(၁၀)နာရီအချိန်မှာ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

The King: Eternal Monarch
Photo via soompi

ဒီဇာတ်ကားကတော့ ထူးထူးခြားခြားပဲ မတူညီတဲ့ခေတ်နှစ်ခေတ်အပေါ်မှာ အခြေခံထားပါတယ်။ သက်ဦးဆံပိုင်ဘုရင်အုပ်ချုပ်တဲ့ခေတ်နဲ့ ဒီမိုကရေစီခေတ် နှစ်ခေတ်ကို အပြိုင်အနေနဲ့ ကြည့်ရှုရမှာဖြစ်ပြီး ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကလည်း တကယ့် ထိတ်ထိတ်ကြဲတွေချည်းပါပဲ။ ဇာတ်လမ်းကတော့ အဆိုပါဘုရင်အုပ်ချုပ်တဲ့ခေတ်နဲ့ ယနေ့မျက်မှောက်ခေတ်ကို တံခါးတစ်ချပ်ကနေ ကူးသန်းသွားလာလို့ရနေတာပါပဲ။ အကျိုးဆက်အနေနဲ့ လူပေါင်းများစွာရဲ့ အသက်အန္တရာယ်တွေကို စိုးရိမ်လာရတဲ့အခါ ဘုရင်ကြီး လီဂွန်းနဲ့ ယနေ့ခေတ်ရဲ့ စုံထောက် ဂျောင်ထေအူးလ်တို့က ပူးပေါင်းပြီး ခေတ်နှစ်ခေတ်ကို ပေါင်းကူးပေးထားတဲ့ တံခါးပေါက်ကို ပိတ်ဖို့ ကြိုးစားရပါတော့တယ်။

သရုပ်ဆောင်တွေအနေနဲ့ကတော့ Lee Min Ho ၊ Kim Go Eun ၊ Woo Do Hwan ၊ Kim Kyung Nam ၊ Jung Eun Chae ၊ Lee Jung Jin အစရှိသူတို့ ပါဝင်ထားပါတယ်။ ဧပြီလ(၁၇)ရက်နေ့မှာ SBS ရုပ်သံလိုင်းကနေ စတင်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ ထုတ်လွှင့်မယ့်အချိန်ကတော့ အပတ်စဉ် သောကြာနေ့နဲ့ စနေနေ့တိုင်း ကိုရီးယားစံတော်ချိန် ည(၁၀)နာရီမှာ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

Born Again
Photo via soompi

Born Again ကတော့ ထူးထူးဆန်းဆန်း လူဝင်စားဇာတ်လမ်းလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းအရာကတော့  စုံထောက်တစ်ယောက်၊ စုံထောက်ရဲ့ချစ်သူနဲ့ စုံထောက်ရဲ့ချစ်သူကိုမှ တစ်ဖတ်သက် ကြိတ်ချစ်နေတဲ့ ကွင်းဆက်လူသတ်သမားတို့ကြားထဲက ဇာတ်လမ်းပါ။ သူတို့သုံးယောက်လုံးဟာ လွန်ခဲ့တဲ့ (၃၂)နှစ်တည်းက သေဆုံးသွားခဲ့ကြပြီး ဖြစ်ပေမယ့် သုံးယောက်လုံးက ဘဝအသစ်မှာ ထပ်မံဝင်စားပြီး တစ်ယောက်နဲ့တစ်ယောက် ကံကြမ္မာချင်း ထိစပ်လာကြတဲ့အခါ …

Jang Ki Yong ၊ Jin Se Yeon တို့နဲ့အတူ Lee Soo Hyuk ဟာ ဘဝနှစ်ခုမှာ မတူညီတဲ့ ကာရိုက်တာနှစ်မျိုးနဲ့ သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဧပြီလ(၂၀)ရက်နေ့မှာ KBS 2 ရုပ်သံလိုင်းက စတင်ထုတ်လွှင့်မှာဖြစ်ပြီး အပတ်စဉ် တနင်္လာ၊ အင်္ဂါနေ့တိုင်း ကိုရီးယားစံတော်ချိန် ည(၁၀)နာရီမှာ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

The Mermaid Prince
Photo via soompi

ကျောင်းပြီးလို့ အပျော်ခရီးထွက်လာတဲ့ Hye Ri ဆိုတဲ့ကောင်မလေးဟာ ဂန်ဝန်ခရိုင်ဘက်ကို ရောက်လာခဲ့ပါတယ်။ အဲ့ဒီ့မှာ တည်းခိုခန်းတစ်ခု ဖွင့်ထားတဲ့ နားလည်ရခက်တဲ့လူWoo Hyuk ဆိုသူနဲ့ ဆုံတွေ့ပြီးနောက်မှာတော့ စိတ်ဝင်စားစရာတွေ ဖြစ်လာပါတော့တယ်။

သရုပ်ဆောင်တွေအနေနဲ့ ASTRO အဖွဲ့က Moonbin ၊ Jung Shin Hye ၊ Park Tae In ၊ Kim Hong Bin နဲ့ Baek Jae Min တို့က အဓိကပါဝင်ထားပါတယ်။ ဧပြီလ(၂၄)ရက်နေ့မှာ Lifetime လို့အမည်ရတဲ့ YouTube Channel ကနေ စတင်ထုတ်လွှင့်သွားမှာဖြစ်ပြီး အပတ်စဉ်သောကြာနေ့ည ကိုရီးယားစံတော်ချိန်(၉)နာရီမှာ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

When My Love Blooms
Photo via soompi

Han Jae Hyun နဲ့ Yoon Ji Soo တို့နှစ်ယောက်ဟာ ကောလိပ်မှာစတွေ့ပြီး ချစ်ကျွမ်းဝင်ခဲ့ကြတဲ့ အချစ်ဦးတွေ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကံတရားအရ ကွဲကွာသွားခဲ့ကြပြီး နှစ်တွေအများကြီး ကြာပြီးတော့မှ ထပ်မံဆုံတွေ့ခွင့်ရတဲ့ ချစ်သူနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။ ဒီဒရာမာထဲမှာတော့ ဇာတ်လိုက်နှစ်ယောက်ရဲ့ ငယ်ဘဝအဖြစ် GOT7 အဖွဲ့က Jinyoung နဲ့ Jeon So Nee တို့က သရုပ်ဆောင်ထားပြီး လေးဆယ်ကျော်အရွယ်တွေအဖြစ် Yoo Ji Tae နဲ့ Lee Bo Young တို့က သရုပ်ဆောင်ထားပါတယ်။

ဧပြီလ(၂၅)ရက်နေ့မှာ tvN ရုပ်သံလိုင်းက စတင်ထုတ်လွှင့်မှာဖြစ်ပြီး အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ကိုရီးယားစံတော်ချိန် ည(၉)နာရီမှာ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

Good Casting
Photo via soompi

ဒီဒရာမာကတော့ ဇာတ်လမ်းအသွက်ကြိုက်သူတွေ ကြည့်သင့်တဲ့ဒရာမာလေးပါ။ ဇာတ်လမ်းကတော့ လျှို့ဝှက်စုံထောက်ဖြစ်တဲ့ မမလှလှ သုံးယောက်ဟာ ကော်ပိုရေးရှင်းကြီးတစ်ခုရဲ့ အကျင့်ပျက်ခြစားမှုကို စုံစမ်းဖော်ထုတ်ဖို့ အသွင်ယူ ထောက်လှမ်းတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ လျှို့ဝှက်အေးဂျင့်သုံးယောက်နေရာမှာ Choi Kang Hee ၊ Yoo In Young နဲ့ Kim Ji Young တို့က သရုပ်ဆောင်ထားပါတယ်။ အက်ရှင်နဲ့ဟာသ ရောထားတဲ့ဇာတ်ကားဖြစ်တာကြောင့် အပိုင်းသစ်ထွက်ဖို့ လည်တဆန့်ဆန့် မျှော်ရမယ့်ဒရာမာ ဖြစ်ပါတယ်။

ဒီစီးရီးလေးကိုတော့ ဧပြီလ(၂၇)ရက်နေ့မှာ SBS ရုပ်သံလိုင်းက စတင်ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး အပတ်စဉ် တနင်္လလာနေ့နဲ့ အင်္ဂါနေ့တိုင်း ကိုရီးယားစံတော်ချိန် ည(၉:၄၅)အချိန်မှာ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

Model Detective
Photo via soompi

ဘယ်လောက်လက်ခံရခက်တဲ့ အမှန်တရားဖြစ်နေပါစေ၊ ရအောင် ဖော်ထုတ်လိုတဲ့ စုံထောက်တွေရဲ့ သဘောသဘာဝကို ကြည့်ရှုရမယ့် မှုခင်းဒရာမာအမျိုးအစား ဖြစ်ပါတယ်။ ဒီစီးရီးထဲမှာတော့ တကယ့် အပြင်လောကက စုံထောက်တွေရဲ့ ဘဝကို အခြေခံရိုက်ကူးထားတာမို့ ကြည့်ရှုသင့်တဲ့ စီးရီးတစ်ခု ဖြစ်ပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ Son Hyun Joo ၊ Jang Seung Jo ၊ Lee Elijah ၊ Oh Jung Se ၊ Ji Seung Hyun ၊ Son Byung Ho နဲ့ Jo Jae Yoon တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဧပြီလ(၂၇)ရက်နေ့မှာ JTBC ရုပ်သံလိုင်းက စတင်ထုတ်လွှင့်မှာဖြစ်ပြီး အပတ်စဉ် တနင်္လာနေ့နဲ့ အင်္ဂါနေ့တိုင်း ကိုရီးယားစံတော်ချိန် ည(၉:၃၀)မှာ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

Extracurricular
Photo via soompi

ဒီစီးရီးကတော့ ငွေရှာဖို့ကြိုးစားရင်း မခန့်မှန်းနိုင်တဲ့ အန္တရာယ်တောထဲကို ကျရောက်သွားရတဲ့ အထက်တန်းကျောင်းသားအုပ်စုတစ်စုကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ စံပြကျောင်းသားတစ်ယောက်အဖြစ်ကနေ ရာဇဝတ်သားအဖြစ် ပြောင်းလဲသွားရတဲ့ Ji Soo နေရာမှာ Kim Dong Hee က သရုပ်ဆောင်ထားပြီး ကျောင်းမှာ အနိုင်ကျင့်ဗိုလ်ကျတတ်သူ အဖြစ်ကနေ Ji Soo ရဲ့ အရှုပ်အထွေးထဲမှာ ရောပါသွားသူ Min Hee အဖြစ် Jung Da Bin က သရုပ်ဆောင်ထားပါတယ်။ ဧပြီလ(၂၉)ရက်နေ့မှာ Netflix ကနေ အပိုင်းအားလုံး တစ်ပြိုင်တည်း ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

ဒါကတော့ ယခု ဧပြီလအတွင်း စတင်ထုတ်လွှင့်ပြသမယ့် ကိုရီးယားဒရာမာ အသစ်စက်စက်တွေပါ။ ဒီလောက်ဆို ဧပြီတစ်လလုံး အိမ်ထဲမှာ အောင်းနေရလည်း ပျင်းရိနေမှာ မဟုတ်တော့ပါဘူးနော်။ အားလုံးပဲ အေးချမ်းတဲ့ကာလလေးတွေ ပိုင်ဆိုင်ကြပါစေ။

LaNina
(Zawgyi Version)

အခုရက္ပိုင္းေတြမွာ ဗိုင္းရပ္စ္ကိုေၾကာက္ရလို႔ အိမ္မွာပဲေနရတာ မ်ားေနတဲ့အခ်ိန္မ်ိဳးမွာ ဒရာမာေတြ ၾကည့္ရႈျခင္းဟာ အေကာင္းဆုံးအခ်ိန္ျဖဳန္းနည္းတစ္ခု ျဖစ္ပါတယ္။ ဒါေၾကာင့္ ယခုဧၿပီလမွာ အသစ္ထြက္ရွိလာမယ့္ ဒရာမာအသစ္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

Best Mistake 2
Photo via soompi

၂၀၁၉တုန္းက လူႀကိဳက္မ်ားခဲ့တဲ့ ဒရာမာ Best Mistake ရဲ႕ အဆက္ Best Mistake 2 ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ အထက္တန္းေက်ာင္းက ေက်ာင္းသားလူငယ္ေတြရဲ႕ သေဘာသဘာဝနဲ႔ သူတို႔ၾကားက အခ်စ္႐ိုမန႔္စ္ဇာတ္လမ္းေတြကို ႐ိုက္ျပထားတာပါ။ ယခုအသစ္ထြက္ရွိလာတဲ့ Season အသစ္မွာ ပထမဇာတ္လမ္းတြဲထဲက အဓိကသ႐ုပ္ေဆာင္ေတြ ဆက္လက္ပါဝင္သလို ဇာတ္ေကာင္အသစ္ေတြလည္း ထပ္တိုးပါဝင္လာမွာ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ေတြကေတာ့ Lee Eun Jae ၊ Kang Yool ၊ Lee Jung Joon ၊ Park E Hyun ၊ Yoon Jun Won နဲ႔ Choi Chan Yi အစရွိတဲ့ သ႐ုပ္ေဆာင္ေတြ ပါဝင္ပါတယ္။ ဧၿပီလ(၂)ရက္ေန႔မွာ စတင္ထုတ္လႊင့္ျပသမွာျဖစ္ၿပီး KOK TV ရဲ႕ YouTube channel ကေန အပတ္စဥ္ အဂၤါနဲ႔ ၾကာသပေတးေန႔တိုင္း ကိုရီးယားစံေတာ္ခ်ိန္ ညေန(၆)နာရီမွာ ထုတ္လႊင့္ျပသမွာ ျဖစ္ပါတယ္။

How to Buy A Friend
Photo via soompi

ဒီဒရာမာေလးကေတာ့ ဝက္ဘ္ကာတြန္းစီးရီးတစ္ခုအေပၚမွာ အေျခခံထားတာ ျဖစ္ပါတယ္။ ဇာတ္လမ္းအေၾကာင္းအရာကေတာ့ အထက္တန္းေက်ာင္းတက္ေနတဲ့ ေက်ာင္းသားသုံးေယာက္ရဲ႕ မတူညီတဲ့ဘဝေတြၾကားက ခင္မင္မႈသံေယာဇဥ္အေၾကာင္းကို ႐ိုက္ျပထားတာပါ။ စာေရးရာမွာ ပါရမီထုံေပမယ့္ ေက်ာင္းစာမွာ စိတ္မဝင္စားတဲ့ေက်ာင္းသားတစ္ေယာက္၊ ေက်ာင္းမွာ ထိတ္ထိတ္ႀကဲ နာမည္ႀကီး ေပၚျပဴလာျဖစ္တဲ့ ေက်ာင္းသူေလးတစ္ဦး၊ ကိုယ့္ဝမ္းကိုယ္ေက်ာင္းၿပီး အသက္ေမြးေနရလို႔ ေက်ာင္းစာေပၚမွာ စိတ္မဝင္စားႏိုင္တဲ့ ခပ္ဆိုးဆိုးေက်ာင္းသားတစ္ဦးတို႔ၾကားက မတူညီတဲ့ဘဝေတြနဲ႔ ႐ုန္းကန္ရမႈေတြကို ၾကည့္ရႈရမွာပါ။

ပါဝင္ထားတဲ့ သ႐ုပ္ေဆာင္ေတြကေတာ့ Lee Shin Young ၊ Shin Seung Ho ၊ Kim So Hye ၊ Oh Hee Joon ၊ Min Do Hee စတဲ့ သ႐ုပ္ေဆာင္ေတြ ပါဝင္ထားပါတယ္။ ဧၿပီလ(၆)ရက္ေန႔မွာ KBS 2 ႐ုပ္သံလိုင္းကေန စတင္ထုတ္လႊင့္မွာျဖစ္ၿပီး အပတ္စဥ္ တနလၤာေန႔နဲ႔ အဂၤါေန႔တိုင္း ကိုရီးယားစံေတာ္ခ်ိန္ ည(၁၀)နာရီအခ်ိန္မွာ ထုတ္လႊင့္သြားမွာ ျဖစ္ပါတယ္။

The King: Eternal Monarch
Photo via soompi

ဒီဇာတ္ကားကေတာ့ ထူးထူးျခားျခားပဲ မတူညီတဲ့ေခတ္ႏွစ္ေခတ္အေပၚမွာ အေျခခံထားပါတယ္။ သက္ဦးဆံပိုင္ဘုရင္အုပ္ခ်ဳပ္တဲ့ေခတ္နဲ႔ ဒီမိုကေရစီေခတ္ ႏွစ္ေခတ္ကို အၿပိဳင္အေနနဲ႔ ၾကည့္ရႈရမွာျဖစ္ၿပီး ပါဝင္ထားတဲ့ သ႐ုပ္ေဆာင္ေတြကလည္း တကယ့္ ထိတ္ထိတ္ႀကဲေတြခ်ည္းပါပဲ။ ဇာတ္လမ္းကေတာ့ အဆိုပါဘုရင္အုပ္ခ်ဳပ္တဲ့ေခတ္နဲ႔ ယေန႔မ်က္ေမွာက္ေခတ္ကို တံခါးတစ္ခ်ပ္ကေန ကူးသန္းသြားလာလို႔ရေနတာပါပဲ။ အက်ိဳးဆက္အေနနဲ႔ လူေပါင္းမ်ားစြာရဲ႕ အသက္အႏၲရာယ္ေတြကို စိုးရိမ္လာရတဲ့အခါ ဘုရင္ႀကီး လီဂြန္းနဲ႔ ယေန႔ေခတ္ရဲ႕ စုံေထာက္ ေဂ်ာင္ေထအူးလ္တို႔က ပူးေပါင္းၿပီး ေခတ္ႏွစ္ေခတ္ကို ေပါင္းကူးေပးထားတဲ့ တံခါးေပါက္ကို ပိတ္ဖို႔ ႀကိဳးစားရပါေတာ့တယ္။

သ႐ုပ္ေဆာင္ေတြအေနနဲ႔ကေတာ့ Lee Min Ho ၊ Kim Go Eun ၊ Woo Do Hwan ၊ Kim Kyung Nam ၊ Jung Eun Chae ၊ Lee Jung Jin အစရွိသူတို႔ ပါဝင္ထားပါတယ္။ ဧၿပီလ(၁၇)ရက္ေန႔မွာ SBS ႐ုပ္သံလိုင္းကေန စတင္ထုတ္လႊင့္မွာ ျဖစ္ပါတယ္။ ထုတ္လႊင့္မယ့္အခ်ိန္ကေတာ့ အပတ္စဥ္ ေသာၾကာေန႔နဲ႔ စေနေန႔တိုင္း ကိုရီးယားစံေတာ္ခ်ိန္ ည(၁၀)နာရီမွာ ထုတ္လႊင့္ျပသသြားမွာ ျဖစ္ပါတယ္။

Born Again
Photo via soompi

Born Again ကေတာ့ ထူးထူးဆန္းဆန္း လူဝင္စားဇာတ္လမ္းေလး ျဖစ္ပါတယ္။ ဇာတ္လမ္းအေၾကာင္းအရာကေတာ့  စုံေထာက္တစ္ေယာက္၊ စုံေထာက္ရဲ႕ခ်စ္သူနဲ႔ စုံေထာက္ရဲ႕ခ်စ္သူကိုမွ တစ္ဖတ္သက္ ႀကိတ္ခ်စ္ေနတဲ့ ကြင္းဆက္လူသတ္သမားတို႔ၾကားထဲက ဇာတ္လမ္းပါ။ သူတို႔သုံးေယာက္လုံးဟာ လြန္ခဲ့တဲ့ (၃၂)ႏွစ္တည္းက ေသဆုံးသြားခဲ့ၾကၿပီး ျဖစ္ေပမယ့္ သုံးေယာက္လုံးက ဘဝအသစ္မွာ ထပ္မံဝင္စားၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ ကံၾကမၼာခ်င္း ထိစပ္လာၾကတဲ့အခါ …

Jang Ki Yong ၊ Jin Se Yeon တို႔နဲ႔အတူ Lee Soo Hyuk ဟာ ဘဝႏွစ္ခုမွာ မတူညီတဲ့ ကာ႐ိုက္တာႏွစ္မ်ိဳးနဲ႔ သ႐ုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။ ဧၿပီလ(၂၀)ရက္ေန႔မွာ KBS 2 ႐ုပ္သံလိုင္းက စတင္ထုတ္လႊင့္မွာျဖစ္ၿပီး အပတ္စဥ္ တနလၤာ၊ အဂၤါေန႔တိုင္း ကိုရီးယားစံေတာ္ခ်ိန္ ည(၁၀)နာရီမွာ ထုတ္လႊင့္ျပသသြားမွာ ျဖစ္ပါတယ္။

The Mermaid Prince
Photo via soompi

ေက်ာင္းၿပီးလို႔ အေပ်ာ္ခရီးထြက္လာတဲ့ Hye Ri ဆိုတဲ့ေကာင္မေလးဟာ ဂန္ဝန္ခ႐ိုင္ဘက္ကို ေရာက္လာခဲ့ပါတယ္။ အဲ့ဒီ့မွာ တည္းခိုခန္းတစ္ခု ဖြင့္ထားတဲ့ နားလည္ရခက္တဲ့လူWoo Hyuk ဆိုသူနဲ႔ ဆုံေတြ႕ၿပီးေနာက္မွာေတာ့ စိတ္ဝင္စားစရာေတြ ျဖစ္လာပါေတာ့တယ္။

သ႐ုပ္ေဆာင္ေတြအေနနဲ႔ ASTRO အဖြဲ႕က Moonbin ၊ Jung Shin Hye ၊ Park Tae In ၊ Kim Hong Bin နဲ႔ Baek Jae Min တို႔က အဓိကပါဝင္ထားပါတယ္။ ဧၿပီလ(၂၄)ရက္ေန႔မွာ Lifetime လို႔အမည္ရတဲ့ YouTube Channel ကေန စတင္ထုတ္လႊင့္သြားမွာျဖစ္ၿပီး အပတ္စဥ္ေသာၾကာေန႔ည ကိုရီးယားစံေတာ္ခ်ိန္(၉)နာရီမွာ ထုတ္လႊင့္ျပသသြားမယ္လို႔ သိရပါတယ္။

When My Love Blooms
Photo via soompi

Han Jae Hyun နဲ႔ Yoon Ji Soo တို႔ႏွစ္ေယာက္ဟာ ေကာလိပ္မွာစေတြ႕ၿပီး ခ်စ္ကြၽမ္းဝင္ခဲ့ၾကတဲ့ အခ်စ္ဦးေတြ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ ကံတရားအရ ကြဲကြာသြားခဲ့ၾကၿပီး ႏွစ္ေတြအမ်ားႀကီး ၾကာၿပီးေတာ့မွ ထပ္မံဆုံေတြ႕ခြင့္ရတဲ့ ခ်စ္သူႏွစ္ေယာက္ရဲ႕ အခ်စ္ဇာတ္လမ္းေလး ျဖစ္ပါတယ္။ ဒီဒရာမာထဲမွာေတာ့ ဇာတ္လိုက္ႏွစ္ေယာက္ရဲ႕ ငယ္ဘဝအျဖစ္ GOT7 အဖြဲ႕က Jinyoung နဲ႔ Jeon So Nee တို႔က သ႐ုပ္ေဆာင္ထားၿပီး ေလးဆယ္ေက်ာ္အ႐ြယ္ေတြအျဖစ္ Yoo Ji Tae နဲ႔ Lee Bo Young တို႔က သ႐ုပ္ေဆာင္ထားပါတယ္။

ဧၿပီလ(၂၅)ရက္ေန႔မွာ tvN ႐ုပ္သံလိုင္းက စတင္ထုတ္လႊင့္မွာျဖစ္ၿပီး အပတ္စဥ္ စေန၊ တနဂၤေႏြေန႔တိုင္း ကိုရီးယားစံေတာ္ခ်ိန္ ည(၉)နာရီမွာ ထုတ္လႊင့္ျပသသြားမွာ ျဖစ္ပါတယ္။

Good Casting
Photo via soompi

ဒီဒရာမာကေတာ့ ဇာတ္လမ္းအသြက္ႀကိဳက္သူေတြ ၾကည့္သင့္တဲ့ဒရာမာေလးပါ။ ဇာတ္လမ္းကေတာ့ လွ်ိဳ႕ဝွက္စုံေထာက္ျဖစ္တဲ့ မမလွလွ သုံးေယာက္ဟာ ေကာ္ပိုေရးရွင္းႀကီးတစ္ခုရဲ႕ အက်င့္ပ်က္ျခစားမႈကို စုံစမ္းေဖာ္ထုတ္ဖို႔ အသြင္ယူ ေထာက္လွမ္းတဲ့ဇာတ္လမ္း ျဖစ္ပါတယ္။ လွ်ိဳ႕ဝွက္ေအးဂ်င့္သုံးေယာက္ေနရာမွာ Choi Kang Hee ၊ Yoo In Young နဲ႔ Kim Ji Young တို႔က သ႐ုပ္ေဆာင္ထားပါတယ္။ အက္ရွင္နဲ႔ဟာသ ေရာထားတဲ့ဇာတ္ကားျဖစ္တာေၾကာင့္ အပိုင္းသစ္ထြက္ဖို႔ လည္တဆန႔္ဆန႔္ ေမွ်ာ္ရမယ့္ဒရာမာ ျဖစ္ပါတယ္။

ဒီစီးရီးေလးကိုေတာ့ ဧၿပီလ(၂၇)ရက္ေန႔မွာ SBS ႐ုပ္သံလိုင္းက စတင္ထုတ္လႊင့္ျပသသြားမွာျဖစ္ၿပီး အပတ္စဥ္ တနလၤလာေန႔နဲ႔ အဂၤါေန႔တိုင္း ကိုရီးယားစံေတာ္ခ်ိန္ ည(၉:၄၅)အခ်ိန္မွာ ထုတ္လႊင့္သြားမွာ ျဖစ္ပါတယ္။

Model Detective
Photo via soompi

ဘယ္ေလာက္လက္ခံရခက္တဲ့ အမွန္တရားျဖစ္ေနပါေစ၊ ရေအာင္ ေဖာ္ထုတ္လိုတဲ့ စုံေထာက္ေတြရဲ႕ သေဘာသဘာဝကို ၾကည့္ရႈရမယ့္ မႈခင္းဒရာမာအမ်ိဳးအစား ျဖစ္ပါတယ္။ ဒီစီးရီးထဲမွာေတာ့ တကယ့္ အျပင္ေလာကက စုံေထာက္ေတြရဲ႕ ဘဝကို အေျခခံ႐ိုက္ကူးထားတာမို႔ ၾကည့္ရႈသင့္တဲ့ စီးရီးတစ္ခု ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ေတြအေနနဲ႔ Son Hyun Joo ၊ Jang Seung Jo ၊ Lee Elijah ၊ Oh Jung Se ၊ Ji Seung Hyun ၊ Son Byung Ho နဲ႔ Jo Jae Yoon တို႔က အဓိကပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ ဧၿပီလ(၂၇)ရက္ေန႔မွာ JTBC ႐ုပ္သံလိုင္းက စတင္ထုတ္လႊင့္မွာျဖစ္ၿပီး အပတ္စဥ္ တနလၤာေန႔နဲ႔ အဂၤါေန႔တိုင္း ကိုရီးယားစံေတာ္ခ်ိန္ ည(၉:၃၀)မွာ ထုတ္လႊင့္ျပသသြားမွာ ျဖစ္ပါတယ္။

Extracurricular
Photo via soompi

ဒီစီးရီးကေတာ့ ေငြရွာဖို႔ႀကိဳးစားရင္း မခန႔္မွန္းႏိုင္တဲ့ အႏၲရာယ္ေတာထဲကို က်ေရာက္သြားရတဲ့ အထက္တန္းေက်ာင္းသားအုပ္စုတစ္စုကို ႐ိုက္ျပထားတာ ျဖစ္ပါတယ္။ စံျပေက်ာင္းသားတစ္ေယာက္အျဖစ္ကေန ရာဇဝတ္သားအျဖစ္ ေျပာင္းလဲသြားရတဲ့ Ji Soo ေနရာမွာ Kim Dong Hee က သ႐ုပ္ေဆာင္ထားၿပီး ေက်ာင္းမွာ အႏိုင္က်င့္ဗိုလ္က်တတ္သူ အျဖစ္ကေန Ji Soo ရဲ႕ အရႈပ္အေထြးထဲမွာ ေရာပါသြားသူ Min Hee အျဖစ္ Jung Da Bin က သ႐ုပ္ေဆာင္ထားပါတယ္။ ဧၿပီလ(၂၉)ရက္ေန႔မွာ Netflix ကေန အပိုင္းအားလုံး တစ္ၿပိဳင္တည္း ထုတ္လႊင့္ျပသသြားမွာ ျဖစ္ပါတယ္။

ဒါကေတာ့ ယခု ဧၿပီလအတြင္း စတင္ထုတ္လႊင့္ျပသမယ့္ ကိုရီးယားဒရာမာ အသစ္စက္စက္ေတြပါ။ ဒီေလာက္ဆို ဧၿပီတစ္လလုံး အိမ္ထဲမွာ ေအာင္းေနရလည္း ပ်င္းရိေနမွာ မဟုတ္ေတာ့ပါဘူးေနာ္။ အားလုံးပဲ ေအးခ်မ္းတဲ့ကာလေလးေတြ ပိုင္ဆိုင္ၾကပါေစ။

LaNina

 

RELATED ARTICLES

Most Popular