HomeEntertainmentFilmထိတ်ထိတ်ကြဲ ဒရာမာစတားတွေရဲ့ အမိုက်စား ဒရာမာအသစ်များ

ထိတ်ထိတ်ကြဲ ဒရာမာစတားတွေရဲ့ အမိုက်စား ဒရာမာအသစ်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကိုရီးယားဒရာမာလောကမှာ ပရိသတ်ရဲ့ အသည်းကို ဖမ်းစားထားတဲ့ ထိတ်ထိတ်ကြဲ စတားတွေကတော့ ကမ်းလှမ်းလာတဲ့ ဒရာမာတွေများလွန်းလို့ တကယ်ပဲ လက်မလည်နိုင်အောင် ဖြစ်နေကြပါတယ်။ ဒီထဲကမှ ဒရာမာတစ်ကားထက်ပိုပြီး ရိုက်ကူးသွားမယ့် စတားတွေရဲ့ ဒရာမာအသစ်တွေအကြောင်း မျှဝေပေးချင်ပါတယ်။

Song Hye Kyo
Photo: kyo1122/ Instagram

မင်းသမီးချော Song Hye Kyo ကတော့ ဒရာမာ ဇာတ်လမ်းကောင်းများစွာကို ကမ်းလှမ်းခံရလေ့ရှိသူပါ။ သူမ ပါဝင်သရုပ်ဆောင်လိုက်တဲ့ ဇာတ်လမ်းတွဲတိုင်းဟာ ပရိသတ်တွေရဲ့ အာရုံစိုက်မှုနဲ့ အားပေးမှုကို အထူးရရှိတာကြောင့် သူမရဲ့စတားပါဝါကိုတော့ သွားနောက်လို့ မရတာ အမှန်ပါပဲ။

ယခုနှစ်အတွက် သူမ အတည်ပြု လက်ခံထားတဲ့ ဒရာမာကတော့ Now, We Are Breaking Up လို့ အမည်ရပါတယ်။ အဲ့ဒီဒရာမာထဲမှာတော့ Kyo ဟာ ဒီဇိုင်းအဖွဲ့ရဲ့ မန်နေဂျာ Ha Young Eun ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်မှာ ဖြစ်ပါတယ်။ သူမနဲ့ တွဲဖက်သရုပ်ဆောင်မယ့် မင်းသားကတော့ Jang Ki Yong ဖြစ်ပြီး နာမည်ကြီး ဓာတ်ပုံဆရာ Yoon Jae Guk ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်မှာပါ။ ဒါ့အပြင် ဒီဒရာမာထဲမှာ EXO အဖွဲ့ထဲက Sehun လည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒရာမာ ထုတ်လွှင့်ရက်ကတော့ ယခုနှစ် ဒုတိယနှစ်ဝက်အတွင်း ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။

Photo: kyo1122/ Instagram

Kyo လက်ခံထားတဲ့ နောက်ထပ် ဒရာမာတစ်ခုကတော့ The Glory လို့ အမည်ရပါတယ်။ ဒီဒရာမာကတော့ နာမည်ကြီး ဇာတ်ညွှန်းရေးဆရာမ Kim Eun Sook ရဲ့ လက်ရာ ဖြစ်တာကြောင့် Kyo နဲ့ တွဲဖက်မယ့် ရလဒ်ကို ပရိသတ်တွေက ရင်ခုန်နေကြပါတယ်။

ဇာတ်လမ်းပုံစံကတော့ အထက်တန်းကျောင်းသူဘဝမှာ ကျောင်းနေဖက်တွေရဲ့ အနိုင်ကျင့် နှိပ်စက်တာကို ခံခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ဟာ ကျောင်းက ထွက်ပြီး သူမအပေါ် ရက်စက်ခဲ့သူတွေကို လက်စားချေဖို့ ကြိုးစားတဲ့အကြောင်း ဖြစ်ပါတယ်။ ဒီဒရာမာဟာ season တွေနဲ့ အတွဲလိုက် ထွက်မယ်လို့လည်း ပြောထားပါတယ်။ ထုတ်လွှင့်မယ့် အချိန်ကတော့ အစောဆုံး ယခုနှစ်ကုန်ပိုင်းလို့ လျာထားပါတယ်။

Han So Hee
Photo via soompi

မင်းသမီးချောလေး Han So Hee ကတော့ The World of the Married ဒရာမာနဲ့ ပရိသတ်အားပေးမှုကို တခဲနက် ရရှိလာတဲ့ မင်းသမီးလေး ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းကစလို့ ဒရာမာလောကမှာ နေရာရရှိလာတဲ့ Han So Hee ဟာ Netflix က ထုတ်လုပ်မယ့် ဒရာမာတစ်ခုမှာလည်း အဓိကဇာတ်ဆောင်အဖြစ် ပါဝင်သွားဦးမှာပါ။

ဒရာမာရဲ့ လက်ရှိအမည်ကတော့ Undercover ဖြစ်ပြီး Han So Hee နဲ့အတူ မင်းသား Ahn Bo Hyun က တွဲဖက်သရုပ်ဆောင်သွားမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ မိန်းကလေးတစ်ယောက်ဟာ တစ်ရက်မှာ သူမရဲ့ ဖခင်ဖြစ်သူက ရုတ်တရက် သေဆုံးသွားတာကို ကြုံလိုက်ရပါတယ်။

Photo: xeesoxee/ Instagram

ဒါနဲ့ပဲ သူမဟာ ဖခင်ရဲ့ သေဆုံးမှုအတွက် လက်စားချေဖို့ကို အပြင်းအထန် ရှာဖွေကြိုးစားရာကနေ မူးယစ်ဂိုဏ်းတစ်ခုမှာ အလုပ်လုပ်ပေးဖို့ ဖြစ်လာပါတယ်။ အဲ့ဒီနောက် မူးယစ်ရာဇာရဲ့ ခိုင်းစေမှုနဲ့ ရဲတစ်ယောက်အဖြစ် ဝင်ရောက်လုပ်ကိုင်ပြီး မူးယစ်နှိမ်နင်းရေးဌာနမှာ အသွင်ယူ ဝင်ရောက်ပြီး သူမ ဖခင်ရဲ့သေဆုံးမှုအတွက် စုံစမ်းပါတော့တယ်။ ဒီဇာတ်လမ်းတွဲကိုတော့ ယခုနှစ်အတွင်းမှာပဲ ထုတ်လွှင့်မယ်လို့ သိရပါတယ်။

Han So Hee သရုပ်ဆောင်သွားမယ့် နောက်ထပ် ဒရာမာတစ်ခုကတော့ I Know, But လို့ အမည်ရတဲ့ ဒရာမာလေးပါ။ ဒီဒရာမာကတော့ နာမည်ကြီး ဝက်ဘ်တွန်းတစ်ခုကို အခြေခံ ရိုက်ကူးမှာဖြစ်ပြီး သူမနဲ့အတူ မင်းသား Song Kang က တွဲဖက်ပါဝင်သွားမယ်လို့ သိရပါတယ်။ ဇာတ်လမ်းကတော့ အထက်တန်းကျောင်းက ရိုမန့်တစ်ဆန်ဆန် အချစ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပြီး လာမယ့် ဇွန်လ(၁၈)ရက်နေ့မှာ စတင်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

Jung Hae In
Photo via soompi

မိန်းကလေး ဒရာမာပရိသတ်တွေရဲ့ အသည်းနှလုံးကို ဆွဲကိုင်ထားနိုင်သူ မင်းသားတစ်လက်ကို ပြောပါဆိုရင် Jung Hae In လည်း ပါဝင်ပါလိမ့်မယ်။ Hae In ဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ပရိသတ်တွေ အားပေးရတဲ့ ဒရာမာတွေကို သရုပ်ဆောင်နိုင်ခဲ့သူပါ။ ဒါကြောင့် ယခု ၂၀၂၁ ဟာလည်း ဒရာမာ နှစ်ကားတောင် လက်ခံထားတဲ့ သူ့အတွက် ကြီးမားတဲ့ နှစ်တစ်နှစ်လို့ ပြောရမှာပါ။

ယခုလက်ရှိ ရိုက်ကူးနေတဲ့ ဒရာမာ Snowdrop ကတော့ ပရိသတ်တွေ ရင်ခုန်စောင့်မျှော်နေကြတဲ့ ဒရာမာတစ်ခုပါပဲ။ ဒီဇာတ်လမ်းတွဲဟာ Sky Castle စီးရီးကို တာဝန်ယူပေးခဲ့တဲ့ ဇာတ်လမ်းရေးဆရာနဲ့ ဒါရိုက်တာကပဲ ထပ်ပြီးတာဝန်ယူ ဖန်တီးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီစီးရီးမှာ Hae In နဲ့ တွဲဖက်ပြီး BLACKPINK အဖွဲ့က Ji Soo လည်း ပါဝင်ထားတာကြောင့် ပရိသတ်တွေ ရင်ခုန်နေကြတာ ဖြစ်ပါတယ်။

Photo: holyhaein/ Instagram

Hae In ရဲ့ နောက်ထပ် ဒရာမာတစ်ခုကတော့ Netflix က ရိုက်ကူးထုတ်လွှင့်မယ့် D.P. ဆိုတဲ့ ဒရာမာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Hae In ဟာ အထူးတပ်သားတစ်ယောက်အဖြစ် သရုပ်ဆောင်ရမှာ ဖြစ်ပြီး တပ်က စွန့်ခွာထွက်ပြေးသွားတဲ့ တပ်ပြေးတွေကို လိုက်လံဖမ်းဆီးရတဲ့ အထူးအဖွဲ့ဝင်အဖြစ် မြင်တွေ့ရမှာပါ။

Lee Joon
Photo via soompi

Lee Joon ကတော့ စစ်မှုထမ်းပြီး ဒရာမာလောကထဲကို ပြန်လည်ဝင်ရောက်လာချိန်မှာပဲ နာမည်ကြီးစီးရီးတစ်ခုထဲမှာ ပါဝင်ရမှာ ဖြစ်ပါတယ်။ စီးရီးရဲ့အမည်ကတော့ The Silent Sea လို့ အမည်ရပြီး နာမည်ကျော်သရုပ်ဆောင် Gong Yoo နဲ့အတူ တွဲဖက်သရုပ်ဆောင်ရမှာပါ။ ဇာတ်လမ်းပုံစံကတော့ အနာဂတ်ကာလတစ်ခုမှာ အခြေတည်ထားပြီး ကမ္ဘာကြီးဟာ ကန္တာရအသွင် ပြောင်းလဲသွားတာကြောင့် ရေနဲ့ အစားအစာတွေ ရှားပါးပြတ်လပ်နေပါတယ်။ ဒီအခါမှာ အာကာသထဲမှာ စစ်ဆင်ရေးတစ်ခုကို ပြုလုပ်ဖို့ အထူးအဖွဲ့တစ်ခုက တာဝန်ယူရပါတော့တယ်။

ဒါ့အပြင် tvN က ထုတ်လွှင့်ပြသမယ့် Bulgasal ဆိုတဲ့ စီးရီးထဲမှာလည်း ပါဝင်သရုပ်ဆောင်သွားဦးမှာ ဖြစ်ပါတယ်။ အဆိုပါစီးရီးထဲမှာတော့ Lee Jin Wook နဲ့ Nara တို့ပါ တွဲဖက်ပါဝင်မှာ ဖြစ်ပါတယ်။ Lee Joon သရုပ်ဆောင်ရမယ့် ဇာတ်ကောင်ကတော့ သူ့ရဲ့တကယ့် ပင်ကိုပုံစံကို ဖုံးကွယ်ဖို့ ကြိုးစားနေရတဲ့ ဒဏ္ဍာရီလာ သတ္တဝါဆန်း Ok Eul Tae ဖြစ်ပါတယ်။

Linda December

Source: soompi

(Zawgyi Version)

ကိုရီးယားဒရာမာေလာကမွာ ပရိသတ္ရဲ႕ အသည္းကို ဖမ္းစားထားတဲ့ ထိတ္ထိတ္ႀကဲ စတားေတြကေတာ့ ကမ္းလွမ္းလာတဲ့ ဒရာမာေတြမ်ားလြန္းလို႔ တကယ္ပဲ လက္မလည္ႏိုင္ေအာင္ ျဖစ္ေနၾကပါတယ္။ ဒီထဲကမွ ဒရာမာတစ္ကားထက္ပိုၿပီး ႐ိုက္ကူးသြားမယ့္ စတားေတြရဲ႕ ဒရာမာအသစ္ေတြအေၾကာင္း မွ်ေဝေပးခ်င္ပါတယ္။

Song Hye Kyo
Photo: kyo1122/ Instagram

မင္းသမီးေခ်ာ Song Hye Kyo ကေတာ့ ဒရာမာ ဇာတ္လမ္းေကာင္းမ်ားစြာကို ကမ္းလွမ္းခံရေလ့ရွိသူပါ။ သူမ ပါဝင္သ႐ုပ္ေဆာင္လိုက္တဲ့ ဇာတ္လမ္းတြဲတိုင္းဟာ ပရိသတ္ေတြရဲ႕ အာ႐ုံစိုက္မႈနဲ႔ အားေပးမႈကို အထူးရရွိတာေၾကာင့္ သူမရဲ႕စတားပါဝါကိုေတာ့ သြားေနာက္လို႔ မရတာ အမွန္ပါပဲ။

ယခုႏွစ္အတြက္ သူမ အတည္ျပဳ လက္ခံထားတဲ့ ဒရာမာကေတာ့ Now, We Are Breaking Up လို႔ အမည္ရပါတယ္။ အဲ့ဒီဒရာမာထဲမွာေတာ့ Kyo ဟာ ဒီဇိုင္းအဖြဲ႕ရဲ႕ မန္ေနဂ်ာ Ha Young Eun ဆိုတဲ့ ဇာတ္ေကာင္ေနရာကေန ပါဝင္မွာ ျဖစ္ပါတယ္။ သူမနဲ႔ တြဲဖက္သ႐ုပ္ေဆာင္မယ့္ မင္းသားကေတာ့ Jang Ki Yong ျဖစ္ၿပီး နာမည္ႀကီး ဓာတ္ပုံဆရာ Yoon Jae Guk ဆိုတဲ့ ဇာတ္ေကာင္ေနရာက ပါဝင္မွာပါ။ ဒါ့အျပင္ ဒီဒရာမာထဲမွာ EXO အဖြဲ႕ထဲက Sehun လည္း ပါဝင္မွာ ျဖစ္ပါတယ္။ ဒရာမာ ထုတ္လႊင့္ရက္ကေတာ့ ယခုႏွစ္ ဒုတိယႏွစ္ဝက္အတြင္း ထုတ္လႊင့္သြားမယ္လို႔ သိရပါတယ္။

Photo: kyo1122/ Instagram

Kyo လက္ခံထားတဲ့ ေနာက္ထပ္ ဒရာမာတစ္ခုကေတာ့ The Glory လို႔ အမည္ရပါတယ္။ ဒီဒရာမာကေတာ့ နာမည္ႀကီး ဇာတ္ၫႊန္းေရးဆရာမ Kim Eun Sook ရဲ႕ လက္ရာ ျဖစ္တာေၾကာင့္ Kyo နဲ႔ တြဲဖက္မယ့္ ရလဒ္ကို ပရိသတ္ေတြက ရင္ခုန္ေနၾကပါတယ္။

ဇာတ္လမ္းပုံစံကေတာ့ အထက္တန္းေက်ာင္းသူဘဝမွာ ေက်ာင္းေနဖက္ေတြရဲ႕ အႏိုင္က်င့္ ႏွိပ္စက္တာကို ခံခဲ့ရတဲ့ မိန္းကေလးတစ္ေယာက္ဟာ ေက်ာင္းက ထြက္ၿပီး သူမအေပၚ ရက္စက္ခဲ့သူေတြကို လက္စားေခ်ဖို႔ ႀကိဳးစားတဲ့အေၾကာင္း ျဖစ္ပါတယ္။ ဒီဒရာမာဟာ season ေတြနဲ႔ အတြဲလိုက္ ထြက္မယ္လို႔လည္း ေျပာထားပါတယ္။ ထုတ္လႊင့္မယ့္ အခ်ိန္ကေတာ့ အေစာဆုံး ယခုႏွစ္ကုန္ပိုင္းလို႔ လ်ာထားပါတယ္။

Han So Hee
Photo via soompi

မင္းသမီးေခ်ာေလး Han So Hee ကေတာ့ The World of the Married ဒရာမာနဲ႔ ပရိသတ္အားေပးမႈကို တခဲနက္ ရရွိလာတဲ့ မင္းသမီးေလး ျဖစ္ပါတယ္။ အဲ့ဒီေနာက္ပိုင္းကစလို႔ ဒရာမာေလာကမွာ ေနရာရရွိလာတဲ့ Han So Hee ဟာ Netflix က ထုတ္လုပ္မယ့္ ဒရာမာတစ္ခုမွာလည္း အဓိကဇာတ္ေဆာင္အျဖစ္ ပါဝင္သြားဦးမွာပါ။

ဒရာမာရဲ႕ လက္ရွိအမည္ကေတာ့ Undercover ျဖစ္ၿပီး Han So Hee နဲ႔အတူ မင္းသား Ahn Bo Hyun က တြဲဖက္သ႐ုပ္ေဆာင္သြားမွာပါ။ ဇာတ္လမ္းအက်ဥ္းကေတာ့ မိန္းကေလးတစ္ေယာက္ဟာ တစ္ရက္မွာ သူမရဲ႕ ဖခင္ျဖစ္သူက ႐ုတ္တရက္ ေသဆုံးသြားတာကို ႀကဳံလိုက္ရပါတယ္။

Photo: xeesoxee/ Instagram

ဒါနဲ႔ပဲ သူမဟာ ဖခင္ရဲ႕ ေသဆုံးမႈအတြက္ လက္စားေခ်ဖို႔ကို အျပင္းအထန္ ရွာေဖြႀကိဳးစားရာကေန မူးယစ္ဂိုဏ္းတစ္ခုမွာ အလုပ္လုပ္ေပးဖို႔ ျဖစ္လာပါတယ္။ အဲ့ဒီေနာက္ မူးယစ္ရာဇာရဲ႕ ခိုင္းေစမႈနဲ႔ ရဲတစ္ေယာက္အျဖစ္ ဝင္ေရာက္လုပ္ကိုင္ၿပီး မူးယစ္ႏွိမ္နင္းေရးဌာနမွာ အသြင္ယူ ဝင္ေရာက္ၿပီး သူမ ဖခင္ရဲ႕ေသဆုံးမႈအတြက္ စုံစမ္းပါေတာ့တယ္။ ဒီဇာတ္လမ္းတြဲကိုေတာ့ ယခုႏွစ္အတြင္းမွာပဲ ထုတ္လႊင့္မယ္လို႔ သိရပါတယ္။

Han So Hee သ႐ုပ္ေဆာင္သြားမယ့္ ေနာက္ထပ္ ဒရာမာတစ္ခုကေတာ့ I Know, But လို႔ အမည္ရတဲ့ ဒရာမာေလးပါ။ ဒီဒရာမာကေတာ့ နာမည္ႀကီး ဝက္ဘ္တြန္းတစ္ခုကို အေျခခံ ႐ိုက္ကူးမွာျဖစ္ၿပီး သူမနဲ႔အတူ မင္းသား Song Kang က တြဲဖက္ပါဝင္သြားမယ္လို႔ သိရပါတယ္။ ဇာတ္လမ္းကေတာ့ အထက္တန္းေက်ာင္းက ႐ိုမန႔္တစ္ဆန္ဆန္ အခ်စ္ဇာတ္လမ္းတစ္ပုဒ္ ျဖစ္ၿပီး လာမယ့္ ဇြန္လ(၁၈)ရက္ေန႔မွာ စတင္ထုတ္လႊင့္မွာ ျဖစ္ပါတယ္။

 Jung Hae In
Photo via soompi

မိန္းကေလး ဒရာမာပရိသတ္ေတြရဲ႕ အသည္းႏွလုံးကို ဆြဲကိုင္ထားႏိုင္သူ မင္းသားတစ္လက္ကို ေျပာပါဆိုရင္ Jung Hae In လည္း ပါဝင္ပါလိမ့္မယ္။ Hae In ဟာ ၿပီးခဲ့တဲ့ ႏွစ္ေတြအတြင္းမွာ ပရိသတ္ေတြ အားေပးရတဲ့ ဒရာမာေတြကို သ႐ုပ္ေဆာင္ႏိုင္ခဲ့သူပါ။ ဒါေၾကာင့္ ယခု ၂၀၂၁ ဟာလည္း ဒရာမာ ႏွစ္ကားေတာင္ လက္ခံထားတဲ့ သူ႔အတြက္ ႀကီးမားတဲ့ ႏွစ္တစ္ႏွစ္လို႔ ေျပာရမွာပါ။

ယခုလက္ရွိ ႐ိုက္ကူးေနတဲ့ ဒရာမာ Snowdrop ကေတာ့ ပရိသတ္ေတြ ရင္ခုန္ေစာင့္ေမွ်ာ္ေနၾကတဲ့ ဒရာမာတစ္ခုပါပဲ။ ဒီဇာတ္လမ္းတြဲဟာ Sky Castle စီးရီးကို တာဝန္ယူေပးခဲ့တဲ့ ဇာတ္လမ္းေရးဆရာနဲ႔ ဒါ႐ိုက္တာကပဲ ထပ္ၿပီးတာဝန္ယူ ဖန္တီးမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီစီးရီးမွာ Hae In နဲ႔ တြဲဖက္ၿပီး BLACKPINK အဖြဲ႕က Ji Soo လည္း ပါဝင္ထားတာေၾကာင့္ ပရိသတ္ေတြ ရင္ခုန္ေနၾကတာ ျဖစ္ပါတယ္။

Photo: holyhaein/ Instagram

Hae In ရဲ႕ ေနာက္ထပ္ ဒရာမာတစ္ခုကေတာ့ Netflix က ႐ိုက္ကူးထုတ္လႊင့္မယ့္ D.P. ဆိုတဲ့ ဒရာမာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းထဲမွာေတာ့ Hae In ဟာ အထူးတပ္သားတစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ရမွာ ျဖစ္ၿပီး တပ္က စြန႔္ခြာထြက္ေျပးသြားတဲ့ တပ္ေျပးေတြကို လိုက္လံဖမ္းဆီးရတဲ့ အထူးအဖြဲ႕ဝင္အျဖစ္ ျမင္ေတြ႕ရမွာပါ။

Lee Joon
Photo via soompi

Lee Joon ကေတာ့ စစ္မႈထမ္းၿပီး ဒရာမာေလာကထဲကို ျပန္လည္ဝင္ေရာက္လာခ်ိန္မွာပဲ နာမည္ႀကီးစီးရီးတစ္ခုထဲမွာ ပါဝင္ရမွာ ျဖစ္ပါတယ္။ စီးရီးရဲ႕အမည္ကေတာ့ The Silent Sea လို႔ အမည္ရၿပီး နာမည္ေက်ာ္သ႐ုပ္ေဆာင္ Gong Yoo နဲ႔အတူ တြဲဖက္သ႐ုပ္ေဆာင္ရမွာပါ။ ဇာတ္လမ္းပုံစံကေတာ့ အနာဂတ္ကာလတစ္ခုမွာ အေျခတည္ထားၿပီး ကမာၻႀကီးဟာ ကႏၲာရအသြင္ ေျပာင္းလဲသြားတာေၾကာင့္ ေရနဲ႔ အစားအစာေတြ ရွားပါးျပတ္လပ္ေနပါတယ္။ ဒီအခါမွာ အာကာသထဲမွာ စစ္ဆင္ေရးတစ္ခုကို ျပဳလုပ္ဖို႔ အထူးအဖြဲ႕တစ္ခုက တာဝန္ယူရပါေတာ့တယ္။

ဒါ့အျပင္ tvN က ထုတ္လႊင့္ျပသမယ့္ Bulgasal ဆိုတဲ့ စီးရီးထဲမွာလည္း ပါဝင္သ႐ုပ္ေဆာင္သြားဦးမွာ ျဖစ္ပါတယ္။ အဆိုပါစီးရီးထဲမွာေတာ့ Lee Jin Wook နဲ႔ Nara တို႔ပါ တြဲဖက္ပါဝင္မွာ ျဖစ္ပါတယ္။ Lee Joon သ႐ုပ္ေဆာင္ရမယ့္ ဇာတ္ေကာင္ကေတာ့ သူ႔ရဲ႕တကယ့္ ပင္ကိုပုံစံကို ဖုံးကြယ္ဖို႔ ႀကိဳးစားေနရတဲ့ ဒ႑ာရီလာ သတၱဝါဆန္း Ok Eul Tae ျဖစ္ပါတယ္။

Linda December

Source: soompi

 

RELATED ARTICLES

Most Popular