HomeEntertainmentFilmရှေ့နှစ်တွေအတွင်းမှာ ထွက်ရှိလာမယ့် MCU ဇာတ်လမ်းတွဲများ
ရှေ့နှစ်တွေအတွင်းမှာ ထွက်ရှိလာမယ့် MCU ဇာတ်လမ်းတွဲများ
အောက်တွင် ဇော်ဂျီဖြင့် ဖတ်ပါ။
သိပ်မကြာခင်တုန်းက Disney’s Investor Day ပြုလုပ်ခဲ့ပြီး အဲ့ဒီပွဲအတွင်းမှာပဲ MCU ပရိသတ်တွေအတွက် သတင်းကောင်းတွေ အများကြီးကို ယူဆောင်လာခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီသတင်းတွေကိုလည်း Marvel ရဲ့ ဥက္ကဌဖြစ်သူ Kevin Feige ကိုယ်တိုင်က ပြောဆိုခဲ့တာကြောင့် လုံးဝကို ယုံကြည်လို့ရပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ရှေ့နှစ်တွေအတွင်းမှာ ထွက်ရှိလာမယ့် MCU ရဲ့ ဇာတ်လမ်းတွဲအသစ်တွေကို ဖော်ပြပေးချင်ပါတယ်။
WandaVision
ဒီဇာတ်လမ်းတွဲကတော့ MCU ကနေ ပထမဆုံး ထွက်ရှိလာမယ့် ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပြီးတော့ အခုချိန်မှာတော့ ရိုက်ကူးရေးလည်း ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ Paul Bettany နဲ့ Elizabeth Olsen တို့က အဓိကပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပြီးတော့ ပရိသတ်တွေအများစု စောင့်မျှော်နေကြတဲ့ ဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ (၁၅) ရက်နေ့မှာ Disney+ က ပြသသွားမယ်လို့ သိရပါတယ်။
Falcon & Winter Solider
အစတုန်းကတော့ ဒီဇာတ်လမ်းတွဲဟာ ၂၀၂၀ ခုနှစ် ဩဂုတ်လကတည်းက ပြသဖို့ စီစဉ်ခဲ့တာ ဖြစ်ပေမယ့်လည်း အကြောင်းအမျိူးမျိူး နှောင့်နှေးခဲ့ရပါတယ်။ အဲ့ဒါကြောင့်ပဲ အခုချိန်မှာတော့ ၂၀၂၁ ခုနှစ် မတ်လကျမှသာ Disney+ ကနေ ပြသသွားမယ်လို့ သိထားရပါတယ်။ ဒါ့အပြင် သိပ်မကြာတုန်းကလည်း စိတ်ဝင်စားစရာ အချက်တွေများစွာနဲ့ ဒီဇာတ်လမ်းတွဲရဲ့ ထွေလာအသစ်ကို ထပ်မံကြည့်ရှုခဲ့ရပါသေးတယ်။
Loki
ဒီဇာတ်လမ်းတွဲရဲ့ ထွေလာကလည်း ထွက်ထားတာ သိပ်မကြာသေးပါဘူး။ ဒီဇာတ်လမ်းတွဲကိုတော့ Avengers: Endgame ထဲမှာ Space Stone နဲ့ လွတ်မြောက်သွားတဲ့ Loki ရဲ့အကြောင်းကို ဆက်လက်ကြည့်ရှုရမှာ ဖြစ်မှာပါ။ ဒါ့အပြင် အဲ့ဒီထွေလာကို အသေးစိတ် ပြန်ရှင်းပြထားတာတွေကို ဖတ်ပြီးသွားပြီ ဆိုရင်တော့ ဒီဇာတ်လမ်းတွဲဟာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းနေမှာပါ။ ထွက်ရှိလာမယ့် နေ့ရက်ကတော့ ၂၀၂၂ မေလကျမှ Disney+ ကနေ ကြည့်ရှုလို့ရမှာ ဖြစ်ပါတယ်။
What If….?
ဒီဇာတ်လမ်းတွဲကတော့ animation ဖြစ်ပြီးတော့ ပရိသတ်တွေမသိသေးတဲ့ တစ်ခြား reality တွေကို Uatu The Watcher ရဲ့ မျက်လုံးကနေတစ်ဆင့် တွေ့မြင်ရမှာ ဖြစ်ပါတယ်။ တစ်ခြား reality တွေ ဖြစ်တာကြောင့် အဖြစ်အပျက်တွေဟာ ပရိသတ်တွေ သိထားနဲ့တော့ ကွဲလွဲနေမှာပါ။ ဥပမာပြောရရင် ဒီထွေလာထဲမှာ Peggy Carter က Captain Britain ဖြစ်နေတာကို တွေ့ရပြီး Yondu ကလည်း Star-Lord အစား T’Challa ကို ခေါ်သွားခဲ့ပါတယ်။ Bucky ကလည်း ဇွန်ဘီ Cap နဲ့ တိုက်ခိုက်နေသလို Doctor Strange ကလည်း သူ့ရဲ့ ဗီလိန်ဗားရှင်းကို သူကိုယ်တိုင် တိုက်ခိုက်နေတာကို တွေ့ခဲ့ရပါတယ်။
Ms. Marvel
Iman Vellani ဟာ Kamala Khan a.k.a. Ms. Marvel နေရာမှာ သရုပ်ဆောင်သွားမယ် ဆိုတာကို Marvel က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ သူမကတော့ Captain Marvel ကို အလွန်လေးစားအားကျသူ တစ်ယောက် ဖြစ်ပြီးတော့ Captain Marvel ကိုအတုယူကာ ဟီးရိုးတစ်ယောက် ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထွက်လာတဲ့အချိန်မှာတော့ သူမရဲ့ origin ကို ပိုပြီးတော့ အသေးစိတ်ကျကျ တွေ့မြင်ရမှာပါ။ အခုချိန်မှာတော့ ဒီဇာတ်လမ်းတွဲဟာ ရိုက်ကူးနေဆဲ ဖြစ်ပြီး ထွက်ရှိလာမယ့် နေ့ရက်ကိုတော့ အတိအကျမသိရသေးပါဘူး။
Hawkeye
photo via screenrant
ဒီဇာတ်လမ်းတွဲကတော့ ရိုက်ကူးရေး စတင်တာ သိပ်မကြာသေးပါဘူး။ ဒါပေမယ့်လည်း နေ့တိုင်းလိုလို ရိုက်ကွင်းပေါ်က ပုံရိပ်တွေ ထွက်ပေါ်လာခဲ့ပြီး အဲ့ဒီပုံရိပ်ကြောင့်ပဲ တစ်ချို့အချက်တွေကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲကလည်း ပရိသတ်အများစု စောင့်မျှော်နေကြတဲ့ ဇာတ်လမ်းတွဲဖြစ်ပြီး နောက်တစ်နှစ်လောက်ဆိုရင်တော့ ကြည့်လို့ရပြီလို့ ထင်ပါတယ်။ ဒါ့အပြင် Black Widow ရုပ်ရှင်ထဲက Yelena Belova ကလည်း ပါဝင်လာဦးမယ်လို့ သိရပါတယ်။
She-Hulk
photo via screenrant
Tatiana Maslany ဟာ Jennifer Walters a.k.a She-Hulk နေရာမှာ သရုပ်ဆောင်သွားမယ် ဆိုပြီးတော့ Marvel က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ အဲ့ဒီထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာကတော့ ဒီဇာတ်လမ်းတွဲထဲမှာ Mark Ruffalo ကလည်း Bruce Banner အဖြစ် ပြန်လည်ပါဝင်လာမှာဖြစ်ပြီး Tim Roth ကလည်း Abomination အဖြစ် ပါဝင်လာဦးမယ်လို့ သိရပါသေးတယ်။ ဒါ့အပြင် တစ်ခြားဇာတ်ကောင်တွေလည်း ပါဝင်လာနိုင်သေးတဲ့အကြောင်းကို Kevin Feige က အရိပ်အမြွက် ပြောပြသွားပါသေးတယ်။
Secret Invasion
photo via screenrant
Captain Marvel ဇာတ်လမ်းထဲမှာ Skrull တွေ ကျူးကျော်လာတဲ့အချိန်ကတည်းက ပရိသတ်တွေဟာ Secret Invasion ကို စောင့်မျှော်နေခဲ့ကြပါတယ်။ အဲ့ဒီကောမစ်ထဲမှာတော့ ပုံသဏ္ဍာန်ကို ကြိုက်သလို ပြောင်းလဲနိုင်တဲ့ ဂြိုဟ်သားတွေဟာ ကမ္ဘာပေါ်ကို ကျူးကျော်လာပြီး လူတွေပုံစံအတိုင်း ပြောင်းလဲနေထိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဒီဇာတ်လမ်းတွဲကလည်း ထွက်လာဖို့ အစီအစဉ်ရှိပါတယ် ဆိုပြီးတော့ အတည်ပြုခဲ့သလို Samuel L. Jackson ကတော့ Nick Fury အနေနဲ့ အဓိက ပါဝင်သွားမယ်လို့ သိရပါတယ်။
Ironheart
photo via screenrant
ဒီဇာတ်လမ်းတွဲထဲမှာတော့ Riri Williams ဆိုတဲ့ ကောင်မလေးဟာ Tony Stark ရဲ့ ဆက်ခံသူ တစ်ယောက် ဖြစ်လာပြီး Ironheart နာမည်နဲ့ ဟီးရိုးလုပ်တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Riri နေရာမှာတော့ Dominique Thorne က သရုပ်ဆောင်သွားမယ် ဆိုပြီးတော့ အတည်ပြုခဲ့ပါတယ်။
Armor Wars
photo via screenrant
ဒီဇာတ်လမ်းတွဲကလည်း Iron Man ရဲ့ ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပြီးတော့ Don Cheadle က War Machine အနေနဲ့ ပါဝင်သွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး တစ်ခြားအချက်တွေကို မသိရသေးပေမယ့်လည်း Kevin ကတော့ ” သူ့ရဲ့ နည်းပညာတွေက မကောင်းတဲ့လူတွေ လက်ထဲရောက်သွားရင် ဘာဖြစ်မလဲ? ” ဆိုပြီးတော့ ဇာတ်လမ်းကို အရိပ်အမြွက်ပြောသွားခဲ့ပါတယ်။
I Am Groot
photo via screenrant
ဒီဇာတ်လမ်းတွဲကတော့ Guardians of the Galaxy ရဲ့ spin-off ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Baby Groot ပြန်လည်ပါဝင်လာမှာ ဖြစ်ပြီး သူ့ရဲ့ဆိုလိုဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။ တစ်ခြားအချက်အလက်တွေကို လောလောဆယ်မှာ ဘာမှမသိရသေးပါဘူး။
Legos
Source : Screenrant
(Zawgyi Version)
WandaVision
Falcon & Winter Solider
Loki
What If….?
Ms. Marvel
Hawkeye
photo via screenrant
She-Hulk
photo via screenrant
Secret Invasion
photo via screenrant
Ironheart
photo via screenrant
Armor Wars
photo via screenrant
I Am Groot
photo via screenrant
Legos
Source : Screenrant
RELATED ARTICLES
Most Popular