HomeCelebs Update NewsInternationalNSYNC နဲ့ Backstreet Boys တို့ collab လုပ်ပြီး တစ်ကျော့ပြန်လာမှာလား???

NSYNC နဲ့ Backstreet Boys တို့ collab လုပ်ပြီး တစ်ကျော့ပြန်လာမှာလား???

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Lance Bass နဲ့ Nick Carter တို့ဟာ NSYNC နဲ့ Backstreet Boys အဖွဲ့နှစ်ဖွဲ့ ပူးပေါင်းပြီး ကြီးမားတဲ့အရာတစ်ခုခု လုပ်ဆောင်နေတယ်လို့ tease လုပ်လိုက်တည်းက နှစ်ဖွဲ့လုံးရဲ့ ပရိသတ်တွေဟာ မိုးမမြင် လေမမြင် ပျော်ရွှင်ပြီး ရင်ခုန်နေကြပြီ ဖြစ်ပါတယ်။

Backstreet Boys နဲ့ NSYNC အဖွဲ့နှစ်ဖွဲ့ဟာ ပရော့ဂျက်တစ်ခုကို လျှို့ဝှက်လုပ်ဆောင်နေကြပုံ ရပါတယ်။ ဒီနှစ်ဖွဲ့ကြားက collab ကိုတော့ Lance Bass နဲ့ Nick Carter တို့က သူတို့ရဲ့ အင်စတာဂရမ်က အကောင့်အသီးသီးမှာ နှစ်ဖွဲ့အတူတူ ရှိနေတဲ့ပုံတွေကို စက်တင်ဘာလ(၈)ရက်နေ့မှာ တင်လိုက်တည်းက စတင်သတင်းထွက်ခဲ့တာ ဖြစ်ပါတယ်။ သူတို့တင်ထားတဲ့ပို့စ်မှာတော့ နှစ်ဖွဲ့လုံးဟာ တစ်ခုခုကို ပူးပေါင်းလုပ်ဆောင်နေကြတယ်လို့ ကပ်ရှင်ထိုးထားတဲ့အတွက် ပရိသတ်တွေမှာ ရင်ခုန်မဆုံး ဖြစ်နေကြတာပါ။

Photo: nsync/ Instagram

ဒီနှစ်ဖွဲ့လုံးရဲ့ ပရိသတ်တွေဟာ နှစ်ဖွဲ့ပေါင်းပြီး တကယ့် စူပါအဖွဲ့တစ်ဖွဲ့အဖြစ် ဖွဲ့စည်းဖို့ ဆန္ဒပြုနေကြတာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ကာ အခုဆိုရင်တော့ ပရိသတ်တွေရဲ့ ဆန္ဒဟာ ပြည့်ဝတော့မှာလားလို့ ထင်စရာရှိနေပါတယ်။ ဒီနေရာမှာ မေးစရာတစ်ခုရှိတာကတော့ Justin Timberlake ကရော အခုပရော့ဂျက်မှာ ပြန်လည်ပါဝင်လာမှာလား ဆိုတာပါ။ Justin Timberlake ဟာ NSYNC ရဲ့ ဂီတဖျော်ဖြေပွဲတွေကတော့ အနားယူ၊ ထွက်ခွာထားသူ ဖြစ်တဲ့အတွက် သူပါ ပြန်လည်ပါဝင်လာမယ်ဆိုရင်တော့ အတိုင်းအထက်အလွန် ဖြစ်စေမှာပါ။

Photo: backstreetboys/ Instagram

လောလောဆယ်မှာတော့ Lance Bass နဲ့ Nick Carter တို့ရဲ့ IG က ပို့စ်တွေအောက်မှာ ပရိသတ်တွေရဲ့ စိတ်လှုပ်ရှားနေတဲ့ ကွန်းမန့်ပေါင်းများစွာနဲ့ ပြည့်လျှံလို့နေပါတယ်။ BSB နဲ့ NSYNC တို့ တကယ် collab လုပ်ဖြစ်ပြီး သီချင်းအသစ်တွေ ကြားရတော့မှာလားဆိုတာကိုတော့ နှစ်ဖွဲ့လုံးက တရားဝင် ကြေညာတဲ့အထိ စောင့်ဆိုင်းကြရအောင်ပါလို့ တင်ပြရင်း … ။

Glasgow
(Zawgyi Version)

Lance Bass နဲ႔ Nick Carter တို႔ဟာ NSYNC နဲ႔ Backstreet Boys အဖြဲ႕ႏွစ္ဖြဲ႕ ပူးေပါင္းၿပီး ႀကီးမားတဲ့အရာတစ္ခုခု လုပ္ေဆာင္ေနတယ္လို႔ tease လုပ္လိုက္တည္းက ႏွစ္ဖြဲ႕လုံးရဲ႕ ပရိသတ္ေတြဟာ မိုးမျမင္ ေလမျမင္ ေပ်ာ္႐ႊင္ၿပီး ရင္ခုန္ေနၾကၿပီ ျဖစ္ပါတယ္။

Backstreet Boys နဲ႔ NSYNC အဖြဲ႕ႏွစ္ဖြဲ႕ဟာ ပေရာ့ဂ်က္တစ္ခုကို လွ်ိဳ႕ဝွက္လုပ္ေဆာင္ေနၾကပုံ ရပါတယ္။ ဒီႏွစ္ဖြဲ႕ၾကားက collab ကိုေတာ့ Lance Bass နဲ႔ Nick Carter တို႔က သူတို႔ရဲ႕ အင္စတာဂရမ္က အေကာင့္အသီးသီးမွာ ႏွစ္ဖြဲ႕အတူတူ ရွိေနတဲ့ပုံေတြကို စက္တင္ဘာလ(၈)ရက္ေန႔မွာ တင္လိုက္တည္းက စတင္သတင္းထြက္ခဲ့တာ ျဖစ္ပါတယ္။ သူတို႔တင္ထားတဲ့ပို႔စ္မွာေတာ့ ႏွစ္ဖြဲ႕လုံးဟာ တစ္ခုခုကို ပူးေပါင္းလုပ္ေဆာင္ေနၾကတယ္လို႔ ကပ္ရွင္ထိုးထားတဲ့အတြက္ ပရိသတ္ေတြမွာ ရင္ခုန္မဆုံး ျဖစ္ေနၾကတာပါ။

Photo: nsync/ Instagram

ဒီႏွစ္ဖြဲ႕လုံးရဲ႕ ပရိသတ္ေတြဟာ ႏွစ္ဖြဲ႕ေပါင္းၿပီး တကယ့္ စူပါအဖြဲ႕တစ္ဖြဲ႕အျဖစ္ ဖြဲ႕စည္းဖို႔ ဆႏၵျပဳေနၾကတာ ႏွစ္ေပါင္းမ်ားစြာၾကာခဲ့ၿပီျဖစ္ကာ အခုဆိုရင္ေတာ့ ပရိသတ္ေတြရဲ႕ ဆႏၵဟာ ျပည့္ဝေတာ့မွာလားလို႔ ထင္စရာရွိေနပါတယ္။ ဒီေနရာမွာ ေမးစရာတစ္ခုရွိတာကေတာ့ Justin Timberlake ကေရာ အခုပေရာ့ဂ်က္မွာ ျပန္လည္ပါဝင္လာမွာလား ဆိုတာပါ။ Justin Timberlake ဟာ NSYNC ရဲ႕ ဂီတေဖ်ာ္ေျဖပြဲေတြကေတာ့ အနားယူ၊ ထြက္ခြာထားသူ ျဖစ္တဲ့အတြက္ သူပါ ျပန္လည္ပါဝင္လာမယ္ဆိုရင္ေတာ့ အတိုင္းအထက္အလြန္ ျဖစ္ေစမွာပါ။

Photo: backstreetboys/ Instagram

ေလာေလာဆယ္မွာေတာ့ Lance Bass နဲ႔ Nick Carter တို႔ရဲ႕ IG က ပို႔စ္ေတြေအာက္မွာ ပရိသတ္ေတြရဲ႕ စိတ္လႈပ္ရွားေနတဲ့ ကြန္းမန႔္ေပါင္းမ်ားစြာနဲ႔ ျပည့္လွ်ံလို႔ေနပါတယ္။ BSB နဲ႔ NSYNC တို႔ တကယ္ collab လုပ္ျဖစ္ၿပီး သီခ်င္းအသစ္ေတြ ၾကားရေတာ့မွာလားဆိုတာကိုေတာ့ ႏွစ္ဖြဲ႕လုံးက တရားဝင္ ေၾကညာတဲ့အထိ ေစာင့္ဆိုင္းၾကရေအာင္ပါလို႔ တင္ျပရင္း … ။

Glasgow

 

 

RELATED ARTICLES

Most Popular