HomeEntertainmentFilmရသတစ်မျိုးနဲ့ ခံစားရဦးမယ့် Robert Pattinson ရဲ့ The Batman ရုပ်ရှင်သစ်

ရသတစ်မျိုးနဲ့ ခံစားရဦးမယ့် Robert Pattinson ရဲ့ The Batman ရုပ်ရှင်သစ်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Warner Brothers ကုမ္ပဏီဟာ ပရိသတ်အများအပြား မျှော်လင့်စောင့်စားနေကြတဲ့ The Batman ရုပ်ရှင်ဇာတ်ကားကို ပြီးခဲ့တဲ့ DC Fandome event မှာ teaser ထုတ်ပြလိုက်ပါတယ်။ မင်းသား Robert Pattinson ဦးဆောင်ပါဝင်ထားပြီး ဒါရိုက်တာ Matt Reeves ရိုက်ကူးထားတဲ့ ဒီဇာတ်ကားကို Matt Reeves နဲ့ Mattson Tomlin တို့က ဇာတ်ညွှန်း ရေးသားထားပါတယ်။

teaser ထဲမှာတော့ Nirvana ရဲ့ Something in the Way သီချင်းကို နောက်ခံအသုံးပြုထားပြီး Caped Crusader ကြီးနဲ့ ရဲမင်းကြီး Gordon တို့ဟာ Riddler ကျူးလွန်ထားတဲ့ လူသတ်မှုတွေရဲ့ဇာစ်မြစ်ကို လိုက်လံစုံစမ်းနေကြတာကို တွေ့ရပါတယ်။ Riddler ဟာ ဒီလိုပြစ်မှုတွေကို ကျူးလွန်ရင်း Batman အတွက် ပဟေဠိတွေကိုပါ ချန်ရစ်ထားခဲ့တာကိုလည်း တွေ့ရပါတယ်။ အမြည်းပြထားတဲ့ ဗွီဒီယိုထဲမှာ Robert Pattinson ကို batman ဝတ်စုံပြည့်နဲ့ မြင်တွေ့ရပြီး Catwoman ကိုလည်း လျှပ်တစ်ပြက် တွေ့လိုက်ကြရပါသေးတယ်။

Photo via IMDb

ဂေါ်သမ်မြို့ဟာ ညစ်ထေးပြီး စိတ်ညစ်ညူးဖွယ်ရာ ကောင်းရုံသာမက မှုခင်းတွေမျိုးစုံပါ ဖြစ်ပွားနေတဲ့ မြို့တစ်မြို့ဖြစ်လို့ လူသားတစ်ယောက်ရဲ့ အမြင့်ဆုံးစွမ်းရည်နဲ့ နည်းပညာဆိုင်ရာ အကူအညီ အများကြီး ရထားတဲ့ Batman လိုလူအတွက်တောင်မှ မလွယ်ကူဘူးဆိုတာ ဒီ teaser မှာ ပြသထားပါတယ်။

ဒါ့အပြင် အခုလာမယ့် Batman ရုပ်ရှင်မှာ ဟောလိဝုဒ်ရဲ့ ခေတ်ဟောင်း မှုခင်းဇာတ်လမ်းတွေလိုမျိုး အငွေ့အသက်တွေ သုံးစွဲထားတာကိုလည်း တွေ့ရပါတယ်။ ဒါရိုက်တာ Nolan ရဲ့ စတိုင်လ်နဲ့ တူညီမှာမဟုတ်ဘဲ ဒါရိုက်တာ Matt Reeves ရဲ့ ကိုယ်ပိုင်စတိုင်လ်၊ အယူအဆတွေကို သုံးစွဲထားတာ တွေ့ရမှာလည်း ဖြစ်ပါတယ်။ ဒါကိုတော့ အသေးစိတ်လေးတွေကအစ ဂရုတစိုက် ပြင်ဆင်ထားမှန်း teaser တိုတိုလေးမှာတင် ခံစားရနိုင်မှာ ဖြစ်ပါတယ်။

သရုပ်ဆောင်တွေကတော့ Caped Crusader (ခေါ်) Batman နေရာမှာ Robert Pattinson ၊ ရဲမင်းကြီး Gordon နေရာမှာ Jeffery Wright ၊ Riddler နေရာမှာ Paul Dano ၊ Penguin နေရာမှာ Colin Farrell နဲ့ Catwoman နေရာမှာ Zoe Kravitz တို့က သရုပ်ဆောင်ထားပါတယ်။

ခြုံပြောရရင်တော့ ယခုလာမယ့် Batman ရုပ်ရှင်ဟာ Batman ပရိသတ်တိုင်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ DC Fandome မှာ အတည်ပြုပြောကြားထားချက်အရ ယခုလာမယ့် Batman ရုပ်ရှင်ဟာ သူ့ရဲ့သီးသန့် universe နဲ့ သွားမှာဖြစ်ပြီး တစ်ခြား DC ဇာတ်ကားတွေနဲ့ ချိတ်ဆက်မှုတွေ ရှိမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။ ဒါ့အပြင် ယခုလာမယ့် Batman ရုပ်ရှင်ဟာလည်း သုံးကားတိတိ ထွက်ရှိမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

The Batman ရုပ်ရှင်ကို‌တော့ လာမယ့်နှစ်မှာ ရုံတင်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

Glasgow

Source: indian express

(Zawgyi Version)

Warner Brothers ကုမၸဏီဟာ ပရိသတ္အမ်ားအျပား ေမွ်ာ္လင့္ေစာင့္စားေနၾကတဲ့ The Batman ႐ုပ္ရွင္ဇာတ္ကားကို ၿပီးခဲ့တဲ့ DC Fandome event မွာ teaser ထုတ္ျပလိုက္ပါတယ္။ မင္းသား Robert Pattinson ဦးေဆာင္ပါဝင္ထားၿပီး ဒါ႐ိုက္တာ Matt Reeves ႐ိုက္ကူးထားတဲ့ ဒီဇာတ္ကားကို Matt Reeves နဲ႔ Mattson Tomlin တို႔က ဇာတ္ၫႊန္း ေရးသားထားပါတယ္။

teaser ထဲမွာေတာ့ Nirvana ရဲ႕ Something in the Way သီခ်င္းကို ေနာက္ခံအသုံးျပဳထားၿပီး Caped Crusader ႀကီးနဲ႔ ရဲမင္းႀကီး Gordon တို႔ဟာ Riddler က်ဴးလြန္ထားတဲ့ လူသတ္မႈေတြရဲ႕ဇာစ္ျမစ္ကို လိုက္လံစုံစမ္းေနၾကတာကို ေတြ႕ရပါတယ္။ Riddler ဟာ ဒီလိုျပစ္မႈေတြကို က်ဴးလြန္ရင္း Batman အတြက္ ပေဟဠိေတြကိုပါ ခ်န္ရစ္ထားခဲ့တာကိုလည္း ေတြ႕ရပါတယ္။ အျမည္းျပထားတဲ့ ဗြီဒီယိုထဲမွာ Robert Pattinson ကို batman ဝတ္စုံျပည့္နဲ႔ ျမင္ေတြ႕ရၿပီး Catwoman ကိုလည္း လွ်ပ္တစ္ျပက္ ေတြ႕လိုက္ၾကရပါေသးတယ္။

Photo via IMDb

ေဂၚသမ္ၿမိဳ႕ဟာ ညစ္ေထးၿပီး စိတ္ညစ္ညဴးဖြယ္ရာ ေကာင္း႐ုံသာမက မႈခင္းေတြမ်ိဳးစုံပါ ျဖစ္ပြားေနတဲ့ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္လို႔ လူသားတစ္ေယာက္ရဲ႕ အျမင့္ဆုံးစြမ္းရည္နဲ႔ နည္းပညာဆိုင္ရာ အကူအညီ အမ်ားႀကီး ရထားတဲ့ Batman လိုလူအတြက္ေတာင္မွ မလြယ္ကူဘူးဆိုတာ ဒီ teaser မွာ ျပသထားပါတယ္။

ဒါ့အျပင္ အခုလာမယ့္ Batman ႐ုပ္ရွင္မွာ ေဟာလိဝုဒ္ရဲ႕ ေခတ္ေဟာင္း မႈခင္းဇာတ္လမ္းေတြလိုမ်ိဳး အေငြ႕အသက္ေတြ သုံးစြဲထားတာကိုလည္း ေတြ႕ရပါတယ္။ ဒါ႐ိုက္တာ Nolan ရဲ႕ စတိုင္လ္နဲ႔ တူညီမွာမဟုတ္ဘဲ ဒါ႐ိုက္တာ Matt Reeves ရဲ႕ ကိုယ္ပိုင္စတိုင္လ္၊ အယူအဆေတြကို သုံးစြဲထားတာ ေတြ႕ရမွာလည္း ျဖစ္ပါတယ္။ ဒါကိုေတာ့ အေသးစိတ္ေလးေတြကအစ ဂ႐ုတစိုက္ ျပင္ဆင္ထားမွန္း teaser တိုတိုေလးမွာတင္ ခံစားရႏိုင္မွာ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ေတြကေတာ့ Caped Crusader (ေခၚ) Batman ေနရာမွာ Robert Pattinson ၊ ရဲမင္းႀကီး Gordon ေနရာမွာ Jeffery Wright ၊ Riddler ေနရာမွာ Paul Dano ၊ Penguin ေနရာမွာ Colin Farrell နဲ႔ Catwoman ေနရာမွာ Zoe Kravitz တို႔က သ႐ုပ္ေဆာင္ထားပါတယ္။

ၿခဳံေျပာရရင္ေတာ့ ယခုလာမယ့္ Batman ႐ုပ္ရွင္ဟာ Batman ပရိသတ္တိုင္း ၾကည့္ရႈသင့္တဲ့ ဇာတ္ကားတစ္ကား ျဖစ္ပါတယ္။ DC Fandome မွာ အတည္ျပဳေျပာၾကားထားခ်က္အရ ယခုလာမယ့္ Batman ႐ုပ္ရွင္ဟာ သူ႔ရဲ႕သီးသန႔္ universe နဲ႔ သြားမွာျဖစ္ၿပီး တစ္ျခား DC ဇာတ္ကားေတြနဲ႔ ခ်ိတ္ဆက္မႈေတြ ရွိမွာ မဟုတ္ဘူးလို႔ ဆိုထားပါတယ္။ ဒါ့အျပင္ ယခုလာမယ့္ Batman ႐ုပ္ရွင္ဟာလည္း သုံးကားတိတိ ထြက္ရွိမွာျဖစ္တယ္လို႔ ဆိုထားပါတယ္။

The Batman ႐ုပ္ရွင္ကို‌ေတာ့ လာမယ့္ႏွစ္မွာ ႐ုံတင္ႏိုင္မယ္လို႔ ခန႔္မွန္းထားပါတယ္။

Glasgow

Source: indian express

 

RELATED ARTICLES

Most Popular