HomeEntertainmentFilmThe Nun 2 ဖြစ်လာနိုင်ချေကို ပြောပြလာတဲ့ သရုပ်ဆောင် Taissa Farmiga 

The Nun 2 ဖြစ်လာနိုင်ချေကို ပြောပြလာတဲ့ သရုပ်ဆောင် Taissa Farmiga 

ပရိသတ်တွေဟာ ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Nun ရုပ်ရှင်ဇာတ်ကားရဲ့ အဆက်ကို စောင့်မျှော်နေကြတာ ကြာမြင့်လာပါပြီ။ The Conjuring universe ရဲ့ spin-off တစ်ခုဖြစ်တဲ့ The Nun ကတော့ လက်ရှိအချိန်ထိ Conjuring universe ထဲက ဝင်ငွေအများဆုံး ရုပ်ရှင်အဖြစ် ရပ်တည်နေပါတယ်။

The Nun 2 ဖြစ်လာနိုင်ချေနဲ့ ပတ်သက်ပြီးတော့ သရုပ်ဆောင် Taissa Farmiga ကတော့ မကြာသေးခင်ကပဲ ပြောပြထားတာ ရှိပါတယ်။ သူမကတော့ The Nun ထဲမှာ ရိုမေးနီးယားက သီလရှင်ငယ်တစ်ယောက် မိမိကိုယ်ကို အဆုံးစီရင်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ဆင့်ခေါ်ခံရတဲ့ စစ်စတာ Irene အဖြစ် သရုပ်ဆောင်ထားပါတယ်။

မကြာသေးခင်က The Hollywood Reporter သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Taissa Farmiga ဟာ သူမရဲ့ကာရိုက်တာနဲ့ ပတ်သက်ပြီး ပြောပြခဲ့သလို The Nun 2 ဖြစ်လာနိုင်ချေကိုလည်း ပြောပြခဲ့ပါတယ်။

Photo Credit: Cos Aelenei/ Warner Bros. Studios

“မနှစ်ကအထိတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးနေကြတာတွေ၊ ဟိုတစဒီတစ ကြားရတာတွေ ရှိပါတယ်။ ဒါပေမယ့်လည်း ကိုဗစ်က ရုပ်ရှင်ရိုက်ကူးရေးတွေရော အကုန်လုံးကို ထိခိုက်မှု ဖြစ်သွားစေတော့လေ။ ပြောရရင် ပြီးခဲ့တဲ့ ဆောင်းဦးကာလလောက်မှာ ဒီအကြောင်း ပြောလာတာ ကြားရတယ်။ ပြီးတော့ ကျွန်မရဲ့ အချိန်ဇယားနဲ့ ပတ်သက်ပြီး ဘယ်အချိန် အဆင်ပြေမလည်းဆိုတာတွေ ပြောဖြစ်တာမျိုး ရှိတယ် … ”

“ဒါပေမယ့် ဇာတ်ညွှန်းကို ကျွန်မလည်း မမြင်ရသေးဘူး။ အဲဒီတော့ ပြောရမယ်ဆိုရင် ဟေ့ ဒါကတော့ ဒီလိုသွားမယ်၊ ဒီလိုလုပ်မယ်ဆိုတာမျိုး တစ်ယောက်ယောက်က တိတိကျကျ လာပြောတာမျိုးတော့ မရှိသေးပါဘူး။ အဲ့တော့ ကျွန်မလည်း မသိသေးပါဘူး။ ဒါပေမယ့် စစ်စတာ Irene အဖြစ် ကျွန်မလည်း ပြန်နေချင်ပါသေးတယ်။ နှစ်အတော်လေးလည်း ကြာနေပြီ မဟုတ်လား … ” လို့ Taissa Farmiga က ဆိုပါတယ်။

Photo Credit: Warner Bros. Studios

Farmiga ဆိုတဲ့ နာမည်ဟာ Conjuring universe ထဲမှာတော့ လူတိုင်း ရင်းနှီးပြီးသား ဖြစ်မှာပါ။ အကြောင်းကတော့ Taissa ဟာ The Conjuring ရုပ်ရှင်တွေထဲက Lorraine Warren အဖြစ် သရုပ်ဆောင်ထားတဲ့ Vera Farmiga နဲ့ ညီအစ်မအရင်း‌ တော်စပ်တာကြောင့်ပါပဲ။ Vera Farmiga ကတော့ မောင်နှမခြောက်ယောက်ထဲမှာ ဒုတိယမြောက်အကြီးဆုံး အစ်မကြီးဖြစ်ပြီး Taissa ကတော့ အငယ်ဆုံး ဖြစ်ပါတယ်။

ဒါကြောင့်လည်း Conjuring universe တစ်ခုတည်းမှာ သရုပ်ဆောင်ထားကြတဲ့ ညီအစ်မနှစ်ယောက်အနေနဲ့ သူတို့ရဲ့ ကာရိုက်တာတွေကပါ သွေးသားတော်စပ်မှု ရှိနေမလားဆိုတာ ပရိသတ်တွေကြားထဲမှာတော့ ခန့်မှန်းချက်တွေ ရှိနေပါတယ်။ သို့သော်လည်း စစ်စတာ Irene ဇာတ်ကောင်အတွက် လူရွေးပွဲ ဝင်ပြိုင်ခဲ့ချိန်မှာ ဒီကာရိုက်တာရဲ့ last name ကို ဒါရိုက်တာ Corin Hardy က သေသေချာချာ ပြောပြထားခြင်းတော့ မရှိဘူးလို့ Taissa က ဆိုထားပါတယ်။

Glasgow

Source: screenrant

RELATED ARTICLES

Most Popular